AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ေလာကမွာ မျပစ္မွားထိုက္တဲ့ ပုဂၢိဳလ္ေတြ ရိွတယ္။
ဒါက လူတိုင္းလူတိုင္းမွာ
ကိုယ္နဲ႔ပတ္သတ္တဲ့သူထဲမွာ မျပစ္မွားသင့္တဲ့သူေတြရိွတယ္။
အဲ့ဒီမျပစ္မွားထိုက္တဲ့ ပုဂၢိဳလ္ေတြကို ျပစ္မွားျပီဆိုလို႔ရိွရင္
ဘာျဖစ္လဲဆိုရင္

★ “တေမဝ ဗာလံ ပေစၥတိ ပါပံ” မေကာင္းတဲ့အက်ဳိးေတြက
အဲ့ဒီျပစ္မွားတဲ့ ပုဂၢိဳလ္ထံ
ျပန္ျပီးေတာ့ ေရာက္လာတတ္တယ္။ဆိုလိုတာက
ဒဏ္သင့္တတ္တယ္လို႔ ေျပာတာ။ဒါက လူ႕ဘဝမွာ
ဘဝတစ္ခုကိုျဖတ္သန္းျပီးေတာ့
ဘဝတစ္ခုကိုေနထိုင္ရတဲ့ အခါမွာ မိမိနဲ႔ပတ္၀န္းက်င္မွာ
ရိွတဲ့ မျပစ္မွားသင့္တဲ့ပုဂၢိဳလ္ေတြကို မျပစ္မွားမိဖို႔
အျမဲတမ္းသတိထားဖို႔လိုအပ္တယ္။

★ ကိုယ့္အထင္နဲ႔ အျမင္နဲ႔မေျပာသင့္ဘူး။
ကိုယ့္စိတ္ကိုလည္း ေစာင့္စည္းရမယ္။
ကိုယ္ႏႈတ္ကိုလည္း ေစာင့္စည္းရမယ္။
ကိုယ့္ရဲ႕အမူအရာေတြကိုလည္း
ေစာင့္စည္းရမယ္။အဲ့ဒီလို မေစာင္စည္းလို႔ ျပစ္မွားမိတဲ့ ပုဂၢဳိလ္၊
မျပစ္မွားသင့္တဲ့ ပုဂၢိဳလ္ကို ျပစ္မွားမိျပီဆိုရင္
အျပစ္ဒဏ္ေတြဟာ အဲ့ဒီျပစ္မွားတဲ့
ပုဂၢိဳလ္ထံ ေရာက္ရိွလာတတ္တယ္။
အဲ့ဒါနဲ႔ပတ္သက္ျပီးေတာ့ ဒဏ္(၁၀)ပါးဆိုတာ
မေကာင္းက်ဳိးေတြေပါ့ သက္ေရာက္တတ္ပံုကို ျမတ္စြာဘုရားက
ေဟာထားတာရိွတယ္။ အဲ့ဒါကို မွတ္သားၾကဖို႔ေပါ့ ျမတ္စြာဘုရား
ေဟာေတာ္မူတဲ့ အတိုင္းဆိုရင္

★ “ ေယာ ဒေ႑န အဒေ႑သု၊ အပၸဒုေ႒သု ဒုႆတိ ” =
အျပစ္ဒဏ္ မခ်မွတ္သင့္တဲ့ပုဂၢိဳလ္ (ဝါ)
မျပစ္မွားသင့္တဲ့ပုဂၢိဳလ္ အဲ့ဒီလို မျပစ္မွားရမယ့္
ပုဂၢိဳလ္မ်ဳိးကို သြားျပီးေတာ့ ျပစ္မွားမိျပီဆိုရင္

“ဒသႏၷမညတရံ ဌာနံ၊ ခိပၸေမဝ နိဂစၧတိ” - အျပစ္ဒဏ္(၁၀)မ်ိဳးထဲက တစ္မ်ဳိးမ်ဳိး
ကိုယ့္မွာ ခံရတတ္တယ္။ဒဏ္ဆိုတာ တံု႔ျပန္ျပီးေတာ့ ခံရတဲ့ အျပစ္ကို
ေျပာတာ။ကိုယ္က ျပစ္မွားလိုက္တယ္ ျပစ္မွားလိုက္သည့္အတြက္ေၾကာင့္
အဲ့ဒီအျပစ္ကေန ကိုယ့္ကို တု႔ံျပန္လာတဲ့ ဟာမ်ဳိး။
အဲ့ဒီ ဒဏ္(၁၀)မ်ိဳးက ဘာေတြလဲဆိုေတာ့

