iGREEN မွ Investment Guarantee ျဖင့္ေရာင္းမည့္ အထူးအိမ္ရာအေရာင္းျပပြဲ
×

မုျဒာနဲ႔ ေရႊၾကာ (No Spoiler)

ဘဝမွာ တစ္ရက္တည္း ႐ုပ္ရွင္ႏွစ္ကား ဆက္တိုက္ၾကည့္ဖူးတဲ့ ပထမဆံုးေန႔ပါပဲ။
ရလဒ္ကေတာ့ အေဝးမႈန္သမား ေပေတၿပီးမ်က္မွန္မတပ္တဲ့ ငါေလးခဗ်ာ ေခါင္းေတြ တဒိန္းဒိန္းကိုက္တက္သြားေတာ့တာပဲ။

မုျဒာ
မုျဒာရဲ႕ေခၚသံကို အရင္ၾကည့္ျဖစ္ပါတယ္။
ၾကားရက္ ရံုးတက္ခ်ိန္ႀကီးကိုပဲ ပရိသတ္က အျပည့္ပါ။
သတိထားမိတာ တစ္ခုက မုျဒာေခၚသံကို လာၾကည့္ၾကတဲ့ ပရိသတ္ေတြက မုျဒာရဲ႕ ပိုစတာနဲ႔အတူ ဂုဏ္ယူစြာ ဓါတ္ပံု႐ိုက္တင္ၾကေတာ့တာပဲ။

မုျဒာဟာ ႐ုပ္ရွင္မဆန္တဲ့ ႐ုပ္ရွင္လို႔ ခံစားရပါတယ္။
Documentryတစ္ခုဆန္ဆန္ ခံစားရတဲ့အတြက္ အျခားဇာတ္ကားေတြနဲ႔ ဘာမွမဆိုင္တဲ့ ခံစားမႈတစ္ခုကို ဇာတ္လမ္းစစခ်င္းကတည္းက ခံစားရေစတယ္။
ဇာတ္လမ္းျပသခ်ိန္ တိုသလို ဇာတ္လမ္းဇာတ္အိမ္က ႐ုပ္ရွင္ဆိုတာထက္ ႐ိုး႐ိုးေလးလို႔ ျမင္မိတယ္။

ျမင္ေနက်ျမန္မာရဲ႕အလွကို ပိုႂကြသြားေအာင္
အခုခ်က္ခ်င္းေျပးသြားခ်င္ေလာက္ေအာင္ ဆြဲေဆာင္မႈရွိရွိ႐ိုက္ကူးထားတယ္။
ၾကည့္ရင္းနဲ႔ လွလိုက္တာ… ဒါငါေနတဲ့ႏိုင္ငံပါလားဆိုၿပီး ၾကက္သီးျဖန္းျဖန္းထေစေလာက္တဲ့ ႐ိုက္ခ်က္ေတြ။
အလႈပ္ခန္းေတြ ေျပးတဲ့ အခန္းေတြမွာ ကင္မရာက လိုအပ္တာထက္ ပိုလႈပ္လြန္းတယ္လို႔ ခံစားရတယ္။

ကင္မရာပညာနားမလည္ပါဘူး… တမင္လႈပ္ျပတာလား
မၿငိမ္တာလား မသိေပမယ့္ ပရိသတ္အေနနဲ႔ေျပာရရင္
ေခါင္းမူးတယ္လို႔။


အေႂကြဆံုးကို ေျပာပါရေစ
(ဒီေနရာမွာ နည္းနည္းႏွာဘူးထခြင့္ေပးပါ 😁)
ဇဏ္ခီပါ.. ကိုယ့္အသည္း ခီခီေလးပါ။

ဥပယ္တံမ်ဥ္တုန္းက မင္းထက္ကာ႐ိုက္တာက ကိုယ့္အတြက္ေတာ့ သိန္းစိုးကာ႐ိုက္တာကို မေက်ာ္ႏိုင္ပါဘူး။
မုျဒာမွာေတာ့ ဇဏ္ခီကို ဇဏ္ခီလို႔လည္း မျမင္ေတာ့ဘူး။
ဥပယ္တံမ်ဥ္က မင္းထက္လို႔လည္း မျမင္ေတာ့ဘူး။
ႏိုင္ငံျခားသား ေဂ်ဒန္ဝီလ္လ်ံလို႔ပဲ ျမင္သြားတယ္။

