ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အဆုိေတာ္ႀကီးရင္ဂုိ ကေတာ့ ၂၀၁၈ ခုႏွစ္ထဲမွာ သားအဖသုံးေယာက္ေပါင္းၿပီး ပရိသတ္ကုိတင္ဆက္မယ့္ ေဖ်ာ္ေျဖပြဲတစ္ခု လုပ္ခ်င္တဲ့ သူ႔ရဲ႕ ဆႏၵကုိ Duwun Media ကေနေျပာျပခဲ့ပါတယ္။

” One Man Show လုပ္ဖုိ႔ေတာ့ စိတ္မကူးပါဘူး မ်ားေသာအားျဖင့္ ကိုညီထြဋ္နဲ႔တြဲဆိုတဲ့ ပြဲေတြက မ်ားပါတယ္။ One Man ဆုိရင္ေတာ့ စိတ္ထဲမွာ အင္ပါယာအဖြဲ႕နဲ႔ ထုိင္ၿပီးေတာ့ ဆုိဖို႔အိမ္မက္ရွိတယ္။ စင္ေပၚမွာဆုိရင္ေတာ့ သားအဖသုံးေယာက္ရႈိးဆုိဖုိ႔ အိမ္မက္ရွိပါတယ္။ ၂၀၁၈ ထဲမွာျဖစ္ေအာင္ အျမန္ဆုံးႀကိဳးစားေနပါတယ္” လုိ႔ သူကဆုိပါတယ္။

သားသမီးေတြရဲ႕ ေအာင္ျမင္မႈကုိလည္း ေစာင့္ၾကည့္ရမယ္လုိ႔ ဆုိပါတယ္။

” အခုေတာ့ သူတုိ႔စိတ္ကူးေတြကုိ သူတုိ႔ထုတ္ေဖာ္ႏုိင္ၿပီ။ ေအာင္ျမင္ဖို႔အတြက္ေမွ်ာ္လင့္ခ်က္ဆုိတာကလည္း သူတုိ႔ဆက္ႀကဳိးစားဖုိ႔ရယ္၊ ပရိသတ္အားေပးလာမွာကုိ ေစာင့္ၾကည့္ရမွာေပါ့။ ကုိယ္က ေမွ်ာ္လင့္တုိင္းျဖစ္တာမဟုတ္ဘူးေလ” လုိ႔ဆုိပါတယ္။

အဆုိေတာ္ႀကီးရင္ဂိုကေတာ့ တစ္ေခတ္တစ္ခါက ေအာင္ျမင္မႈေတြအမ်ားႀကီးပုိင္ဆုိင္ထားတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ အခုခ်ိန္ထိလည္း သူ႔ရဲ႕ ပရိသတ္ေတြ ရွိေနတုန္းပါ။ သားျဖစ္သူ အဆုိေတာ္ဟန္ထူးလြင္ နဲ႔ သမီးျဖစ္သူ ဟန္ေနလြင္လြင္တုိ႔ကလည္း ဂီတလမ္းေၾကာင္းမွာ ေလွ်ာက္လွမ္းေနတဲ့ အႏုပညာရွင္ေတြပဲျဖစ္ပါတယ္။

Photo: ဟန္ထူးလြင္၊ ဟန္ေနလြင္ေဖ့စ္ဘုတ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
အဆိုတော်ကြီးရင်ဂို ကတော့ ၂၀၁၈ ခုနှစ်ထဲမှာ သားအဖသုံးယောက်ပေါင်းပြီး ပရိသတ်ကိုတင်ဆက်မယ့် ဖျော်ဖြေပွဲတစ်ခု လုပ်ချင်တဲ့ သူ့ရဲ့ ဆန္ဒကို Duwun Media ကနေပြောပြခဲ့ပါတယ်။

” One Man Show လုပ်ဖို့တော့ စိတ်မကူးပါဘူး များသောအားဖြင့် ကိုညီထွဋ်နဲ့တွဲဆိုတဲ့ ပွဲတွေက များပါတယ်။ One Man ဆိုရင်တော့ စိတ်ထဲမှာ အင်ပါယာအဖွဲ့နဲ့ ထိုင်ပြီးတော့ ဆိုဖို့အိမ်မက်ရှိတယ်။ စင်ပေါ်မှာဆိုရင်တော့ သားအဖသုံးယောက်ရှိုးဆိုဖို့ အိမ်မက်ရှိပါတယ်။ ၂၀၁၈ ထဲမှာဖြစ်အောင် အမြန်ဆုံးကြိုးစားနေပါတယ်” လို့ သူကဆိုပါတယ်။

သားသမီးတွေရဲ့ အောင်မြင်မှုကိုလည်း စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

” အခုတော့ သူတို့စိတ်ကူးတွေကို သူတို့ထုတ်ဖော်နိုင်ပြီ။ အောင်မြင်ဖို့အတွက်မျှော်လင့်ချက်ဆိုတာကလည်း သူတို့ဆက်ကြိုးစားဖို့ရယ်၊ ပရိသတ်အားပေးလာမှာကို စောင့်ကြည့်ရမှာပေါ့။ ကိုယ်က မျှော်လင့်တိုင်းဖြစ်တာမဟုတ်ဘူးလေ” လို့ဆိုပါတယ်။

အဆိုတော်ကြီးရင်ဂိုကတော့ တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေအများကြီးပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အခုချိန်ထိလည်း သူ့ရဲ့ ပရိသတ်တွေ ရှိနေတုန်းပါ။ သားဖြစ်သူ အဆိုတော်ဟန်ထူးလွင် နဲ့ သမီးဖြစ်သူ ဟန်နေလွင်လွင်တို့ကလည်း ဂီတလမ်းကြောင်းမှာ လျှောက်လှမ်းနေတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။

Photo: ဟန်ထူးလွင်၊ ဟန်နေလွင်ဖေ့စ်ဘုတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top