ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

မိန္းကေလးျဖစ္ေနလို႔ ရွက္ေၾကာက္ေနရမယ္၊ ေယာက္်ားေလးျဖစ္ေနလို႔ ဘာလုပ္လုပ္တင့္တယ္ေန ရမယ္ဆိုတဲ့ အယူအဆႀကီးကတစ္ဖက္သတ္ဆန္လြန္းရာက်တယ္လို႔ျမင္တယ္။ ဒါေပမဲ့ လူတိုင္း အရွက္အေၾကာက္မရွိဘဲ ေနဖို႔ဆိုလိုတာမဟုတ္ပါဘူး၊ မိန္းကေလးျဖစ္ျဖစ္၊ ေယာက္်ားေလးျဖစ္ျဖစ္ေျပာ သင့္တဲ့ကိစၥ၊ လုပ္ထိုက္တဲ့ကိစၥဆိုရင္ ရဲရဲဝံ့ဝံ့ေျပာရဲလုပ္ရဲဖို႔လိုပါတယ္။

ဆိုေတာ့ ေယာက္်ားေတြမွာလည္းအရွက္အေၾကာက္ႀကီးတဲ့ ေယာက္်ားေလးေတြရွိပါတယ္။ ဒါဟာ သူတို႔ရဲ႕ ေမြးရာပါပင္ကိုဗီဇျဖစ္တဲ့အတြက္ အျပစ္လို႔လည္းေျပာလို႔မရပါဘူး။ အခုေဖာ္ျပေပးမွာကေတာ့ အဲဒီလိုအရွက္အေၾကာက္ႀကီးတဲ့ေယာက္်ားေလးေတြနဲ႔ပတ္သက္ၿပီး သိထားသင့္တဲ့အခ်က္ေလးေတြ ပဲျဖစ္ပါတယ္။

စကားေျပာဖို႔ေတာင္ တြန္႔ဆုတ္ေနတတ္တယ္

သာမန္ေယာက္်ားေလးတစ္ေယာက္အတြက္ သူစိမ္းတစ္ေယာက္ အထူးသျဖင့္ မိန္းကေလး တစ္ေယာက္ကို စကားသြားေျပာဖို႔ဝန္မေလးသလို သိပ္ၿပီးခက္ခဲတဲ့ အလုပ္လည္းမဟုတ္ပါဘူး။ ဒါေပမဲ့ ရွက္တတ္တဲ့ေယာက္်ားေလးေတြကေတာ့ အဲဒီလိုစကားေျပာဖို႔ကိုပဲ ေတာ္ေတာ္ေလးအားခဲ ယူရပါ တယ္။ သူတို႔အေပၚ မွာစုၿပံဳအာရံုစိုက္လာမွာကိုမလိုလားပါဘူး။ ဒါေၾကာင့္ အဲဒီလိုေယာက္်ားေလးနဲ႔ ခင္မင္ရင္ႏီွးခ်င္တယ္ဆိုရင္ေတာ့ သင့္ဘက္ကစၿပီးမိတ္ဆက္တာမ်ိဳး၊ စကား လမ္းေၾကာင္းဖြင့္ေပး တာမ်ိဳးလုပ္မွပဲအဆင္ေျပပါလိမ့္မယ္။

အျပဳအမူက သင့္ကိုမခံခ်င္ေအာင္ဆြသလိုျဖစ္ေစတယ္

အရွက္အေၾကာက္ႀကီးတဲ့သူေတြက မ်ားေသာအားျဖင့္ ထိပ္တိုက္ရင္ဆိုင္ရမွာေၾကာက္ၾကပါတယ္။ ဒါေၾကာင့္ သင့္ကိုသေဘာက်ေနရင္ေတာင္ သင့္ကြယ္ရာကေနခိုးၾကည့္တာ၊ သင္မျမင္ဘူးထင္ၿပီး ေငးၾကည့္တာမ်ိဳးလုပ္ေလ့ရွိေပမယ့္ သင့္ဘက္ကတစ္ခုခုတုန္႔ျပန္လိုက္ရင္ေတာ့ သူမဟုတ္သလို မသိသလို ဟန္ေဆာင္ၾကတတ္ၾကပါတယ္။ သူတို႔ရဲ႕အျပဳအမူေၾကာင့္သင့္ကိုလွည့္စားသလို၊ မခံခ်င္ေအာင္ဆြသလိုျဖစ္ေနေစေပမယ့္ တကယ္တမ္းမွာေတာ့ သင့္အနားကိုလာဖို႔ မဝံ့ရဲျဖစ္ေနျခင္းျဖစ္ ပါတယ္။

