iMyanmarHouse.com - Best Property Website for Myanmar
×

အင္း၀ေရႊနန္းရွင္ ဆင္ျဖဴ ရွင္ သီဟသူသည္ မြန္မင္းသမီး ႏွင့္ လက္ထပ္ ေသာ မဂၤလာပြဲေတာ္ ကို ခုႏွစ္ရက္တုိင္တုိင္ အၾကီးအက်ယ္ျပဳ လုပ္ေလ၏။ မိမိယခင္က ယုယခဲ့ေသာ မိဖုရားေခါင္ၾကီး ဘုိ႔မယ္ကို
ေမ့ေလ်ာ့မိေနေလ၏။ ခုႏွစ္ရက္လံုးလံုး ရွင္ေစာပုအနားကေန ခြာျခင္းမရွိသျဖင့္ မိဖုရားေခါင္မွာ အမ်က္ေဒါသ ထြက္ေနေလ၏။

ရွင္ေစာပုသည္ မိဖုရားတစ္ပါးသာျဖစ္ျပီး ညအိပ္ခ်ိန္ေရာက္လွ်င္ နန္းတြင္းထံုးစံအရ မိဖုရားေတြေနေသာ ယာယီနန္းတဲတြင္သြား ေနရမည္။ သုိ႔ေသာ္ ဘုရင္ သီဟသူမွ သူစံျမန္းရာ နန္းေဆာင္တြင္သာ ေခၚထား
ေလရာ မိဖုရားတုိ႔ၾကား တုိးတီးတုိးတီး ေျပာၾကသျဖင့္ မိဖုရားေခါင္ဘုိ႔မယ္ မွာ မခံမရပ္ ျဖစ္ေလေတာ့၏။

တခ်ိဴ ႔ကလည္း ရွင္ေစာပုကို မိဖုရားေခါင္ေျမွာက္ေတာ့မည္ ဘုိ႔မယ္ၾကီး ျပဳတ္ေတာ့မည္ စသျဖင့္ အတင္းေတြ ဆုိၾကရာ မိဖုရားေခါင္၏ အမ်က္မွာ အထြတ္အထိပ္သုိ႔ ေရာက္ေလေတာ့သည္။ ထုိအခါ အစီအစဥ္တခုကုိ အၾကီးအက်ယ္ေရးဆြဲေလေတာ့သည္။

မိမိ၏ လူယံုကို စာတစ္ေစာင္ယူေစကာ အုန္းေပါင္လယ္သံဘြားကို သြားေပး ေစေလ၏။ စာတြင္ သီဟသူသည္ ျပည္ထဲေရးကို မၾကည့္၊ မိန္းမမ်ားႏွင့္သာ ေပ်ာ္သည္။ လက္ရုံး ရည္မရွိ၊ စစ္ျဖင့္ ခ်ီျပီး သီဟသူ အငိုက္တြင္ ၀င္တုိက္ပါ။ သီဟသူ မရွိလွ်င္ အင္း၀ေရႊနန္းကို သိမ္းပါ ဟု ဆုိေလ၏။

အုန္းေပါင္လယ္သံဘြားလည္း မိမိ၏ အမတ္မ်ားႏွင့္ တုိင္ပင္ေလ၏။ ထုိအခါ အမတ္တခဴ်ိ ႔ မွ မတိုက္ရန္ေဆြးေႏြးေလ၏။ သုိ႔ေသာ္ တုိက္ရန္လုပ္ၾကံရန္ ဘက္မွ သာသျဖင့္ အုန္းေပါင္လယ္သံဘြားလည္ မိမိ၏ စစ္သည္အင္အား ၄ ေသာင္းေက်ာ္ျဖင့္ခ်ီလာေလသည္။

ထုိခ်ိန္တြင္သီဟသူမွာ ေအာင္ပင္လယ္အရပ္ေရာက္ေနျပီး ယာယီနန္းတည္ကာ အနားယူ စံစားေနေလ၏။ အုန္းေပါင္လယ္သံဘြားလည္း အေ၀းမွ စခန္းခ်ကာ လူလႊတ္ျပီး အေၾကာင္းကို ေသခ်ာ စံုစမ္းေစေလသည္။ မိဖုရားေခါင္ဘုိ႔မယ္လည္း ပရိယာရ္ျဖင့္ အင္း၀ စစ္သားမ်ားကို မိမိ၏ စံတဲနန္းေရွ့တြင္ ဖိတ္ေခၚကာ ပြဲၾကီး သဘင္လုပ္ျပီး မင္းႏွင့္တကြ အမ်ားစုေသာ စစ္သားမ်ားကို မူးေအာင္ အရက္တုိက္ေလ၏။

ထုိညတြင္ ဘုရင္လည္း အေပ်ာ္လြန္ေတာ္မူျပီး အိပ္ေမာက်ေနခ်ိန္၊ ရဲမက္မ်ားလည္း သတိေလ်ာ့ေနခ်ိန္ တြင္ အုန္းေပါင္လယ္သံဘြားသည္ ရုတ္တရုက္ ၀င္တုိက္ေလ၏။ ထုိအခါ အင္း၀ သီဟသူ သည္ သတိေကာင္း သူျဖစ္၏။ စစ္ငင္သံ ၾကားသျဖင့္ ခ်က္ျခင္းထကာ မိမိ၏ စီးေတာ္ဆင္ရွိရာကို ျမင္းျဖင့္ အလ်င္သြားေလ၏။

ထုိမွ စီးေတာ္ဆင္ျဖစ္ေသာ ရဲခက္စံလွကုိ စီးကာ ရန္သူကို ခံေလသည္။ သုိ႔ေသာ္ ရန္သူဘက္မွ အင္အား ၾကီး သျဖင့္ ျမားသံုးခ်က္မိကာ ဆင္ေတာ္ေပၚမွ လဲက်ကာ နတ္ရြာစံေလသည္။ သုိ႔ေသာ္ အင္း၀ဗုိလ္မွဴ းတုိ႔ မွာ ဘုရင္ နတ္ရြာစံသည္ကို မသိဘဲ ရန္သူကိုသာ ရြပ္ရြပ္ခြ်ံခြ်ံ တုိက္ရာ အုန္းေပါင္လယ္သံဘြားမွာ မခံ ႏုိင္ သျဖင့္ ေနာက္ဆုတ္ေလသည္။

