ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ယေန႔ကစၿပီး ၀ိပႆနာအလုပ္ကို အားထုတ္ၾကရေအာင္

"၀ိပႆနာ" ဆိုတာ ရုပ္နာမ္တရားတို႔၏ ျဖစ္ပ်က္ေနပံုကို
အမွန္အတိုင္း သိေအာင္ ရႈရတာပါပဲ ...

ျမင္တိုင္း ၾကားတိုင္း ေတြ႔တိုင္း သိတိုင္း ရုပ္နာမ္ေတြက
မျပတ္ ျဖစ္ ပ်က္ ေနပါတယ္ ...

ဒါေၾကာင့္ -
ျမင္တိုင္း ၾကားတိုင္း သိတိုင္း မျပတ္ ရႈမွတ္ၿပီး သိဖို႔ပါပဲ ...

ဒါေပမယ့္ -
စၿပီးရႈခါစမွာေတာ့ ျမင္တိုင္း ၾကားတိုင္း ေတြ႔တိုင္း သိတိုင္း
အကုန္လံုးကို လိုက္ၿပီး မရႈႏိုင္ေသးဘူးးး

ဒါေၾကာင့္ -
နည္းနည္းကစၿပီး ရႈရမယ္ ...

အသက္ရႈတိုင္း ရိႈက္တိုင္း ၀မ္းဗိုက္က ေဖာင္းတက္လာတာ ပိန္က်သြား တာဟာ ထင္ရွားေနပါတယ္ ...

အဲဒါဟာ လႈပ္ရွားမႈ ၀ါေယာဓာတ္ပဲ .....
အဲဒါကစၿပီး ရႈမွတ္ရမယ္ ... ယခု အဲဒါကစၿပီး (၃)မိနစ္ေလာက္ ရႈမွတ္ ရမယ္ ...

ယခု အဲဒါကစၿပီး (၃)မိနစ္ေလာက္ ရႈမွတ္ရေအာင္ ျပင္ၿပီး ထုိင္ပါ .....။

မ်က္စိကေတာ့ ၾကည့္ဖို႕ကမလိုေသာေၾကာင့္ မိွတ္ထားပါ ...

စိတ္ကို ၀မ္းဗိုက္ဆီပို႕ထားပါ ... ေဖာင္းတယ္ ပိန္တယ္လိုွ  ရွ ုမွတ္ပါ ...

ေဖာင္းတယ္ ပိန္တယ္ ဆိုတဲ့ အမည္ကေတာ့ ပါးစပ္က ရြတ္ဆိုဖို႕ မလို ပါဘူးးး

စိတ္အသိ စိတ္အဆိုမွ်ျဖင့္ ရႈမွတ္ေနဖို႔ပါပဲ .....
အဲဒီလို ေဖာင္းတယ္ ပိန္တယ္လို႕ ရႈမွတ္ေနရင္း စိတ္က
တစ္ျခားထြက္ သြားရင္ အဲဒီ့စိတ္ကူးကို ရႈမွတ္ပါ ...

အဲဒီ့ စိတ္ကူးကို ရႈမွတ္ၿပီးေတာ့ ေဖာင္းတာ ပိန္တာကိုပဲ ဆက္ၿပီး မွတ္သြား ပါ ...

ကိုယ္ထဲက ေညာင္းတာ အခံခက္တာေပၚလာရင္ ေညာင္းတယ္ ေညာင္း တယ္ စသည္ျဖင့္ (၂)ႀကိမ္ (၃)ႀကိမ္ေလာက္ မွတ္ၿပီးေတာ့ ေဖာင္းတာ ပိန္ တာကိုပဲ ျပန္မွတ္သြားပါ ...

အသံကို ၾကားရင္လဲ ၾကားတယ္ ၾကားတယ္လုိ႕ (၂)ႀကိမ္ေလာက္ မွတ္ၿပီး ေတာ့ ေဖာင္းတာ ပိန္တာကိုပဲ ျပန္မွတ္သြားပါ
ကဲ ............. အဲဒီ့အတိုင္း (၃)မိနစ္ေလာက္ မွတ္ေနပါ ... မၾကာပါဘူးးး

ယခု ... (၃)မိနစ္ရွိသြားပါၿပီ ........

