×

လြန္ခဲ့တဲ့ (၁၅)ႏွစ္ေလာက္ က အေရွ႕ေတာင္အာရွရဲ႕ အတုိးတက္ဆုံးႏုိင္ငံတစ္ခု ၏ ျမိဳ႕ေတာ္ၾကီး အစြန္း အဖ်ားက တရုတ္ သခၤ်ဳိင္းကုန္းမွာ တရားမ၀င္ ေနထုိင္ျပီး အလုပ္လုပ္ၾကတဲ့ ျမန္မာႏုိင္ငံမွ တုိင္းရင္းသား အလုပ္ သမားအုပ္စု တစ္အုပ္စု ရွိခဲ့ဖူး ပါတယ္။ သူတုိ႕က တရုတ္သခၤ်ဳိင္းရွိ အုတ္ဂူေတြ ေဆးသုတ္တာတုိ႕၊ ျမက္ခင္းေတြ ျပဳျပင္တာတုိ႕၊ ပန္းပင္ေတြအလွအပ မြမ္းမံတာတုိ႕ လုပ္ရပါတယ္။

တေန႕က်ေတာ့ အလုပ္သမားတစ္ေယာက္က တရုတ္သခၤ်ဳိင္းရွိ အုတ္ဂူ တစ္ခုရဲ႕ အေပၚမွာ ကေလး ကစား စရာပစၥည္း ခပ္ၾကီးၾကီး တစ္ခုကိုေတြ႕ရလုိ႕ အခန္းကို သယ္သြားပါတယ္။ ေနာက္ သုံး … ေလးရက္ ၾကာေတာ့ အုတ္ဂူနဲ႕ ပက္သက္တဲ့ က်န္ရစ္သူ တရုတ္မိသားစု ေရာက္လာျပီး ကြယ္လြန္သြားတဲ့ သူတုိ႕ သားေလး အုတ္ဂူေပၚမွာ အမွတ္ တရ တင္ထား တဲ့ ကစားစရာ ေမာ္ေတာ္ကားေလး ေပ်ာက္သြားေၾကာင္း တရုတ္သခၤ်ဳိင္း ကို ျပဳျပင္ေရး ကန္ထရုိက္ဆြဲထားတဲ့ တရုတ္သူေ႒းကုိ တုိင္ၾကားပါေတာ့ တယ္။ ဒါနဲ႕ တရုတ္ သူေ႒းလည္း ေဒါပြျပီး ျမန္မာ အလုပ္သမား အားလုံးကိုႏွ စ္ပတ္တိတိ အလုပ္မဆင္းဖုိ႕ အျပစ္ေပး ပါေတာ့ တယ္။

ႏွစ္ပတ္တိတိ အလုပ္ျပဳတ္ေနတဲ့ အလုပ္သမားေတြလည္း အလုပ္ျ ပန္ မဆင္းရခင္ စပ္ၾကား သူတုိ႕ ေနထုိင္ရာ အခန္းထဲမွာ ေန႕တုိင္း လုိလုိ ေသာက္ပြဲစားပြဲေလးေတြ လုပ္ျပီး ေနခဲ့ၾကပါတယ္။ အခန္းရဲ႕ ျပင္ပ ဆုိလုိ႕ တုိက္နံေဘးက စတုိးဆုိင္ေလာက္ပဲ သူတုိ႕ သြားရဲ ပါတယ္။ သူတုိ႕ အားလုံးက အဲဒီႏုိင္ငံမွာ တရားမ၀င္ ေနထုိင္ျပီး အလုပ္လုပ္စားေနရတဲ့ ဘ၀ေတြပါ။

အခန္းတံခါး ပိတ္ျပီး အခန္းထဲမွာ အရက္ စုေသာက္ၾကတဲ့ အလုပ္သမားေတြထဲမွာ အရက္ နည္းနည္း ေလာက္ ေသာက္ျပီးရင္ ေသြးဆူ တတ္တဲ့ အလုပ္သမား တစ္ေယာက္ ရွိပါတယ္။ ထုိသူက အလုပ္သမားအားလုံး ႏွစ္ပတ္တိတိ အလုပ္ျပဳတ္ရတဲ့ တရားခံ အလုပ္သမားပါ။ တရုတ္သခၤ်ဳိင္း ကေလးအုတ္ဂူေပၚက ကစားစရာ ေမာ္ေတာ္ကားေလး ကုိ ယူလာတာ လည္း သူပါပဲ။

