AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ဟယ္လ္တန္ညီအစ္မရဲ႕နာမည္ေတြကေတာ့ ပဲရစ္နဲ႕ နစ္ကီပါ။ အဲဒီနာမည္နဲ႕ မေက်ာ္ၾကားခင္မွာေတာ့ သူတို႕ရဲ႕နာမည္ေတြဟာ ေဒစီနဲ႕ ဗြိဳင္အုိလက္ ျဖစ္ပါတယ္။

အဲဒီအမႊာေတြကို အဂၤလန္ Brighton ျမိဳ႕ရဲ႕ ၁၉၀၈ခုႏွစ္မွာ ေမြးဖြားခဲ့ပါတယ္။ သူမရဲ႕အျပစ္ေတြကို ဘုရားသခင္ကဒဏ္ခတ္တဲ့အေနနဲ႕ အခုလိုေမြးဖြားလာတာလို႕ ယူဆထားတဲ့ ဘားမယ္ Kate Skinner ဆီမွာေမြးဖြားလာခဲ့တာပါ။ ကေလးေတြဟာ အေဖမေပၚဘဲေမြးလာခဲ့တာပါ။ တစ္ခ်ိန္တည္းမွာပဲ ညီအစ္မႏွစ္ေယာက္ဟာ တင္ပါခ်င္းဆက္ေနျပီးေတာ့ ယူေကမွာ ရက္သတၱပတ္အနည္းငယ္ၾကာေအာင္ ေနခဲ့ပါေသးတယ္။

အဲဒီလိုျဖစ္ရပ္ေတြရွိခဲ့သလို သူတို႕အေမရဲ႕အလုပ္ရွင္ မယ္ရီဟယ္လ္တန္ရဲ႕ ေမြးစားျခင္းကိုခံရျပီးေနာက္မွာ စိတ္မေကာင္းစရာေတြ ျဖစ္လာပါေတာ့တယ္။ ဟယ္လ္တန္ဟာ သူတို႕ရဲ႕အေျခအေနဟာ ေငြရွာလို႕ေကာင္းမယ္ဆိုတာကို သိျမင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီအတြက္ေမြးစားခဲ့တာျဖစ္ပါတယ္။

အသက္သံုးႏွစ္အရြယ္မွာပဲ ဟယ္လ္တန္ညီမေတြဟာ ၾသစေတးလ်၊ ဂ်ာမနီနဲ႕ ယူအက္စ္တို႕ကို ဆပ္ကပ္ျပဖို႕ သြားလာခဲ့ပါတယ္။ ယူအက္စ္၀င္ခြင့္ရဖို႕ကေတာ့ အေတာ္ေလးခက္ခဲခဲ့ပါတယ္။ ဘာျဖစ္လို႕လဲဆိုုေတာ့ သူတို႕ရဲ႕ခရီးစဥ္ကို ေဆးပညာပိုင္းအရအဆင္မေျပဘူးလို႕ သတ္မွတ္ခဲ့လို႕ပါပဲ။

ဒီကိစၥကို မီဒီယာေတြကေန ဟယ္လ္တန္က ေျဖရွင္းခဲ့ျပီးေတာ့ အာဏာပိုင္ေတြကို ယူအက္စ္၀င္ခြင့္ေပးေအာင္ ဖိအားေပးခဲ့ပါတယ္။ မယ္ရီဟယ္လ္တန္ေသဆံုးျပီးေနာက္မွာ သူတို႕ညီအစ္မဟာ ဟယ္လ္တန္ရဲ႕သမီးျဖစ္သူထံမွာ ေနခဲ့ရပါတယ္။ သူ႕သမီးကေတာ့ သူ႕ထက္ပိုဆိုးခဲ့ပါတယ္။ ညီအစ္မႏွစ္ေယာက္ကို ကတတ္ေအာင္၊ တူရိယာေတြတီးတတ္ေအာင္သင္ေပးျပီးေတာ့ ပိုက္ဆံမ်ားမ်ားရွာႏုိင္ေအာင္ လုပ္ခဲ့ပါတယ္။