တစ္မိနစ္အတြင္းမွာ မွတ္ခ်က္ေပါင္း ငါးဆယ္...ေျခာက္ ဆယ္ေလာက္ ရပါတယ္ ...
(၃)မိနစ္ဆိုေတာ့ (၁၅၀)ထက္ မနည္း ရသြားႏိုင္ပါတယ္ ...

အဲဒါဟာ ျမတ္စြာဘုရား၏ အလိုေတာ္ ႏွင့္အညီ ၀ိပႆနာ ကုသိုလ္ေတြ ျဖစ္ပြားသြားတာပဲ ...

အဲဒီလို ရႈမွတ္ေနရင္း သမာဓိ အားေကာင္းလာတဲ့အခါမွာ ရုပ္ႏွင့္နာမ္ အေၾကာင္းႏွင့္အက်ိဳးကို ပိုင္းျခား သိႏိုင္တယ္
ခဏမစဲ ျဖစ္ပ်က္ေနတာကိုလဲ ကိုယ္တိုင္ေတြ႔ၿပီး သိႏိုင္တယ္ ...

အဲဒီလို ခဏမစဲ ျဖစ္ပ်က္ေနတာကို သိၿပီး အနိစၥ - မၿမဲတာခ်ည္းပဲ ...
ဒုကၡ - ဆင္းရဲတာခ်ည္းပဲ ...
အနတၱ - အသက္ရွင္ေနတဲ့ အတၱေကာင္ မဟုတ္တဲ့ သေဘာခ်ည္းပဲ

ဆိုတာေတြကိုလဲ ကိုယ္တိုင္ ေတြ႔ၿပီးသိတဲ့ ၀ိပႆနာဥာဏ္ ထူးေတြ ျဖစ္ ပြားၿပီး အရိယမဂ္ဥာဏ္ ဖိုလ္ဥာဏ္ျဖင့္ နိဗၺာန္ကိုလဲ ေတြ႔သိသြားႏိုင္တယ္ ...

ဒါေၾကာင့္ -ဒီ၀ိပႆနာရႈျခင္းကို စြမ္းႏိုင္သမွ် အားထုတ္ၾက၍ မဂ္ဥာဏ္ ဖိုလ္ဥာဏ္ျဖင့္ နိဗၺာန္ကို လ်င္ျမန္စြာ ဆိုက္ေရာက္ၾကပါေစ .
သာဓု ... သာဓု ... သာဓု