စစ္ပြဲမွာ ၾကာရွည္ျပီး နံနက္မုိးေသာက္မွ ျပီးရာ ျပီးျပီးခ်င္း ဘုရင္ရွိရာကို အေျပးအလႊားသြားၾကရာ ရႊံထဲတြင္ အေလာင္းေတာ္ကို ေတြ႔မွ ၀မ္းနည္းၾကရေလ၏။ အင္း၀ဘုရင္သီဟသူ ၏ မယ္ေတာ္မွာ ရွမ္းျဖစ္ေလ၏။ သီဟသူသည္ ရုပ္ အဆင္းလည္း ခန္႔ျပီး လွပသူျဖစ္ေလ၏။ မိဖုရားလည္း မ်ားသူျဖစ္၏။ အရြယ္ေရာက္ ကတည္းက အင္း၀ ေနျပည္ေတာ္ရွိ မိန္းမေခ်ာတုိင္းကို လုိက္ျပီး စေနာက္တတ္သူျဖစ္ရာ ခမည္းေတာ္မင္းေခါင္မွ အလြန္ စည္းကမ္းၾကပ္မတ္ထားရေလသည္။ နတ္ရြာစံခ်ိန္တြင္ သက္ေတာ္ ၃၁ သာ ရွိေသးေလသည္။

ထုိအေရးအခင္းအျပီးတြင္ မွဴ းမတ္တုိ႔လည္း ဘုရင့္အေလာင္းေတာ္ကို ေရႊမွန္ေခါင္းတြင္ ထည့္ကာ အင္း၀ ေနျပည္ေတာ္သုိ႔ သယ္ေဆာင္ေလသည္။ ထုိခ်ိန္ အင္း၀ နန္းေတာ္တြင္ က်န္ခဲ့ေသာ မွဴ းမတ္တုိ႔မွ ဘုရင့္နတ္ရြာစံေၾကာင္း သတင္းၾကားလွ်င္ ခ်က္ျခင္း တန္ေဆာင္း မိဖုရားမွ ေမြးေတာ္မူေသာ မင္းလွငယ္ကို နန္းတင္ေလသည္။ အင္း၀ဘုရင္ သီဟသူသည္ မိဖုရားေခါင္ႏွင့္ သားသမီး မထြန္းကား၊ တန္ေဆာင္းမိဖုရား ႏွင့္သာ သားေတာ္ တစ္ပါး ထြန္းကားေလ၏။ မင္းလွငယ္သည္ သက္ေတာ္ ၉ ႏွစ္သာ ရွိေသးေလ၏။

သကၠရာဇ္ (၇၈၇) ေအဒီ ၁၄၂၅ ၾသဂုတ္လတြင္ အင္း၀နန္းတြင္းရွိ သက္ေတာ္ရွည္ အမတ္ၾကီးမ်ား ( အသက္ၾကီးေသာ အမတ္မ်ား အုပ္စု) မွ ေနျပည္ေတာ္သုိ႔ ျပန္လည္ ခ်ီတက္လာေသာ မွဴ းမတ္မ်ား၏ အၾကံ ကို ယူျခင္း မရွိဘဲ မင္းၾကီးသီဟသူ နတ္ရြာစံေၾကာင္း ၾကားသိေသာ အခါ အသက္ ၉ ႏွစ္သာ ရွိေသာ မင္းလွငယ္ကို နန္းတင္ေလ၏။

ထုိသတင္းကို မိဖုရားဘုိ႔မယ္ ၾကားလွ်င္ ဘုရင္သီဟသူ၏ သစၥာကုိ ခံေသာ အမတ္မ်ား၊ ဗုိလ္မွဴ းမ်ားကို ဆင့္ေခၚကာ" အသင္တုိ႔ သခင္သီဟသူ နတ္ရြာလားသည္မွ် မၾကာေသး တန္ေဆာင္းမိဖုရားကို လုိလား ေသာ အုပ္စုမ်ားက မင္းသား မင္းလွငယ္ ကို ခ်က္ျခင္း နန္းတင္သည္။ ထုိအမတ္မ်ားသည္ မြန္ကုိ စစ္ျပဳ ျခင္း ကို လက္ခံသည္ မဟုတ္ အသင္တုိ႔ က်ဴ ပ္တုိ႔ ေရႊနန္းေတာ္ျပန္ေရာက္ေသာ္ က်ဴ ပ္တုိ႔ကို အရွင္ ထားအံုးမည္ေလာ" ဟု ေသြးခြဲျပန္ေလ၏။

အမတ္တုိ႔ကလည္း "မင္းလွငယ္ နန္းမတက္ေသာ္ မည္သူကို နန္းတင္ရမည္။ ကၽြန္ေတာ္မ်ိဴ းတုိ႔လည္း စစ္သည္ ရဲမက္မ်ားစြာ ရွိပါေသးသည္။ သက္ေတာ္ရွည္အမတ္ၾကီးမ်ား ကၽြန္ေတာ္တုိ႔ကို လုပ္ၾကံႏုိင္မည္ မဟုတ္ စုိးရိမ္ေတာ္မမူပါႏွင့္" ဟု ျပန္ေလွ်ာက္ထားၾကေလရာ မိဖုရားဘုိ႔မယ္မွာ မည္သုိ႔မွ် ျပန္မေျပာႏုိင္ဘဲ ရွိ ေနေလ၏။

ထုိအခါ ေက်းေတာင္ညိုစား ကို စာေစ ေလ ၏။ ထုိစာတြင္ နန္းေတာ္ထဲ အလ်င္အျမန္၀င္ေစကာ မင္းလွငယ္စားေသာ စားခြက္တြင္ အဆိပ္ခက္ေစေလ၏။ မင္းလွငယ္လည္း စားေတာ္ေခၚခ်ိန္တြင္ စားမိ ျပီး အင္း၀နန္းကို ၃ လသာ စံရျပီး နတ္ရြာလားရျပန္ေလသည္။

ေနာက္ ၁ လတြင္ အင္း၀ျပည့္ရွင္ေဟာင္း သီဟသူ၏ ရုပ္အေလာင္းေတာ္ ေနျပည္ေတာ္သုိ႔ ေရာက္ေလ သည္။ အမတ္တုိ႔လည္း မင္းသား မရွိေတာ့သျဖင့္ နန္းတြင္း ထံုးစံအရ မည္သူ႔ကိုမွ် ထီးနန္းအပ္ႏုိင္ျခင္း မရွိျဖစ္ေလ၏ ။ ထုိအခါ မိဖုရားဘုိ႔မယ္မွ အမတ္မ်ားကို သူ႔ဘက္ပါေအာင္ သိမ္းသြင္းေလ၏။ နည္းအမ်ိဴ းမ်ိဴ းျဖင့္ သိမ္းသြင္းေလရာ မိဖုရားေခါင္ဘက္ပါေသာ အမတ္မ်ားသည္ စည္းစိမ္ျမဲ၏။ မေထာက္ခံေသာ အမတ္မ်ားသည္ နယ္ႏွင္ဒဏ္ (သုိ႔) ေသဒဏ္ေတြ ရကုန္ေလ၏။