ဗြိဳင္အိုလက္က ပတၱလားတီးျပီးေတာ့ ေဒစီကေတာ့ တေယာထိုးခဲ့ပါတယ္။

တကယ္လို႕မ်ား ေလ့က်င့္ေရးအခ်ိန္ဇယားကို မျပီးခဲ့ဘူးဆိုရင္ သူတို႕ဟာ အရုိက္ခံရပါတယ္။ တစ္ခ်ိန္လံုး သူတို႕ကိုအလြဲသံုးစားလုပ္ခဲ့ၾကပါတယ္။ မလိုက္္နာတဲ့အခ်ိန္ေတြမွာ ျခိမ္းေျခာက္မႈေတြလည္း လုပ္ေဆာင္ခဲ့ပါတယ္။ ဗြိဳင္အိုလက္ နဲ႕ ေဒစီတို႕ဟာ လွည့္လည္သြားလာျပီးေတာ့ ဆပ္ကပ္ေတြျပသရင္းနဲ႕ အခ်ိန္ကုန္ခဲ့ပါတယ္။ Bob Hope act အတြက္လည္း ပါ၀င္ဆင္ႏႊဲခဲ့ၾကပါေသးတယ္။

သူတို႕ညီအစ္မႏွစ္ေယာက္ဟာ သူတို႕ရွာတဲ့ေငြဆိုတာ မျမင္ဖူးခဲ့ပါဘူး။ ခန္႕မွန္းၾကည့္ရသေလာက္ လူၾကိဳက္မ်ားတဲ့အခ်ိန္မွာ တစ္ပတ္ကို ေဒၚလာ၅၀၀၀ ေလာက္ရမွာပါ။ အသက္၂၃နွစ္အရြယ္ေရာက္တဲ့အခ်ိန္မွာေတာ့ ဟယ္လ္တန္ညီမႏွစ္ေယာက္ဟာ သူတို႕ရဲ႕မန္ေနဂ်ာကို ေဒၚလာ ၁၀၀ ၀၀၀ နဲ႕ငွားႏုိင္ခဲ့ျပီးေတာ့ စာခ်ဳပ္ခ်ဳပ္ႏုိင္ခဲ့ပါတယ္။ ကိုယ္ပိုင္ဘ၀ေတြကို တည္ေဆာက္ႏုိင္ခဲ့ပါတယ္။

“The Hilton Sisters’ Revue” ဆိုျပီးေတာ့ လုပ္ေဆာင္ခဲ့ၾကသလို ေနာက္ပိုင္းမွာလည္း ျပပြဲေတြျပဳလုပ္ခဲ့ၾကပါတယ္။ ေဒစီနဲ႕ ဗြိဳင္အိုလက္တို႕ဟာ သူတို႕ရဲ႕ရိုမန္တစ္ဆန္တဲ့ဘ၀ေတြကို ပိုင္ဆိုင္ခြင့္ရခဲ့ပါတယ္။ ခ်စ္သူအမ်ားအျပားရခဲ့ေပမယ့္လည္း လက္ထပ္ခြင့္ေတာ့ မရခဲ့ၾကပါဘူး။ ေယာက္်ားတစ္ေယာက္နဲ႕ မိန္းမတစ္ေယာက္သာ လက္ထပ္ရမယ္ဆိုတဲ့ ဥပေဒေၾကာင့္ပါ။ ၁၉၃၂ခုႏွစ္မွာ Tod Browning ရဲ႕ရုပ္ရွင္ဟာ သူတို႕ကို နာမည္ပ်က္ေစခဲ့ပါတယ္။

ဆယ္စုႏွစ္အၾကာမွာေတာ့ ေပ်ာက္ကြယ္သြားခဲ့ပါတယ္။ ဟယ္လ္တန္ညီမေတြဟာ ၁၉၄၂ခုႏွစ္မွာ The Lives and Loves of the Hilton Sisters ဆိုျပီးေတာ့ အတၳဳပတၱိဇာတ္လမ္းရိုက္ကူးဖို႕ ကမ္းလွမ္းခံရပါတယ္။