(ေက်းဇူးေတာ္ရွင္ မဟာစည္ဆရာေတာ္ဘုရားႀကီး )

~~~ ဓမၼမိတ္ေဆြ သူေတာ္စင္အေပါင္း က်န္းမာ ရႊင္လန္း
ၿငိမ္းေအး ႏိုင္ၾက ပါေစ ~~~

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dhamma Wizaya-မွဓမၼဒါန
# Unicode Version ျဖင့္ ဖတ္ပါ #
ယနေ့ကစပြီး ဝိပဿနာအလုပ်ကို အားထုတ်ကြရအောင်

"ဝိပဿနာ" ဆိုတာ ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်နေပုံကို
အမှန်အတိုင်း သိအောင် ရှုရတာပါပဲ ...

မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ရုပ်နာမ်တွေက
မပြတ် ဖြစ် ပျက် နေပါတယ် ...

ဒါကြောင့် -
မြင်တိုင်း ကြားတိုင်း သိတိုင်း မပြတ် ရှုမှတ်ပြီး သိဖို့ပါပဲ ...

ဒါပေမယ့် -
စပြီးရှုခါစမှာတော့ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း
အကုန်လုံးကို လိုက်ပြီး မရှုနိုင်သေးဘူးးး

ဒါကြောင့် -
နည်းနည်းကစပြီး ရှုရမယ် ...

အသက်ရှုတိုင်း ရှိုက်တိုင်း ဝမ်းဗိုက်က ဖောင်းတက်လာတာ ပိန်ကျသွား တာဟာ ထင်ရှားနေပါတယ် ...

အဲဒါဟာ လှုပ်ရှားမှု ဝါယောဓာတ်ပဲ .....
အဲဒါကစပြီး ရှုမှတ်ရမယ် ... ယခု အဲဒါကစပြီး (၃)မိနစ်လောက် ရှုမှတ် ရမယ် ...

ယခု အဲဒါကစပြီး (၃)မိနစ်လောက် ရှုမှတ်ရအောင် ပြင်ပြီး ထိုင်ပါ .....။

မျက်စိကတော့ ကြည့်ဖို့ကမလိုသောကြောင့် မှိတ်ထားပါ ...

စိတ်ကို ဝမ်းဗိုက်ဆီပို့ထားပါ ... ဖောင်းတယ် ပိန်တယ်လိုှ  ရှ ုမှတ်ပါ ...

ဖောင်းတယ် ပိန်တယ် ဆိုတဲ့ အမည်ကတော့ ပါးစပ်က ရွတ်ဆိုဖို့ မလို ပါဘူးးး

စိတ်အသိ စိတ်အဆိုမျှဖြင့် ရှုမှတ်နေဖို့ပါပဲ .....
အဲဒီလို ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်နေရင်း စိတ်က
တစ်ခြားထွက် သွားရင် အဲဒီ့စိတ်ကူးကို ရှုမှတ်ပါ ...

အဲဒီ့ စိတ်ကူးကို ရှုမှတ်ပြီးတော့ ဖောင်းတာ ပိန်တာကိုပဲ ဆက်ပြီး မှတ်သွား ပါ ...

ကိုယ်ထဲက ညောင်းတာ အခံခက်တာပေါ်လာရင် ညောင်းတယ် ညောင်း တယ် စသည်ဖြင့် (၂)ကြိမ် (၃)ကြိမ်လောက် မှတ်ပြီးတော့ ဖောင်းတာ ပိန် တာကိုပဲ ပြန်မှတ်သွားပါ ...

အသံကို ကြားရင်လဲ ကြားတယ် ကြားတယ်လို့ (၂)ကြိမ်လောက် မှတ်ပြီး တော့ ဖောင်းတာ ပိန်တာကိုပဲ ပြန်မှတ်သွားပါ
ကဲ ............. အဲဒီ့အတိုင်း (၃)မိနစ်လောက် မှတ်နေပါ ... မကြာပါဘူးးး

ယခု ... (၃)မိနစ်ရှိသွားပါပြီ ........

တစ်မိနစ်အတွင်းမှာ မှတ်ချက်ပေါင်း ငါးဆယ်...ခြောက် ဆယ်လောက် ရပါတယ် ...
(၃)မိနစ်ဆိုတော့ (၁၅၀)ထက် မနည်း ရသွားနိုင်ပါတယ် ...

အဲဒါဟာ မြတ်စွာဘုရား၏ အလိုတော် နှင့်အညီ ဝိပဿနာ ကုသိုလ်တွေ ဖြစ်ပွားသွားတာပဲ ...

အဲဒီလို ရှုမှတ်နေရင်း သမာဓိ အားကောင်းလာတဲ့အခါမှာ ရုပ်နှင့်နာမ် အကြောင်းနှင့်အကျိုးကို ပိုင်းခြား သိနိုင်တယ်
ခဏမစဲ ဖြစ်ပျက်နေတာကိုလဲ ကိုယ်တိုင်တွေ့ပြီး သိနိုင်တယ် ...

အဲဒီလို ခဏမစဲ ဖြစ်ပျက်နေတာကို သိပြီး အနိစ္စ - မမြဲတာချည်းပဲ ...
ဒုက္ခ - ဆင်းရဲတာချည်းပဲ ...
အနတ္တ - အသက်ရှင်နေတဲ့ အတ္တကောင် မဟုတ်တဲ့ သဘောချည်းပဲ

ဆိုတာတွေကိုလဲ ကိုယ်တိုင် တွေ့ပြီးသိတဲ့ ဝိပဿနာဉာဏ် ထူးတွေ ဖြစ် ပွားပြီး အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကိုလဲ တွေ့သိသွားနိုင်တယ် ...

ဒါကြောင့် -ဒီဝိပဿနာရှုခြင်းကို စွမ်းနိုင်သမျှ အားထုတ်ကြ၍ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်ကြပါစေ .
သာဓု ... သာဓု ... သာဓု

(ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး )

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာ ရွှင်လန်း
ငြိမ်းအေး နိုင်ကြ ပါစေ ~~~

ဖိုးသူတော် (www.phothutaw.com)
Credit: Dhamma Wizaya-မှဓမ္မဒါန
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top