မိဖုရားဘုိ႔မယ္ အၾကံမွာ ေက်းေတာင္ညိုစားကို နန္းတင္ရန္ ျဖစ္ေလသည္။ တခဴ်ိ ႔ေသာ အမတ္တုိ႔က ဘုိးေတာ္ မင္းေခါင္၏ ေဆြေတာ္မ်ိဴ းေတာ္ မွ ေမြးေတာ္ မင္းညီမင္းသားမ်ားကို ထီးနန္း တင္ ခ်င္ေသာ္လည္း မိဖုရားဘုိ႔မယ္ကို မႏုိင္သျဖင့္ လက္ေလ်ာ့ လုိက္ရေလ၏။ မိဖုရားဘုိ႔မယ္ ထင္တုိင္းၾကဲ ႏုိင္ျခင္းမွာ ဘုရင္ေဟာင္းသီဟသူအေပၚ သစၥာရွိသည့္ စစ္ေသနာပတိျဖစ္ေသာ ဗုိလ္မွဴ းရာဇသၾကၤန္ ကို မိမိ ဘက္ အပိုင္ သိမ္းသြင္းထားႏုိင္ျခင္းေၾကာင့္ျဖစ္သည္။

ထုိမွ အမတ္ၾကီးမ်ား သက္ေတာ္ရွည္အမတ္ၾကီးမ်ား ေထာက္ခံမူျဖင့္ ေက်းေတာင္ညိုစားသည္ အင္း၀ ထီးနန္း ကို သိမ္းေလ၏။ ေက်းေတာင္ညိုစားသည္ မိမိ အစ္မေတာ္ အျမင္မၾကည္ေသာ မင္းသမီး ရွင္ေစာပု ကိုသာ မိဖုရား ျပန္ေျမွာက္ေလ၏။

ထုိသုိ႔ မိဖုရားဘုိ႔မယ္သည္ မိမိအာဏာ တည္ေဆာက္ေရးအတြက္ မိမိမယံုေသာ အမတ္မ်ားကို နယ္ႏွင္ဒဏ္ပုိ႔၊ မိမိ၏ ေဆြမ်ိဴ းမ်ားကို ရာထူးၾကီးထား စသျဖင့္ မိမိ အလုိအတုိင္း အုပ္ခ်ဴပ္ေရး တြင္ စီမံ ေလ၏။ ထုိ႔ျပင္ လြန္ျပီျဖစ္ေသာ ဘုရင္ သီဟသူ၏ မယ္ေတာ္ အမ်ိဴ းမ်ားကိုလည္း ဒုကၡ ေပး ျပန္ေလ၏။ ထုိအခါ သီဟသူ မယ္ေတာ္လည္း မခံႏုိင္ေတာ့ဘဲမိမိ၏ ေဆြမ်ိဴ းေတာ္ျဖစ္ေသာ
သွ်မ္းဘုရင္(ေစာ္ဘြား) ျဖစ္သည္႔ မုိးညွင္းမင္းဆီ ျပန္ေလ၏။ ထုိေခတ္တြင္ မုိးညွင္းမင္း သည္ ယခု ကခ်င္ျပည္နယ္ႏွင့္ တရုတ္ယူနန္တစိတ္တေဒသ ကို အစုိးရေသာ သွ်မ္းမင္း ျဖစ္ေလ၏။ သွ်မ္းေစာ္ဘြား (ဘုရင္) မ်ားသည္ ကုိယ့္ေဒသႏွင့္ကိုယ္သာ အုပ္ခ်ဴ ပ္ျပီး ေနေလ့ရွိသည္။
အင္း၀ေရႊနန္းေတာ္ကို ဘုရင့္မ်ိဴ းမဟုတ္ေသာ ေက်းေတာင္ညိုမွ နန္းသိမ္းလုိက္သျဖင့္ အင္း၀ပုိုင္ နယ္နိမိတ္ တြင္ ထိစပ္လ်က္ရွိေသာ ရွမ္းေစာ္ဘြားမ်ားမွ အံ့ၾသၾကကုန္ေလ၏။ ရွမ္းေစာ္ဘြားမ်ားထဲတြင္ ၾသဇာအင္အား အေတာင့္တင္းဆံုးျဖစ္ေသာ ေမာရွမ္းသခင္ မုိးညွင္းမင္းတရား သည္ မိမိ၏ နန္းေတာ္တြင္ အမတ္မ်ားကိုေခၚယူကာ အက်ိဴ းအေၾကာင္းတုိင္ပင္ၾကေလ၏။ မုိးညွင္းမင္းတရားသည္ ယခင္ အင္း၀ဘုရင္၏ မဟာမိတ္ ျဖစ္ကာ အေရးအေၾကာင္းေပၚလွ်င္ ကူညီျမဲျဖစ္ေလ၏။

သကၠရာဇ္ ၇၇၈တြင္ မုိးညွင္းမင္းတရား သည္ အင္း၀ေနျပည္ေတာ္ကို တုိက္ခိုက္ရန္ ဆံုးျဖတ္လုိက္ေလ၏။ ကေလးေက်းေတာင္ညိဳ နန္းတက္ျခင္းေနာက္ကြယ္တြင္ မိဖုရားဘုိ႔မယ္ပါ၀င္ပတ္သက္ေနသည္ကို မုိးညွင္းမင္း သိရသျဖင့္ ေဒါသထြက္ကာ စစ္အျပင္းခ်ီလာျခင္းျဖစ္ေလသည္။ အင္း၀ဘုရင္သီဟသူ နတ္ရြာ စံျခင္းတြင္ မိဖုရားဘုိ႔မယ္ တစ္စိတ္တေဒသ ပါ၀င္ ပတ္သက္ေၾကာင္း သိရသျဖင့္ ပုိျပီး ႏွလံုးနာေလ၏။

ေအဒီ ၁၄၂၆ ေဖေဖာ္၀ါရီလတြင္ မုိးညွင္းမင္းသည္ ေရတပ္အင္အား ၃ ေသာင္း၊(ေရတပ္ကို ကသာျမိဳ႔ တြင္ ဖြဲ႔ကာ စုန္ဆင္းေလ၏) ၾကည္းတပ္အင္အား ၈ ေသာင္း၊ တုိက္ဆင္ ၂၀၀၊ ျမင္းတပ္ ၁ ေထာင္ျဖင့္ ခ်ီတက္လာေလသည္။ ထိုစစ္သတင္းကို ေက်းေတာင္ညိဳ ၾကားလွ်င္ မိမိ၏ အခ်စ္ဆံုးမိဖုရားျဖစ္ေသာ မြန္မင္းသမီး ရွင္ေစာပုကို ပုခန္းသုိ႔ ပို႔ေလသည္။