အလုပ္ခဏ ျပဳတ္လုိ႕ အရက္ေသာက္လုိက္ တီဗြီၾကည့္ လုိက္လုပ္ေနၾကတဲ့ ညတညမွာ ကေလး ကစားစရာကို သခၤ်ဳိင္းက ယူလာ တဲ့ အလုပ္ သမားက အရက္ေသာက္ျပီး အရက္၀ုိင္း နံေဘးမွာ အိပ္ေပ်ာ္သြား ပါတယ္။ အရက္ေသာက္ ေနၾကတဲ့ အလုပ္ သမားေတြဟာ အရက္ေသာက္ ေနရင္း စကားသံကုိ က်ယ္က်ယ္ မေျပာရဲပါဘူး။ နံေဘးအခန္းေတြက သူတုိ႕ရဲ႕ ဆူညံမွဳကို ရဲစခန္းဆီ ဖုန္းဆက္ တုိင္ၾကားရင္ သူတုိ႕အားလုံး တရားမ၀င္ အလုပ္သမားျဖစ္ေနတာကို ရဲက သိသြားမွာ စုိးလုိ႕ပါ။

ဒီလုိနဲ႕ နည္းနည္း ညဥ့္နက္လာခ်ိန္မွာ အရက္၀ုိင္းနံေဘး အိပ္ေပ်ာ္ေနတဲ့ အလုပ္သမားက ႏုိးလာ ပါတယ္။ ျပီးေတာ့ အိပ္ခ်င္မူး တူးနဲ႕ အရက္ေတြ ကို တစ္ခြက္ျပီး တစ္ခြက္ ယူေသာက္ ပါတယ္။ ထုိ႕ေနာက္ အရက္၀ုိင္း ထဲက အျခားအလုပ္သမားေတြကုိ စကားသံ ဗလုံဗေထြးနဲ႕ ယစ္ပါေတာ့ တယ္။

အဲဒါနဲ႕လည္း မျပီးေသးပါဘူး၊ အိပ္ခန္းထဲက အိပ္ေပ်ာ္ ေနတဲ့ သူေတြကို ဇြတ္အတင္းႏုိးျပီး ယစ္ပါေသးတယ္။ ပထမေတာ့ အားလုံးက သူ႕ကုိ မူးျပီး မယစ္ဖုိ႕ ၀ုိင္းျပီး ေတာင္းပန္ၾကပါတယ္။ ဘယ္လုိလုိေျပာေျပာ ေျပာလုိ႕ မရခဲ့ပါဘူး။

အမူး လြန္ေနတဲ့ သူက ေနာက္ဆုံးမွာ ေနာက္ေဖး မီးဖုိ ေခ်ာင္ထဲက အသားလွီး ဓါးကို ယူျပီး အားလုံးကို ခုတ္မယ္ ထစ္မယ္ တကဲကဲ လုပ္ပါေတာ့တယ္။ အသံေတြဟာ တစထက္ တစ ပိုဆူညံလာျပီး ထိန္းမရေအာင္ ျဖစ္လာပါတယ္။ ဒီလုိနဲ႕ ေနာက္ဆုံးမွာ အဲဒီအခန္းထဲက အလုပ္သမားအားလုံး ဆုံးျဖတ္ခ်က္တစ္ခုကုိ ခ်မွတ္လုိက္ပါတယ္။

မူးျပီး ယစ္ေနတဲ့ အလုပ္သမားကို သတ္ျပစ္လုိက္ပါတယ္။ ေသသူရဲ႕ ခႏၶာကိုယ္ကို အပုိင္းပုိင္းျဖစ္ေအာင္ ခုတ္ထစ္ၾကပါတယ္။ အဲဒီလုိ အပုိင္းပုိင္း ျဖစ္ေအာင္ ခုတ္ထစ္တဲ့ ေနရာမွာ အခန္းရဲ႕ ၾကမ္းျပင္ေပၚမွာ တင္ျပီး ခုတ္ထစ္ ရင္ ဓါးမ’ေၾကာင့္ ခုတ္သံေတြ ထြက္ေပၚ လာလုိ႕ ေအာက္ခန္းက လူေတြ သိသြားမွာကို သူတုိ႕ စုိးရိမ္းၾကပါတယ္။

ဒါေၾကာင့္ လူေသ အေလာင္းကို ဟုိဖက္တစ္ေယာက္ ဒီဖက္တစ္ေယာက္ အျမင့္မွာ ေျမွာက္ျပီး ခုတ္ထစ္ ၾကပါတယ္။ အဲဒီေနာက္ ခႏၶာကိုယ္ အစိတ္အပုိင္းေတြကို အမွဳိက္ ျပစ္ရာ အသုံးျပဳတဲ့ အိတ္အမဲေရာင္ေတြနဲ႕ ႏွစ္ထပ္ သုံးထပ္ ေသေသခ်ာခ်ာ ထုတ္ပုိး ပါတယ္။