သင္သတိထားမိေအာင္ေနတယ္

ရွက္တတ္တယ္ဆိုေပမယ့္ သူတို႔သေဘာက်တဲ့မိန္းကေလးရွိလာၿပီဆိုရင္ေတာ့ အဲဒီမိန္းကေလး သတိထားမိေအာင္ေနေလ့ရွိပါတယ္။ တျခားသူေတြထက္ သင့္ကိုပိုၿပီး အာရံုစိုက္လာၿပီဆိုရင္ေတာ့ သင့္ဘက္ကပဲစေျပာရဖို႔မ်ားပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔စေျပာတာကိုေစာင့္ေနရင္ အခ်ိန္ၾကာသြား တာပဲအဖတ္တင္မယ္ သူတို႔ကေတာ့ စကားလာေျပာဖို႔ုအားအင္စုေဆာင္းတာ ဘယ္ေတာ့မွ လံုေလာက္မွာမဟုတ္လို႔ပါပဲ။

အေတြးလြန္တဲ့သူေတြျဖစ္တယ္

အရွက္အေၾကာက္ႀကီးတဲ့သူေတြဟာ ေၾကာက္တတ္လြန္းသူ၊စိုးရိမ္ပူပန္လြန္းသူ ေတြနဲ႔အတူတူပါပဲ။ သူတို႔ဟာ ဘယ္ကိစၥမဆိုအဆိုးအေကာင္းႏွစ္မ်ိဳးရွိတယ္ ဆိုတဲ့သေဘာတရားကို ေမ့ေနတတ္ပါတယ္။ ေလာကမွာရွိတဲ့အဆိုးေတြ အကုန္လံုးက သူတို႔အတြက္ခ်ည္းပဲလို႔မွတ္ယူၿပီး ပူပန္တတ္ၾကသူေတြ လည္းျဖစ္ပါတယ္။ဥပမာ ခုေတြ႕ခုႀကိဳက္ေခတ္ ႀကီးထဲမွာ ေျခာက္လ၊ တစ္ႏွစ္ေလာက္ခင္မင္ရင္း ႏွီးေနတာေတာင္ဖြင့္ေျပာလို႔ျဖစ္ပါ့မလား ဆုိၿပီးစိုးရိမ္တတ္ၾကတဲ့သူေတြျဖစ္ပါတယ္။

ဒါေၾကာင့္ အရွက္ႀကီးလြန္းတဲ့ေယာက္်ားေလးတစ္ေယာက္ကိုလက္တြဲေဖာ္ေရြးမယ္ဆိုရင္ သူတို႔ရဲ႕ အယူအဆ၊ စိုးရိမ္ပူပန္မႈေတြကို နားလည္ေပးႏိုင္ဖို႔လိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးဖြစ်နေလို့ ရှက်ကြောက်နေရမယ်၊ ယောက်ျားလေးဖြစ်နေလို့ ဘာလုပ်လုပ်တင့်တယ်နေ ရမယ်ဆိုတဲ့ အယူအဆကြီးကတစ်ဖက်သတ်ဆန်လွန်းရာကျတယ်လို့မြင်တယ်။ ဒါပေမဲ့ လူတိုင်း အရှက်အကြောက်မရှိဘဲ နေဖို့ဆိုလိုတာမဟုတ်ပါဘူး၊ မိန်းကလေးဖြစ်ဖြစ်၊ ယောက်ျားလေးဖြစ်ဖြစ်ပြော သင့်တဲ့ကိစ္စ၊ လုပ်ထိုက်တဲ့ကိစ္စဆိုရင် ရဲရဲဝံ့ဝံ့ပြောရဲလုပ်ရဲဖို့လိုပါတယ်။

ဆိုတော့ ယောက်ျားတွေမှာလည်းအရှက်အကြောက်ကြီးတဲ့ ယောက်ျားလေးတွေရှိပါတယ်။ ဒါဟာ သူတို့ရဲ့ မွေးရာပါပင်ကိုဗီဇဖြစ်တဲ့အတွက် အပြစ်လို့လည်းပြောလို့မရပါဘူး။ အခုဖော်ပြပေးမှာကတော့ အဲဒီလိုအရှက်အကြောက်ကြီးတဲ့ယောက်ျားလေးတွေနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်လေးတွေ ပဲဖြစ်ပါတယ်။