(၁) “ ေဝဒနံ ဖ႐ုသံ ဇာနႎ ” - အင္မတန္မွ ဒုကၡကိုျဖစ္ေပၚေစတတ္တဲ့
ေရာဂါေ၀ဒနာေတြ စြဲကပ္လာတတ္တယ္။
အင္မတန္မွ ၾကီးက်ယ္တဲ့ ေရာဂါေဝဒနာေတြ
စြဲကပ္လာတတ္တယ္။မျပစ္မွားထိုက္တဲ့
ပုဂၢိဳလ္ကို ျပစ္မွားမိျပီဆိုရင္ ဒီပုဂၢိဳလ္ဟာ ေရာဂါ
ေဝဒနာေတြ ခႏၶကိုယ္ေပၚမွာ က်ေရာက္ျဖစ္ေပၚလာတတ္တယ္။
အဲ့ဒီလို က်ေရာက္ျဖစ္ေပၚလာျပီးေတာ့
ဘဝၾကီးတစ္ခုလံုးဟာ ဆံုးရံႈးသြားတယ္။
ဘဝတစ္ခု ဆံုးရံႈးေလာက္ေအာင္ ျဖစ္ေပၚလာတဲ့ ေရာဂါေဝဒနာ
အမ်ဳိးမ်ဳိးရိွတာေပါ့။ဒါက ဒဏ္သင့္လို႔ျဖစ္တာလည္းရိွတယ္ သူ႔ဘာသာသူ
တျခားအေၾကာင္းေၾကာင့္ ျဖစ္တာလည္းရိွတယ္။
မျပစ္မွားထိုက္တဲ့ ပုဂၢိဳလ္ကိုျပစ္မွားမိသြားျပီဆိုရင္
အဲ့ဒီအျပစ္ဒဏ္ေၾကာင့္ ခံရတဲ့အခါ ဆိုပါစို႔ ခႏၶာကိုယ္ဟာ
တစ္စံုတစ္ခုနဲ႔ ခိုက္မိျပီးေတာ့ ကိုယ္တစ္ပိုင္းေသသြားတာတို႔
မ်က္လံုးပ်က္စီးသြားတာတို႔ ဘဝမွာသံုးမရေအာင္ လူမွာ
လူျဖစ္ရံႈးသြားတာမ်ဳိးေတြ
ဒါမ်ဳိးေတြျဖစ္တတ္တယ္။
ဒါက နံပါတ္(၁)ဒဏ္သင့္တဲ့ တစ္ခု။

နံပါတ္(၂)က- “ သရီရႆ စ ေဘဒနံ ”-ခႏၶာကိုယ္မွာ
တစ္စံုတစ္ခု လက္ေျခ
အဂၤါစသည့္ ပ်က္စီး ယိုယြင္းလာတတ္တယ္။
ဘဝမွာ လုပ္စားကိုင္စားဖို႔
အဆင္မေျပေလာက္ေအာင္ ေန႔စဥ္မွာ
ေနေရးထိုင္ေရးအဆင္မေျပေလာက္ေအာင္
အဲ့ဒီလိုခႏၶာကိုယ္မွာ လက္ျပတ္ ေျချပတ္ စသျဖင့္ ဒီလိုဒုကၡေဝဒနာ
မ်ဳိးေတြလည္းပဲ ျဖစ္ေပၚလာတတ္တယ္တဲ့။

နံပါတ္(၃)က-“ ဂ႐ုကံ ဝါပိ အာဗာဓံ ”- ခုနကေျပာတဲ့
ေဝဒနာေတြထက္ပိုျပီးေတာ့
ၾကီးေလးတဲ့ အခံရခက္တဲ့ အျမဲတမ္းျငီးျငဴျပီးေတာ့
ခံရခက္ေလာက္ေအာင္
ကိုယ္မွာအခံရခက္တဲ့ ၾကီးေလးတဲ့ေရာဂါ
ေဝဒနာၾကီးေတြလည္း စြဲကပ္ျပီးေတာ့
လာတတ္တယ္တဲ့။

နံပါတ္(၄)က - “ စိတၱေကၡပံ ဝ ပါပုေဏ”-
မျပစ္မွားထိုက္တဲ့ ပုဂၢိဳလ္ကို ျပစ္မွားရင္
စိတ္ေတြ ဂေယာင္ေျခာက္ျခား ျဖစ္လာျပီးေတာ့ ရူးသပ္သြားရေတာ့တဲ့
အေျခအေနမ်ဳိးထိေအာင္
စိတ္ဂေယာင္ေျခာက္ျခားျဖစ္ျပီးေတာ့ သြားတတ္တယ္။
ဒါလည္း အင္မတန္ေၾကာက္စရာေကာင္းတဲ့ အရာတစ္ခုပဲ။ဘဝမွာ
လူေတြရဲ႕ သႏၲာမွာ စိတ္မမွန္ဘူးဆိုတာဟာ ပိုျပီးေတာ့
အရာရာကို ဆံုးရံႈးသြားေစတတ္တယ္။
ရူးသြပ္ျပီးေတာ့ သြားေစနိဳင္တယ္။အဲ့ဒါမ်ဳိးျဖစ္နိဳင္တယ္။

နံပါတ္(၅)က-“ ရာဇေတာ ဝါ ဥပသဂၢံ” -တိုင္းျပည္အုပ္ခ်ဳပ္တဲ့ မင္းေတြ
တိုင္းျပည္အုပ္ခ်ဳပ္တဲ့အစိုးရေတြက မိမိကို
ရာထူးခ်ျပစ္တာတို႔ ကိုယ္ပိုင္ဆိုင္တဲ့
ပစၥည္းေတြ အသိမ္းခံလိုက္ရတာတို႔ စသျဖင့္
မင္းျပစ္မင္းဒဏ္ေတြကို သင့္ျပီးေတာ့
ေထာင္သြင္းအက်ဥ္းခ် ခံရတာတို႔ ဒီလို
အျဖစ္မ်ဳိးေတြနဲ႔ ၾကံဳရတတ္တယ္လို႔ ေျပာတယ္။

