ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မတ္လ ၂၃ ရက္တြင္  က်င္းပမည့္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ ဆုေပးပြဲနီးကပ္လာသည္ႏွင့္အမွ် ႏွစ္စဥ္ႏွစ္တုိင္း အမ်ိဳးသားဇာတ္ ေဆာင္ဆုေနရာ၌ သ႐ုပ္ေဆာင္ ေျပတီဦးႏွင့္ ေနတိုးသာ အလွည့္ က်နာမည္ထြက္ေနသည့္အေပၚ သ႐ုပ္ေဆာင္ေနတိုးက ယခုလို ေျပာသည္။

‘‘ဒီလိုပဲ ကြၽန္ေတာ္တို႔က ပရိ သတ္အတြက္ကို အၿမဲတမ္းႀကိဳး စားေနတဲ့သူဆိုေတာ့ ပရိသတ္အ တြက္ကို ႀကိဳးစားေနသေရြ႕ ဒီလို မ်ိဳးရွိေနဦးမွာပါပဲ။ ဒါကေတာ့ ကြၽန္တာ္တို႔အလုပ္လုပ္ေနတဲ့ လမ္းေၾကာင္းတစ္ခုမွာ ဒီလိုမ်ိဳး ေတာ့ရွိမွာပဲ။ ကြၽန္ေတာ္တို႔က ၿပိဳင္ေနတာမ်ိဳးေတာ့မဟုတ္ဘူး။ သူ႔ဟာသူ တစ္ႏွစ္၊ တစ္ႏွစ္မွာ ေရြးခ်ယ္ထားတဲ့ သေဘာပါပဲ’’ဟု ၎က ေျပာသည္။

၂၀၁၇ အကယ္ဒမီစာရင္း ဝင္ဇာတ္ကား ၅၃ ကားတြင္ ေနတိုးပါဝင္သ႐ုပ္ေဆာင္သည့္ ဇာတ္ကားေျခာက္ကားပါဝင္သည္။ ယင္းတို႔သည္ ထာဝရအေမ၊ ေၾကာက္ေၾကာက္ေၾကာက္၊ တာေတႀကီး၊ ပက္ပက္စက္စက္ညႇိဳ႕၊ ေအာင္ေစပိုင္ေစ၊ အေမွာင္မွာ ရြာခ်တဲ့မိုးတိမ္(ကြၽန္)တို႔ျဖစ္သည္။

‘‘ပြဲနားနီးလာေပမယ့္ ရင္ခုန္ မႈကေတာ့ ပံုမွန္ပါပဲ။ ပြဲေတာ္တစ္ ခုကို ေရာက္လာေတာ့မယ္။ ကြၽန္ေတာ္တို႔ဆုေပးပြဲတစ္ခု ေရာက္ လာေတာ့မယ္။ ပရိသတ္ရဲ႕ ထင္ျမင္ယူဆခ်က္ေတြနဲ႔ ပိုၿပီးေတာ့ နီးကပ္လာေလ ရင္ထဲမွာေတာ့ ပရိသတ္ဆႏၵကို ျပည့္ေစခ်င္တဲ့ ဆႏၵေလးပဲရွိပါတယ္။ တျခားဟာ ကေတာ့ ပြဲေန႔ေရာက္လာမွပဲ ရင္ခုန္မႈက ပိုၿပီးေတာ့ ရွိမယ္နဲ႔တူပါ တယ္’’ဟု ေနတိုးက ေျပာသည္။

ယခုႏွစ္ အကယ္ဒမီပြဲေတာ္ ဖက္ရွင္ကို ဒီဇုိင္နာ မင္းသက္စံက စီစဥ္မည္ျဖစ္ၿပီး တည္ၿငိမ္သည့္ အေရာင္မ်ိဳးသာ ေရြးခ်ယ္ဝတ္ ဆင္ျဖစ္မည္ဟု ဆိုသည္။

လက္ရွိအႏုပညာလႈပ္ရွားမႈ အေနျဖင့္ မတ္လ ၁၀ ရက္က အမ္တီဗီထြက္ရွိသည့္  ဒ႑ာရီ႐ုပ္ရွင္သီခ်င္းမ်ားအေခြတြင္ အဆို ေတာ္ ေဇာ္ဝင္းထြဋ္၏ ေရြးခ်ယ္ ေပးမႈျဖင့္ တစ္ျပည္သူမေရႊထား သီခ်င္းကို ႀကိဳးစားသီဆိုထား သည္ဟု ဆိုသည္။

‘‘ဦးညီထြဋ္က ကြၽန္ေတာ္နဲ႔ လိုက္တယ္ဆိုၿပီး အဲဒီသီခ်င္းေလး ကို ေရြးေပးတာပါ။ ကြၽန္ေတာ္တို႔ ဒီလို႐ုပ္ရွင္သီခ်င္းေတြကို ျပန္ၿပီး ဆိုရတာ အရမ္းလည္း ပီတိျဖစ္မိ ပါတယ္။ ကြၽန္ေတာ္တို႔လက္ရွိ အေနအထားတစ္ခုမွာ ဂႏၴဝင္ဆန္ တဲ့သီခ်င္းေတြ၊ တကယ္ကို ျမန္မာ မႈေတြရွိေနေသးတဲ့ သီခ်င္းေတြကို ျပန္လည္သီဆိုတဲ့အခါမွာ ပရိ သတ္လက္ခံတာ ေတြ႕ရတဲ့အ တြက္ ပိုၿပီးေတာ့လည္း ဝမ္းသာ တယ္။ ဒီအေခြေလးကို ျဖစ္ ေျမာက္ေအာင္ စီစဥ္တဲ့ ဦးညီထြဋ္ တို႔၊ ကိုရဲတုိ႔ကိုလည္း ေက်းဇူးတင္ တယ္’’ဟု ေနတိုးက ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day