ေလယူေလသိမ္းနဲ႔ ျမန္မာလိုႀကိဳးစားေျပာရတဲ့ ေလသံေတြဟာ တျဖဳတ္ျဖဳတ္ေႂကြေစပါတယ္။
ေနာက္တစ္ခုက အၾကည့္ေတြပါ။
ကိုသားႀကီးေနာက္ပိုင္း မ်က္လံုးမွာ သ႐ုပ္ေတြျမင္ရတာ ဇဏ္ခီ့ဆီမွာပါ။
Love Scenes ေတြမွာ အတင္းႏူးညံ့ထားတဲ့ မ်က္လံုးေတြမဟုတ္တဲ့ တကယ္ပဲ ပါးလွပ္စြာ တိတိက်က် သ႐ုပ္ေဆာင္သြားတဲ့ မ်က္လံုးေတြ။
ၿပီးခဲ့တဲ့ရက္က ခီေမာင္ႏွံကို စံုတြဲအင္တာဗ်ဴးတဲ့ ဗီဒီယိုဖိုင္မွာ ခရစၥတီးနားခီကို ေငးေနတဲ့ မ်က္လံုးနဲ႔ တစ္ထပ္တည္း။

မုျဒာမွာ ဇဏ္ခီက သ႐ုပ္ေဆာင္ေနတယ္လို႔ မျမင္မိဘူး။
မုျဒာထဲကို ဇဏ္ခီက ေရာက္သြားတာလို႔ပဲ ခံစားမိတယ္။

ခီရဲ႕ Big Fan ပါ
ကိုယ့္ကို ပန္ခီလို႔သာ ေခၚၾကပါေတာ့
☺☺

ေရႊၾကာ
——

ေရႊၾကာမွာလည္း ပရိသတ္က ရံုအျပည့္ပါပဲ။
အြန္လိုင္းမွာ စြတ္ႏွိမ္ေနၾကသေလာက္ နိမ့္တဲ့ကားလည္း မဟုတ္ပါဘူး။
ေပါကားလို႔ ေျပာရင္ ကိုယ္ျငင္းမွာပါ။
ေပါကားမဟုတ္ပါဘူး… ႐ုပ္ရွင္ကားပါ
႐ုပ္ရွင္ဆန္တဲ့ ႐ုပ္ရွင္ကားပါ။

ေပးခ်င္တဲ့ မက္ေဆ့ခ်္၊ ေပးခ်င္တဲ့ အသိတရား
ဇာတ္လမ္းသေဘာတရားက အေတာ္ေလးေကာင္းမြန္သလို အခုေခတ္နဲ႔လည္း ကိုက္ညီတဲ့ကားျဖစ္ပါတယ္။
အတံုးလိုက္အတစ္လိုက္ေတြ ေပးခ်တာႀကီးကေတာ့
စိတ္မသက္သာစရာပါ။
ျမန္မာပရိသတ္ဟာ အဲ့ေလာက္မတံုးလွေသးပါဘူး။

အခ်ိဳ႕အကြက္ေတြဟာ ပရိသတ္နားမလည္ေလာက္ဘူးအထင္နဲ႔ ဇြတ္ျဖည္ခ်ေနတာေတြ မ်ားလြန္းတယ္။
ထူထူပ်စ္ပ်စ္ႀကီး မက္ေဆ့ခ်္ေပးတာေလးဟာ နည္းနည္းေလ်ာ့ရင္ ခုထက္ပိုေကာင္းမယ္ ထင္တာပဲ။

ဇာတ္နာခ်င္ေဇာနဲ႔ ျပင္ပမွာ တကယ္မရွိတဲ့အမူအက်င့္ေတြ ထည့္႐ိုက္တာႀကီးက အေတာ္႐ုပ္ေပါက္ပါတယ္။
ျပည့္တန္ဆာေတြကို ခြဲျခားတာ ႏွိမ့္ခ်တာ ျပခ်င္ေဇာနဲ႔
ဇြတ္ႀကီး ႏွိမ္ခ်တဲ့လူေတြကို ထည့္ျပတယ္။
ျပင္ပမွာ ျပည့္တန္ဆာဆိုတာ နဖူးစာကပ္ထားတာမွ မဟုတ္တာ။

