iMyanmarHouse.com - Best Property Website for Myanmar
×

မဒီတုိ႔ရဲ႕ဘဝမွာ အလုပ္ေတြ အရမ္းလုပ္ေနရင္း ကိုယ့္ရဲ႕ေပ်ာ္႐ႊင္မႈေတြ ေပ်ာက္ဆံုးရတာမ်ိဳး ျဖစ္ဖူးၾကလား။ အလုပ္ဆုိမွအလုပ္ ဖိလုပ္ၿပီး တျခား ဘာကိုမွဂ႐ုမစိုက္ႏိုင္ေတာ့လို႔ ကိုယ္ပိုင္ဘဝဆုိတာ ဘာမွန္းေတာင္မသိေတာ့ဘူး။ အဲ့ဒီလို ဘဝမ်ိဳးကိုေတာ့ ဘယ္သူမွ မလိုခ်င္ဘူးေလ။ အလုပ္ေတြ မအားမလပ္ေလာက္ေအာင္ မ်ားျပားလြန္းတဲ့ မီ႐ွဲလ္က အလုပ္ေတြပိၿပီး ကိုယ္ပိုင္အခ်ိန္ေတြကို ဆံုးရႈံးရတာမ်ိဳး မျဖစ္ေအာင္လည္း ထိန္းႏိုင္သူပါ။

မစ္႐ွဲလ္ဟာ သူမ လက္ခံက်င့္သံုးေနတဲ့ အလုပ္နဲ႔ဘဝ ဟန္ခ်က္ညီမွ်ေစမယ့္ သူမရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို ေျပာျပခဲ့ပါတယ္။ သူ႔အေနနဲ႔လည္း အတတ္ဆံုး ဘဝနဲ႔အလုပ္ ဟန္ခ်က္ညီေနေအာင္ ႀကိဳးစားေနသူပါ။

" ႏွစ္စေရာက္တုိင္း၊ တစ္ခုခုအတြက္ ႀကိဳတင္ဘိုကင္မလုပ္ခင္၊ အစည္းအေဝး ဒါမွမဟုတ္ ကြန္ဖရင့္စ္အတြက္ သေဘာတူညီခ်က္မယူခ်င္မွာ ကၽြန္မတုိ႔ရဲ႕ဘဝအတြက္ အရင္ဆံုး ဦးစားေပးစဥ္းစားၾကတယ္" လို႔ မစ္႐ွဲလ္က ေျပာပါတယ္။ အခ်ိန္ဇယားေတြထဲမွာ အတူတူေန႔လည္စာစားဖို႔၊ ညဘက္အျပင္ထြက္ဖုိ႔ေတြနဲ႔ ကာယေလ့က်င့္ခန္းလုပ္ဖုိ႔ အခ်ိန္ေတြပါ ထည့္တြက္စဥ္းစားပါတယ္။

မစ္ရွဲလ္နဲ႔ သူ႔ရဲ႕လက္ေထာက္ဟာ အဲ့တာေတြကို ထည့္စဥ္းစားၾကသလို ျပကၡဒိန္မွာလည္း အားလပ္ရပ္အတြက္ကို အရင္ဆံုး ထည့္မွတ္ၾကပါသတဲ့။ ေႏြရာသီကာလေတြ ျဖတ္သန္းဖုိ႔၊ အားကစားလုပ္ဖုိ႔ေတြနဲ႔ ကိုယ့္ရဲ႕ ကိုယ္ပိုင္ဘဝမဆံုးရႈံးရဖုိ႔ကို ဦးစားေပးၾကတယ္။ ၿပီးေတာ့မွ အလုပ္အတြက္ကို ဆက္ၿပီး စဥ္းစားၾကပါတယ္လို႔ ေျပာပါတယ္။ အလုပ္ေတြ အမ်ားႀကီးရွိေနရင္ေတာင္ မိသားစုအတြက္ အခ်ိန္ေပးပါလို႔ မစ္ရွဲလ္က အၾကံေပးပါတယ္။

Source : Real Simple
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
မဒီတို့ရဲ့ဘဝမှာ အလုပ်တွေ အရမ်းလုပ်နေရင်း ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ ပျောက်ဆုံးရတာမျိုး ဖြစ်ဖူးကြလား။ အလုပ်ဆိုမှအလုပ် ဖိလုပ်ပြီး တခြား ဘာကိုမှဂရုမစိုက်နိုင်တော့လို့ ကိုယ်ပိုင်ဘဝဆိုတာ ဘာမှန်းတောင်မသိတော့ဘူး။ အဲ့ဒီလို ဘဝမျိုးကိုတော့ ဘယ်သူမှ မလိုချင်ဘူးလေ။ အလုပ်တွေ မအားမလပ်လောက်အောင် များပြားလွန်းတဲ့ မီရှဲလ်က အလုပ်တွေပိပြီး ကိုယ်ပိုင်အချိန်တွေကို ဆုံးရှုံးရတာမျိုး မဖြစ်အောင်လည်း ထိန်းနိုင်သူပါ။

မစ်ရှဲလ်ဟာ သူမ လက်ခံကျင့်သုံးနေတဲ့ အလုပ်နဲ့ဘဝ ဟန်ချက်ညီမျှစေမယ့် သူမရဲ့လျှို့ဝှက်ချက်ကို ပြောပြခဲ့ပါတယ်။ သူ့အနေနဲ့လည်း အတတ်ဆုံး ဘဝနဲ့အလုပ် ဟန်ချက်ညီနေအောင် ကြိုးစားနေသူပါ။

" နှစ်စရောက်တိုင်း၊ တစ်ခုခုအတွက် ကြိုတင်ဘိုကင်မလုပ်ခင်၊ အစည်းအဝေး ဒါမှမဟုတ် ကွန်ဖရင့်စ်အတွက် သဘောတူညီချက်မယူချင်မှာ ကျွန်မတို့ရဲ့ဘဝအတွက် အရင်ဆုံး ဦးစားပေးစဉ်းစားကြတယ်" လို့ မစ်ရှဲလ်က ပြောပါတယ်။ အချိန်ဇယားတွေထဲမှာ အတူတူနေ့လည်စာစားဖို့၊ ညဘက်အပြင်ထွက်ဖို့တွေနဲ့ ကာယလေ့ကျင့်ခန်းလုပ်ဖို့ အချိန်တွေပါ ထည့်တွက်စဉ်းစားပါတယ်။

မစ်ရှဲလ်နဲ့ သူ့ရဲ့လက်ထောက်ဟာ အဲ့တာတွေကို ထည့်စဉ်းစားကြသလို ပြက္ခဒိန်မှာလည်း အားလပ်ရပ်အတွက်ကို အရင်ဆုံး ထည့်မှတ်ကြပါသတဲ့။ နွေရာသီကာလတွေ ဖြတ်သန်းဖို့၊ အားကစားလုပ်ဖို့တွေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝမဆုံးရှုံးရဖို့ကို ဦးစားပေးကြတယ်။ ပြီးတော့မှ အလုပ်အတွက်ကို ဆက်ပြီး စဉ်းစားကြပါတယ်လို့ ပြောပါတယ်။ အလုပ်တွေ အများကြီးရှိနေရင်တောင် မိသားစုအတွက် အချိန်ပေးပါလို့ မစ်ရှဲလ်က အကြံပေးပါတယ်။

Source : Real Simple

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top