ထုိေနာက္ ေတာင္ငူစား၊ေတာင္တြင္းစား၊ တုိ႔ကို သိမ္းသြင္းကာ လက္နက္အမ်ားျဖင့္ ေရွ႔တန္းမွ ခုခံ ေစေလ၏။ ထုိ႔ျပင္ မုိးညွင္းမင္း၏ ၾသဇာကို မခံလုိေသာ အုန္းေပါင္လယ္သံဘြားကိုလည္း မိမိဘက္မွ တုိက္ေစကာ မုိးညွင္းမင္းကို ႏုိင္လွ်င္ ေမာရွမ္းျပည္ကို အုပ္ခ်ဴ ပ္ေစရမည္ဟု သိမ္းသြင္းျပီး ခုခံေစျပန္ေလ၏။



ထုိအင္း၀ ေရွ႔တန္းတပ္မ်ားသည္ မုိးညွင္းမင္းတပ္ေတာ္ မွ ေရွ႔တန္းတပ္ျဖစ္ေသာ မုိးညွင္းမင္း၏ သားေတာ္ မုိးေကာင္းစား ႏွင့္ ၀န္းသိုစား တုိ႔ တပ္ႏွင့္ ေတြ႔ကာ အျပင္းအထန္တုိက္ၾကေလ၏။ ၾကည္းတပ္၊ ေရ တပ္ ျဖင့္ အျပန္အလွန္ တုိက္ၾကရာ အင္း၀တပ္မ်ား ပ်က္ေလ၏။ သစ္ဆိမ့္တြင္ခံေသာ အင္း၀တပ္ပ်က္ကာ
ေနာက္ဆုတ္ျပီး စစ္ကူမ်ားႏွင့္ ေပါင္းကာ ၀တ္ခ်က္တြင္ ထပ္ျပီး ဆီးၾကိဳ တုိက္ခုိက္ျပန္ေလသည္။

မုိးေကာင္းစား ႏွင့္ ၀န္းသုိစား တုိ႔လည္း ထပ္မံအျပင္းအထန္တုိက္ျပန္သည္၊ လူသူအင္အား မမွ် သျဖင့္ တပ္ကို ဆုတ္ကာ ခမည္းေတာ္၏ တပ္ကို ေစာင့္ေနၾကျပန္ေလ၏။ မုိးညွင္းမင္း၏ တပ္မ်ားႏွင့္ ျပန္ေပါင္း ကာ ၀တ္ခ်က္တြင္ခံေနေသာ အင္း၀ခံတပ္ကို အျပင္းအထန္ တုိက္ရာ အင္း၀တပ္မခံႏုိင္ဘဲ ဆုတ္ခြာ ရ ျပန္ေလ၏။

ထုိစဥ္ အုန္းေပါင္ေစာ္ဘြားထံသုိ႔ မုိးညွင္းမင္းမွ စာပုိ႔ေလ၏။ တုိက္လွ်င္ အသင္ပဲ စစ္ရူံးမည္၊ မတုိက္ဘဲ အုန္းေပါင္သုိ႔ ျပန္လွ်င္ ေစာ္ဘြားအျဖစ္နဲ႔ ေကာင္းေကာင္းေနထုိင္ႏုိင္မည္၊ မိမိ၏ လမ္းကို ေရြးေလာ ဟု စာေစရာ၊ အုန္းေပါင္ေစာ္ဘြားလည္း မိမိ၏ တပ္ကို ႏုတ္ကာ အုန္းေပါင္သုိ႔ ျပန္ေလ၏။

အုန္းေပါင္ေစာ္ဘြားျပန္လွ်င္ မုိးညွင္းမင္းသည္ မိမိ၏ သားေတာ္ႏွစ္ပါးကို ေရႊၾကက္ယက္သုိ႔ ကူးေစ ျပီး သစ္ျမိဳ႔ ခံတပ္အၾကီးအက်ယ္ တည္ေဆာက္ေစေလ၏။ မုိးညွင္းမင္းမွာမူ ေလွတပ္အင္အား ၃ ေထာင္ ျဖင့္ေရထဲတြင္ အခိုင္အမာ ခံတပ္ေဆာက္ကာ ေနေလ၏။

ထုိသုိ႔ အင္း၀ကို ၀ုိင္းရံထားေလသည္ေက်းေတာင္ညိဳ မွ ယခု မိမိတုိ႔ အင္အားသည္ နည္း၏။ တပ္ေတာ္ကို ရခုိင္ထိ ဆုတ္ကာ ရခုိင္တြင္ အင္အားစုျပီး ျပန္တုိက္လွ်င္ သင့္မည္ ဟု ဗုိလ္မွဴ းမ်ားႏွင့္ တုိင္ပင္ျပီး အင္း၀တပ္မ်ားကို ညအခါ တိတ္တဆိတ္ ထြက္ေစကာ ေျပးေတာ္မူေလ၏။

ထုိစဥ္ အင္း၀ေနျပည္ေတာ္တြင္ ရာဇသၾကၤန္ဗုိလ္မင္းမွ တပ္သားအနည္းငယ္ျဖင့္ ေစာင့္ကာ ရန္သူတုိ႔ မရိပ္ မိေစရန္ ေနေလ၏။ မုိးညွင္းမင္းလည္း ထုိအေၾကာင္းကို မရိပ္မိဘဲ ရွိေနေလသည္။ေက်းေတာင္ညိဳ သည္ အင္း၀တပ္မ်ားျဖင့္ ဆုတ္ရာ စလင္းျမိဳ ႔သို႔ ေရာက္ခ်ိန္တြင္ စလင္းစားမွ ငွက္ျဖင့္ ရွမ္းမင္း ရွိရာကို စာေစ ေလသည္။

စလင္းစား ေစေသာ စာရေသာ္ မုိးညွင္းမင္းသည္ မိမိ၏ သားေတာ္ ၀န္းသုိစား တပ္ ကို စလင္းသုိ႔ ေစလႊတ္ ေလ သည္။ မုိးညွင္းတပ္မ်ား မေရာက္မီ ကေလးေက်းေတာင္ညိဳ သည္ အျပင္းဖ်ားကာ စလင္းတြင္ အနိစၥ ေရာက္ေလသည္။

