ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

လူရယ္လို႔ျဖစ္လာရင္ အနာေရာဂါနဲ႔မကင္းၾကပါဘူး။ တစ္ေန႔တာလႈပ္ရွားလုပ္ကိုင္ေနမႈအတြင္း အေသးစားထိခိုက္ဖ်ားနာမႈေတြရွိႏိုင္သလို အၾကီးစားထိခိုက္မိတာေတြလည္း ရွိႏိုင္ပါတယ္။ဘယ္လိုထိခိုက္ဖ်ားနာမႈမ်ိဳးမဆို နာလန္ထတဲ့အခ်ိန္ဆိုတာရွိပါတယ္။ ဖ်ားနာျပီးရင္ပဲျဖစ္ျဖစ္၊ အၾကီးစားမေတာ္တဆမႈေတြကေန ျပန္ေကာင္းလာရင္ပဲျဖစ္ျဖစ္၊ခြဲစိတ္ကုသမႈခံယူျပီးခ်ိန္မွာ အေကာင္းပကတိျပန္ေကာင္း လာေစဖို႔ထိုက္သင့္တဲ့အခ်ိန္ယူရပါတယ္။

ေနာက္တစ္ခုက ဖ်ားနာေနတဲ့အခ်ိန္မွာပဲ က်န္းမာေရးေကာင္းေအာင္ဂရုစိုက္ဖို႔လိုတာမဟုတ္ပါဘူး။ နာလန္ထအခ်ိန္မွာလည္း ဖ်ားနာတာနဲ႔ ေနာက္ဆက္တြဲေရာဂါေတြဝင္မလာေစဖို႔အတြက္ ေသေသခ်ာခ်ာဂရုစိုက္ေပးဖို႔လိုပါမယ္။ အခုတစ္ေခါက္ေတာ့ နာလန္ထလူနာေတြ ေရာဂါကင္းကင္းနဲ႔ျမန္ျမန္က်န္းမာလာေအာင္ ဘယ္လိုလုပ္ေပးလို႔ရမလဲဆိုတာကိုေျပာျပေပးခ်င္ပါတယ္။
ျမန္ျမန္ျပန္က်န္းမာလာေအာင္ ဘာေတြလုပ္ဖို႔လိုမလဲ

ေန႔စဥ္ေနထိုင္မႈပံုစံကို ေျပာင္းလဲရံုနဲ႔ ခႏၶာကိုယ္ကို က်န္းမာလာေအာင္လုပ္ေဆာင္လို႔ရပါတယ္။ ဒါေတြကဘာေတြျဖစ္မလဲဆိုေတာ့-

အိပ္ေရးဝဝအိပ္ပါ – လူတစ္ေယာက္ က်န္းမာေနေစဖို႔က လံုေလာက္ျပည့္ဝတဲ့ အိပ္ခ်ိန္ရွိေနဖို႔လိုအပ္ပါတယ္။ အိပ္ေရးပ်က္တာက ရုပ္ပိုင္းဆိုင္ရာက်န္းမာေရးကိုတင္ထိခိုက္ေစတာမဟုတ္ပါဘူး။ စိတ္ပိုင္းဆိုင္ရာက်န္းမာေရးကိုပါထိခိုက္ေစႏိုင္ပါတယ္။ လံုေလာက္ျပည့္ဝတဲ့အိပ္စက္မႈက ခႏၶာကိုယ္ကိုၾကံ႕ခိုင္သန္စြမ္းေစသလို ကိုယ္ခံအားကိုလည္း ေကာင္းမြန္ေစႏိုင္ပါတယ္။

