ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မိတ္ဆိုတာ ပူျပင္းတဲ့ရာသီေရာက္ရင္ ခႏၵာ  ကိုယ္ အေရျပားေပၚမွာျဖစ္တတ္တဲ့ အဖုေလးေတြပါ။ ပူတဲ့အခါ ေခ်ြးထြက္တယ္… တခ်ိဳ႕ေခ်ြးေတြက အျပင္ကို အကုန္အစင္ မထြက္နိုင္ဘဲ အေရျပားေအာက္မွာ စုပံုပိတ္မိရာကေန မိတ္ေရာဂါ စျဖစ္ေတာ့တာပါပဲ။

ယားတတ္တဲ့သေဘာရွိျပီး ကေလးေရာ လူျကီးမွာပါ ျဖစ္တတ္ေပမယ့္ ကေလးေတြမွာေတာ့ပိုအျဖစ္မ်ားပါတယ္။

အနီေရာင္ အဖုေသးေသးေလးေတြျဖစ္ျပီး လည္ပင္း၊ ပုခံုးနဲ့ ရင္ပတ္၊ ေက်ာကုန္းေတြမွာ ပိုအျဖစ္မ်ားတာပါ။ ခ်ိဳင္းလိုေနရာေတြနဲ့ ခႏၵာကိုယ္ ပြတ္တိုက္မွူမ်ားတဲ့ေနရာေတြမွာလဲ ျဖစ္တတ္ပါတယ္။

တခါတေလမွာေတာ့ အနီေရာင္အဖုေသးတင္မက အရည္ျကည္ဖုေသးေသးေလးေတြစုေနတဲ႕ ပံုစံမ်ိုးလဲ ျဖစ္တတ္ပါတယ္။
ဘယ္လိုအရာေတြက မိတ္ထြက္ဖို့ လွံူ႕ေဆာ္သလဲ

ပူအိုက္စိုစြတ္တဲ့ရာသီဥတုက အဓိက ပါပဲ။ ပူတဲ့ဒဏ္ကို အံတုဖို႔အတြက္ ခနၵာကိုယ္ကေန ေခ်ြးထြက္ရပါတယ္။ ပံုမွန္ထက္ပိုျပီး ေခ်ြးထြက္တာ မ်ားတဲ့အခါ ေခ်ြးဂလင္းေတြလည္း ပိုမ်ားလာပါတယ္။အဲဒီအခါ ေခ်ြးထြက္တဲ့ျပြန္ေလးေတြ ပိတ္ဆို့ျပီး ေခ်ြးဟာ အေရျပားေအာက္မွာ ပိတ္မိျပီး မိတ္ျဖစ္ေတာ့တာပါပဲ။

မိတ္အျဖစ္အမ်ားဆံုးက ေႏြရာသီဆိုေပမယ့္ တစ္နွစ္ပတ္လံုးရာသီမေရြးျဖစ္နိုင္ပါတယ္။ ေအးတဲ့ေဒသမွာ အေနမ်ားတဲ့သူေတြဟာ သူတို့ေနေနက်ေနရာထက္ ပိုပူတဲ့ေနရာကို ခရီးထြက္တာ…. ေျပာင္းေရႊ႔ေနထိုင္တာမ်ိဴးလုပ္ရင္ မိတ္ေပါက္နိုင္ပါတယ္။
မိတ္ကိုဘယ္လိုကုၾကမလဲ

မိတ္ထြက္တိုင္းေတာ့လည္း ဆရာ၀န္နဲ့ခ်က္ခ်င္းတိုင္ပင္ျပကိုျပရမယ္လို႕ေတာ့ မဟုတ္ပါဘူး။ ေအာက္မွာေဖာ္ျပမယ့္ နည္းလမ္းေတြနဲ့ သ္သာေအာင္လုပ္ၾကည့္နိုင္ပါေသးတယ္။