“ကၽြန္မတို႕ဟာ အထီးက်န္ဆန္၊ ခ်မ္းသာတဲ့မိန္းကေလးေတြျဖစ္ျပီး တကယ္ေတာ့ ကၽြန္ေတြပါပဲ။ ငါဟာ စက္ပစၥည္းမဟုတ္ဘူး။ ငါဟာ မိန္းမသားတစ္ေယာက္ပါ။ ဒါေၾကာင့္ လူတစ္ေယာက္ကိုၾကိဳက္ပိုင္ခြင့္ရွိပါတယ္။”

၁၉၅၁ခုႏွစ္မွာ Chained for Life ဆိုတဲ့ အတၳဳပတၱိဇာတ္လမ္းနဲ႕လည္း နာမည္ေက်ာ္ခဲ့ပါေသးတယ္။ အဲဒီဇာတ္လမ္းကိုေတာ့ ၁၉၅၂ခုႏွစ္မွာ ထြက္ရွိခဲ့ျပီးေတာ့ အမ်ားစုကမသိၾကပါဘူး။ ရုပ္ရွင္ဘက္ေနထြက္ျပီးေတာ့ ၁၉၅၅ခုႏွစ္မွာ hot dog ဆိုင္ေလး ဖြင့္ခဲ့ပါေသးတယ္။ သူတို႕ဟာ စီးပြားေရးလုပ္ငန္းကို အပိုင္စီးထားတယ္လို႕လည္း စြပ္စြဲခဲ့ပါတယ္။

၁၉၆၁ခုႏွစ္မွာ ညီအစ္မႏွစ္ေယာက္ဟာ ကယ္လ္ဖိုးနီးယားေျမာက္ပိုင္းကို ေနာက္ဆံုးအေနနဲ႕ ျပသခဲ့ျပီး တိုးမန္ေနဂ်ာရဲ႕ကန္ထုတ္မႈကို ခံလိုက္ရျပီး ေငြမရေတာ့သလို ဘယ္မွလည္းမသြားရေတာ့ပါဘူး။

ေရြးခ်ယ္စရာမက်န္ေတာ့တဲ့အတြက္ေၾကာင့္ အနီးနားက ကုန္စံုဆိုင္အတြက္ ေၾကာ္ျငာေပးရင္းနဲ႕ ေငြကိုင္ေတြ ျဖစ္ခဲ့ၾကျပန္ပါတယ္။ ရိုးရွင္းတဲ့ဘ၀ကို သူတို႕ၾကိဳက္ႏွစ္ခဲ့တယ္လို႕ဆိုပါတယ္။ သူတို႕ဟာ နားေနခန္းထဲက လုပ္ေဖာ္ကိုင္ဖက္ေတြကို ေဖ်ာ္ေျဖေပးရင္းနဲ႕ ေပ်ာ္ေပ်ာ္ေနခဲ့ပါတယ္။

ဒီလိုပံုမွန္ဘ၀ေလးဟာ ၾကာရွည္မခံခဲ့ပါဘူး။ ၁၉၆၉ခုႏွစ္ရဲ႕ ေန႕တစ္ေန႕မွာ အစီရင္ခံစာလာမတင္လို႕ ရဲေတြက အိမ္ကိုသြားေရာက္ၾကည့္ရွဳတဲ့အခါမွာ အသက္၆၀အရြယ္ညီအစ္မေတြဟာ ေသဆံုးေနတာကို ျမင္လိုက္ရပါတယ္။ ေဒစီကအရင္ေသဆံုးျပီးေတာ့ ဗိြဳင္အိုလက္က ရက္အနည္းငယ္ေနမွ ေသဆံုးခဲ့တာပါ။ သူမရဲ႕ညီမေသဆံုးျပီးေနာက္မွာ ဖုန္းကိုင္ဖို႕ေတာင္ အားမရွိေတာ့ပါဘူး။