အျပင္မွာ အဲ့လို သြားႏွိမ္လို႔ကေတာ့ “ငါ့ပစၥည္းနဲ႔ ငါခံတာ နင့္အပူလား”ဆိုၿပီး ပါးေတာင္ ဘယ္ျပန္ညာျပန္ေကြ်းသြားဦးမယ္။
႐ုပ္ရွင္ဆန္ေသာ ႐ုပ္ရွင္လို႔ ဒါ့ေၾကာင့္ေျပာတာပါ။

ေဖြးစိန္ေလးကေတာ့ ေဖြးစိန္ပီသပါတယ္။
ပိုင္ပိုင္ႏိုင္ႏိုင္ပါပဲ။ ခ်စ္စရာ သနားစရာေလးပါ။
စြန္းကိတ္ေနတာေလးကလည္း ေႂကြစရာပါ။
ယူတို႔ က်ားေတြေတာင္မေျပာနဲ႔ ကိုယ္ေတြလို မ,ခ်င္းေတာင္ စိတ္ေတြခုန္မိတယ္။

ဘာပဲျဖစ္ျဖစ္ ေပါေတာေတာေတြ႐ိုက္ျပ၊ ခါးေအာက္ပိုင္းျပက္လံုးေတြ၊ Body Shaming ေတြဒင္းၾကမ္းနဲ႔
တစ္စက္မွအဆင့္မရွိတဲ့ ကားေတြထက္စာရင္ အမ်ားႀကီး အမ်ားႀကီးကို သာပါတယ္။

႐ုပ္ရွင္ဆန္ေသာ ႐ုပ္ရွင္နဲ႔
႐ုပ္ရွင္မဆန္ေသာ ႐ုပ္ရွင္ပါ။
အရသာက တစ္မ်ိဳးစီပါ။
ႏွင္းဆီနဲ႔ စပယ္ ဘယ္ပန္းပိုလွလဲ မေမးသင့္သလို
ကိုယ္မႀကိဳက္တာဟာ မေကာင္းတာမလွတာ မဟုတ္ဘူးဆိုတာနားလည္ရင္ ဘာကိုမွ တိုက္ခိုက္စရာ မရွိလွပါဘူး။

တစ္ခုပဲ
ပရိသတ္ကို ေလွ်ာ့တြက္တာ။
ပိုစတာထဲက ဘရာစီယာဆိုဒ္ဟာ ေဖြးစိန္မေျပာနဲ႔ ကိုယ္ေတာင္မေတာ္ဘူး။
ဒါမ်ိဳး မွားစရာလားလို႔… ဟမ့္
🤨🤨

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ပန္ဆယ္လို

# Unicode Version ျဖင့္ ဖတ္ပါ #

မုဒြာနဲ့ ရွှေကြာ (No Spoiler)
————
ဘဝမှာ တစ်ရက်တည်း ရုပ်ရှင်နှစ်ကား ဆက်တိုက်ကြည့်ဖူးတဲ့ ပထမဆုံးနေ့ပါပဲ။
ရလဒ်ကတော့ အဝေးမှုန်သမား ပေတေပြီးမျက်မှန်မတပ်တဲ့ ငါလေးခဗျာ ခေါင်းတွေ တဒိန်းဒိန်းကိုက်တက်သွားတော့တာပဲ။

မုဒြာ
မုဒြာရဲ့ခေါ်သံကို အရင်ကြည့်ဖြစ်ပါတယ်။
ကြားရက် ရုံးတက်ချိန်ကြီးကိုပဲ ပရိသတ်က အပြည့်ပါ။
သတိထားမိတာ တစ်ခုက မုဒြာခေါ်သံကို လာကြည့်ကြတဲ့ ပရိသတ်တွေက မုဒြာရဲ့ ပိုစတာနဲ့အတူ ဂုဏ်ယူစွာ ဓါတ်ပုံရိုက်တင်ကြတော့တာပဲ။

မုဒြာဟာ ရုပ်ရှင်မဆန်တဲ့ ရုပ်ရှင်လို့ ခံစားရပါတယ်။
Documentryတစ်ခုဆန်ဆန် ခံစားရတဲ့အတွက် အခြားဇာတ်ကားတွေနဲ့ ဘာမှမဆိုင်တဲ့ ခံစားမှုတစ်ခုကို ဇာတ်လမ်းစစချင်းကတည်းက ခံစားရစေတယ်။
ဇာတ်လမ်းပြသချိန် တိုသလို ဇာတ်လမ်းဇာတ်အိမ်က ရုပ်ရှင်ဆိုတာထက် ရိုးရိုးလေးလို့ မြင်မိတယ်။