နံပါတ္(၆)က-“ အဗ႓ကၡာနံ ဝ ဒါ႐ုဏံ ”- တကယ့္ကို ကိုယ္ဘာမွ မလုပ္ဘဲနဲ႔
အၾကီးအက်ယ္ အရွက္တကြဲ အက်ဳိးနည္းေအာင္ စြပ္စြဲခံရတာမ်ဳိးေတြလည္း
ၾကံဳတယ္။တစ္ခ်ဳိ႕ဆိုလိုရိွရင္ ကိုယ္ဘာမွ မလုပ္ဘဲနဲ႔ မွားယြင္းျပီးေတာ့
အျပစ္ဒဏ္ေပးခံရတဲ့ သူေတြ ဒီေလာကၾကီးမွာ ရိွတာပဲ။
အဲ့ဒါမ်ဳိးေတြလည္း ခံရတတ္
တယ္။

နံပါတ္(၇)က-“ ပရိကၡယံ ဝ ဉာတီနံ ”အားကိုုးရတဲ့
ေဆြမ်ဳိးမိဘေတြဟာ ကိုယ့္မွာအားကိုးစရာ
မရိွေလာက္ေအာင္ တစ္ဦးျပီး တစ္ဦး ဘဝနိဂံုး
အဆံုးသတ္သြားျပီးေတာ့ ကိုယ့္မွာ
အားကိုးစရာ ေဆြမ်ဳိးမရိွေလာက္ေအာင္ ဘဝမွာ အထီးက်န္
တစ္ေကာင္ၾကြက္ ျဖစ္သြားတတ္တယ္။
ဒါ အကုသိုလ္ေၾကာင့္ျဖစ္တာကို ေျပာတာ။
တျခားနည္းနဲ႔ျဖစ္တာကို ေျပာတာမဟုတ္ဘူး။
ဒီလိုအျဖစ္ေတြ ၾကံဳရတတ္တယ္တဲ့။

နံပါတ္(၈)က- “ ေဘာဂါနံ ဝ ပဘဂၤုရံ” -ပစၥည္း ဥစၥာေတြ
ပ်က္သုန္းကုန္တာ။
ပစၥည္းဥစၥာေတြ ပ်က္စီးကုန္တာ။
မီးထဲပါသြားတာ ရိွတယ္။
ေရေျမာတာ ရိွတယ္။မ်ဳိးစံုေပါ။
တစ္ခ်ဳိ႕က်ေတာ့ အကုသိုလ္ျဖစ္ပီဆိုလို႔ရိွရင္
ကိုယ္ပိုင္တဲ့ ပစၥည္းေတြက ဘယ္လိုနည္းနဲ႔ေပ်ာက္သြားမွန္း
မသိေလာက္ေအာင္ ဘာလုပ္လို႔မွ
အဆင္မေျပဘဲကို ပ်က္စီးသြားတာ။
ဒီထက္အေျခအေန ဆိုးတဲ့ ပုဂၢိဳလ္ေတြက
ဘာျဖစ္လဲဆိုေတာ့
ေရႊေတြ ေငြေတြကေနျပီးေတာ့
မီးေသြးခဲေရာက္သြားတယ္ဆိုတဲ့ အျဖစ္ထိေအာင္
ေရာက္သြားတယ္။တကယ္ကို ျမတ္စြာဘုရား လက္ထက္တုန္းက
ရိွခဲ့ဖူးတယ္။အကုသိုလ္ ဝင္လာျပီဆိုရင္ လူေတြမွာ
အဖိုးတန္ ေရႊေတြ စိန္ေတြကလည္းပဲ
မီးေသြးခဲျဖစ္သြားတာမ်ဳိးေတြ ျဖစ္တတ္တယ္။
ကိုယ့္ရဲ႕ ပစၥည္းဥစၥာေတြဟာ ပ်က္စီးသြားတတ္တယ္။

နံပါတ္(၉)က-“ အထ ဝါႆ အဂါရာနိ ၊အဂၢိ ဍဟတိ ပါဝေကာ။” -
အိမ္ကို မီးေလာင္တတ္တယ္။
မီးေလာင္တယ္ဆိုတဲ့ ေနရာမွာ အမ်ားေလာင္လို႔
ပါသြားတာည္း ရိွနိဳင္တယ္ေပါ့။
တျခားနည္းေတြနဲ႔ ေလာင္တာလည္းရိွတယ္။
အခုလို မျပစ္မွားထိုက္တဲ့ ပုဂၢိဳလ္ကို ျပစ္မွားလို႔
ေလာင္တယ္ဆိုတာ မ်ဳိးက်ေတာ့
သူမ်ားေတြ မေလာင္ဘဲနဲ႔ သူတစ္ဦးထဲ ကြက္ျပီးေတာ့
ေလာင္ခံရတာမ်ဳိး ။ကိုယ့္ပစၥည္းမွာ
ေလာင္မီးက်တယ္ဆိုတာမ်ဳိး ကိုယ့္အိမ္မွ ကြက္ျပီးေတာ့
ေလာင္မီးက်တယ္ဆိုတာမ်ဳိး ။ေရွးတုန္ကေတာ့
ဒီလို ေလာင္မီးက်တယ္ဆိုမ်ဳိး ရိွတယ္။
အခုကေတာ့ မီးေလာင္ျပီဆိုရင္ေတာ့ ဝါယာေရွာ့ျဖစ္တယ္
ေျပာၾကတာပဲ။တခ်ဳိ႕လည္း
ေလာင္မီးက်တာလည္း ျဖစ္နိဳင္တာပဲ။ဘယ္လို
အေၾကာင္းမွန္းမသိဘဲနဲ႔ မီးေလာင္ခံရတာမ်ဳိးေတြ ရိွတယ္။