မနက္ မုိးမလင္းခင္ ေ၀လီေ၀လင္းမွာ လူေသအစိတ္အပုိင္းမ်ား ထည့္ ထား တဲ့ အိတ္ အမဲ ေတြကို သူတုိ႕ ေနထုိင္ရာ တုိက္အျမင့္ၾကီး၏ အမွဳိက္ျပစ္ရာတြင္ အသုံးျပဳေသာ *ဂလိုင္ေပါက္မွ တဆင့္ ျပစ္ခ် ခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: shweportals
# Unicode Version ျဖင့္ ဖတ္ပါ #
လွန်ခဲ့တဲ့ (၁၅)နှစ်လောက် က အရှေ့တောင်အာရှရဲ့ အတိုးတက်ဆုံးနိုင်ငံတစ်ခု ၏ မြို့တော်ကြီး အစွန်း အဖျားက တရုတ် သင်္ချိုင်းကုန်းမှာ တရားမဝင် နေထိုင်ပြီး အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံမှ တိုင်းရင်းသား အလုပ် သမားအုပ်စု တစ်အုပ်စု ရှိခဲ့ဖူး ပါတယ်။ သူတို့က တရုတ်သင်္ချိုင်းရှိ အုတ်ဂူတွေ ဆေးသုတ်တာတို့၊ မြက်ခင်းတွေ ပြုပြင်တာတို့၊ ပန်းပင်တွေအလှအပ မွမ်းမံတာတို့ လုပ်ရပါတယ်။

တနေ့ကျတော့ အလုပ်သမားတစ်ယောက်က တရုတ်သင်္ချိုင်းရှိ အုတ်ဂူ တစ်ခုရဲ့ အပေါ်မှာ ကလေး ကစား စရာပစ္စည်း ခပ်ကြီးကြီး တစ်ခုကိုတွေ့ရလို့ အခန်းကို သယ်သွားပါတယ်။ နောက် သုံး … လေးရက် ကြာတော့ အုတ်ဂူနဲ့ ပက်သက်တဲ့ ကျန်ရစ်သူ တရုတ်မိသားစု ရောက်လာပြီး ကွယ်လွန်သွားတဲ့ သူတို့ သားလေး အုတ်ဂူပေါ်မှာ အမှတ် တရ တင်ထား တဲ့ ကစားစရာ မော်တော်ကားလေး ပျောက်သွားကြောင်း တရုတ်သင်္ချိုင်း ကို ပြုပြင်ရေး ကန်ထရိုက်ဆွဲထားတဲ့ တရုတ်သူေဋ္ဌးကို တိုင်ကြားပါတော့ တယ်။ ဒါနဲ့ တရုတ် သူေဋ္ဌးလည်း ဒေါပွပြီး မြန်မာ အလုပ်သမား အားလုံးကိုနှ စ်ပတ်တိတိ အလုပ်မဆင်းဖို့ အပြစ်ပေး ပါတော့ တယ်။

နှစ်ပတ်တိတိ အလုပ်ပြုတ်နေတဲ့ အလုပ်သမားတွေလည်း အလုပ်ြ ပန် မဆင်းရခင် စပ်ကြား သူတို့ နေထိုင်ရာ အခန်းထဲမှာ နေ့တိုင်း လိုလို သောက်ပွဲစားပွဲလေးတွေ လုပ်ပြီး နေခဲ့ကြပါတယ်။ အခန်းရဲ့ ပြင်ပ ဆိုလို့ တိုက်နံဘေးက စတိုးဆိုင်လောက်ပဲ သူတို့ သွားရဲ ပါတယ်။ သူတို့ အားလုံးက အဲဒီနိုင်ငံမှာ တရားမဝင် နေထိုင်ပြီး အလုပ်လုပ်စားနေရတဲ့ ဘဝတွေပါ။

အခန်းတံခါး ပိတ်ပြီး အခန်းထဲမှာ အရက် စုသောက်ကြတဲ့ အလုပ်သမားတွေထဲမှာ အရက် နည်းနည်း လောက် သောက်ပြီးရင် သွေးဆူ တတ်တဲ့ အလုပ်သမား တစ်ယောက် ရှိပါတယ်။ ထိုသူက အလုပ်သမားအားလုံး နှစ်ပတ်တိတိ အလုပ်ပြုတ်ရတဲ့ တရားခံ အလုပ်သမားပါ။ တရုတ်သင်္ချိုင်း ကလေးအုတ်ဂူပေါ်က ကစားစရာ မော်တော်ကားလေး ကို ယူလာတာ လည်း သူပါပဲ။