ဒီႏွစ္ဂၽြန္မွာေတာ့ Leslie Zemeckis ကေန ဇာတ္လမ္းတစ္ပုဒ္ရုိက္ကူးခဲ့ပါေသးတယ္။ ဒါေပမယ့္ ရုပ္ရွင္ရံုေတြအကုန္မွာေတာ့ မျပသခဲ့ပါဘူး။ ဒီဇာတ္လမ္းကို အဲဒီညီအစ္မရဲ႕မိတ္ေဆြ၊ သူငယ္ခ်င္းေတြကို အင္တာဗ်ဴးျပီးေတာ့ ရုိက္ကူးခဲ့တာပါ။

အဲဒီဇာတ္လမ္းထြက္ရွိျပီးေနာက္မွာေတာ့ i09 ရဲ႕ Anelle Newitz ဟာ အခုလို ေျပာခဲ့ပါတယ္။ “Anelle Newitzရဲ႕ဇာတ္ကားဟာ ညီအစ္မႏွစ္ေယာက္ၾကံဳခဲ့ရတဲ့ သနားစရာဇာတ္ေၾကာင္းကိုေျပာျပတာထက္ အေမရိကန္မီဒီယာသမုိင္းကို ဘယ္လိုမ်ိဳး၀င္ေရာက္ခဲ့သလဲဆိုတာကို ေျပာျပေနသလိုပါပဲ။

သူတို႕ဟာ ၁၉၂၀ခုႏွစ္ရဲ႕ YouTube star ေတြလို႕ေျပာႏုိင္ပါတယ္။ YouTube တစ္ခုတည္းမွာပဲ ေအာင္ျမင္ျပီးေတာ့ တျခားမီဒီယာေတြမွာ ေဖာ္ျပမခံခဲ့ရတဲ့သူေတြလိုမ်ိဳးေပါ့။”

ဟယ္လ္တန္ညီအစ္မႏွစ္ေယာက္ရဲ႕ သနားစရာျဖစ္ရပ္ဟာ တစ္ေယာက္ခ်င္းစီဆိုရင္ေတာင္မွ ခံစားရတာသက္သာႏုိင္ဦးမွာပါ။ ဒီေန႕ေခတ္နဲ႕ဆိုရင္ေတာ့ ခြဲထုတ္လုိ႔ရပါတယ္။ သူတို႕ရဲ႕အတြင္းအဂၤါေတြက အျပည့္အစံုပါပဲ။ ဒါေပမယ့္လည္း သူတို႕ႏွစ္ေယာက္ဟာ အတူတူေနခ်င္ခဲ့ၾကတယ္လုိ႕ အျမဲေျပာပါတယ္။ ဒါေၾကာင့္ ေသဆံုးခ်ိန္မွာေတာင္ ေနေပးခဲ့ေလသလား။

ဖိုးသူေတာ္ (www.phothutaw.com)
CreditHlataw

#Unicode Version#
ဟယ်လ်တန်ညီအစ်မရဲ့နာမည်တွေကတော့ ပဲရစ်နဲ့ နစ်ကီပါ။ အဲဒီနာမည်နဲ့ မကျော်ကြားခင်မှာတော့ သူတို့ရဲ့နာမည်တွေဟာ ဒေစီနဲ့ ဗွိုင်အိုလက် ဖြစ်ပါတယ်။

အဲဒီအမွှာတွေကို အင်္ဂလန် Brighton မြို့ရဲ့ ၁၉၀၈ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့အပြစ်တွေကို ဘုရားသခင်ကဒဏ်ခတ်တဲ့အနေနဲ့ အခုလိုမွေးဖွားလာတာလို့ ယူဆထားတဲ့ ဘားမယ် Kate Skinner ဆီမှာမွေးဖွားလာခဲ့တာပါ။ ကလေးတွေဟာ အဖေမပေါ်ဘဲမွေးလာခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ ညီအစ်မနှစ်ယောက်ဟာ တင်ပါချင်းဆက်နေပြီးတော့ ယူကေမှာ ရက်သတ္တပတ်အနည်းငယ်ကြာအောင် နေခဲ့ပါသေးတယ်။

