ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အလုပ္လုပ္ကိုင္စားေသာက္ႏိုင္ျခင္းမရွိသျဖင့္ အိမ္တြင္ေခၚထားမိသည့္ တစ္ရြာတည္းေန အသက္ ၅၈ ႏွစ္အရြယ္ အမ်ိဳးသားက အိမ္ရွင္၏ ၅ ႏွစ္အရြယ္သမီးငယ္အား ၄င္း၏အမ်ိဳးသားအဂၤါကုိ စုပ္ခုိင္းခဲ့သည့္ျဖစ္စဥ္ ထန္းတပင္ျမိဳ ့နယ္၌ ျဖစ္ပြားခဲ့ျပီး အိမ္ရွင္က အမႈဖြင့္ခဲ့ေၾကာင္း သတင္းရရွိသည္။

ပဲခူးတိုင္းေဒသႀကီး ေတာင္ငူခ႐ိုင္ ထန္းတပင္ၿမိဳ႕နယ္ ႀကိမ္ေတာေျမာင္အုပ္စု ……. ေက်းရြာတြင္ မတ္လ ၃ ရက္ ညေနပိုင္းက အသက္ ၅၈ ႏွစ္အရြယ္ ေက်ာ္ေရႊဆိုသူသည္ အိမ္သားမ်ားမရွိသည့္အခ်ိန္၌ အရက္ေသာက္ၿပီး အိမ္ရွိ ၅ ႏွစ္အရြယ္ ကေလးငယ္ကို ၎၏ အမ်ိဳးသားအဂၤါကို ပါးစပ္ျဖင့္ စုပ္ခိုင္းခဲ့သည္ဟု အိမ္ရွင္ျဖစ္သူ ေဒၚ…. ျပန္လာစဥ္ အိမ္နီးခ်င္း အသက္ ၂၁ ႏွစ္အရြယ္ တူမဝမ္းကြဲျဖစ္သူက ေျပာျပခဲ့သျဖင့္ ဇရပ္ႀကီးနယ္ေျမရဲစခန္းတြင္ သြားေရာက္အမႈဖြင့္ခဲ့ေၾကာင္း သိရသည္။