အလုပ်ခဏ ပြုတ်လို့ အရက်သောက်လိုက် တီဗွီကြည့် လိုက်လုပ်နေကြတဲ့ ညတညမှာ ကလေး ကစားစရာကို သင်္ချိုင်းက ယူလာ တဲ့ အလုပ် သမားက အရက်သောက်ပြီး အရက်ဝိုင်း နံဘေးမှာ အိပ်ပျော်သွား ပါတယ်။ အရက်သောက် နေကြတဲ့ အလုပ် သမားတွေဟာ အရက်သောက် နေရင်း စကားသံကို ကျယ်ကျယ် မပြောရဲပါဘူး။ နံဘေးအခန်းတွေက သူတို့ရဲ့ ဆူညံမှုကို ရဲစခန်းဆီ ဖုန်းဆက် တိုင်ကြားရင် သူတို့အားလုံး တရားမဝင် အလုပ်သမားဖြစ်နေတာကို ရဲက သိသွားမှာ စိုးလို့ပါ။

ဒီလိုနဲ့ နည်းနည်း ညဉ့်နက်လာချိန်မှာ အရက်ဝိုင်းနံဘေး အိပ်ပျော်နေတဲ့ အလုပ်သမားက နိုးလာ ပါတယ်။ ပြီးတော့ အိပ်ချင်မူး တူးနဲ့ အရက်တွေ ကို တစ်ခွက်ပြီး တစ်ခွက် ယူသောက် ပါတယ်။ ထို့နောက် အရက်ဝိုင်း ထဲက အခြားအလုပ်သမားတွေကို စကားသံ ဗလုံဗထွေးနဲ့ ယစ်ပါတော့ တယ်။

အဲဒါနဲ့လည်း မပြီးသေးပါဘူး၊ အိပ်ခန်းထဲက အိပ်ပျော် နေတဲ့ သူတွေကို ဇွတ်အတင်းနိုးပြီး ယစ်ပါသေးတယ်။ ပထမတော့ အားလုံးက သူ့ကို မူးပြီး မယစ်ဖို့ ဝိုင်းပြီး တောင်းပန်ကြပါတယ်။ ဘယ်လိုလိုပြောပြော ပြောလို့ မရခဲ့ပါဘူး။

အမူး လွန်နေတဲ့ သူက နောက်ဆုံးမှာ နောက်ဖေး မီးဖို ချောင်ထဲက အသားလှီး ဓါးကို ယူပြီး အားလုံးကို ခုတ်မယ် ထစ်မယ် တကဲကဲ လုပ်ပါတော့တယ်။ အသံတွေဟာ တစထက် တစ ပိုဆူညံလာပြီး ထိန်းမရအောင် ဖြစ်လာပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ အဲဒီအခန်းထဲက အလုပ်သမားအားလုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပါတယ်။

မူးပြီး ယစ်နေတဲ့ အလုပ်သမားကို သတ်ပြစ်လိုက်ပါတယ်။ သေသူရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ကြပါတယ်။ အဲဒီလို အပိုင်းပိုင်း ဖြစ်အောင် ခုတ်ထစ်တဲ့ နေရာမှာ အခန်းရဲ့ ကြမ်းပြင်ပေါ်မှာ တင်ပြီး ခုတ်ထစ် ရင် ဓါးမ’ကြောင့် ခုတ်သံတွေ ထွက်ပေါ် လာလို့ အောက်ခန်းက လူတွေ သိသွားမှာကို သူတို့ စိုးရိမ်းကြပါတယ်။

ဒါကြောင့် လူသေ အလောင်းကို ဟိုဖက်တစ်ယောက် ဒီဖက်တစ်ယောက် အမြင့်မှာ မြှောက်ပြီး ခုတ်ထစ် ကြပါတယ်။ အဲဒီနောက် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အမှိုက် ပြစ်ရာ အသုံးပြုတဲ့ အိတ်အမဲရောင်တွေနဲ့ နှစ်ထပ် သုံးထပ် သေသေချာချာ ထုတ်ပိုး ပါတယ်။

မနက် မိုးမလင်းခင် ဝေလီဝေလင်းမှာ လူသေအစိတ်အပိုင်းများ ထည့် ထား တဲ့ အိတ် အမဲ တွေကို သူတို့ နေထိုင်ရာ တိုက်အမြင့်ကြီး၏ အမှိုက်ပြစ်ရာတွင် အသုံးပြုသော *ဂလိုင်ပေါက်မှ တဆင့် ပြစ်ချ ခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: shweportals
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top