ညအိပ္ရာမဝင္ခင္နဲ႔မနက္ခင္းတိုင္းမွာ ပရိုတင္းစားေပးပါ – မအိပ္ခင္မွာ ခႏၶာကိုယ္ကို အာဟာရျပည့္ေအာင္စားသံုးေပးတာက ေကာင္းေကာင္းအိပ္ေပ်ာ္ေစမွာပါ။ ညမအိပ္ခင္မွာ ပရိုတင္း ၾကြယ္ဝတဲ့ အစားအစာေတြစားမယ္ဆိုရင္ ညအိပ္ခ်ိိန္မွာ ခႏၶာကိုယ္က ၾကြက္သားေတြကို ျပင္ဆင္ႏိုင္မွာျဖစ္ပါတယ္။

ညဘက္မွာေကာင္းေကာင္းအနားယူျပီးသြားလို႔ မနက္ႏိုးလာျပီဆိုရင္လည္း ပရိုတင္းၾကြယ္ဝတဲ့ မနက္စာေတြကို စားသံုးေပးဖို႔လိုပါမယ္။ ဒါမွသာ ခႏၶာကိုယ္ကခြန္အားျပည့္ဝေနျပီး တက္ၾကြလန္းဆန္းေနမွာျဖစ္ပါတယ္။ ခဏခဏဗိုက္ဆာတာမ်ိဳးမျဖစ္တာေၾကာင့္ က်န္းမာေရး နဲ႔မညီညြတ္တဲ့အစားေတြစားမိႏိုင္ေျခလည္းနည္းသြားပါတယ္။

ေရမ်ားမ်ားေသာက္ပါ – ခႏၶာကိုယ္က်န္းမာေစႏိုင္ဖို႔အတြက္ ေရဓာတ္လံုေလာက္ေနဖို႔လိုပါမယ္။ ေလ့က်င့္ခန္းလုပ္ေနခ်ိန္အတြင္း ခႏၶာကိုယ္က ေရဓာတ္မလံုေလာက္တဲ့အခါ ၾကြက္သားေတြထိခိုက္ပ်က္စီးႏိုင္သလို ခႏၶာကိုယ္ရဲ႕ ထိခိုက္ပ်က္စီးမႈဒဏ္ရာေတြကိုျပဳျပင္နိုင္စြမ္းကိုလည္းက်ဆင္းေစႏိုင္ပါတယ္။ ခႏၶာကိုယ္က ေရဓာတ္ျပည့္ဝေနတဲ့အခါ အေအးမိတုပ္ေကြးဗိုင္းရပ္စ္ေတြကို အလြယ္တကူတိုက္ဖ်က္ေပးႏိုင္မွာျဖစ္ပါတယ္။

အနားယူေပးပါ – အထူးသျဖင့္ေျခေထာက္ေတြ၊လက္ေတြမွာ ထိခိုက္ဒဏ္ရာရထားသူေတြဆိုရင္ အနားယူေပးဖို႔လိုပါတယ္။ ဗိုက္ခြဲထားတဲ့လူနာေတြဆိုရင္ေတာ့ အလႈပ္အရွားနည္းနည္းနဲ႔အနားယူႏိုင္ဖို႔ကေတာ္ေတ္ာေလးကိုလိုအပ္ပါတယ္။ အသက္အရြယ္နဲ႕ ကိုယ္ခံအားေကာင္းမႈအေနအထားကိုလိုက္ျပီး အနားယူရမယ့္အခ်ိန္ကလည္း ကြာျခားနိုင္ပါတယ္။ ေနျပန္ေကာင္းလာတဲ့အခ်ိန္မွာ ေသေသခ်ာခ်ာအနားယူဖို႔ဆိုတာက ေမ့ထားလို႔မရတဲ့ အဆင့္တစ္ခုပါ။