နံပါတ္(၁၀)က- “ ကာယႆ ေဘေဒါ ဒုပၸေညာ၊ နိရယံ ေသာပပဇၨတိ။” -
ေနာက္ဆံုးတစ္ခုကေတာ့
ဘာလဲဆိုရင္ ဘဝတစ္ခု အဆံုးသတ္သြားျပီဆိုလို႔ရိွရင္
အဲ့ဒီလူဟာ အပယ္ငရဲေရာက္သြားတယ္။ဒါကိုေျပာတာ
မျပစ္မွားထိုက္တဲ့
ပုဂၢိဳလ္ကို ျပစ္မွားျပီဆိုလို႔ရိွရင္ ဒီလိုဒဏ္သင့္တတ္တယ္။
ဒီ(၁၀)မ်ဳိးထဲက တစ္မ်ဳိးမ်ဳိးနဲ႔ ဒဏ္သင့္တတ္တယ္
လို႔ျမတ္စြာဘုရားက ဒီလိုေဟာတယ္။

ကံၾကမၼာဝဋ္ေၾကြးဆိုတာအေၾကာင္းေတြ ဆံုလာျပီဆိုရင္
ေရွာင္တိမ္းလိုမမရနိဳင္တဲ့အေနအထားတစ္ခုျဖစ္တယ္။ေရွာင္တိမ္းလို႔
ရနိဳင္ေသးတယ္ဆိုဟာ အေၾကာင္းမညီညြတ္ေသးလို႔ ေရွာင္တိမ္းလို႔
မရေတာ့ဘူးဆိုလို႔ရိွရင္ ကံၾကမၼာေတြဟာ မိမိကိုအက်ဳိးေပးဖို႔
ရင့္က်က္လာလို႔ ဘက္စံုကအဆင္သင့္ျဖစ္လာျပီ ဆိုရင္
ဘယ္သူမွေရွာင္လို႔မရေတာ့ဘူး။

ျမန္မာ့သမိုင္းမွာ ၾကည့္လိုက္ အမရပူရေခတ္မွာ
မႏၲေလးရဲ႕ေတာင္ဘက္ကျမိဳ႕ကို
ေတာင္ျမိဳ႕ အမရပူရ။အဲ့ဒီမွာ
ဘၾကီးေတာ္မင္းတရားၾကီးရဲ႕လက္ထက္
နန္းမေတာ္မယ္ႏုဆိုတာရိွတယ္။ဘၾကီးေတာ္ဆိုတာ
ဘယ္သူ႕ဘၾကီးလဲဆိုေတာ့
မင္းတုန္းမင္းတို႔ကေနေခၚတာ။မင္းတုန္းမင္းရဲ႕ဘၾကီးမို႔လို႔
သမိုင္းဆရာေတြက ဘၾကီးေတာ္လို႔ေရးတာ။ငယ္စဥ္က
စစ္ကိုင္းျမိဳ႕ကိုစားလို႔ စစ္ကိုင္းမင္းလို႔ေခၚတယ္။
အဲ့ဒီဘၾကီးေတာ္
မင္းတရားရဲ႕မိဖုရားမယ္ႏုဆိုတာ
အခု အင္းဝဘက္တို႔ေရာက္ဖူးတဲ့ သူေတြရိွလိမ့္မယ္။
ေတြ႔ဖူးၾကလိမ့္မယ္။မယ္ႏုအု႒္ေက်ာင္းဆိုတာရိွတယ္။
အခုထိ အုပ္နဲ႔ေဆာက္ထားတဲ့ေက်ာင္းဆိုေတာ့
မပ်က္မစီးရိွေနတယ္။
နိဳင္ငံေတာ္သမိုင္းဌာနက ထိန္းသိမ္းထားတယ္။
စစ္ကိုင္းတံတားအေဟာင္းၾကီး
အဲ့ဒီနားကၾကည့္လို႔ရိွရင္ မယ္ႏုအု႒္ေက်ာင္းဆိုတာ
ျမင္ေနရတယ္။အင္းဝဘက္မွာ။

★ အဲ့ဒီမယ္ႏုဟာ ေနာက္ၾကေတာ့ မင္းျပစ္မင္းဒဏ္သင့္တာ။
မင္းျပစ္မင္းဒဏ္သင့္တဲ့အခါမွာ သူအျပစ္ေပးခံရတယ္။
အျပစ္ေပးခံရေတာ့ သူကိုးကြယ္တာက
ဆရာေတာ္ ဦးဗုဒ္တဲ့ျမန္မာနိုင္ငံရဲ႕ စာတတ္အေက်ာ္ထဲမွာ
ဆရာေတာ္ ဦးဗုဒ္ဆိုတာပါတယ္။
စာေပက်မ္းဂန္ေတြမ်ားစြာေရးခဲ့တယ္။
အဲ့ဒီဆရာေတာ္ ဦးဗုဒ္ကို
ကိုးကြယ္တာ။အဲ့ဒီေတာ့ ဆရာေတာ္ဦးဗုဒ္ကိုေနာက္ဆံုးအခ်ိန္
လာျပီးကန္ေတာ့တယ္ေပါ့။ဆရာေတာ္ဦးဗုဒ္က
သူ႕ကိုဘာဆံုးမလိုက္လဲ ဘာၾသဝါဒေပး
လိုက္လဲဆိုရင္ “မယ္ႏု ကိုယ့္ဝဋ္ေၾကြးရိွရင္ခံရမွာပဲတဲ့” ဒါပဲေျပာတယ္။
ဘာမွမေျပာဘူး။ဝဋ္ေၾကြးရိွရင္ ဆပ္ရမွာပဲဒီလိုပဲေျပာလိုက္တယ္။
နန္းမေတာ္မယ္ႏုဟာ ေနာက္ဆံုးၾကေတာ့ ဆင္နဲ႔နင္းသတ္ခံရတဲ့
ဘဝမ်ဳိးေရာက္သြားတယ္။ဒါလည္း ကံၾကမၼာဝဋ္ေၾကြးေတြေပါ့ေနာ္။