ေက်းေတာင္ညိဳ အနိစၥေရာက္ေသာ္ မိဖုရားဘုိ႔မယ္မွ ဟံသာ၀တီသုိ႔ ၀င္ကာ စစ္ကူေခၚမည္ဟု ဆုိ ေလရာ လုိက္ပါလာေသာ ဗုိလ္မွဴ းမွ ဘိသိတ္ခံထားေသာ ဘုရင္မ တစ္ပါးသည္ ထုိသုိ႔ မလုပ္သင့္ စစ္ကို ႏုိင္ေအာင္ တုိက္ျပ မည္ဟု ဆုိကာ မန္းစက္ေတာ္ရာသုိ႔ ခ်ီတက္ျပီး ခံတပ္ေဆာက္ကာ
ေနေလ၏။
ေက်းေတာင္ညိဳ အနိစၥေရာက္ေၾကာင္း မုိညွင္းမင္းၾကားလွ်င္ အင္း၀ေနျပည္ေတာ္သုိ႔ ၀င္ကာ ဘိသိတ္ ခံျပီး "သီရိ ၾတိဘ၀နာဒိတ်ာ ပ၀ရ ပ႑ိတ သုဓမၼရာဇာ" ဘြဲ႔ကိုခံျပီး အင္း၀ေရႊနန္းကို ရွမ္းထံုးစံ၊ ဗမာထံုးစံ ႏွစ္မ်ိဴ းလံုးျဖင့္ က်င္းပကာ သိမ္းပုိက္ေလ၏။ မုိးညွင္း မင္းတရားသည္ ေအဒီ ၁၄၂၆ ေမလတြင္ အင္း၀တြင္ မင္း လုပ္အုပ္ခ်ဴ ပ္ေလသည္။

သမိုင္းပံုရိပ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: စြယ္စံု - ေမာင္ဘဂ်မ္း | Facebook
# Unicode Version ျဖင့္ ဖတ္ပါ #
အင်းဝရွှေနန်းရှင် ဆင်ဖြူ ရှင် သီဟသူသည် မွန်မင်းသမီး နှင့် လက်ထပ် သော မင်္ဂလာပွဲတော် ကို ခုနှစ်ရက်တိုင်တိုင် အကြီးအကျယ်ပြု လုပ်လေ၏။ မိမိယခင်က ယုယခဲ့သော မိဖုရားခေါင်ကြီး ဘို့မယ်ကို
မေ့လျော့မိနေလေ၏။ ခုနှစ်ရက်လုံးလုံး ရှင်စောပုအနားကနေ ခွာခြင်းမရှိသဖြင့် မိဖုရားခေါင်မှာ အမျက်ဒေါသ ထွက်နေလေ၏။


ရှင်စောပုသည် မိဖုရားတစ်ပါးသာဖြစ်ပြီး ညအိပ်ချိန်ရောက်လျှင် နန်းတွင်းထုံးစံအရ မိဖုရားတွေနေသော ယာယီနန်းတဲတွင်သွား နေရမည်။ သို့သော် ဘုရင် သီဟသူမှ သူစံမြန်းရာ နန်းဆောင်တွင်သာ ခေါ်ထား
လေရာ မိဖုရားတို့ကြား တိုးတီးတိုးတီး ပြောကြသဖြင့် မိဖုရားခေါင်ဘို့မယ် မှာ မခံမရပ် ဖြစ်လေတော့၏။

တချိူ့ကလည်း ရှင်စောပုကို မိဖုရားခေါင်မြှောက်တော့မည် ဘို့မယ်ကြီး ပြုတ်တော့မည် စသဖြင့် အတင်းတွေ ဆိုကြရာ မိဖုရားခေါင်၏ အမျက်မှာ အထွတ်အထိပ်သို့ ရောက်လေတော့သည်။ ထိုအခါ အစီအစဉ်တခုကို အကြီးအကျယ်ရေးဆွဲလေတော့သည်။

မိမိ၏ လူယုံကို စာတစ်စောင်ယူစေကာ အုန်းပေါင်လယ်သံဘွားကို သွားပေး စေလေ၏။ စာတွင် သီဟသူသည် ပြည်ထဲရေးကို မကြည့်၊ မိန်းမများနှင့်သာ ပျော်သည်။ လက်ရုံး ရည်မရှိ၊ စစ်ဖြင့် ချီပြီး သီဟသူ အငိုက်တွင် ဝင်တိုက်ပါ။ သီဟသူ မရှိလျှင် အင်းဝရွှေနန်းကို သိမ်းပါ ဟု ဆိုလေ၏။

အုန်းပေါင်လယ်သံဘွားလည်း မိမိ၏ အမတ်များနှင့် တိုင်ပင်လေ၏။ ထိုအခါ အမတ်တခူျိ့ မှ မတိုက်ရန်ဆွေးနွေးလေ၏။ သို့သော် တိုက်ရန်လုပ်ကြံရန် ဘက်မှ သာသဖြင့် အုန်းပေါင်လယ်သံဘွားလည် မိမိ၏ စစ်သည်အင်အား ၄ သောင်းကျော်ဖြင့်ချီလာလေသည်။

ထိုချိန်တွင်သီဟသူမှာ အောင်ပင်လယ်အရပ်ရောက်နေပြီး ယာယီနန်းတည်ကာ အနားယူ စံစားနေလေ၏။ အုန်းပေါင်လယ်သံဘွားလည်း အဝေးမှ စခန်းချကာ လူလွှတ်ပြီး အကြောင်းကို သေချာ စုံစမ်းစေလေသည်။ မိဖုရားခေါင်ဘို့မယ်လည်း ပရိယာရ်ဖြင့် အင်း၀ စစ်သားများကို မိမိ၏ စံတဲနန်းရှေ့တွင် ဖိတ်ခေါ်ကာ ပွဲကြီး သဘင်လုပ်ပြီး မင်းနှင့်တကွ အများစုသော စစ်သားများကို မူးအောင် အရက်တိုက်လေ၏။

ထိုညတွင် ဘုရင်လည်း အပျော်လွန်တော်မူပြီး အိပ်မောကျနေချိန်၊ ရဲမက်များလည်း သတိလျော့နေချိန် တွင် အုန်းပေါင်လယ်သံဘွားသည် ရုတ်တရုက် ဝင်တိုက်လေ၏။ ထိုအခါ အင်း၀ သီဟသူ သည် သတိကောင်း သူဖြစ်၏။ စစ်ငင်သံ ကြားသဖြင့် ချက်ခြင်းထကာ မိမိ၏ စီးတော်ဆင်ရှိရာကို မြင်းဖြင့် အလျင်သွားလေ၏။