အဲဒီလိုဖြစ်ရပ်တွေရှိခဲ့သလို သူတို့အမေရဲ့အလုပ်ရှင် မယ်ရီဟယ်လ်တန်ရဲ့ မွေးစားခြင်းကိုခံရပြီးနောက်မှာ စိတ်မကောင်းစရာတွေ ဖြစ်လာပါတော့တယ်။ ဟယ်လ်တန်ဟာ သူတို့ရဲ့အခြေအနေဟာ ငွေရှာလို့ကောင်းမယ်ဆိုတာကို သိမြင်ခဲ့ပါတယ်။ ဒါကြောင့် ဒီအတွက်မွေးစားခဲ့တာဖြစ်ပါတယ်။

အသက်သုံးနှစ်အရွယ်မှာပဲ ဟယ်လ်တန်ညီမတွေဟာ သြစတေးလျ၊ ဂျာမနီနဲ့ ယူအက်စ်တို့ကို ဆပ်ကပ်ပြဖို့ သွားလာခဲ့ပါတယ်။ ယူအက်စ်ဝင်ခွင့်ရဖို့ကတော့ အတော်လေးခက်ခဲခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုုတော့ သူတို့ရဲ့ခရီးစဉ်ကို ဆေးပညာပိုင်းအရအဆင်မပြေဘူးလို့ သတ်မှတ်ခဲ့လို့ပါပဲ။

ဒီကိစ္စကို မီဒီယာတွေကနေ ဟယ်လ်တန်က ဖြေရှင်းခဲ့ပြီးတော့ အာဏာပိုင်တွေကို ယူအက်စ်ဝင်ခွင့်ပေးအောင် ဖိအားပေးခဲ့ပါတယ်။ မယ်ရီဟယ်လ်တန်သေဆုံးပြီးနောက်မှာ သူတို့ညီအစ်မဟာ ဟယ်လ်တန်ရဲ့သမီးဖြစ်သူထံမှာ နေခဲ့ရပါတယ်။ သူ့သမီးကတော့ သူ့ထက်ပိုဆိုးခဲ့ပါတယ်။ ညီအစ်မနှစ်ယောက်ကို ကတတ်အောင်၊ တူရိယာတွေတီးတတ်အောင်သင်ပေးပြီးတော့ ပိုက်ဆံများများရှာနိုင်အောင် လုပ်ခဲ့ပါတယ်။

ဗွိုင်အိုလက်က ပတ္တလားတီးပြီးတော့ ဒေစီကတော့ တယောထိုးခဲ့ပါတယ်။

တကယ်လို့များ လေ့ကျင့်ရေးအချိန်ဇယားကို မပြီးခဲ့ဘူးဆိုရင် သူတို့ဟာ အရိုက်ခံရပါတယ်။ တစ်ချိန်လုံး သူတို့ကိုအလွဲသုံးစားလုပ်ခဲ့ကြပါတယ်။ မလိုက်နာတဲ့အချိန်တွေမှာ ခြိမ်းခြောက်မှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဗွိုင်အိုလက် နဲ့ ဒေစီတို့ဟာ လှည့်လည်သွားလာပြီးတော့ ဆပ်ကပ်တွေပြသရင်းနဲ့ အချိန်ကုန်ခဲ့ပါတယ်။ Bob Hope act အတွက်လည်း ပါဝင်ဆင်နွှဲခဲ့ကြပါသေးတယ်။