#Unicode Version#
မတ်လ ၂၃ ရက်တွင်  ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲနီးကပ်လာသည်နှင့်အမျှ နှစ်စဉ်နှစ်တိုင်း အမျိုးသားဇာတ် ဆောင်ဆုနေရာ၌ သရုပ်ဆောင် ပြေတီဦးနှင့် နေတိုးသာ အလှည့် ကျနာမည်ထွက်နေသည့်အပေါ် သရုပ်ဆောင်နေတိုးက ယခုလို ပြောသည်။

‘‘ဒီလိုပဲ ကျွန်တော်တို့က ပရိ သတ်အတွက်ကို အမြဲတမ်းကြိုး စားနေတဲ့သူဆိုတော့ ပရိသတ်အ တွက်ကို ကြိုးစားနေသရွေ့ ဒီလို မျိုးရှိနေဦးမှာပါပဲ။ ဒါကတော့ ကျွန်တာ်တို့အလုပ်လုပ်နေတဲ့ လမ်းကြောင်းတစ်ခုမှာ ဒီလိုမျိုး တော့ရှိမှာပဲ။ ကျွန်တော်တို့က ပြိုင်နေတာမျိုးတော့မဟုတ်ဘူး။ သူ့ဟာသူ တစ်နှစ်၊ တစ်နှစ်မှာ ရွေးချယ်ထားတဲ့ သဘောပါပဲ’’ဟု ၎င်းက ပြောသည်။

၂၀၁၇ အကယ်ဒမီစာရင်း ဝင်ဇာတ်ကား ၅၃ ကားတွင် နေတိုးပါဝင်သရုပ်ဆောင်သည့် ဇာတ်ကားခြောက်ကားပါဝင်သည်။ ယင်းတို့သည် ထာဝရအမေ၊ ကြောက်ကြောက်ကြောက်၊ တာတေကြီး၊ ပက်ပက်စက်စက်ညှို့၊ အောင်စေပိုင်စေ၊ အမှောင်မှာ ရွာချတဲ့မိုးတိမ်(ကျွန်)တို့ဖြစ်သည်။

‘‘ပွဲနားနီးလာပေမယ့် ရင်ခုန် မှုကတော့ ပုံမှန်ပါပဲ။ ပွဲတော်တစ် ခုကို ရောက်လာတော့မယ်။ ကျွန်တော်တို့ဆုပေးပွဲတစ်ခု ရောက် လာတော့မယ်။ ပရိသတ်ရဲ့ ထင်မြင်ယူဆချက်တွေနဲ့ ပိုပြီးတော့ နီးကပ်လာလေ ရင်ထဲမှာတော့ ပရိသတ်ဆန္ဒကို ပြည့်စေချင်တဲ့ ဆန္ဒလေးပဲရှိပါတယ်။ တခြားဟာ ကတော့ ပွဲနေ့ရောက်လာမှပဲ ရင်ခုန်မှုက ပိုပြီးတော့ ရှိမယ်နဲ့တူပါ တယ်’’ဟု နေတိုးက ပြောသည်။

ယခုနှစ် အကယ်ဒမီပွဲတော် ဖက်ရှင်ကို ဒီဇိုင်နာ မင်းသက်စံက စီစဉ်မည်ဖြစ်ပြီး တည်ငြိမ်သည့် အရောင်မျိုးသာ ရွေးချယ်ဝတ် ဆင်ဖြစ်မည်ဟု ဆိုသည်။

လက်ရှိအနုပညာလှုပ်ရှားမှု အနေဖြင့် မတ်လ ၁၀ ရက်က အမ်တီဗီထွက်ရှိသည့်  ဒဏ္ဍာရီရုပ်ရှင်သီချင်းများအခွေတွင် အဆို တော် ဇော်ဝင်းထွဋ်၏ ရွေးချယ် ပေးမှုဖြင့် တစ်ပြည်သူမရွှေထား သီချင်းကို ကြိုးစားသီဆိုထား သည်ဟု ဆိုသည်။

‘‘ဦးညီထွဋ်က ကျွန်တော်နဲ့ လိုက်တယ်ဆိုပြီး အဲဒီသီချင်းလေး ကို ရွေးပေးတာပါ။ ကျွန်တော်တို့ ဒီလိုရုပ်ရှင်သီချင်းတွေကို ပြန်ပြီး ဆိုရတာ အရမ်းလည်း ပီတိဖြစ်မိ ပါတယ်။ ကျွန်တော်တို့လက်ရှိ အနေအထားတစ်ခုမှာ ဂန္ထဝင်ဆန် တဲ့သီချင်းတွေ၊ တကယ်ကို မြန်မာ မှုတွေရှိနေသေးတဲ့ သီချင်းတွေကို ပြန်လည်သီဆိုတဲ့အခါမှာ ပရိ သတ်လက်ခံတာ တွေ့ရတဲ့အ တွက် ပိုပြီးတော့လည်း ဝမ်းသာ တယ်။ ဒီအခွေလေးကို ဖြစ် မြောက်အောင် စီစဉ်တဲ့ ဦးညီထွဋ် တို့၊ ကိုရဲတို့ကိုလည်း ကျေးဇူးတင် တယ်’’ဟု နေတိုးက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top