ဒဏ္ရာကိုေရခဲကပ္ေပးပါ – ေရခဲကပ္တာက ထိခိုက္ဒဏ္ရာေတြ နာက်င္တာ၊ေရာင္ရမ္းတာနဲ႔ ေရာင္ကိုင္းတာေတြကို ေလ်ာပါးသက္သာေစႏိုင္တဲ့အာနိသင္ရွိပါတယ္။ ဒါေပမယ့္အနာကိုေရခဲတိုက္ရိုက္ကပ္တာမ်ိဳးေတာ့မလုပ္သင့္ပါဘူး။ ေရခဲကို ၾကြပ္ၾကြပ္အိတ္နဲ႔ထုပ္ျပီး အေပၚကေန အဝတ္စသန္႔သန္႔ေလးနဲ႔ပတ္ျပီး ေရခဲကပ္ေပးပါ။ တစ္ခါကပ္ရင္ မိနစ္ ၂၀ ေလာက္စီကပ္ေပးပါ။

အားျပည့္ေစမယ့္ အစားအေသာက္ေတြစားေပးပါ – ခြဲစိတ္ကုသမႈခံယူျပီးတဲ့အခါ ဝမ္းခ်ဳပ္တာ၊ မအီမသာျဖစ္တာမ်ိဳးေတြျဖစ္ႏိုင္သလို ဗိုက္မဆာတာ၊ စားခ်င္စိတ္မရွိတာမ်ိဳးေတြလည္းရွိႏိုင္ပါတယ္။ ဒါေပမယ့္ ေနေကာင္းလာဖို႔နဲ႔ ခြဲစိတ္ထားတဲ့ ခ်ဳပ္ရိုးအက်က္ျမန္ေစဖို႔က က်န္းမာေရးနဲ႔ညီညြတ္ေအာင္ စားသံုးဖို႔လိုအပ္မွာျဖစ္ပါတယ္။  ခြဲစိတ္ျပီးစလူနာေတြအေနနဲ႔ ပရိုတင္း၊ဗီတာမင္ C ၊ ဗီတာမင္ B12၊ သံဓာတ္၊ အမွ်င္ဓာတ္နဲ႔ probiotics ေတြျပည့္ဝေအာင္စားသံုးေပးဖို႔လိုပါမယ္။ ၾကက္သား၊ ဥအမ်ိဳးမ်ိဳး၊ သစ္သီးေတြ၊ငါး၊ ဒိန္ခ်ဥ္နဲ႔ အမွ်င္ဓာတ္ၾကြယ္ဝတဲ့ သစ္သီးဝလံေတြ စားသံုးေပးသင့္ပါတယ္။

နလန္ထခ်ိန္မွာ အာဟာရျပည့္ဝေအာင္စားဖို႔လိုတယ္ဆိုေပမယ့္ ေသြးတြင္းသၾကားဓာတ္ကိုျမင့္မားေစႏိုင္တဲ့ အခ်ိဳဓာတ္မ်ားတဲ့ အစားအစာေတြကို မစားသံုးဖို႔ေတာ့လိုပါမယ္။ ေသြးတြင္းမွာ သၾကားဓာတ္မ်ားတဲ့အခါ ပင္ပန္းႏုံးခ်ိတာကို ပိုဆိုးေစႏိုင္တာေၾကာင့္ပါ။