{ ေက်းဇူးေတာ္ရွင္ပါခ်ဳပ္ဆရာေတာ္ဘုရားၾကီး}

{“ ျပစ္မွားျခင္းႏွင့္ ဒဏ္သင့္ျခင္း ”တရားေတာ္မွ ေကာက္ႏႈတ္ခ်က္}

ဓမၼမိတ္ေဆြမ်ား က်န္းမာခ်မ္းသာၾကပါေစဗ်ာ။
ဤဓမၼဒါနအား
ကုသိုလ္ေၾကာင့္
တိုင္းျပည္ႏွင့္သာသနာေတာ္အတြက္
ၾကီးစြာေသာအလုပ္အေၾကြး
အေထာက္အပံ့ျပဳျပီး
နိဗၺာန္အတြက္
ၾကီးစြာေသာအေထာက္အပံ့ျဖစ္ပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: pay thoe
# Unicode Version ျဖင့္ ဖတ္ပါ #
လောကမှာ မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။
ဒါက လူတိုင်းလူတိုင်းမှာ
ကိုယ်နဲ့ပတ်သတ်တဲ့သူထဲမှာ မပြစ်မှားသင့်တဲ့သူတွေရှိတယ်။
အဲ့ဒီမပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားပြီဆိုလို့ရှိရင်
ဘာဖြစ်လဲဆိုရင်

★ “တမေဝ ဗာလံ ပစ္စေတိ ပါပံ” မကောင်းတဲ့အကျိုးတွေက
အဲ့ဒီပြစ်မှားတဲ့ ပုဂ္ဂိုလ်ထံ
ပြန်ပြီးတော့ ရောက်လာတတ်တယ်။ဆိုလိုတာက
ဒဏ်သင့်တတ်တယ်လို့ ပြောတာ။ဒါက လူ့ဘဝမှာ
ဘဝတစ်ခုကိုဖြတ်သန်းပြီးတော့
ဘဝတစ်ခုကိုနေထိုင်ရတဲ့ အခါမှာ မိမိနဲ့ပတ်ဝန်းကျင်မှာ
ရှိတဲ့ မပြစ်မှားသင့်တဲ့ပုဂ္ဂိုလ်တွေကို မပြစ်မှားမိဖို့
အမြဲတမ်းသတိထားဖို့လိုအပ်တယ်။

★ ကိုယ့်အထင်နဲ့ အမြင်နဲ့မပြောသင့်ဘူး။
ကိုယ့်စိတ်ကိုလည်း စောင့်စည်းရမယ်။
ကိုယ်နှုတ်ကိုလည်း စောင့်စည်းရမယ်။
ကိုယ့်ရဲ့အမူအရာတွေကိုလည်း
စောင့်စည်းရမယ်။အဲ့ဒီလို မစောင်စည်းလို့ ပြစ်မှားမိတဲ့ ပုဂ္ဂိုလ်၊
မပြစ်မှားသင့်တဲ့ ပုဂ္ဂိုလ်ကို ပြစ်မှားမိပြီဆိုရင်
အပြစ်ဒဏ်တွေဟာ အဲ့ဒီပြစ်မှားတဲ့
ပုဂ္ဂိုလ်ထံ ရောက်ရှိလာတတ်တယ်။
အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဒဏ်(၁၀)ပါးဆိုတာ
မကောင်းကျိုးတွေပေါ့ သက်ရောက်တတ်ပုံကို မြတ်စွာဘုရားက
ဟောထားတာရှိတယ်။ အဲ့ဒါကို မှတ်သားကြဖို့ပေါ့ မြတ်စွာဘုရား
ဟောတော်မူတဲ့ အတိုင်းဆိုရင်

★ “ ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုေဋ္ဌသု ဒုဿတိ ” =
အပြစ်ဒဏ် မချမှတ်သင့်တဲ့ပုဂ္ဂိုလ် (ဝါ)
မပြစ်မှားသင့်တဲ့ပုဂ္ဂိုလ် အဲ့ဒီလို မပြစ်မှားရမယ့်
ပုဂ္ဂိုလ်မျိုးကို သွားပြီးတော့ ပြစ်မှားမိပြီဆိုရင်

“ဒသန္နမညတရံ ဌာနံ၊ ခိပ္ပမေဝ နိဂစ္ဆတိ” - အပြစ်ဒဏ်(၁၀)မျိုးထဲက တစ်မျိုးမျိုး
ကိုယ့်မှာ ခံရတတ်တယ်။ဒဏ်ဆိုတာ တုံ့ပြန်ပြီးတော့ ခံရတဲ့ အပြစ်ကို
ပြောတာ။ကိုယ်က ပြစ်မှားလိုက်တယ် ပြစ်မှားလိုက်သည့်အတွက်ကြောင့်
အဲ့ဒီအပြစ်ကနေ ကိုယ့်ကို တုံ့ပြန်လာတဲ့ ဟာမျိုး။
အဲ့ဒီ ဒဏ်(၁၀)မျိုးက ဘာတွေလဲဆိုတော့

