AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

အေမရိကန္နိုင္ငံ အိုင္အိုဝါၿမိဳ႕ ဒါဗင္ပို႔ရွိ လူငယ္ထိန္းသိမ္းေရးအက်ဥ္းစခန္းမွ ငယ္ရြယ္ေသာ အႀကံေပးတစ္ဦးျဖစ္သူ ဟန္နာရို႔စ္ဖစ္ဇ္ပတ္ထရစ္က္က ျပစ္မွုက်ဳးလြန္သူလူငယ္သုံးဦးအား လြတ္ေျမာက္ေစရန္ ကူညီခဲ့ၿပီး တစ္ဦးႏွွင့္ လိင္ဆက္ဆံခဲ့ေၾကာင္း စြပ္စြဲထားသည္။

အဂၤါေန႔က အထက္ပါစြပ္စြဲခ်က္ျဖင့္ အသက္ ၁၉ ႏွစ္အရြယ္ ဟန္နာရို႔စ္ကို ရဲတပ္ဖြဲ႕က ဖမ္ဆီးခဲ့သည္။ ထိန္းသိမ္းေရးစခန္းတြင္ ႀကီးၾကပ္အႀကံေပးတာဝန္ထမ္းေဆာင္ေနေသာ ဟန္နာရို႔စ္က အသက္မျပည့္ေသးသူ အျပစ္သားလူငယ္တစ္ဦးႏွင့္ လိင္ဆက္ဆံခဲ့သည္ဟု စြပ္စြဲထားသည္။

အဆိုပါေန႔တြင္ သူမက အက်ဥ္းသားသုံးဦးကို ေထာင္အျပင္သို႔ ထုတ္သြားခဲ့ၿပီး အျခားတစ္ေနရာသို႔ ေခၚေဆာင္သြားခဲ့သည္ဟု ရဲတပ္ဖြဲ႕မွ ေျပာၾကားသည္။ ထြက္ေျပးသူမ်ားကို လက္ခံထားမွုျဖင့္လည္း သီးျခားစြဲခ်က္တင္မွုကို သူမရင္ဆိုင္ေနရသည္။ လာမည့္ တရား႐ုံးခ်ိန္မတိုင္မွီ ေဒၚလာ ၂၀၀၀ အာမခံျဖင့္ သူမကို အခ်ဳပ္မွလႊတ္ေပးခဲ့သည္။

ဒါဗင္ပို႔တ္ရဲတပ္ဖြဲ႕က ဟန္နာရို႔စ္ စေနေန႔ကအဖမ္းခံရမွုအေပၚ ေမးျမန္းရာတြင္ တုန႔္ျပန္ေျဖၾကားခဲ့ျခင္းမရွိေပ။ အက်ဥ္းစခန္းတာဝန္ရွိသူမ်ားကလည္း အဆိုပါျဖစ္ရပ္ကို ေျဖၾကားရန္ ျငင္းဆန္ခဲ့သည္။

တရားစြဲဆိုခံရသူ အႀကံေပး ဟန္နာရို႔စ္သည္ အလုပ္တာဝန္ႏွင့္ မသင့္ေလ်ာ္ေသာ လိင္ဆက္ဆံမွု၊ အက်ဥ္းသားထြက္ေျပးလြတ္ေျမာက္ရန္ ကူညီလက္ခံထားမွု စြဲခ်က္မ်ားျဖင့္ တရား႐ုံးတြင္ အမွုဆက္လက္ရင္ဆိုင္ရမည္ျဖစ္သည္။

By – KSM / MUNA

Ref:Daily Mail

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike
# Unicode Version ျဖင့္ ဖတ္ပါ #
အမေရိကန်နိုင်ငံ အိုင်အိုဝါမြို့ ဒါဗင်ပို့ရှိ လူငယ်ထိန်းသိမ်းရေးအကျဉ်းစခန်းမှ ငယ်ရွယ်သော အကြံပေးတစ်ဦးဖြစ်သူ ဟန်နာရို့စ်ဖစ်ဇ်ပတ်ထရစ်က်က ပြစ်မှုကျုးလွန်သူလူငယ်သုံးဦးအား လွတ်မြောက်စေရန် ကူညီခဲ့ပြီး တစ်ဦးနှှင့် လိင်ဆက်ဆံခဲ့ကြောင်း စွပ်စွဲထားသည်။

အင်္ဂါနေ့က အထက်ပါစွပ်စွဲချက်ဖြင့် အသက် ၁၉ နှစ်အရွယ် ဟန်နာရို့စ်ကို ရဲတပ်ဖွဲ့က ဖမ်ဆီးခဲ့သည်။ ထိန်းသိမ်းရေးစခန်းတွင် ကြီးကြပ်အကြံပေးတာဝန်ထမ်းဆောင်နေသော ဟန်နာရို့စ်က အသက်မပြည့်သေးသူ အပြစ်သားလူငယ်တစ်ဦးနှင့် လိင်ဆက်ဆံခဲ့သည်ဟု စွပ်စွဲထားသည်။

အဆိုပါနေ့တွင် သူမက အကျဉ်းသားသုံးဦးကို ထောင်အပြင်သို့ ထုတ်သွားခဲ့ပြီး အခြားတစ်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ရဲတပ်ဖွဲ့မှ ပြောကြားသည်။ ထွက်ပြေးသူများကို လက်ခံထားမှုဖြင့်လည်း သီးခြားစွဲချက်တင်မှုကို သူမရင်ဆိုင်နေရသည်။ လာမည့် တရားရုံးချိန်မတိုင်မှီ ဒေါ်လာ ၂၀၀၀ အာမခံဖြင့် သူမကို အချုပ်မှလွှတ်ပေးခဲ့သည်။

ဒါဗင်ပို့တ်ရဲတပ်ဖွဲ့က ဟန်နာရို့စ် စနေနေ့ကအဖမ်းခံရမှုအပေါ် မေးမြန်းရာတွင် တုန့်ပြန်ဖြေကြားခဲ့ခြင်းမရှိပေ။ အကျဉ်းစခန်းတာဝန်ရှိသူများကလည်း အဆိုပါဖြစ်ရပ်ကို ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

တရားစွဲဆိုခံရသူ အကြံပေး ဟန်နာရို့စ်သည် အလုပ်တာဝန်နှင့် မသင့်လျော်သော လိင်ဆက်ဆံမှု၊ အကျဉ်းသားထွက်ပြေးလွတ်မြောက်ရန် ကူညီလက်ခံထားမှု စွဲချက်များဖြင့် တရားရုံးတွင် အမှုဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။

By – KSM / MUNA

Ref:Daily Mail

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top