ခႏၶာကိုယ္အတြက္လိုအပ္တဲ့ဗီတာမင္ အားျဖည့္ေဆးေတြေသာက္ေပးပါ – ဗီတာမင္အားျဖည့္ေဆးေတြက အေအးမိဖ်ားနာေတြအေပၚ ဘယ္ေလာက္ထိ ထိေရာက္မႈရွိလဲဆိုတာကို ေသခ်ာမသိႏိုင္ေပမယ့္ ဗီတာမင္အားျဖည့္ေဆးေတြမွာပါတဲ့ ဗီတာမင္ C နဲ႔ ဇင့္ဓာတ္ေတြကေတာ့ ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစႏိုင္သလို ဖ်ားနာမႈေတြကိုသက္သာေစႏိုင္စြမ္းလည္းရွိပါတယ္။ ဗီတာမင္အားျဖည့္ေဆးေတါကို ပံုမွန္ေသာက္သံုးမယ္ဆိုရင္ ခႏၶာကိုယ္က ခြန္အာျပည့္ဝျပီး လန္းဆန္းတက္ၾကြေနမွာပါ။ ဗီတာမင္အားျဖည့္ေဆးေသာက္တယ္ဆိုတဲ့ေနရာမွာလည္း ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ဗီတာမင္ေတြျပည့္ဝစြာပါဝင္ဖို႔ကအေရးၾကီးပါတယ္။ လိုအပ္တဲ့ဗီတာမင္ေတြအျပည့္အဝရေစမယ့္ အားေဆးတစ္ခုေလာက္ညႊန္းေပးခ်င္ပါတယ္။ ဒါကေတာ့ Renovit ပါ။ Renovit မွာ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ဗီတာမင္ နဲ႔ သတၱဳဓာတ္ ၂၆ မ်ိဳးေတာင္ပါဝင္ေနတာေၾကာင့္ တစ္ေန႔တစ္လုံး ေသာက္ေပးရံုနဲ႔က်န္းမာလန္းဆန္းေနေစမွာပဲျဖစ္ပါတယ္။ လူသားတိုင္း က်န္းမာၾကပါေစေၾကာင္း။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
လူရယ်လို့ဖြစ်လာရင် အနာရောဂါနဲ့မကင်းကြပါဘူး။ တစ်နေ့တာလှုပ်ရှားလုပ်ကိုင်နေမှုအတွင်း အသေးစားထိခိုက်ဖျားနာမှုတွေရှိနိုင်သလို အကြီးစားထိခိုက်မိတာတွေလည်းရှိနိုင်ပါတယ်။ဘယ်လိုထိခိုက်ဖျားနာမှုမျိုးမဆို နာလန်ထတဲ့အချိန်ဆိုတာရှိပါတယ်။ ဖျားနာပြီးရင်ပဲဖြစ်ဖြစ်၊ အကြီးစားမတော်တဆမှုတွေကနေ ပြန်ကောင်းလာရင်ပဲဖြစ်ဖြစ်၊ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာ အကောင်းပကတိပြန်ကောင်း လာစေဖို့ထိုက်သင့်တဲ့အချိန်ယူရပါတယ်။

နောက်တစ်ခုက ဖျားနာနေတဲ့အချိန်မှာပဲ ကျန်းမာရေးကောင်းအောင်ဂရုစိုက်ဖို့လိုတာမဟုတ်ပါဘူး။ နာလန်ထအချိန်မှာလည်း ဖျားနာတာနဲ့ နောက်ဆက်တွဲရောဂါတွေဝင်မလာစေဖို့အတွက် သေသေချာချာဂရုစိုက်ပေးဖို့လိုပါမယ်။ အခုတစ်ခေါက်တော့ နာလန်ထလူနာတွေ ရောဂါကင်းကင်းနဲ့မြန်မြန်ကျန်းမာလာအောင် ဘယ်လိုလုပ်ပေးလို့ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။
မြန်မြန်ပြန်ကျန်းမာလာအောင် ဘာတွေလုပ်ဖို့လိုမလဲ

နေ့စဉ်နေထိုင်မှုပုံစံကို ပြောင်းလဲရုံနဲ့ ခန္ဓာကိုယ်ကို ကျန်းမာလာအောင်လုပ်ဆောင်လို့ရပါတယ်။ ဒါတွေကဘာတွေဖြစ်မလဲဆိုတော့-

အိပ်ရေးဝဝအိပ်ပါ – လူတစ်ယောက် ကျန်းမာနေစေဖို့က လုံလောက်ပြည့်ဝတဲ့ အိပ်ချိန်ရှိနေဖို့လိုအပ်ပါတယ်။ အိပ်ရေးပျက်တာက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုတင်ထိခိုက်စေတာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်။ လုံလောက်ပြည့်ဝတဲ့အိပ်စက်မှုက ခန္ဓာကိုယ်ကိုကြံ့ခိုင်သန်စွမ်းစေသလို ကိုယ်ခံအားကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