စကားပြောဖို့တောင် တွန့်ဆုတ်နေတတ်တယ်

သာမန်ယောက်ျားလေးတစ်ယောက်အတွက် သူစိမ်းတစ်ယောက် အထူးသဖြင့် မိန်းကလေး တစ်ယောက်ကို စကားသွားပြောဖို့ဝန်မလေးသလို သိပ်ပြီးခက်ခဲတဲ့ အလုပ်လည်းမဟုတ်ပါဘူး။ ဒါပေမဲ့ ရှက်တတ်တဲ့ယောက်ျားလေးတွေကတော့ အဲဒီလိုစကားပြောဖို့ကိုပဲ တော်တော်လေးအားခဲ ယူရပါ တယ်။ သူတို့အပေါ် မှာစုပြုံအာရုံစိုက်လာမှာကိုမလိုလားပါဘူး။ ဒါကြောင့် အဲဒီလိုယောက်ျားလေးနဲ့ ခင်မင်ရင်နှီးချင်တယ်ဆိုရင်တော့ သင့်ဘက်ကစပြီးမိတ်ဆက်တာမျိုး၊ စကား လမ်းကြောင်းဖွင့်ပေး တာမျိုးလုပ်မှပဲအဆင်ပြေပါလိမ့်မယ်။

အပြုအမူက သင့်ကိုမခံချင်အောင်ဆွသလိုဖြစ်စေတယ်

အရှက်အကြောက်ကြီးတဲ့သူတွေက များသောအားဖြင့် ထိပ်တိုက်ရင်ဆိုင်ရမှာကြောက်ကြပါတယ်။ ဒါကြောင့် သင့်ကိုသဘောကျနေရင်တောင် သင့်ကွယ်ရာကနေခိုးကြည့်တာ၊ သင်မမြင်ဘူးထင်ပြီး ငေးကြည့်တာမျိုးလုပ်လေ့ရှိပေမယ့် သင့်ဘက်ကတစ်ခုခုတုန့်ပြန်လိုက်ရင်တော့ သူမဟုတ်သလို မသိသလို ဟန်ဆောင်ကြတတ်ကြပါတယ်။ သူတို့ရဲ့အပြုအမူကြောင့်သင့်ကိုလှည့်စားသလို၊ မခံချင်အောင်ဆွသလိုဖြစ်နေစေပေမယ့် တကယ်တမ်းမှာတော့ သင့်အနားကိုလာဖို့ မဝံ့ရဲဖြစ်နေခြင်းဖြစ် ပါတယ်။

သင်သတိထားမိအောင်နေတယ်

ရှက်တတ်တယ်ဆိုပေမယ့် သူတို့သဘောကျတဲ့မိန်းကလေးရှိလာပြီဆိုရင်တော့ အဲဒီမိန်းကလေး သတိထားမိအောင်နေလေ့ရှိပါတယ်။ တခြားသူတွေထက် သင့်ကိုပိုပြီး အာရုံစိုက်လာပြီဆိုရင်တော့ သင့်ဘက်ကပဲစပြောရဖို့များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စပြောတာကိုစောင့်နေရင် အချိန်ကြာသွား တာပဲအဖတ်တင်မယ် သူတို့ကတော့ စကားလာပြောဖို့အားအင်စုဆောင်းတာ ဘယ်တော့မှ လုံလောက်မှာမဟုတ်လို့ပါပဲ။

အတွေးလွန်တဲ့သူတွေဖြစ်တယ်

အရှက်အကြောက်ကြီးတဲ့သူတွေဟာ ကြောက်တတ်လွန်းသူ၊စိုးရိမ်ပူပန်လွန်းသူ တွေနဲ့အတူတူပါပဲ။ သူတို့ဟာ ဘယ်ကိစ္စမဆိုအဆိုးအကောင်းနှစ်မျိုးရှိတယ် ဆိုတဲ့သဘောတရားကို မေ့နေတတ်ပါတယ်။ လောကမှာရှိတဲ့အဆိုးတွေ အကုန်လုံးက သူတို့အတွက်ချည်းပဲလို့မှတ်ယူပြီး ပူပန်တတ်ကြသူတွေ လည်းဖြစ်ပါတယ်။ဥပမာ ခုတွေ့ခုကြိုက်ခေတ် ကြီးထဲမှာ ခြောက်လ၊ တစ်နှစ်လောက်ခင်မင်ရင်း နှီးနေတာတောင်ဖွင့်ပြောလို့ဖြစ်ပါ့မလား ဆိုပြီးစိုးရိမ်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။

ဒါကြောင့် အရှက်ကြီးလွန်းတဲ့ယောက်ျားလေးတစ်ယောက်ကိုလက်တွဲဖော်ရွေးမယ်ဆိုရင် သူတို့ရဲ့ အယူအဆ၊ စိုးရိမ်ပူပန်မှုတွေကို နားလည်ပေးနိုင်ဖို့လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top