သူတို့ညီအစ်မနှစ်ယောက်ဟာ သူတို့ရှာတဲ့ငွေဆိုတာ မမြင်ဖူးခဲ့ပါဘူး။ ခန့်မှန်းကြည့်ရသလောက် လူကြိုက်များတဲ့အချိန်မှာ တစ်ပတ်ကို ဒေါ်လာ၅၀၀၀ လောက်ရမှာပါ။ အသက်၂၃နှစ်အရွယ်ရောက်တဲ့အချိန်မှာတော့ ဟယ်လ်တန်ညီမနှစ်ယောက်ဟာ သူတို့ရဲ့မန်နေဂျာကို ဒေါ်လာ ၁၀၀ ၀၀၀ နဲ့ငှားနိုင်ခဲ့ပြီးတော့ စာချုပ်ချုပ်နိုင်ခဲ့ပါတယ်။ ကိုယ်ပိုင်ဘဝတွေကို တည်ဆောက်နိုင်ခဲ့ပါတယ်။

“The Hilton Sisters’ Revue” ဆိုပြီးတော့ လုပ်ဆောင်ခဲ့ကြသလို နောက်ပိုင်းမှာလည်း ပြပွဲတွေပြုလုပ်ခဲ့ကြပါတယ်။ ဒေစီနဲ့ ဗွိုင်အိုလက်တို့ဟာ သူတို့ရဲ့ရိုမန်တစ်ဆန်တဲ့ဘဝတွေကို ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ချစ်သူအများအပြားရခဲ့ပေမယ့်လည်း လက်ထပ်ခွင့်တော့ မရခဲ့ကြပါဘူး။ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်သာ လက်ထပ်ရမယ်ဆိုတဲ့ ဥပဒေကြောင့်ပါ။ ၁၉၃၂ခုနှစ်မှာ Tod Browning ရဲ့ရုပ်ရှင်ဟာ သူတို့ကို နာမည်ပျက်စေခဲ့ပါတယ်။

ဆယ်စုနှစ်အကြာမှာတော့ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဟယ်လ်တန်ညီမတွေဟာ ၁၉၄၂ခုနှစ်မှာ The Lives and Loves of the Hilton Sisters ဆိုပြီးတော့ အတ္ထုပတ္တိဇာတ်လမ်းရိုက်ကူးဖို့ ကမ်းလှမ်းခံရပါတယ်။

“ကျွန်မတို့ဟာ အထီးကျန်ဆန်၊ ချမ်းသာတဲ့မိန်းကလေးတွေဖြစ်ပြီး တကယ်တော့ ကျွန်တွေပါပဲ။ ငါဟာ စက်ပစ္စည်းမဟုတ်ဘူး။ ငါဟာ မိန်းမသားတစ်ယောက်ပါ။ ဒါကြောင့် လူတစ်ယောက်ကိုကြိုက်ပိုင်ခွင့်ရှိပါတယ်။”

၁၉၅၁ခုနှစ်မှာ Chained for Life ဆိုတဲ့ အတ္ထုပတ္တိဇာတ်လမ်းနဲ့လည်း နာမည်ကျော်ခဲ့ပါသေးတယ်။ အဲဒီဇာတ်လမ်းကိုတော့ ၁၉၅၂ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ အများစုကမသိကြပါဘူး။ ရုပ်ရှင်ဘက်နေထွက်ပြီးတော့ ၁၉၅၅ခုနှစ်မှာ hot dog ဆိုင်လေး ဖွင့်ခဲ့ပါသေးတယ်။ သူတို့ဟာ စီးပွားရေးလုပ်ငန်းကို အပိုင်စီးထားတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

၁၉၆၁ခုနှစ်မှာ ညီအစ်မနှစ်ယောက်ဟာ ကယ်လ်ဖိုးနီးယားမြောက်ပိုင်းကို နောက်ဆုံးအနေနဲ့ ပြသခဲ့ပြီး တိုးမန်နေဂျာရဲ့ကန်ထုတ်မှုကို ခံလိုက်ရပြီး ငွေမရတော့သလို ဘယ်မှလည်းမသွားရတော့ပါဘူး။