ညအိပ်ရာမဝင်ခင်နဲ့မနက်ခင်းတိုင်းမှာ ပရိုတင်းစားပေးပါ – မအိပ်ခင်မှာ ခန္ဓာကိုယ်ကို အာဟာရပြည့်အောင်စားသုံးပေးတာက ကောင်းကောင်းအိပ်ပျော်စေမှာပါ။ ညမအိပ်ခင်မှာ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေစားမယ်ဆိုရင် ညအိပ်ချိန်မှာ ခန္ဓာကိုယ်က ကြွက်သားတွေကို ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

ညဘက်မှာကောင်းကောင်းအနားယူပြီးသွားလို့ မနက်နိုးလာပြီဆိုရင်လည်း ပရိုတင်းကြွယ်ဝတဲ့ မနက်စာတွေကို စားသုံးပေးဖို့လိုပါမယ်။ ဒါမှသာ ခန္ဓာကိုယ်ကခွန်အားပြည့်ဝနေပြီး တက်ကြွလန်းဆန်းနေမှာဖြစ်ပါတယ်။ ခဏခဏဗိုက်ဆာတာမျိုးမဖြစ်တာကြောင့် ကျန်းမာရေး နဲ့မညီညွတ်တဲ့အစားတွေစားမိနိုင်ခြေလည်းနည်းသွားပါတယ်။

ရေများများသောက်ပါ – ခန္ဓာကိုယ်ကျန်းမာစေနိုင်ဖို့အတွက် ရေဓာတ်လုံလောက်နေဖို့လိုပါမယ်။ လေ့ကျင့်ခန်းလုပ်နေချိန်အတွင်း ခန္ဓာကိုယ်က ရေဓာတ်မလုံလောက်တဲ့အခါ ကြွက်သားတွေထိခိုက်ပျက်စီးနိုင်သလို ခန္ဓာကိုယ်ရဲ့ ထိခိုက်ပျက်စီးမှုဒဏ်ရာတွေကိုပြုပြင်နိုင်စွမ်းကိုလည်းကျဆင်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေတဲ့အခါ အအေးမိတုပ်ကွေးဗိုင်းရပ်စ်တွေကို အလွယ်တကူတိုက်ဖျက်ပေးနိုင်မှာဖြစ်ပါတယ်။

အနားယူပေးပါ – အထူးသဖြင့်ခြေထောက်တွေ၊လက်တွေမှာ ထိခိုက်ဒဏ်ရာရထားသူတွေဆိုရင် အနားယူပေးဖို့လိုပါတယ်။ ဗိုက်ခွဲထားတဲ့လူနာတွေဆိုရင်တော့ အလှုပ်အရှားနည်းနည်းနဲ့အနားယူနိုင်ဖို့ကတော်တေ်ာလေးကိုလိုအပ်ပါတယ်။ အသက်အရွယ်နဲ့ ကိုယ်ခံအားကောင်းမှုအနေအထားကိုလိုက်ပြီး အနားယူရမယ့်အချိန်ကလည်း ကွာခြားနိုင်ပါတယ်။ နေပြန်ကောင်းလာတဲ့အချိန်မှာ သေသေချာချာအနားယူဖို့ဆိုတာက မေ့ထားလို့မရတဲ့ အဆင့်တစ်ခုပါ။

ဒဏ်ရာကိုရေခဲကပ်ပေးပါ – ရေခဲကပ်တာက ထိခိုက်ဒဏ်ရာတွေ နာကျင်တာ၊ရောင်ရမ်းတာနဲ့ ရောင်ကိုင်းတာတွေကို လျောပါးသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ဒါပေမယ့်အနာကိုရေခဲတိုက်ရိုက်ကပ်တာမျိုးတော့မလုပ်သင့်ပါဘူး။ ရေခဲကို ကြွပ်ကြွပ်အိတ်နဲ့ထုပ်ပြီး အပေါ်ကနေ အဝတ်စသန့်သန့်လေးနဲ့ပတ်ပြီး ရေခဲကပ်ပေးပါ။ တစ်ခါကပ်ရင် မိနစ် ၂၀ လောက်စီကပ်ပေးပါ။

