ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

လက္ရွိအသံုးျပဳေနတဲ့ ႏိုင္ငံသားစိစစ္ေရးကတ္ေတြကို စမတ္ကတ္နဲ႔ေျပာင္းလဲ အသံုးျပဳႏိုင္ဖို႔ ဒီႏွစ္အတြင္းမွာ ေဆာင္ရြက္သြားမယ္လုိ႔ အ လုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနကေန သိရပါတယ္။

ဒီလို ေျပာင္းလဲအသံုးျပဳႏိုင္ဖုိ႔အတြက္ ရန္ကုန္တိုင္းေဒသႀကီး၊ ေနျပည္ေတာ္ေကာင္စီ၊ မႏၲေလးတိုင္းေဒသႀကီးနဲ႔ ရခိုင္ျပည္နယ္တို႔မွာ ၂၀၁၇ ႏွစ္လယ္ပိုင္းက ေရွ႕ေျပး စီမံခ်က္ျပဳလုပ္ခဲ့ၿပီး ေအာင္ျမင္ခဲ့တာေၾကာင့္ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ ဆက္လက္ေဆာင္ရြက္သြားမယ္လု႔ိ ဆိုပါတယ္။

"စမတ္ကတ္ေတြစထုတ္ဖို႔ တင္ျပထားတယ္။ ႏိုင္ငံေတာ္ကေန ေကာ္မတီဖြဲ႕ဖို႔လုပ္ေနတာေတြရွိတယ္။ ခုလက္ရွိက ေကာ္မတီဖြဲ႕ၿပီးဖို႔ပဲ၊ ၿပီးရင္ေတာက္ေလွ်ာက္လုပ္ငန္းစေတာ့မွာ၊ က်န္တဲ့ စမ္းသပ္တာေတြ သုေတသနလုပ္တာေတြ အားလံုးၿပီးသြားၿပီ။ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ လုပ္ေပးသြားမွာပါ"လုိ႔ ျပည္ထဲေရး၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးျမင့္ႀကိဳင္က ဓူ၀ံကုိ ေျပာပါတယ္။

မွတ္ပံုတင္ေတြကုိ စမတ္ကတ္ေတြအျဖစ္ ေျပာင္းလဲႏိုင္မယ္ဆိုရင္ ႏိုင္ငံထဲမွာ ေနထိုင္သူေတြရဲ႕ Biographic Data နဲ႔ Biometric Data ေတြ ေကာက္ယူၿပီး National Natabase တည္ေဆာက္ထိန္းသိမ္းႏိုင္ေအာင္ေဆာင္ရြက္သြားမွာ ျဖစ္ၿပီး e-government ကိုလည္း အေကာင္အ ထည္ေဖာ္ေဆာင္ရြက္ႏိုင္မွာ ျဖစ္တယ္လုိ႔ ဆိုပါတယ္။

၂၀၁၄ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္း အစီရင္ခံစာအရျမန္မာႏုိင္ငံမွာ လူဦးေရ ၅၂ သန္းေက်ာ္ရွိၿပီး ႏိုင္ငံသားစိစစ္ေရး ကတ္ျပား ကိုင္ေဆာင္သူဦးေရ ၂၈သန္း ေက်ာ္ရွိတယ္လုိ႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7DayDaily

#Unicode Version#
လက်ရှိအသုံးပြုနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေကို စမတ်ကတ်နဲ့ပြောင်းလဲ အသုံးပြုနိုင်ဖို့ ဒီနှစ်အတွင်းမှာ ဆောင်ရွက်သွားမယ်လို့ အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။

ဒီလို ပြောင်းလဲအသုံးပြုနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ ၂၀၁၇ နှစ်လယ်ပိုင်းက ရှေ့ပြေး စီမံချက်ပြုလုပ်ခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လု့ိ ဆိုပါတယ်။

"စမတ်ကတ်တွေစထုတ်ဖို့ တင်ပြထားတယ်။ နိုင်ငံတော်ကနေ ကော်မတီဖွဲ့ဖို့လုပ်နေတာတွေရှိတယ်။ ခုလက်ရှိက ကော်မတီဖွဲ့ပြီးဖို့ပဲ၊ ပြီးရင်တောက်လျှောက်လုပ်ငန်းစတော့မှာ၊ ကျန်တဲ့ စမ်းသပ်တာတွေ သုတေသနလုပ်တာတွေ အားလုံးပြီးသွားပြီ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ပေးသွားမှာပါ"လို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ဓူဝံကို ပြောပါတယ်။

မှတ်ပုံတင်တွေကို စမတ်ကတ်တွေအဖြစ် ပြောင်းလဲနိုင်မယ်ဆိုရင် နိုင်ငံထဲမှာ နေထိုင်သူတွေရဲ့ Biographic Data နဲ့ Biometric Data တွေ ကောက်ယူပြီး National Natabase တည်ဆောက်ထိန်းသိမ်းနိုင်အောင်ဆောင်ရွက်သွားမှာ ဖြစ်ပြီး e-government ကိုလည်း အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီရင်ခံစာအရမြန်မာနိုင်ငံမှာ လူဦးရေ ၅၂ သန်းကျော်ရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်သူဦးရေ ၂၈သန်း ကျော်ရှိတယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top