(၁) “ ဝေဒနံ ဖရုသံ ဇာနိံ ” - အင်မတန်မှ ဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့
ရောဂါဝေဒနာတွေ စွဲကပ်လာတတ်တယ်။
အင်မတန်မှ ကြီးကျယ်တဲ့ ရောဂါဝေဒနာတွေ
စွဲကပ်လာတတ်တယ်။မပြစ်မှားထိုက်တဲ့
ပုဂ္ဂိုလ်ကို ပြစ်မှားမိပြီဆိုရင် ဒီပုဂ္ဂိုလ်ဟာ ရောဂါ
ဝေဒနာတွေ ခန္ဓကိုယ်ပေါ်မှာ ကျရောက်ဖြစ်ပေါ်လာတတ်တယ်။
အဲ့ဒီလို ကျရောက်ဖြစ်ပေါ်လာပြီးတော့
ဘဝကြီးတစ်ခုလုံးဟာ ဆုံးရှုံးသွားတယ်။
ဘဝတစ်ခု ဆုံးရှုံးလောက်အောင် ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာ
အမျိုးမျိုးရှိတာပေါ့။ဒါက ဒဏ်သင့်လို့ဖြစ်တာလည်းရှိတယ် သူ့ဘာသာသူ
တခြားအကြောင်းကြောင့် ဖြစ်တာလည်းရှိတယ်။
မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ်ကိုပြစ်မှားမိသွားပြီဆိုရင်
အဲ့ဒီအပြစ်ဒဏ်ကြောင့် ခံရတဲ့အခါ ဆိုပါစို့ ခန္ဓာကိုယ်ဟာ
တစ်စုံတစ်ခုနဲ့ ခိုက်မိပြီးတော့ ကိုယ်တစ်ပိုင်းသေသွားတာတို့
မျက်လုံးပျက်စီးသွားတာတို့ ဘဝမှာသုံးမရအောင် လူမှာ
လူဖြစ်ရှုံးသွားတာမျိုးတွေ
ဒါမျိုးတွေဖြစ်တတ်တယ်။
ဒါက နံပါတ်(၁)ဒဏ်သင့်တဲ့ တစ်ခု။

နံပါတ်(၂)က- “ သရီရဿ စ ဘေဒနံ ”-ခန္ဓာကိုယ်မှာ
တစ်စုံတစ်ခု လက်ခြေ
အင်္ဂါစသည့် ပျက်စီး ယိုယွင်းလာတတ်တယ်။
ဘဝမှာ လုပ်စားကိုင်စားဖို့
အဆင်မပြေလောက်အောင် နေ့စဉ်မှာ
နေရေးထိုင်ရေးအဆင်မပြေလောက်အောင်
အဲ့ဒီလိုခန္ဓာကိုယ်မှာ လက်ပြတ် ခြေပြတ် စသဖြင့် ဒီလိုဒုက္ခဝေဒနာ
မျိုးတွေလည်းပဲ ဖြစ်ပေါ်လာတတ်တယ်တဲ့။

နံပါတ်(၃)က-“ ဂရုကံ ဝါပိ အာဗာဓံ ”- ခုနကပြောတဲ့
ဝေဒနာတွေထက်ပိုပြီးတော့
ကြီးလေးတဲ့ အခံရခက်တဲ့ အမြဲတမ်းငြီးငြူပြီးတော့
ခံရခက်လောက်အောင်
ကိုယ်မှာအခံရခက်တဲ့ ကြီးလေးတဲ့ရောဂါ
ဝေဒနာကြီးတွေလည်း စွဲကပ်ပြီးတော့
လာတတ်တယ်တဲ့။

နံပါတ်(၄)က - “ စိတ္တက္ခေပံ ဝ ပါပုဏေ”-
မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ်ကို ပြစ်မှားရင်
စိတ်တွေ ဂယောင်ခြောက်ခြား ဖြစ်လာပြီးတော့ ရူးသပ်သွားရတော့တဲ့
အခြေအနေမျိုးထိအောင်
စိတ်ဂယောင်ခြောက်ခြားဖြစ်ပြီးတော့ သွားတတ်တယ်။
ဒါလည်း အင်မတန်ကြောက်စရာကောင်းတဲ့ အရာတစ်ခုပဲ။ဘဝမှာ
လူတွေရဲ့ သန္တာမှာ စိတ်မမှန်ဘူးဆိုတာဟာ ပိုပြီးတော့
အရာရာကို ဆုံးရှုံးသွားစေတတ်တယ်။
ရူးသွပ်ပြီးတော့ သွားစေနိုင်တယ်။အဲ့ဒါမျိုးဖြစ်နိုင်တယ်။

နံပါတ်(၅)က-“ ရာဇတော ဝါ ဥပသဂ္ဂံ” -တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေ
တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရတွေက မိမိကို
ရာထူးချပြစ်တာတို့ ကိုယ်ပိုင်ဆိုင်တဲ့
ပစ္စည်းတွေ အသိမ်းခံလိုက်ရတာတို့ စသဖြင့်
မင်းပြစ်မင်းဒဏ်တွေကို သင့်ပြီးတော့
ထောင်သွင်းအကျဉ်းချ ခံရတာတို့ ဒီလို
အဖြစ်မျိုးတွေနဲ့ ကြုံရတတ်တယ်လို့ ပြောတယ်။