(၁) Calamine လိမ္းေဆး

(2) အခ်ိဳ႕ေသာ Steroid မ်ား

(၃) အ၀တ္အစား ပြပြေခ်ာင္ေခ်ာင္၀တ္ျခင္း

(၄) petroleum သို႔မဟုတ္ mineral oil ပါ၀င္တဲ့ အေရျပားလိမ္းေဆးေတြကို ေရွာင္ၾကဥ္ျခင္း

မိတ္ကိုကုဖို့ ပထမဆံုးသင္လုပ္သင့္တာကေတာ့ ….. သင့္အေရျပားကို ေခၽြးေတြနဲ့ပိတ္မိေနေစမယ့္ အေနအထားကေန ေရွာင္ၾကဥ္ဖို႔ပါပဲ။ ေခ်ြးထြက္လြယ္တဲ့ အ၀တ္ထူထူကို မ၀တ္ဖို့နဲ႔…. အခန္႔မသင့္လို႔ ေခၽြးစိုသြားရင္လဲ အဲဒီေခၽြးစို၀တ္ေတြကို ခ်က္ခ်င္းလဲပစ္သင့္ပါတယ္။

ေအးတဲ႔ေနရာကို ေရာက္သြားျပီဆိုတာနဲ့ ….. မိတ္ေၾကာင့္ျဖစ္တဲ့ ယားယံမွူေတြလဲ ခဏသက္သာသြားတာ သင္ေတြ႔ရမွာပါ။

မိတ္ေတြကို ကုဖို့သဘာ၀ေဆးနည္းအေနနဲ့ Calamine လိမ္းေဆးကို လိမ္းသင့္ပါတယ္။ သင့္အေရျပားကို ေအးေစတဲ့အာနိသင္ရွိပါတယ္။

Hydrocortisone လို႔ေခၚတဲ့ steroid လိမ္းေဆးကိုလည္း ယားယံတာေတြသက္သာေစဖို႔အတြက္ လိမ္းေပးနိုင္ပါတယ္။

သတိျပဳသင့္တာက မိတ္ေတြက အရမ္းယားလို့ မေနနိုင္လို့… သင္ကုတ္ေတာ့မယ္ဆိုရင္ ဘယ္ေတာ့မွ သင့္ရဲ႕လက္သည္းေတြကို သံုးျပီးမကုတ္ပါနဲ့….. အဲဒီအစား လက္ေခ်ာင္းထိပ္ကေလးေတြနဲ့ ပုတ္ပုတ္ျပီးအယားေျဖသင့္ပါတယ္။ ဘာလို႕ဆိုရင္ လက္ထိပ္နဲ႔ ကုတ္တာက အခန္႔မသင႔္ံရင္ ပိုး၀င္ျပီး အနာရင္းနိုင္ေခ်ရွိလို႔ပါပဲ။

တကယ္လို႔ အေပၚမွာေျပာခဲ့တဲ့နည္းလမ္းေတြနဲ့ လုပ္ၾကည္႔လို့ မသက္သာတာပဲျဖစ္ျဖစ္…. အနာေတြက ေရာင္ျပီးပိုး၀င္တာရွိရင္ပဲျဖစ္ျဖစ္ ဆရာ၀န္နဲ့ မျဖစ္မေန ျပသတိုင္ပင္သင့္ပါတယ္။

လူအမ်ားစုမွာေတာ့ မိတ္ေတြဟာ ျဖစ္ျပီးရင္ သူ့အလိုလို ျပန္ေပ်ာက္တတ္ပါတယ္။
မိတ္မျဖစ္ေအာင္ဘယ္လိုကာကြယ္မလဲ

အထိေရာက္ဆံုး ကာကြယ္မွူကေတာ့ အလြန္အမင္း ေခ်ြးထြက္နိုင္တဲ႔ အေျခအေနမ်ိဴးကေန ေရွာင္ၾကဥ္ဖို႔ပါပဲ။

