ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
Credit: lwinpyin
#Unicode Version#
ဒီကနေ့ မတ်လ(၁၄)ရက်နေ့ကတော့ ရုပ်ရှင်မင်းသမီးချော ခိုင်နှင်းဝေရဲ့ မွေးနေ့လေးပါ။ အနုပညာလောကထဲကို စတင် ဝင်ရောက်လာစဉ်က သူမရဲ့ ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးပီသတဲ့အလှက အတော်လေးကို နာမည်ကြီးခဲ့ပါတယ်။ ဇာတ်ကားတွေ အများကြီးရိုက်ပြီး အနုုပညာလောကမှာ နေရာတစ်နေရာရနေပြီဖြစ်တဲ့ သူမဟာ အခုဆိုရင်တော့ ပရိသတ်တွေကြားမှာ မင်းသမီးတစ်ယောက်အနေနဲ့တင်မဟုတ်ဘဲ ပရဟိတလှုပ်ရှားသူတစ်ယောက်အဖြစ်ပါ နာမည်ကြီးနေပါတယ်။
ခိုင်နှင်းဝေရဲ့ မွေးနေ့အကြိုပွဲလေးကိုတော့ ရှုတင်က အနုပညာမောင်နှမတွေကလုပ်ပေးတယ်ဆိုုပြီး မတ် (၁၂) တုန်းက သူမရဲ့ fb မှာ တင်ခဲ့ပါတယ်။ မွေးနေ့မှာတော့ ခိုင်နှင်းဝေက သက်ငယ်မုဒိမ်းမှုအတွက် ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ကိစ္စကို တောင်းဆိုဖို့ လွှတ်တော်ကို ရောက်နေတယ်လို့ သိရပါတယ်။ မွေးနေ့အလှူအနေနဲ့ကတော့ တစ်ရက်ကို (၃)ထောင်တောင်ရဖို့ ခက်ခဲနေတဲ့ အိမ်ထောင်စု(၃)စုကို စီးပွားရေးလုပ်ဖို့ အစအဆုံး အရင်းအနှီးလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့ကျမရဲ့ မွေးနေ့မှာ သက်ငယ်မုဒိမ်းများအတွက် ကြီးလေးသောပြစ်ဒဏ်ချမှတ်ပေးနိုင်ရန် လွှတ်တော်မှာ တောင်းဆိုဖို့ ရောက်ရှိနေတဲ့အတွက် မနေ့က မွေးနေ့အထိမ်းအမှတ်အဖြစ် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲဖြစ်နေသော တစ်ရက် ကိုမှ ၃ထောင်လောက်ရဖို့ကို ပင်ပန်းဆင်းရဲစွာ ရှာဖွေနေရတဲ့ အိမ်ထောင်စု ၃ စုအတွက် သူတို့လုပ်ချင်တဲ့ စီးပွားရေးလေးတွေလုပ်နိုင်ဖို့ အစမှအဆုံး အရင်းအနှီး ပြုလုပ်ပေးဖြစ်ခဲ့ပါတယ် .
တစ်မိသားစုခြင်းစီရဲ့ အကြောင်းကိုလဲ ထပ်ပြီး post တင်ပေးပါ့မယ် ရှင် …” ဆိုပြီး တင်ထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top