နံပါတ်(၆)က-“ အဗ္ဘက္ခာနံ ဝ ဒါရုဏံ ”- တကယ့်ကို ကိုယ်ဘာမှ မလုပ်ဘဲနဲ့
အကြီးအကျယ် အရှက်တကွဲ အကျိုးနည်းအောင် စွပ်စွဲခံရတာမျိုးတွေလည်း
ကြုံတယ်။တစ်ချို့ဆိုလိုရှိရင် ကိုယ်ဘာမှ မလုပ်ဘဲနဲ့ မှားယွင်းပြီးတော့
အပြစ်ဒဏ်ပေးခံရတဲ့ သူတွေ ဒီလောကကြီးမှာ ရှိတာပဲ။
အဲ့ဒါမျိုးတွေလည်း ခံရတတ်
တယ်။

နံပါတ်(၇)က-“ ပရိက္ခယံ ဝ ဉာတီနံ ”အားကိုုးရတဲ့
ဆွေမျိုးမိဘတွေဟာ ကိုယ့်မှာအားကိုးစရာ
မရှိလောက်အောင် တစ်ဦးပြီး တစ်ဦး ဘဝနိဂုံး
အဆုံးသတ်သွားပြီးတော့ ကိုယ့်မှာ
အားကိုးစရာ ဆွေမျိုးမရှိလောက်အောင် ဘဝမှာ အထီးကျန်
တစ်ကောင်ကြွက် ဖြစ်သွားတတ်တယ်။
ဒါ အကုသိုလ်ကြောင့်ဖြစ်တာကို ပြောတာ။
တခြားနည်းနဲ့ဖြစ်တာကို ပြောတာမဟုတ်ဘူး။
ဒီလိုအဖြစ်တွေ ကြုံရတတ်တယ်တဲ့။

နံပါတ်(၈)က- “ ဘောဂါနံ ဝ ပဘင်္ဂုရံ” -ပစ္စည်း ဥစ္စာတွေ
ပျက်သုန်းကုန်တာ။
ပစ္စည်းဥစ္စာတွေ ပျက်စီးကုန်တာ။
မီးထဲပါသွားတာ ရှိတယ်။
ရေမြောတာ ရှိတယ်။မျိုးစုံပေါ။
တစ်ချို့ကျတော့ အကုသိုလ်ဖြစ်ပီဆိုလို့ရှိရင်
ကိုယ်ပိုင်တဲ့ ပစ္စည်းတွေက ဘယ်လိုနည်းနဲ့ပျောက်သွားမှန်း
မသိလောက်အောင် ဘာလုပ်လို့မှ
အဆင်မပြေဘဲကို ပျက်စီးသွားတာ။
ဒီထက်အခြေအနေ ဆိုးတဲ့ ပုဂ္ဂိုလ်တွေက
ဘာဖြစ်လဲဆိုတော့
ရွှေတွေ ငွေတွေကနေပြီးတော့
မီးသွေးခဲရောက်သွားတယ်ဆိုတဲ့ အဖြစ်ထိအောင်
ရောက်သွားတယ်။တကယ်ကို မြတ်စွာဘုရား လက်ထက်တုန်းက
ရှိခဲ့ဖူးတယ်။အကုသိုလ် ဝင်လာပြီဆိုရင် လူတွေမှာ
အဖိုးတန် ရွှေတွေ စိန်တွေကလည်းပဲ
မီးသွေးခဲဖြစ်သွားတာမျိုးတွေ ဖြစ်တတ်တယ်။
ကိုယ့်ရဲ့ ပစ္စည်းဥစ္စာတွေဟာ ပျက်စီးသွားတတ်တယ်။

နံပါတ်(၉)က-“ အထ ဝါဿ အဂါရာနိ ၊အဂ္ဂိ ဍဟတိ ပါဝကော။” -
အိမ်ကို မီးလောင်တတ်တယ်။
မီးလောင်တယ်ဆိုတဲ့ နေရာမှာ အများလောင်လို့
ပါသွားတာည်း ရှိနိုင်တယ်ပေါ့။
တခြားနည်းတွေနဲ့ လောင်တာလည်းရှိတယ်။
အခုလို မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ်ကို ပြစ်မှားလို့
လောင်တယ်ဆိုတာ မျိုးကျတော့
သူများတွေ မလောင်ဘဲနဲ့ သူတစ်ဦးထဲ ကွက်ပြီးတော့
လောင်ခံရတာမျိုး ။ကိုယ့်ပစ္စည်းမှာ
လောင်မီးကျတယ်ဆိုတာမျိုး ကိုယ့်အိမ်မှ ကွက်ပြီးတော့
လောင်မီးကျတယ်ဆိုတာမျိုး ။ရှေးတုန်ကတော့
ဒီလို လောင်မီးကျတယ်ဆိုမျိုး ရှိတယ်။
အခုကတော့ မီးလောင်ပြီဆိုရင်တော့ ဝါယာရှော့ဖြစ်တယ်
ပြောကြတာပဲ။တချို့လည်း
လောင်မီးကျတာလည်း ဖြစ်နိုင်တာပဲ။ဘယ်လို
အကြောင်းမှန်းမသိဘဲနဲ့ မီးလောင်ခံရတာမျိုးတွေ ရှိတယ်။

နံပါတ်(၁၀)က- “ ကာယဿ ဘေဒေါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။” -
နောက်ဆုံးတစ်ခုကတော့
ဘာလဲဆိုရင် ဘဝတစ်ခု အဆုံးသတ်သွားပြီဆိုလို့ရှိရင်
အဲ့ဒီလူဟာ အပယ်ငရဲရောက်သွားတယ်။ဒါကိုပြောတာ
မပြစ်မှားထိုက်တဲ့
ပုဂ္ဂိုလ်ကို ပြစ်မှားပြီဆိုလို့ရှိရင် ဒီလိုဒဏ်သင့်တတ်တယ်။
ဒီ(၁၀)မျိုးထဲက တစ်မျိုးမျိုးနဲ့ ဒဏ်သင့်တတ်တယ်
လို့မြတ်စွာဘုရားက ဒီလိုဟောတယ်။