ပူေႏြးစိုစြတ္တဲ႔ေနရာမွာ ေနရမယ္ဆိုရင္ ပြပြေခ်ာင္ေခ်ာင္ ခ်ည္သားလို အ၀တ္ေတြ၀တ္ပါ။

ေရေအးပတ္တိုက္တာမ်ိဴးလုပ္နိုင္သလို ေရေအးေအးနဲ႔ တစ္ေန႔နွစ္ၾကိမ္ေလာက္ ခ်ိဴးေပးတာကလည္း မိတ္ေပါက္တာကေန ကာကြယ္နိုင္မွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
မိတ်ဆိုတာ ပူပြင်းတဲ့ရာသီရောက်ရင် ခန္ဒာ  ကိုယ် အရေပြားပေါ်မှာဖြစ်တတ်တဲ့ အဖုလေးတွေပါ။ ပူတဲ့အခါ ချွေးထွက်တယ်… တချို့ချွေးတွေက အပြင်ကို အကုန်အစင် မထွက်နိုင်ဘဲ အရေပြားအောက်မှာ စုပုံပိတ်မိရာကနေ မိတ်ရောဂါ စဖြစ်တော့တာပါပဲ။

ယားတတ်တဲ့သဘောရှိပြီး ကလေးရော လူကြီးမှာပါ ဖြစ်တတ်ပေမယ့် ကလေးတွေမှာတော့ပိုအဖြစ်များပါတယ်။

အနီရောင် အဖုသေးသေးလေးတွေဖြစ်ပြီး လည်ပင်း၊ ပုခုံးနဲ့ ရင်ပတ်၊ ကျောကုန်းတွေမှာ ပိုအဖြစ်များတာပါ။ ချိုင်းလိုနေရာတွေနဲ့ ခန္ဒာကိုယ် ပွတ်တိုက်မှူများတဲ့နေရာတွေမှာလဲ ဖြစ်တတ်ပါတယ်။

တခါတလေမှာတော့ အနီရောင်အဖုသေးတင်မက အရည်ကြည်ဖုသေးသေးလေးတွေစုနေတဲ့ ပုံစံမျိုးလဲ ဖြစ်တတ်ပါတယ်။
ဘယ်လိုအရာတွေက မိတ်ထွက်ဖို့ လှူံ့ဆော်သလဲ

ပူအိုက်စိုစွတ်တဲ့ရာသီဥတုက အဓိက ပါပဲ။ ပူတဲ့ဒဏ်ကို အံတုဖို့အတွက် ခန္ဒာကိုယ်ကနေ ချွေးထွက်ရပါတယ်။ ပုံမှန်ထက်ပိုပြီး ချွေးထွက်တာ များတဲ့အခါ ချွေးဂလင်းတွေလည်း ပိုများလာပါတယ်။အဲဒီအခါ ချွေးထွက်တဲ့ပြွန်လေးတွေ ပိတ်ဆို့ပြီး ချွေးဟာ အရေပြားအောက်မှာ ပိတ်မိပြီး မိတ်ဖြစ်တော့တာပါပဲ။

မိတ်အဖြစ်အများဆုံးက နွေရာသီဆိုပေမယ့် တစ်နှစ်ပတ်လုံးရာသီမရွေးဖြစ်နိုင်ပါတယ်။ အေးတဲ့ဒေသမှာ အနေများတဲ့သူတွေဟာ သူတို့နေနေကျနေရာထက် ပိုပူတဲ့နေရာကို ခရီးထွက်တာ…. ပြောင်းရွှေ့နေထိုင်တာမျိူးလုပ်ရင် မိတ်ပေါက်နိုင်ပါတယ်။
မိတ်ကိုဘယ်လိုကုကြမလဲ

မိတ်ထွက်တိုင်းတော့လည်း ဆရာဝန်နဲ့ချက်ချင်းတိုင်ပင်ပြကိုပြရမယ်လို့တော့ မဟုတ်ပါဘူး။ အောက်မှာဖော်ပြမယ့် နည်းလမ်းတွေနဲ့ သ်သာအောင်လုပ်ကြည့်နိုင်ပါသေးတယ်။