ထိုမှ စီးတော်ဆင်ဖြစ်သော ရဲခက်စံလှကို စီးကာ ရန်သူကို ခံလေသည်။ သို့သော် ရန်သူဘက်မှ အင်အား ကြီး သဖြင့် မြားသုံးချက်မိကာ ဆင်တော်ပေါ်မှ လဲကျကာ နတ်ရွာစံလေသည်။ သို့သော် အင်းဝဗိုလ်မှူ းတို့ မှာ ဘုရင် နတ်ရွာစံသည်ကို မသိဘဲ ရန်သူကိုသာ ရွပ်ရွပ်ချွံချွံ တိုက်ရာ အုန်းပေါင်လယ်သံဘွားမှာ မခံ နိုင် သဖြင့် နောက်ဆုတ်လေသည်။

စစ်ပွဲမှာ ကြာရှည်ပြီး နံနက်မိုးသောက်မှ ပြီးရာ ပြီးပြီးချင်း ဘုရင်ရှိရာကို အပြေးအလွှားသွားကြရာ ရွှံထဲတွင် အလောင်းတော်ကို တွေ့မှ ဝမ်းနည်းကြရလေ၏။ အင်းဝဘုရင်သီဟသူ ၏ မယ်တော်မှာ ရှမ်းဖြစ်လေ၏။ သီဟသူသည် ရုပ် အဆင်းလည်း ခန့်ပြီး လှပသူဖြစ်လေ၏။ မိဖုရားလည်း များသူဖြစ်၏။ အရွယ်ရောက် ကတည်းက အင်း၀ နေပြည်တော်ရှိ မိန်းမချောတိုင်းကို လိုက်ပြီး စနောက်တတ်သူဖြစ်ရာ ခမည်းတော်မင်းခေါင်မှ အလွန် စည်းကမ်းကြပ်မတ်ထားရလေသည်။ နတ်ရွာစံချိန်တွင် သက်တော် ၃၁ သာ ရှိသေးလေသည်။

ထိုအရေးအခင်းအပြီးတွင် မှူ းမတ်တို့လည်း ဘုရင့်အလောင်းတော်ကို ရွှေမှန်ခေါင်းတွင် ထည့်ကာ အင်း၀ နေပြည်တော်သို့ သယ်ဆောင်လေသည်။ ထိုချိန် အင်း၀ နန်းတော်တွင် ကျန်ခဲ့သော မှူ းမတ်တို့မှ ဘုရင့်နတ်ရွာစံကြောင်း သတင်းကြားလျှင် ချက်ခြင်း တန်ဆောင်း မိဖုရားမှ မွေးတော်မူသော မင်းလှငယ်ကို နန်းတင်လေသည်။ အင်းဝဘုရင် သီဟသူသည် မိဖုရားခေါင်နှင့် သားသမီး မထွန်းကား၊ တန်ဆောင်းမိဖုရား နှင့်သာ သားတော် တစ်ပါး ထွန်းကားလေ၏။ မင်းလှငယ်သည် သက်တော် ၉ နှစ်သာ ရှိသေးလေ၏။

သက္ကရာဇ် (၇၈၇) အေဒီ ၁၄၂၅ သြဂုတ်လတွင် အင်းဝနန်းတွင်းရှိ သက်တော်ရှည် အမတ်ကြီးများ ( အသက်ကြီးသော အမတ်များ အုပ်စု) မှ နေပြည်တော်သို့ ပြန်လည် ချီတက်လာသော မှူ းမတ်များ၏ အကြံ ကို ယူခြင်း မရှိဘဲ မင်းကြီးသီဟသူ နတ်ရွာစံကြောင်း ကြားသိသော အခါ အသက် ၉ နှစ်သာ ရှိသော မင်းလှငယ်ကို နန်းတင်လေ၏။

ထိုသတင်းကို မိဖုရားဘို့မယ် ကြားလျှင် ဘုရင်သီဟသူ၏ သစ္စာကို ခံသော အမတ်များ၊ ဗိုလ်မှူ းများကို ဆင့်ခေါ်ကာ" အသင်တို့ သခင်သီဟသူ နတ်ရွာလားသည်မျှ မကြာသေး တန်ဆောင်းမိဖုရားကို လိုလား သော အုပ်စုများက မင်းသား မင်းလှငယ် ကို ချက်ခြင်း နန်းတင်သည်။ ထိုအမတ်များသည် မွန်ကို စစ်ပြု ခြင်း ကို လက်ခံသည် မဟုတ် အသင်တို့ ကျူ ပ်တို့ ရွှေနန်းတော်ပြန်ရောက်သော် ကျူ ပ်တို့ကို အရှင် ထားအုံးမည်လော" ဟု သွေးခွဲပြန်လေ၏။

အမတ်တို့ကလည်း "မင်းလှငယ် နန်းမတက်သော် မည်သူကို နန်းတင်ရမည်။ ကျွန်တော်မျိူ းတို့လည်း စစ်သည် ရဲမက်များစွာ ရှိပါသေးသည်။ သက်တော်ရှည်အမတ်ကြီးများ ကျွန်တော်တို့ကို လုပ်ကြံနိုင်မည် မဟုတ် စိုးရိမ်တော်မမူပါနှင့်" ဟု ပြန်လျှောက်ထားကြလေရာ မိဖုရားဘို့မယ်မှာ မည်သို့မျှ ပြန်မပြောနိုင်ဘဲ ရှိ နေလေ၏။

ထိုအခါ ကျေးတောင်ညိုစား ကို စာစေ လေ ၏။ ထိုစာတွင် နန်းတော်ထဲ အလျင်အမြန်ဝင်စေကာ မင်းလှငယ်စားသော စားခွက်တွင် အဆိပ်ခက်စေလေ၏။ မင်းလှငယ်လည်း စားတော်ခေါ်ချိန်တွင် စားမိ ပြီး အင်းဝနန်းကို ၃ လသာ စံရပြီး နတ်ရွာလားရပြန်လေသည်။

နောက် ၁ လတွင် အင်းဝပြည့်ရှင်ဟောင်း သီဟသူ၏ ရုပ်အလောင်းတော် နေပြည်တော်သို့ ရောက်လေ သည်။ အမတ်တို့လည်း မင်းသား မရှိတော့သဖြင့် နန်းတွင်း ထုံးစံအရ မည်သူ့ကိုမျှ ထီးနန်းအပ်နိုင်ခြင်း မရှိဖြစ်လေ၏ ။ ထိုအခါ မိဖုရားဘို့မယ်မှ အမတ်များကို သူ့ဘက်ပါအောင် သိမ်းသွင်းလေ၏။ နည်းအမျိူ းမျိူ းဖြင့် သိမ်းသွင်းလေရာ မိဖုရားခေါင်ဘက်ပါသော အမတ်များသည် စည်းစိမ်မြဲ၏။ မထောက်ခံသော အမတ်များသည် နယ်နှင်ဒဏ် (သို့) သေဒဏ်တွေ ရကုန်လေ၏။

