မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×

ထိုင်းနိုင်ငံမှာ အသက်မပြည့်သေးတဲ့ ယောက်ျားလေးတွေကို ပြည်တန်ဆာဇာတ်သွင်းခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ထိုင်းအမျိုးသားနဲ့ ၆၉ နှစ်အရွယ် ဒတ်ခ်ျလူမျိုးတဦးကို ပတ္တယားဟိုတယ်တခုမှာ မတ်လ ၄ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

ရီနာ့ဒ်စ်မာရီဂျိုးဇက်လို့ အမည်ရတဲ့ ဒတ်ခ်ျအမျိုးသားကို ဖမ်းဆီးနိုင်ဖို့ အခကြေးငွေပေးပြီး လိင်ဝယ်ယူမယ့် လူနှစ်ဦးဟန်ဆောင် ခိုင်းစေခဲ့ပြီးနောက်မှာတော့ ကမ်းခြေက ဟိုတယ်အခန်းထဲမှာ အသက်မပြည့်သေးတဲ့ ယောက်ျားလေး သုံးဦးကို ရှာတွေ့ခဲ့တာလို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့သုံးဦးကို ဒတ်ခ်ျ်အမျိုးသားက လိင်ကုန်ကူးဖို့ ခေါ်လာတာလို့ သိရပြီး အဲဒီအမျိုးသား ငှားထားတဲ့ အခန်းထဲမှာလည်း ကောင်လေးသုံးဦးရဲ့ လိင်ဆက်ဆံမှုပြုနေတဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုရုပ်သံတွေကိုလည်း ရဲတွေက တွေ့ခဲ့ပါတယ်။

အခကြေးငွေပေးပြီး လိင်ဝယ်ယူမယ့် ဟန်ဆောင်ထားကြတဲ့ နိုင်ငံခြားသားနှစ်ဦးက ပြည့်တန်ဆာလုပ်စားတဲ့ ဒတ်ခ်ျအမျိုးသားနဲ့ သူ့ရဲ့လက်ထောက်ဖြစ်သူ ထိုင်းအမျိုးသား အပါအဝင် ယောက်ျားလေး လေးဦးကို ခေါ်လာဖို့ ဒတ်ခ်ျအမျိုးသားကို ဘတ်ငွေ ၇ ထောင် ပေးခဲ့ရတာဖြစ်တယ်လို့ ရဲတွေက ဆိုပါတယ်။


ဒတ်ခ်ျအမျိုးသားကတော့ သူ့မှာ ဇနီးနဲ့ ကလေးတွေရှိပြီး စွပ်စွဲသလို လိင်လုပ်ငန်းမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။

ရဲတွေကတော့ အဲဒီ ဒတ်ခ်ျအမျိုးသားဟာ အရင်ကတည်းက အသက်မပြည့်သေးတဲ့ ယောက်ျားလေးတွေနဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုရှိလို့ အမည်ပျက်စာရင်းသွင်းခံထားရပြီး ကမ္ဘောဒီးယားနိုင်ငံကနေ ထွက်ပြေးဝင်ရောက်လာတာလို့ ပြောပါတယ်။



Credit:Lwinpyin
#Unicode Version#
ထိုင်းနိုင်ငံမှာ အသက်မပြည့်သေးတဲ့ ယောက်ျားလေးတွေကို ပြည်တန်ဆာဇာတ်သွင်းခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ထိုင်းအမျိုးသားနဲ့ ၆၉ နှစ်အရွယ် ဒတ်ချ်လူမျိုးတဦးကို ပတ္တယားဟိုတယ်တခုမှာ မတ်လ ၄ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

ရီနာ့ဒ်စ်မာရီဂျိုးဇက်လို့ အမည်ရတဲ့ ဒတ်ချ်အမျိုးသားကို ဖမ်းဆီးနိုင်ဖို့ အခကြေးငွေပေးပြီး လိင်ဝယ်ယူမယ့် လူနှစ်ဦးဟန်ဆောင် ခိုင်းစေခဲ့ပြီးနောက်မှာတော့ ကမ်းခြေက ဟိုတယ်အခန်းထဲမှာ အသက်မပြည့်သေးတဲ့ ယောကျ်ားလေး သုံးဦးကို ရှာတွေ့ခဲ့တာလို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့သုံးဦးကို ဒတ်ချ်အမျိုးသားက လိင်ကုန်ကူးဖို့ ခေါ်လာတာလို့ သိရပြီး အဲဒီအမျိုးသား ငှားထားတဲ့ အခန်းထဲမှာလည်း ကောင်လေးသုံးဦးရဲ့ လိင်ဆက်ဆံမှုပြုနေတဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုရုပ်သံတွေကိုလည်း ရဲတွေက တွေ့ခဲ့ပါတယ်။

အခကြေးငွေပေးပြီး လိင်ဝယ်ယူမယ့် ဟန်ဆောင်ထားကြတဲ့ နိုင်ငံခြားသားနှစ်ဦးက ပြည့်တန်ဆာလုပ်စားတဲ့ ဒတ်ချ်အမျိုးသားနဲ့ သူ့ရဲ့လက်ထောက်ဖြစ်သူ ထိုင်းအမျိုးသား အပါအဝင် ယောက်ျားလေး လေးဦးကို ခေါ်လာဖို့ ဒတ်ချ်အမျိုးသားကို ဘတ်ငွေ ၇ ထောင် ပေးခဲ့ရတာဖြစ်တယ်လို့ ရဲတွေက ဆိုပါတယ်။

သူတို့အားလုံး အခန်းထဲရောက်ပြီးချိန်မှာတော့ ဟိုတယ်အနားမှာ စောင့်ဆိုင်းနေကြတဲ့ လူမှုဝန်ထမ်းဌာန တာဝန်ရှိသူတွေနဲ့ ရဲတွေက ဟိုတယ်ကို ရုတ်တရက်ဝင်စီးပြီး ဖမ်းခဲ့ကြတာပါ။

ဒတ်ချ်အမျိုးသားကတော့ သူ့မှာ ဇနီးနဲ့ ကလေးတွေရှိပြီး စွပ်စွဲသလို လိင်လုပ်ငန်းမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။

ရဲတွေကတော့ အဲဒီ ဒတ်ချ်အမျိုးသားဟာ အရင်ကတည်းက အသက်မပြည့်သေးတဲ့ ယောက်ျားလေးတွေနဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုရှိလို့ အမည်ပျက်စာရင်းသွင်းခံထားရပြီး ကမ္ဘောဒီးယားနိုင်ငံကနေ ထွက်ပြေးဝင်ရောက်လာတာလို့ ပြောပါတယ်။

သူဟာ ထိုင်းနိုင်ငံထဲဝင်လာဖို့ စူရင်ခရိုင် ကာ့ဘ်ချိုအင်းဒေသက စစ်ဆေးရေးဂိတ်မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိတဦးကို ဘတ်ငွေ ၃ ထောင် လာဘ်ပေးခဲ့ရပြီးနောက် ပတ္တယားမှာ နေထိုင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။


လက်ရှိမှာတော့ သူတို့ကို ဖမ်းဆီးထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top