×
# Zawgyi Version ဖြင့်ဖတ်ရန် #
Credit: cantwait2say
 # Unicode Version ဖြင့်ဖတ်ရန် #
ကွာဟလွန်းနေတဲ့လိင်ခွဲခြားဆက်ဆံမှုတွေကိုပယ်ဖျက်ဖို့ ပထမဆုံးအရွေ့အနေနဲ့ Icelandနိုင်ငံတွင်းက အမျိုးသားတွေဟာ တူညီတဲ့အလုပ်အကိုင်၊ရာထူးမှာလုပ်နေလျက်နဲ့ အမျိုးသမီးတွေထက် ပိုပြီးလစာရခဲ့မယ်ဆိုရင် သူတို့တင်မက ပေးတဲ့ကုမ္မဏီတွေအနေနဲ့ ပြစ်မှုမြောက်တယ်ဆိုတဲ့ဥပဒေကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
ဒီဥပဒေသစ်နဲ့အညီ ဝန်ထမ်း 25ယောက်အထက်နဲ့ဖွဲ့စည်းထားတဲ့ ကုမ္မဏီတွေ၊အေဂျင်စီတွေအစရှိတဲ့နေရာတော်တော်များများမှာလည်း လစာတန်းတူပေးဖို့ ပြင်ဆင်ပြောင်းလဲခဲ့သလို အမျိုးသမီးဝန်ထမ်းတွေအတွက်ကတော့ ဒီဥပဒေသစ်ဟာ ပျော်မဆုံး၊မော်မဆုံး၊ကျေနပ်စရာအပြည့်နဲ့ပေါ့။
ဒီဥပဒေသစ်ပေါ်ပေါက်လာပုံကိုလည်း Icelandက အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီးဦးဆောင်လှုပ်ရှားနေသူတွေက”ကျွန်မတို့ အမျိုးသမီး တွေတန်းတူအလုပ်လုပ်လျက်နဲ့ တန်းတူလစာမရရှိခြင်းကို မရှုစိမ့်လို့ ဒီအခွင့်အရေးရဖို့ တောင်းဆိုထဲ့တာရာစုနှစ်ချီခဲ့ပါပြီ။ဘာပဲပြောပြော ခုလိုဒီဥပဒေလေးပုံပေါ်လာတော့ အားလုံးနည်းတူပျော်ရပါတယ်”လို့ဆိုခဲ့ပါတယ်။
ဒီ ဥပဒေ ကို မနှစ်ကမတ်လ ကမ္ဘာ့အမျိုးသမီးများနေ့မှာ စတင်ထုတ်ပြန်ခဲ့သော်လည်း အမှန်တကယ်ပြောင်းလဲပြင်ဆင်မှုတွေကိုတော့ ဒီ2018မှာမှ အစပြုခဲ့ပါတယ်။
ဘလိုပဲဖြစ်စေ ဒီ ဥပဒေသစ်ဟာ ကမ္ဘာပေါ်မှာ လိင်ခွဲခြား ဆက်ဆံမှု အမြင့်ဆုံးနိုင်ငံလို့ ပြောလို့ရတဲ့ Icelandအတွက်တော့ ကြီးမားတဲ့အောင်မြင်မှု တစ်ခုဖြစ်ခဲ့ပါတယ်…။ ။
ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top