မိဖုရားဘို့မယ် အကြံမှာ ကျေးတောင်ညိုစားကို နန်းတင်ရန် ဖြစ်လေသည်။ တခူျိ့သော အမတ်တို့က ဘိုးတော် မင်းခေါင်၏ ဆွေတော်မျိူ းတော် မှ မွေးတော် မင်းညီမင်းသားများကို ထီးနန်း တင် ချင်သော်လည်း မိဖုရားဘို့မယ်ကို မနိုင်သဖြင့် လက်လျော့ လိုက်ရလေ၏။ မိဖုရားဘို့မယ် ထင်တိုင်းကြဲ နိုင်ခြင်းမှာ ဘုရင်ဟောင်းသီဟသူအပေါ် သစ္စာရှိသည့် စစ်သေနာပတိဖြစ်သော ဗိုလ်မှူ းရာဇသင်္ကြန် ကို မိမိ ဘက် အပိုင် သိမ်းသွင်းထားနိုင်ခြင်းကြောင့်ဖြစ်သည်။

ထိုမှ အမတ်ကြီးများ သက်တော်ရှည်အမတ်ကြီးများ ထောက်ခံမူဖြင့် ကျေးတောင်ညိုစားသည် အင်း၀ ထီးနန်း ကို သိမ်းလေ၏။ ကျေးတောင်ညိုစားသည် မိမိ အစ်မတော် အမြင်မကြည်သော မင်းသမီး ရှင်စောပု ကိုသာ မိဖုရား ပြန်မြှောက်လေ၏။

ထိုသို့ မိဖုရားဘို့မယ်သည် မိမိအာဏာ တည်ဆောက်ရေးအတွက် မိမိမယုံသော အမတ်များကို နယ်နှင်ဒဏ်ပို့၊ မိမိ၏ ဆွေမျိူ းများကို ရာထူးကြီးထား စသဖြင့် မိမိ အလိုအတိုင်း အုပ်ချူပ်ရေး တွင် စီမံ လေ၏။ ထို့ပြင် လွန်ပြီဖြစ်သော ဘုရင် သီဟသူ၏ မယ်တော် အမျိူ းများကိုလည်း ဒုက္ခ ပေး ပြန်လေ၏။ ထိုအခါ သီဟသူ မယ်တော်လည်း မခံနိုင်တော့ဘဲမိမိ၏ ဆွေမျိူ းတော်ဖြစ်သော
သျှမ်းဘုရင်(စော်ဘွား) ဖြစ်သည့် မိုးညှင်းမင်းဆီ ပြန်လေ၏။ ထိုခေတ်တွင် မိုးညှင်းမင်း သည် ယခု ကချင်ပြည်နယ်နှင့် တရုတ်ယူနန်တစိတ်တဒေသ ကို အစိုးရသော သျှမ်းမင်း ဖြစ်လေ၏။ သျှမ်းစော်ဘွား (ဘုရင်) များသည် ကိုယ့်ဒေသနှင့်ကိုယ်သာ အုပ်ချူ ပ်ပြီး နေလေ့ရှိသည်။
အင်းဝရွှေနန်းတော်ကို ဘုရင့်မျိူ းမဟုတ်သော ကျေးတောင်ညိုမှ နန်းသိမ်းလိုက်သဖြင့် အင်းဝပိုင် နယ်နိမိတ် တွင် ထိစပ်လျက်ရှိသော ရှမ်းစော်ဘွားများမှ အံ့သြကြကုန်လေ၏။ ရှမ်းစော်ဘွားများထဲတွင် သြဇာအင်အား အတောင့်တင်းဆုံးဖြစ်သော မောရှမ်းသခင် မိုးညှင်းမင်းတရား သည် မိမိ၏ နန်းတော်တွင် အမတ်များကိုခေါ်ယူကာ အကျိူ းအကြောင်းတိုင်ပင်ကြလေ၏။ မိုးညှင်းမင်းတရားသည် ယခင် အင်းဝဘုရင်၏ မဟာမိတ် ဖြစ်ကာ အရေးအကြောင်းပေါ်လျှင် ကူညီမြဲဖြစ်လေ၏။

သက္ကရာဇ် ၇၇၈တွင် မိုးညှင်းမင်းတရား သည် အင်းဝနေပြည်တော်ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လေ၏။ ကလေးကျေးတောင်ညို နန်းတက်ခြင်းနောက်ကွယ်တွင် မိဖုရားဘို့မယ်ပါဝင်ပတ်သက်နေသည်ကို မိုးညှင်းမင်း သိရသဖြင့် ဒေါသထွက်ကာ စစ်အပြင်းချီလာခြင်းဖြစ်လေသည်။ အင်းဝဘုရင်သီဟသူ နတ်ရွာ စံခြင်းတွင် မိဖုရားဘို့မယ် တစ်စိတ်တဒေသ ပါဝင် ပတ်သက်ကြောင်း သိရသဖြင့် ပိုပြီး နှလုံးနာလေ၏။

အေဒီ ၁၄၂၆ ဖေဖော်ဝါရီလတွင် မိုးညှင်းမင်းသည် ရေတပ်အင်အား ၃ သောင်း၊(ရေတပ်ကို ကသာမြို့ တွင် ဖွဲ့ကာ စုန်ဆင်းလေ၏) ကြည်းတပ်အင်အား ၈ သောင်း၊ တိုက်ဆင် ၂၀၀၊ မြင်းတပ် ၁ ထောင်ဖြင့် ချီတက်လာလေသည်။ ထိုစစ်သတင်းကို ကျေးတောင်ညို ကြားလျှင် မိမိ၏ အချစ်ဆုံးမိဖုရားဖြစ်သော မွန်မင်းသမီး ရှင်စောပုကို ပုခန်းသို့ ပို့လေသည်။

ထိုနောက် တောင်ငူစား၊တောင်တွင်းစား၊ တို့ကို သိမ်းသွင်းကာ လက်နက်အများဖြင့် ရှေ့တန်းမှ ခုခံ စေလေ၏။ ထို့ပြင် မိုးညှင်းမင်း၏ သြဇာကို မခံလိုသော အုန်းပေါင်လယ်သံဘွားကိုလည်း မိမိဘက်မှ တိုက်စေကာ မိုးညှင်းမင်းကို နိုင်လျှင် မောရှမ်းပြည်ကို အုပ်ချူ ပ်စေရမည်ဟု သိမ်းသွင်းပြီး ခုခံစေပြန်လေ၏။



