×

ငယ္ငယ္ေလးတည္းက ၾကီးသူကို ႐ို႐ိုေသေသဆက္ဆံ ၊ ျပန္မေျပာရဘူး ..ကံၾကီးထိုက္မယ္ဆိုျပီး လူၾကီးေတြ ဆံုးမခံတာကို လူတုိင္းမွတ္မိေနမယ္ထင္ပါတယ္။ တစ္ခါတစ္ေလ ၊ အားၾကမ္းလွ်ာၾကမ္း သူငယ္ခ်င္းေတြအေပၚ ၊ မထင္မွတ္ဘဲ ကိုယ္ၾကည့္မရတဲ့ လူတစ္ေယာက္ကုိ စကားေတြနဲ႔ ထိုးႏွက္မိလုိက္တဲ့အခါ သူကေတာ့ ဘာထိခိုက္နာက်င္မႈမွမ႐ွိေပမယ့္ တကယ္တမ္း အဲ့ဒီအက်ိဳးဆက္ကို ခံလုိက္ရတာက သင္ပါ။

ဗုဒၶဘာသာမွာေတာ့ ျမတ္စြာဘုရားက သူမ်ားကို မကဲ့ရဲ႕ဖို႔ ၊ ၾကမ္းတမ္းတဲ့ စကားေတြမေျပာဖို႔ ေဟာေျပာခဲ့ပါတယ္။ အခုေခတ္မွာ လူတစ္ေယာက္အေၾကာင္းမသိဘဲ ေဝဖန္ေျပာဆို ၊ ကဲ့ရဲ ႔ေနၾကတာေတြပိုပိုျပီး မ်ားလာတယ္။ ကိုယ္ျပဳလာတဲ့ အကုသိုလ္ကံ ကိုယ့္ထံျပန္လာမွာကို သတိေမ့ေလ်ာ့လာၾကပါျပီ။

တစ္ခ်ဳိ ႔လူေတြ သိျပီးသားလည္းျဖစ္မွာပါ။ ျမတ္စြာဘုရား႐ွင္လက္ထပ္တုန္းက အဗၺပါလီ ျပည့္တန္ဆာမေၾကာင့္ စစ္ျဖစ္မွာစိုးလို႔ အမ်ားပိုင္ျပည့္တန္ဆာမအျဖစ္ ဆံုးျဖတ္လိုက္ရတာက အရင္အတိတ္ဘဝက ေစတီရင္ျပင္မွာ က်န္းမာေရးသိပ္မေကာင္းတဲ့ ရဟႏၱာမၾကီး ခၽြဲသလိပ္ဖိတ္စင္သြားတာကို ” ဘယ္က ျပည့္တန္ဆာမ တံေထြး,ေထြးသြားသလဲ ” ဆိုျပီး ႏႈတ္ၾကမ္းခဲ့လို႔ ဒီဘဝမွာေတာ့ အမ်ားပိုင္ျပည့္တန္ဆာမအျဖစ္ ေနရေလသတဲ့။

အမ်ဳိးသမီး​ေတြထဲ တရား​ေဟာ အ​ေတာ္​ဆုံးျဖစ္​တဲ့ ခုဇုတၱရာဆုိတဲ့ ခါးကုန္​မ​ေလးဟာ ဒီဘဝ ပဋိကတ္​​ေဆာင္​ အမ်ဳိးသမီးျဖစ္​ရၿပီး ဘာ​ေၾကာင္​့ ခါးကုန္းေနလဲဆုိေတာ့​ အတိတ္​ဘဝ အလႉခံႂကြလာတဲ့ ပ​ေစၥကဗုဒၶတစ္​ပါး ခါးကုန္​းေနတာကုိ သူငယ္​ခ်င္​း​ေတြ​ေ႐ွ႕မွာ ဟာသအျဖစ္​ ဖလားကုိင္​ၿပီး ​” အိမ္​ကိုလာတဲ့ ကုိယ္​​ေတာ္​​ေလးက ​ေဟာဒီလုိ ခါးကုန္​​ေလးေလ ” ဆိုျပီး ဟန္​အမူရာနဲ႔ ေလွာင္​ေျပာင္​ခဲ့လုိ႔ သူမကိုယ္တိုင္ ခါးကုန္​းျဖစ္သြားေလရဲ႕။