“ က်ဴးလြန္တဲ့သူက အိမ္မွာ အတူေနတာၾကာၿပီ။ ေဆြမ်ိဳးသားခ်င္းမေတာ္စပ္ဘူး။ လက္က်ိဳးထားၿပီး အလုပ္မလုပ္ႏိုင္လို႔ တစ္ရြာတည္းေနတဲ့ အဲဒီလူကို အိမ္ေခၚထားတာ။ အိမ္သားေတြ အလုပ္သြားေနတဲ့အခ်ိန္ အဲဒီလူက အရက္လည္း နည္းနည္းေသာက္ထားတယ္။ အရမ္းႀကီးမမူးဘူး။ အဲဒီမွာ ကေလးမေလးကို ခုလိုလုပ္ခိုင္းခဲ့တာပဲ။ အဲဒါကို အိမ္နီးခ်င္းျဖစ္တဲ့ တူမဝမ္းကြဲက ျမင္ၿပီး ျပန္ေျပာခဲ့တာ။ ကေလးကို ေမးၾကည့္ေတာ့ ဒါပထမဆံုးလို႔ သိရတယ္။ တျခားမဟုတ္တာေတြေတာ့ မလုပ္ဘူးလို႔ေျပာတယ္” ဟု ဇရပ္ႀကီးနယ္ေျမရဲစခန္းမွ စခန္းမွဴးရဲအုပ္မ်ိဳးဝင္းထြန္းက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ကေလးငယ္၏ မိဘမ်ားမွာ အိမ္ေထာင္ကြဲေနၾကသျဖင့္ အိမ္ရွင္ျဖစ္သူက ေမြးစားထားျခင္းျဖစ္ၿပီး အိမ္ရွင္ျဖစ္သူ၏ တူမအရင္း ေတာ္စပ္ေၾကာင္း၊ အသက္ ၅၈ ႏွစ္အရြယ္ ေက်ာ္ေရႊကို ဇရပ္ႀကီးနယ္ေျမရဲစခန္းတြင္ (ပ)၄၀/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၇ ျဖင့္ ဖမ္းဆီးအေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
အလုပ်လုပ်ကိုင်စားသောက်နိုင်ခြင်းမရှိသဖြင့် အိမ်တွင်ခေါ်ထားမိသည့် တစ်ရွာတည်းနေ အသက် ၅၈ နှစ်အရွယ် အမျိုးသားက အိမ်ရှင်၏ ၅ နှစ်အရွယ်သမီးငယ်အား ၎င်း၏အမျိုးသားအင်္ဂါကို စုပ်ခိုင်းခဲ့သည့်ဖြစ်စဉ် ထန်းတပင်မြို့နယ်၌ ဖြစ်ပွားခဲ့ပြီး အိမ်ရှင်က အမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကြိမ်တောမြောင်အုပ်စု ……. ကျေးရွာတွင် မတ်လ ၃ ရက် ညနေပိုင်းက အသက် ၅၈ နှစ်အရွယ် ကျော်ရွှေဆိုသူသည် အိမ်သားများမရှိသည့်အချိန်၌ အရက်သောက်ပြီး အိမ်ရှိ ၅ နှစ်အရွယ် ကလေးငယ်ကို ၎င်း၏ အမျိုးသားအင်္ဂါကို ပါးစပ်ဖြင့် စုပ်ခိုင်းခဲ့သည်ဟု အိမ်ရှင်ဖြစ်သူ ဒေါ်…. ပြန်လာစဉ် အိမ်နီးချင်း အသက် ၂၁ နှစ်အရွယ် တူမဝမ်းကွဲဖြစ်သူက ပြောပြခဲ့သဖြင့် ဇရပ်ကြီးနယ်မြေရဲစခန်းတွင် သွားရောက်အမှုဖွင့်ခဲ့ကြောင်း သိရသည်။

“ ကျူးလွန်တဲ့သူက အိမ်မှာ အတူနေတာကြာပြီ။ ဆွေမျိုးသားချင်းမတော်စပ်ဘူး။ လက်ကျိုးထားပြီး အလုပ်မလုပ်နိုင်လို့ တစ်ရွာတည်းနေတဲ့ အဲဒီလူကို အိမ်ခေါ်ထားတာ။ အိမ်သားတွေ အလုပ်သွားနေတဲ့အချိန် အဲဒီလူက အရက်လည်း နည်းနည်းသောက်ထားတယ်။ အရမ်းကြီးမမူးဘူး။ အဲဒီမှာ ကလေးမလေးကို ခုလိုလုပ်ခိုင်းခဲ့တာပဲ။ အဲဒါကို အိမ်နီးချင်းဖြစ်တဲ့ တူမဝမ်းကွဲက မြင်ပြီး ပြန်ပြောခဲ့တာ။ ကလေးကို မေးကြည့်တော့ ဒါပထမဆုံးလို့ သိရတယ်။ တခြားမဟုတ်တာတွေတော့ မလုပ်ဘူးလို့ပြောတယ်” ဟု ဇရပ်ကြီးနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မျိုးဝင်းထွန်းက အကုန်သိသတင်းဌာနသို့ ပြောသည်။

ကလေးငယ်၏ မိဘများမှာ အိမ်ထောင်ကွဲနေကြသဖြင့် အိမ်ရှင်ဖြစ်သူက မွေးစားထားခြင်းဖြစ်ပြီး အိမ်ရှင်ဖြစ်သူ၏ တူမအရင်း တော်စပ်ကြောင်း၊ အသက် ၅၈ နှစ်အရွယ် ကျော်ရွှေကို ဇရပ်ကြီးနယ်မြေရဲစခန်းတွင် (ပ)၄၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top