ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အဓမၼျပဳက်င့္ဖို႔ ႀကိဳးစားခ်ိန္မွာ ျငင္းဆန္ခဲ့တဲ့ အမ်ိဳးသမီးတဦးကို မီး႐ႈိ႕သတ္ခဲ့တဲ့ အမ်ိဳးသားတဦးကို ရဲေတြက ဖမ္းဆီးခဲ့တယ္လို႔ ေမရာသတင္းတပုဒ္မွာ မတ္လ ၅ ရက္ေန႔က ေဖာ္ျပပါတယ္။

ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ မတ္လ ၂ ရက္ေန႔ မနက္ပိုင္းက အိႏၵိယႏိုင္ငံ၊ ဘာရန္ျပည္နယ္၊ ခ်ီပါဘာေရာ့ဒ္ၿမိဳ႕မွာ ျဖစ္ခဲ့ၿပီး အခင္းျဖစ္တဲ့ ေနရာကေန ထြက္ေျပးသြားခဲ့တဲ့ အသက္ ၃၁ ႏွစ္အရြယ္ တရားခံအမ်ိဳးသားကိုေတာ့ ကာေဝ ရထားဘူတာ႐ုံမွာ ဖမ္းမိခဲ့တာပါ။

မီးေလာင္ဒဏ္ရာေတြနဲ႔ အသက္ ၃၅ ႏွစ္အရြယ္ ရီနာခိုလီလို႔ အမည္ရတဲ့ အမ်ိဳးသမီးကို ေဆး႐ုံပို႔ေဆာင္ခဲ့ေပမယ့္ ဒဏ္ရာေတြနဲ႔ မၾကာခင္မွာပဲ ေသဆံုးသြားခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီအမ်ိဳးသမီးနဲ႔ ရမ္ဘာရန္ရာဒက္ဗ္ အမည္ရတဲ့ အသက္ ၃၁ ႏွစ္အရြယ္ တရားခံအမ်ိဳးသားတို႔ဟာ တိုက္တတိုက္တည္းမွာပဲ ငွားရမ္းေနထိုင္သူေတြ ျဖစ္ၾကကာ အဲဒီေန႔ မနက္ပိုင္းကေတာ့ တရားခံအမ်ိဳးသားဟာ အမ်ိဳးသမီးရဲ႕ အခန္းဆီ ေရာက္လာခဲ့ၿပီး ခုလိုလုပ္ခဲ့တာပါ။

ရဲေတြရဲ႕ သတင္းထုတ္ျပန္ခ်က္မွာေတာ့ တရားခံအမ်ိဳးသားနဲ႔ ေသဆံုးခဲ့သူ အမ်ိဳးသမီးဟာ ပုဂၢိဳလ္ေရးအရ ပတ္သက္မႈေတြမရွိဘဲ အဓမၼျပဳက်င့္မႈကို ျငင္းဆန္ခ်ိန္မွာ အမ်ိဳးသားက စိတ္ဆိုးေဒါသထြက္ၿပီး ေရနံဆီနဲ႔ေလာင္း မီး႐ႈိ႕ခဲ့တာလို႔ ေဖာ္ျပထားပါတယ္။

အမ်ိဳးသမီးရဲ႕ အေလာင္းကိုေတာ့ မိသားစုဆီ လႊဲေျပာင္းေပးခဲ့ၿပီး လိုအပ္တဲ့ ေဆးစစ္မႈေတြ ဆက္လက္လုပ္ေဆာင္ေနပါတယ္။

လက္ရွိမွာေတာ့ ရဲေတြက တရားခံ ရာဒက္ဗ္ကို ပုဒ္မ ၃၀၂ နဲ႔ တရားစြဲဆို အေရးယူသြားမွာျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
အဓမ္မပြုကျင့်ဖို့ ကြိုးစားချိန်မှာ ငြင်းဆန်ခဲ့တဲ့ အမျိုးသမီးတဦးကို မီးရှို့သတ်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ မတ်လ ၅ ရက်နေ့က ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ မနက်ပိုင်းက အိန္ဒိယနိုင်ငံ၊ ဘာရန်ပြည်နယ်၊ ချီပါဘာရော့ဒ်မြို့မှာ ဖြစ်ခဲ့ပြီး အခင်းဖြစ်တဲ့ နေရာကနေ ထွက်ပြေးသွားခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် တရားခံအမျိုးသားကိုတော့ ကာဝေ ရထားဘူတာရုံမှာ ဖမ်းမိခဲ့တာပါ။

မီးလောင်ဒဏ်ရာတွေနဲ့ အသက် ၃၅ နှစ်အရွယ် ရီနာခိုလီလို့ အမည်ရတဲ့ အမျိုးသမီးကို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာတွေနဲ့ မကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအမျိုးသမီးနဲ့ ရမ်ဘာရန်ရာဒက်ဗ် အမည်ရတဲ့ အသက် ၃၁ နှစ်အရွယ် တရားခံအမျိုးသားတို့ဟာ တိုက်တတိုက်တည်းမှာပဲ ငှားရမ်းနေထိုင်သူတွေ ဖြစ်ကြကာ အဲဒီနေ့ မနက်ပိုင်းကတော့ တရားခံအမျိုးသားဟာ အမျိုးသမီးရဲ့ အခန်းဆီ ရောက်လာခဲ့ပြီး ခုလိုလုပ်ခဲ့တာပါ။

ရဲတွေရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ တရားခံအမျိုးသားနဲ့ သေဆုံးခဲ့သူ အမျိုးသမီးဟာ ပုဂ္ဂိုလ်ရေးအရ ပတ်သက်မှုတွေမရှိဘဲ အဓမ္မပြုကျင့်မှုကို ငြင်းဆန်ချိန်မှာ အမျိုးသားက စိတ်ဆိုးဒေါသထွက်ပြီး ရေနံဆီနဲ့လောင်း မီးရှို့ခဲ့တာလို့ ဖော်ပြထားပါတယ်။

အမျိုးသမီးရဲ့ အလောင်းကိုတော့ မိသားစုဆီ လွှဲပြောင်းပေးခဲ့ပြီး လိုအပ်တဲ့ ဆေးစစ်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

လက်ရှိမှာတော့ ရဲတွေက တရားခံ ရာဒက်ဗ်ကို ပုဒ်မ ၃၀၂ နဲ့ တရားစွဲဆို အရေးယူသွားမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top