ရွေးချယ်စရာမကျန်တော့တဲ့အတွက်ကြောင့် အနီးနားက ကုန်စုံဆိုင်အတွက် ကြော်ငြာပေးရင်းနဲ့ ငွေကိုင်တွေ ဖြစ်ခဲ့ကြပြန်ပါတယ်။ ရိုးရှင်းတဲ့ဘဝကို သူတို့ကြိုက်နှစ်ခဲ့တယ်လို့ဆိုပါတယ်။ သူတို့ဟာ နားနေခန်းထဲက လုပ်ဖော်ကိုင်ဖက်တွေကို ဖျော်ဖြေပေးရင်းနဲ့ ပျော်ပျော်နေခဲ့ပါတယ်။

ဒီလိုပုံမှန်ဘဝလေးဟာ ကြာရှည်မခံခဲ့ပါဘူး။ ၁၉၆၉ခုနှစ်ရဲ့ နေ့တစ်နေ့မှာ အစီရင်ခံစာလာမတင်လို့ ရဲတွေက အိမ်ကိုသွားရောက်ကြည့်ရှုတဲ့အခါမှာ အသက်၆၀အရွယ်ညီအစ်မတွေဟာ သေဆုံးနေတာကို မြင်လိုက်ရပါတယ်။ ဒေစီကအရင်သေဆုံးပြီးတော့ ဗွိုင်အိုလက်က ရက်အနည်းငယ်နေမှ သေဆုံးခဲ့တာပါ။ သူမရဲ့ညီမသေဆုံးပြီးနောက်မှာ ဖုန်းကိုင်ဖို့တောင် အားမရှိတော့ပါဘူး။

ဒီနှစ်ဂျွန်မှာတော့ Leslie Zemeckis ကနေ ဇာတ်လမ်းတစ်ပုဒ်ရိုက်ကူးခဲ့ပါသေးတယ်။ ဒါပေမယ့် ရုပ်ရှင်ရုံတွေအကုန်မှာတော့ မပြသခဲ့ပါဘူး။ ဒီဇာတ်လမ်းကို အဲဒီညီအစ်မရဲ့မိတ်ဆွေ၊ သူငယ်ချင်းတွေကို အင်တာဗျူးပြီးတော့ ရိုက်ကူးခဲ့တာပါ။

အဲဒီဇာတ်လမ်းထွက်ရှိပြီးနောက်မှာတော့ i09 ရဲ့ Anelle Newitz ဟာ အခုလို ပြောခဲ့ပါတယ်။ “Anelle Newitzရဲ့ဇာတ်ကားဟာ ညီအစ်မနှစ်ယောက်ကြုံခဲ့ရတဲ့ သနားစရာဇာတ်ကြောင်းကိုပြောပြတာထက် အမေရိကန်မီဒီယာသမိုင်းကို ဘယ်လိုမျိုးဝင်ရောက်ခဲ့သလဲဆိုတာကို ပြောပြနေသလိုပါပဲ။

သူတို့ဟာ ၁၉၂၀ခုနှစ်ရဲ့ YouTube star တွေလို့ပြောနိုင်ပါတယ်။ YouTube တစ်ခုတည်းမှာပဲ အောင်မြင်ပြီးတော့ တခြားမီဒီယာတွေမှာ ဖော်ပြမခံခဲ့ရတဲ့သူတွေလိုမျိုးပေါ့။”

ဟယ်လ်တန်ညီအစ်မနှစ်ယောက်ရဲ့ သနားစရာဖြစ်ရပ်ဟာ တစ်ယောက်ချင်းစီဆိုရင်တောင်မှ ခံစားရတာသက်သာနိုင်ဦးမှာပါ။ ဒီနေ့ခေတ်နဲ့ဆိုရင်တော့ ခွဲထုတ်လို့ရပါတယ်။ သူတို့ရဲ့အတွင်းအင်္ဂါတွေက အပြည့်အစုံပါပဲ။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ဟာ အတူတူနေချင်ခဲ့ကြတယ်လို့ အမြဲပြောပါတယ်။ ဒါကြောင့် သေဆုံးချိန်မှာတောင် နေပေးခဲ့လေသလား။


ဖိုးသူတော် (www.phothutaw.com)
CreditHlataw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top