မြင်နေကျမြန်မာရဲ့အလှကို ပိုကြွသွားအောင်
အခုချက်ချင်းပြေးသွားချင်လောက်အောင် ဆွဲဆောင်မှုရှိရှိရိုက်ကူးထားတယ်။
ကြည့်ရင်းနဲ့ လှလိုက်တာ… ဒါငါနေတဲ့နိုင်ငံပါလားဆိုပြီး ကြက်သီးဖြန်းဖြန်းထစေလောက်တဲ့ ရိုက်ချက်တွေ။
အလှုပ်ခန်းတွေ ပြေးတဲ့ အခန်းတွေမှာ ကင်မရာက လိုအပ်တာထက် ပိုလှုပ်လွန်းတယ်လို့ ခံစားရတယ်။

ကင်မရာပညာနားမလည်ပါဘူး… တမင်လှုပ်ပြတာလား
မငြိမ်တာလား မသိပေမယ့် ပရိသတ်အနေနဲ့ပြောရရင်
ခေါင်းမူးတယ်လို့။


အကြွေဆုံးကို ပြောပါရစေ
(ဒီနေရာမှာ နည်းနည်းနှာဘူးထခွင့်ပေးပါ 😁)
ဇဏ်ခီပါ.. ကိုယ့်အသည်း ခီခီလေးပါ။

ဥပယ်တံမျဉ်တုန်းက မင်းထက်ကာရိုက်တာက ကိုယ့်အတွက်တော့ သိန်းစိုးကာရိုက်တာကို မကျော်နိုင်ပါဘူး။
မုဒြာမှာတော့ ဇဏ်ခီကို ဇဏ်ခီလို့လည်း မမြင်တော့ဘူး။
ဥပယ်တံမျဉ်က မင်းထက်လို့လည်း မမြင်တော့ဘူး။
နိုင်ငံခြားသား ဂျေဒန်ဝီလ်လျံလို့ပဲ မြင်သွားတယ်။

လေယူလေသိမ်းနဲ့ မြန်မာလိုကြိုးစားပြောရတဲ့ လေသံတွေဟာ တဖြုတ်ဖြုတ်ကြွေစေပါတယ်။
နောက်တစ်ခုက အကြည့်တွေပါ။
ကိုသားကြီးနောက်ပိုင်း မျက်လုံးမှာ သရုပ်တွေမြင်ရတာ ဇဏ်ခီ့ဆီမှာပါ။
Love Scenes တွေမှာ အတင်းနူးညံ့ထားတဲ့ မျက်လုံးတွေမဟုတ်တဲ့ တကယ်ပဲ ပါးလှပ်စွာ တိတိကျကျ သရုပ်ဆောင်သွားတဲ့ မျက်လုံးတွေ။
ပြီးခဲ့တဲ့ရက်က ခီမောင်နှံကို စုံတွဲအင်တာဗျူးတဲ့ ဗီဒီယိုဖိုင်မှာ ခရစ္စတီးနားခီကို ငေးနေတဲ့ မျက်လုံးနဲ့ တစ်ထပ်တည်း။

မုဒြာမှာ ဇဏ်ခီက သရုပ်ဆောင်နေတယ်လို့ မမြင်မိဘူး။
မုဒြာထဲကို ဇဏ်ခီက ရောက်သွားတာလို့ပဲ ခံစားမိတယ်။

ခီရဲ့ Big Fan ပါ
ကိုယ့်ကို ပန်ခီလို့သာ ခေါ်ကြပါတော့
☺☺

ရွှေကြာ
——

ရွှေကြာမှာလည်း ပရိသတ်က ရုံအပြည့်ပါပဲ။
အွန်လိုင်းမှာ စွတ်နှိမ်နေကြသလောက် နိမ့်တဲ့ကားလည်း မဟုတ်ပါဘူး။
ပေါကားလို့ ပြောရင် ကိုယ်ငြင်းမှာပါ။
ပေါကားမဟုတ်ပါဘူး… ရုပ်ရှင်ကားပါ
ရုပ်ရှင်ဆန်တဲ့ ရုပ်ရှင်ကားပါ။