ဒါေၾကာင့္ ႏႈတ္ကိုသတိထားပါေလ။ ဆရာၾကီး ေရႊဥေဒါင္းရဲ႕ ဘဝတစ္သက္တာ စာအုပ္ထဲမွာ သူစကားထစ္ရျခင္းအေၾကာင္္းရင္းဟာ ကေလးဘဝတုန္းက စကားထစ္တဲ့ အတန္းေဖာ္သူငယ္ခ်င္းကို ေလွာင္ေျပာင္ စေနာက္ရင္းကေန သူပါစကားထစ္သြားရေၾကာင္း ေရးထားခဲ့ပါတယ္။ဟာသအေနနဲ႔ အမ်ားသူကိုေပ်ာ္ရႊင္ေစခ်င္တဲ့ ေစတနာကေတာ့ ဘာမွမျဖစ္ေပမယ့္ သတိမထားမိေလတဲ့ အကုသိုလ္ေတြက ကိုယ့္အတြက္သံသယဝဋ္ေတြအေနနဲ႔ ျပန္လာပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဘုရားတရားသံဃာအဆံုးအမမ်ား
# Unicode Version ျဖင့္ ဖတ္ပါ #
ငယ်ငယ်လေးတည်းက ကြီးသူကို ရိုရိုသေသေဆက်ဆံ ၊ ပြန်မပြောရဘူး ..ကံကြီးထိုက်မယ်ဆိုပြီး လူကြီးတွေ ဆုံးမခံတာကို လူတိုင်းမှတ်မိနေမယ်ထင်ပါတယ်။ တစ်ခါတစ်လေ ၊ အားကြမ်းလျှာကြမ်း သူငယ်ချင်းတွေအပေါ် ၊ မထင်မှတ်ဘဲ ကိုယ်ကြည့်မရတဲ့ လူတစ်ယောက်ကို စကားတွေနဲ့ ထိုးနှက်မိလိုက်တဲ့အခါ သူကတော့ ဘာထိခိုက်နာကျင်မှုမှမရှိပေမယ့် တကယ်တမ်း အဲ့ဒီအကျိုးဆက်ကို ခံလိုက်ရတာက သင်ပါ။

ဗုဒ္ဓဘာသာမှာတော့ မြတ်စွာဘုရားက သူများကို မကဲ့ရဲ့ဖို့ ၊ ကြမ်းတမ်းတဲ့ စကားတွေမပြောဖို့ ဟောပြောခဲ့ပါတယ်။ အခုခေတ်မှာ လူတစ်ယောက်အကြောင်းမသိဘဲ ဝေဖန်ပြောဆို ၊ ကဲ့ရဲ့နေကြတာတွေပိုပိုပြီး များလာတယ်။ ကိုယ်ပြုလာတဲ့ အကုသိုလ်ကံ ကိုယ့်ထံပြန်လာမှာကို သတိမေ့လျော့လာကြပါပြီ။

တစ်ချို့လူတွေ သိပြီးသားလည်းဖြစ်မှာပါ။ မြတ်စွာဘုရားရှင်လက်ထပ်တုန်းက အဗ္ဗပါလီ ပြည့်တန်ဆာမကြောင့် စစ်ဖြစ်မှာစိုးလို့ အများပိုင်ပြည့်တန်ဆာမအဖြစ် ဆုံးဖြတ်လိုက်ရတာက အရင်အတိတ်ဘဝက စေတီရင်ပြင်မှာ ကျန်းမာရေးသိပ်မကောင်းတဲ့ ရဟန္တာမကြီး ချွဲသလိပ်ဖိတ်စင်သွားတာကို ” ဘယ်က ပြည့်တန်ဆာမ တံထွေး,ထွေးသွားသလဲ ” ဆိုပြီး နှုတ်ကြမ်းခဲ့လို့ ဒီဘဝမှာတော့ အများပိုင်ပြည့်တန်ဆာမအဖြစ် နေရလေသတဲ့။

အမျိုးသမီးတွေထဲ တရားဟော အတော်ဆုံးဖြစ်တဲ့ ခုဇုတ္တရာဆိုတဲ့ ခါးကုန်မလေးဟာ ဒီဘဝ ပဋိကတ်ဆောင် အမျိုးသမီးဖြစ်ရပြီး ဘာကြောင့် ခါးကုန်းနေလဲဆိုတော့ အတိတ်ဘဝ အလှူခံကြွလာတဲ့ ပစ္စေကဗုဒ္ဓတစ်ပါး ခါးကုန်းနေတာကို သူငယ်ချင်းတွေရှေ့မှာ ဟာသအဖြစ် ဖလားကိုင်ပြီး ” အိမ်ကိုလာတဲ့ ကိုယ်တော်လေးက ဟောဒီလို ခါးကုန်လေးလေ ” ဆိုပြီး ဟန်အမူရာနဲ့ လှောင်ပြောင်ခဲ့လို့ သူမကိုယ်တိုင် ခါးကုန်းဖြစ်သွားလေရဲ့။

ဒါကြောင့် နှုတ်ကိုသတိထားပါလေ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဘဝတစ်သက်တာ စာအုပ်ထဲမှာ သူစကားထစ်ရခြင်းအကြောင်းရင်းဟာ ကလေးဘဝတုန်းက စကားထစ်တဲ့ အတန်းဖော်သူငယ်ချင်းကို လှောင်ပြောင် စနောက်ရင်းကနေ သူပါစကားထစ်သွားရကြောင်း ရေးထားခဲ့ပါတယ်။ဟာသအနေနဲ့ အများသူကိုပျော်ရွှင်စေချင်တဲ့ စေတနာကတော့ ဘာမှမဖြစ်ပေမယ့် သတိမထားမိလေတဲ့ အကုသိုလ်တွေက ကိုယ့်အတွက်သံသယဝဋ်တွေအနေနဲ့ ပြန်လာပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဘုရားတရားသံဃာအဆုံးအမများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top