(၁) Calamine လိမ်းဆေး

(2) အချို့သော Steroid များ

(၃) အဝတ်အစား ပွပွချောင်ချောင်ဝတ်ခြင်း

(၄) petroleum သို့မဟုတ် mineral oil ပါဝင်တဲ့ အရေပြားလိမ်းဆေးတွေကို ရှောင်ကြဉ်ခြင်း

မိတ်ကိုကုဖို့ ပထမဆုံးသင်လုပ်သင့်တာကတော့ ….. သင့်အရေပြားကို ချွေးတွေနဲ့ပိတ်မိနေစေမယ့် အနေအထားကနေ ရှောင်ကြဉ်ဖို့ပါပဲ။ ချွေးထွက်လွယ်တဲ့ အဝတ်ထူထူကို မဝတ်ဖို့နဲ့…. အခန့်မသင့်လို့ ချွေးစိုသွားရင်လဲ အဲဒီချွေးစိုဝတ်တွေကို ချက်ချင်းလဲပစ်သင့်ပါတယ်။

အေးတဲ့နေရာကို ရောက်သွားပြီဆိုတာနဲ့ ….. မိတ်ကြောင့်ဖြစ်တဲ့ ယားယံမှူတွေလဲ ခဏသက်သာသွားတာ သင်တွေ့ရမှာပါ။

မိတ်တွေကို ကုဖို့သဘာဝဆေးနည်းအနေနဲ့ Calamine လိမ်းဆေးကို လိမ်းသင့်ပါတယ်။ သင့်အရေပြားကို အေးစေတဲ့အာနိသင်ရှိပါတယ်။

Hydrocortisone လို့ခေါ်တဲ့ steroid လိမ်းဆေးကိုလည်း ယားယံတာတွေသက်သာစေဖို့အတွက် လိမ်းပေးနိုင်ပါတယ်။

သတိပြုသင့်တာက မိတ်တွေက အရမ်းယားလို့ မနေနိုင်လို့… သင်ကုတ်တော့မယ်ဆိုရင် ဘယ်တော့မှ သင့်ရဲ့လက်သည်းတွေကို သုံးပြီးမကုတ်ပါနဲ့….. အဲဒီအစား လက်ချောင်းထိပ်ကလေးတွေနဲ့ ပုတ်ပုတ်ပြီးအယားဖြေသင့်ပါတယ်။ ဘာလို့ဆိုရင် လက်ထိပ်နဲ့ ကုတ်တာက အခန့်မသင့်ံရင် ပိုးဝင်ပြီး အနာရင်းနိုင်ချေရှိလို့ပါပဲ။

တကယ်လို့ အပေါ်မှာပြောခဲ့တဲ့နည်းလမ်းတွေနဲ့ လုပ်ကြည့်လို့ မသက်သာတာပဲဖြစ်ဖြစ်…. အနာတွေက ရောင်ပြီးပိုးဝင်တာရှိရင်ပဲဖြစ်ဖြစ် ဆရာဝန်နဲ့ မဖြစ်မနေ ပြသတိုင်ပင်သင့်ပါတယ်။

လူအများစုမှာတော့ မိတ်တွေဟာ ဖြစ်ပြီးရင် သူ့အလိုလို ပြန်ပျောက်တတ်ပါတယ်။
မိတ်မဖြစ်အောင်ဘယ်လိုကာကွယ်မလဲ

အထိရောက်ဆုံး ကာကွယ်မှူကတော့ အလွန်အမင်း ချွေးထွက်နိုင်တဲ့ အခြေအနေမျိူးကနေ ရှောင်ကြဉ်ဖို့ပါပဲ။

ပူနွေးစိုစွတ်တဲ့နေရာမှာ နေရမယ်ဆိုရင် ပွပွချောင်ချောင် ချည်သားလို အဝတ်တွေဝတ်ပါ။

ရေအေးပတ်တိုက်တာမျိူးလုပ်နိုင်သလို ရေအေးအေးနဲ့ တစ်နေ့နှစ်ကြိမ်လောက် ချိူးပေးတာကလည်း မိတ်ပေါက်တာကနေ ကာကွယ်နိုင်မှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top