ပေးချင်တဲ့ မက်ဆေ့ချ်၊ ပေးချင်တဲ့ အသိတရား
ဇာတ်လမ်းသဘောတရားက အတော်လေးကောင်းမွန်သလို အခုခေတ်နဲ့လည်း ကိုက်ညီတဲ့ကားဖြစ်ပါတယ်။
အတုံးလိုက်အတစ်လိုက်တွေ ပေးချတာကြီးကတော့
စိတ်မသက်သာစရာပါ။
မြန်မာပရိသတ်ဟာ အဲ့လောက်မတုံးလှသေးပါဘူး။

အချို့အကွက်တွေဟာ ပရိသတ်နားမလည်လောက်ဘူးအထင်နဲ့ ဇွတ်ဖြည်ချနေတာတွေ များလွန်းတယ်။
ထူထူပျစ်ပျစ်ကြီး မက်ဆေ့ချ်ပေးတာလေးဟာ နည်းနည်းလျော့ရင် ခုထက်ပိုကောင်းမယ် ထင်တာပဲ။

ဇာတ်နာချင်ဇောနဲ့ ပြင်ပမှာ တကယ်မရှိတဲ့အမူအကျင့်တွေ ထည့်ရိုက်တာကြီးက အတော်ရုပ်ပေါက်ပါတယ်။
ပြည့်တန်ဆာတွေကို ခွဲခြားတာ နှိမ့်ချတာ ပြချင်ဇောနဲ့
ဇွတ်ကြီး နှိမ်ချတဲ့လူတွေကို ထည့်ပြတယ်။
ပြင်ပမှာ ပြည့်တန်ဆာဆိုတာ နဖူးစာကပ်ထားတာမှ မဟုတ်တာ။

အပြင်မှာ အဲ့လို သွားနှိမ်လို့ကတော့ “ငါ့ပစ္စည်းနဲ့ ငါခံတာ နင့်အပူလား”ဆိုပြီး ပါးတောင် ဘယ်ပြန်ညာပြန်ကျွေးသွားဦးမယ်။
ရုပ်ရှင်ဆန်သော ရုပ်ရှင်လို့ ဒါ့ကြောင့်ပြောတာပါ။

ဖွေးစိန်လေးကတော့ ဖွေးစိန်ပီသပါတယ်။
ပိုင်ပိုင်နိုင်နိုင်ပါပဲ။ ချစ်စရာ သနားစရာလေးပါ။
စွန်းကိတ်နေတာလေးကလည်း ကြွေစရာပါ။
ယူတို့ ကျားတွေတောင်မပြောနဲ့ ကိုယ်တွေလို မ,ချင်းတောင် စိတ်တွေခုန်မိတယ်။

ဘာပဲဖြစ်ဖြစ် ပေါတောတောတွေရိုက်ပြ၊ ခါးအောက်ပိုင်းပြက်လုံးတွေ၊ Body Shaming တွေဒင်းကြမ်းနဲ့
တစ်စက်မှအဆင့်မရှိတဲ့ ကားတွေထက်စာရင် အများကြီး အများကြီးကို သာပါတယ်။

ရုပ်ရှင်ဆန်သော ရုပ်ရှင်နဲ့
ရုပ်ရှင်မဆန်သော ရုပ်ရှင်ပါ။
အရသာက တစ်မျိုးစီပါ။
နှင်းဆီနဲ့ စပယ် ဘယ်ပန်းပိုလှလဲ မမေးသင့်သလို
ကိုယ်မကြိုက်တာဟာ မကောင်းတာမလှတာ မဟုတ်ဘူးဆိုတာနားလည်ရင် ဘာကိုမှ တိုက်ခိုက်စရာ မရှိလှပါဘူး။

တစ်ခုပဲ
ပရိသတ်ကို လျှော့တွက်တာ။
ပိုစတာထဲက ဘရာစီယာဆိုဒ်ဟာ ဖွေးစိန်မပြောနဲ့ ကိုယ်တောင်မတော်ဘူး။
ဒါမျိုး မှားစရာလားလို့… ဟမ့်
🤨🤨

ဖိုးသူတော် (www.phothutaw.com)
Credit: ပန်ဆယ်လို

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top