အားပြည့်စေမယ့် အစားအသောက်တွေစားပေးပါ – ခွဲစိတ်ကုသမှုခံယူပြီးတဲ့အခါ ဝမ်းချုပ်တာ၊ မအီမသာဖြစ်တာမျိုးတွေဖြစ်နိုင်သလို ဗိုက်မဆာတာ၊ စားချင်စိတ်မရှိတာမျိုးတွေလည်းရှိနိုင်ပါတယ်။ ဒါပေမယ့် နေကောင်းလာဖို့နဲ့ ခွဲစိတ်ထားတဲ့ ချုပ်ရိုးအကျက်မြန်စေဖို့က ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးဖို့လိုအပ်မှာဖြစ်ပါတယ်။  ခွဲစိတ်ပြီးစလူနာတွေအနေနဲ့ ပရိုတင်း၊ဗီတာမင် C ၊ ဗီတာမင် B12၊ သံဓာတ်၊ အမျှင်ဓာတ်နဲ့ probiotics တွေပြည့်ဝအောင်စားသုံးပေးဖို့လိုပါမယ်။ ကြက်သား၊ ဥအမျိုးမျိုး၊ သစ်သီးတွေ၊ငါး၊ ဒိန်ချဉ်နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးဝလံတွေ စားသုံးပေးသင့်ပါတယ်။

နလန်ထချိန်မှာ အာဟာရပြည့်ဝအောင်စားဖို့လိုတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်ကိုမြင့်မားစေနိုင်တဲ့ အချိုဓာတ်များတဲ့ အစားအစာတွေကို မစားသုံးဖို့တော့လိုပါမယ်။ သွေးတွင်းမှာ သကြားဓာတ်များတဲ့အခါ ပင်ပန်းနုံးချိတာကို ပိုဆိုးစေနိုင်တာကြောင့်ပါ။

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင် အားဖြည့်ဆေးတွေသောက်ပေးပါ – ဗီတာမင်အားဖြည့်ဆေးတွေက အအေးမိဖျားနာတွေအပေါ် ဘယ်လောက်ထိ ထိရောက်မှုရှိလဲဆိုတာကို သေချာမသိနိုင်ပေမယ့် ဗီတာမင်အားဖြည့်ဆေးတွေမှာပါတဲ့ ဗီတာမင် C နဲ့ ဇင့်ဓာတ်တွေကတော့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်သလို ဖျားနာမှုတွေကိုသက်သာစေနိုင်စွမ်းလည်းရှိပါတယ်။ ဗီတာမင်အားဖြည့်ဆေးတေါကို ပုံမှန်သောက်သုံးမယ်ဆိုရင် ခန္ဓာကိုယ်က ခွန်အာပြည့်ဝပြီး လန်းဆန်းတက်ကြွနေမှာပါ။ ဗီတာမင်အားဖြည့်ဆေးသောက်တယ်ဆိုတဲ့နေရာမှာလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဗီတာမင်တွေပြည့်ဝစွာပါဝင်ဖို့ကအရေးကြီးပါတယ်။ လိုအပ်တဲ့ဗီတာမင်တွေအပြည့်အဝရစေမယ့် အားဆေးတစ်ခုလောက်ညွှန်းပေးချင်ပါတယ်။ ဒါကတော့ Renovit ပါ။ Renovit မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ် ၂၆ မျိုးတောင်ပါဝင်နေတာကြောင့် တစ်နေ့တစ်လုံး သောက်ပေးရုံနဲ့ကျန်းမာလန်းဆန်းနေစေမှာပဲဖြစ်ပါတယ်။ လူသားတိုင်း ကျန်းမာကြပါစေကြောင်း။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top