ထိုအင်း၀ ရှေ့တန်းတပ်များသည် မိုးညှင်းမင်းတပ်တော် မှ ရှေ့တန်းတပ်ဖြစ်သော မိုးညှင်းမင်း၏ သားတော် မိုးကောင်းစား နှင့် ဝန်းသိုစား တို့ တပ်နှင့် တွေ့ကာ အပြင်းအထန်တိုက်ကြလေ၏။ ကြည်းတပ်၊ ရေ တပ် ဖြင့် အပြန်အလှန် တိုက်ကြရာ အင်းဝတပ်များ ပျက်လေ၏။ သစ်ဆိမ့်တွင်ခံသော အင်းဝတပ်ပျက်ကာ
နောက်ဆုတ်ပြီး စစ်ကူများနှင့် ပေါင်းကာ ဝတ်ချက်တွင် ထပ်ပြီး ဆီးကြို တိုက်ခိုက်ပြန်လေသည်။

မိုးကောင်းစား နှင့် ဝန်းသိုစား တို့လည်း ထပ်မံအပြင်းအထန်တိုက်ပြန်သည်၊ လူသူအင်အား မမျှ သဖြင့် တပ်ကို ဆုတ်ကာ ခမည်းတော်၏ တပ်ကို စောင့်နေကြပြန်လေ၏။ မိုးညှင်းမင်း၏ တပ်များနှင့် ပြန်ပေါင်း ကာ ဝတ်ချက်တွင်ခံနေသော အင်းဝခံတပ်ကို အပြင်းအထန် တိုက်ရာ အင်းဝတပ်မခံနိုင်ဘဲ ဆုတ်ခွာ ရ ပြန်လေ၏။

ထိုစဉ် အုန်းပေါင်စော်ဘွားထံသို့ မိုးညှင်းမင်းမှ စာပို့လေ၏။ တိုက်လျှင် အသင်ပဲ စစ်ရူံးမည်၊ မတိုက်ဘဲ အုန်းပေါင်သို့ ပြန်လျှင် စော်ဘွားအဖြစ်နဲ့ ကောင်းကောင်းနေထိုင်နိုင်မည်၊ မိမိ၏ လမ်းကို ရွေးလော ဟု စာစေရာ၊ အုန်းပေါင်စော်ဘွားလည်း မိမိ၏ တပ်ကို နုတ်ကာ အုန်းပေါင်သို့ ပြန်လေ၏။

အုန်းပေါင်စော်ဘွားပြန်လျှင် မိုးညှင်းမင်းသည် မိမိ၏ သားတော်နှစ်ပါးကို ရွှေကြက်ယက်သို့ ကူးစေ ပြီး သစ်မြို့ ခံတပ်အကြီးအကျယ် တည်ဆောက်စေလေ၏။ မိုးညှင်းမင်းမှာမူ လှေတပ်အင်အား ၃ ထောင် ဖြင့်ရေထဲတွင် အခိုင်အမာ ခံတပ်ဆောက်ကာ နေလေ၏။

ထိုသို့ အင်းဝကို ဝိုင်းရံထားလေသည်ကျေးတောင်ညို မှ ယခု မိမိတို့ အင်အားသည် နည်း၏။ တပ်တော်ကို ရခိုင်ထိ ဆုတ်ကာ ရခိုင်တွင် အင်အားစုပြီး ပြန်တိုက်လျှင် သင့်မည် ဟု ဗိုလ်မှူ းများနှင့် တိုင်ပင်ပြီး အင်းဝတပ်များကို ညအခါ တိတ်တဆိတ် ထွက်စေကာ ပြေးတော်မူလေ၏။

ထိုစဉ် အင်းဝနေပြည်တော်တွင် ရာဇသင်္ကြန်ဗိုလ်မင်းမှ တပ်သားအနည်းငယ်ဖြင့် စောင့်ကာ ရန်သူတို့ မရိပ် မိစေရန် နေလေ၏။ မိုးညှင်းမင်းလည်း ထိုအကြောင်းကို မရိပ်မိဘဲ ရှိနေလေသည်။ကျေးတောင်ညို သည် အင်းဝတပ်များဖြင့် ဆုတ်ရာ စလင်းမြို့သို့ ရောက်ချိန်တွင် စလင်းစားမှ ငှက်ဖြင့် ရှမ်းမင်း ရှိရာကို စာစေ လေသည်။

စလင်းစား စေသော စာရသော် မိုးညှင်းမင်းသည် မိမိ၏ သားတော် ဝန်းသိုစား တပ် ကို စလင်းသို့ စေလွှတ် လေ သည်။ မိုးညှင်းတပ်များ မရောက်မီ ကလေးကျေးတောင်ညို သည် အပြင်းဖျားကာ စလင်းတွင် အနိစ္စ ရောက်လေသည်။

ကျေးတောင်ညို အနိစ္စရောက်သော် မိဖုရားဘို့မယ်မှ ဟံသာဝတီသို့ ဝင်ကာ စစ်ကူခေါ်မည်ဟု ဆို လေရာ လိုက်ပါလာသော ဗိုလ်မှူ းမှ ဘိသိတ်ခံထားသော ဘုရင်မ တစ်ပါးသည် ထိုသို့ မလုပ်သင့် စစ်ကို နိုင်အောင် တိုက်ပြ မည်ဟု ဆိုကာ မန်းစက်တော်ရာသို့ ချီတက်ပြီး ခံတပ်ဆောက်ကာ
နေလေ၏။
ကျေးတောင်ညို အနိစ္စရောက်ကြောင်း မိုညှင်းမင်းကြားလျှင် အင်းဝနေပြည်တော်သို့ ဝင်ကာ ဘိသိတ် ခံပြီး "သီရိ တြိဘဝနာဒိတျာ ပဝရ ပဏ္ဍိတ သုဓမ္မရာဇာ" ဘွဲ့ကိုခံပြီး အင်းဝရွှေနန်းကို ရှမ်းထုံးစံ၊ ဗမာထုံးစံ နှစ်မျိူ းလုံးဖြင့် ကျင်းပကာ သိမ်းပိုက်လေ၏။ မိုးညှင်း မင်းတရားသည် အေဒီ ၁၄၂၆ မေလတွင် အင်းဝတွင် မင်း လုပ်အုပ်ချူ ပ်လေသည်။

သမိုင်းပုံရိပ်

ဖိုးသူတော် (www.phothutaw.com)
Credit: စွယ်စုံ - မောင်ဘဂျမ်း | Facebook
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top