ကံကြမ္မာဝဋ်ကြွေးဆိုတာအကြောင်းတွေ ဆုံလာပြီဆိုရင်
ရှောင်တိမ်းလိုမမရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်။ရှောင်တိမ်းလို့
ရနိုင်သေးတယ်ဆိုဟာ အကြောင်းမညီညွတ်သေးလို့ ရှောင်တိမ်းလို့
မရတော့ဘူးဆိုလို့ရှိရင် ကံကြမ္မာတွေဟာ မိမိကိုအကျိုးပေးဖို့
ရင့်ကျက်လာလို့ ဘက်စုံကအဆင်သင့်ဖြစ်လာပြီ ဆိုရင်
ဘယ်သူမှရှောင်လို့မရတော့ဘူး။

မြန်မာ့သမိုင်းမှာ ကြည့်လိုက် အမရပူရခေတ်မှာ
မန္တလေးရဲ့တောင်ဘက်ကမြို့ကို
တောင်မြို့ အမရပူရ။အဲ့ဒီမှာ
ဘကြီးတော်မင်းတရားကြီးရဲ့လက်ထက်
နန်းမတော်မယ်နုဆိုတာရှိတယ်။ဘကြီးတော်ဆိုတာ
ဘယ်သူ့ဘကြီးလဲဆိုတော့
မင်းတုန်းမင်းတို့ကနေခေါ်တာ။မင်းတုန်းမင်းရဲ့ဘကြီးမို့လို့
သမိုင်းဆရာတွေက ဘကြီးတော်လို့ရေးတာ။ငယ်စဉ်က
စစ်ကိုင်းမြို့ကိုစားလို့ စစ်ကိုင်းမင်းလို့ခေါ်တယ်။
အဲ့ဒီဘကြီးတော်
မင်းတရားရဲ့မိဖုရားမယ်နုဆိုတာ
အခု အင်းဝဘက်တို့ရောက်ဖူးတဲ့ သူတွေရှိလိမ့်မယ်။
တွေ့ဖူးကြလိမ့်မယ်။မယ်နုအုဋ္ဌ်ကျောင်းဆိုတာရှိတယ်။
အခုထိ အုပ်နဲ့ဆောက်ထားတဲ့ကျောင်းဆိုတော့
မပျက်မစီးရှိနေတယ်။
နိုင်ငံတော်သမိုင်းဌာနက ထိန်းသိမ်းထားတယ်။
စစ်ကိုင်းတံတားအဟောင်းကြီး
အဲ့ဒီနားကကြည့်လို့ရှိရင် မယ်နုအုဋ္ဌ်ကျောင်းဆိုတာ
မြင်နေရတယ်။အင်းဝဘက်မှာ။

★ အဲ့ဒီမယ်နုဟာ နောက်ကြတော့ မင်းပြစ်မင်းဒဏ်သင့်တာ။
မင်းပြစ်မင်းဒဏ်သင့်တဲ့အခါမှာ သူအပြစ်ပေးခံရတယ်။
အပြစ်ပေးခံရတော့ သူကိုးကွယ်တာက
ဆရာတော် ဦးဗုဒ်တဲ့မြန်မာနိုင်ငံရဲ့ စာတတ်အကျော်ထဲမှာ
ဆရာတော် ဦးဗုဒ်ဆိုတာပါတယ်။
စာပေကျမ်းဂန်တွေများစွာရေးခဲ့တယ်။
အဲ့ဒီဆရာတော် ဦးဗုဒ်ကို
ကိုးကွယ်တာ။အဲ့ဒီတော့ ဆရာတော်ဦးဗုဒ်ကိုနောက်ဆုံးအချိန်
လာပြီးကန်တော့တယ်ပေါ့။ဆရာတော်ဦးဗုဒ်က
သူ့ကိုဘာဆုံးမလိုက်လဲ ဘာသြဝါဒပေး
လိုက်လဲဆိုရင် “မယ်နု ကိုယ့်ဝဋ်ကြွေးရှိရင်ခံရမှာပဲတဲ့” ဒါပဲပြောတယ်။
ဘာမှမပြောဘူး။ဝဋ်ကြွေးရှိရင် ဆပ်ရမှာပဲဒီလိုပဲပြောလိုက်တယ်။
နန်းမတော်မယ်နုဟာ နောက်ဆုံးကြတော့ ဆင်နဲ့နင်းသတ်ခံရတဲ့
ဘဝမျိုးရောက်သွားတယ်။ဒါလည်း ကံကြမ္မာဝဋ်ကြွေးတွေပေါ့နော်။

{ ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး}

{“ ပြစ်မှားခြင်းနှင့် ဒဏ်သင့်ခြင်း ”တရားတော်မှ ကောက်နှုတ်ချက်}

ဓမ္မမိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေဗျာ။
ဤဓမ္မဒါနအား
ကုသိုလ်ကြောင့်
တိုင်းပြည်နှင့်သာသနာတော်အတွက်
ကြီးစွာသောအလုပ်အကြွေး
အထောက်အပံ့ပြုပြီး
နိဗ္ဗာန်အတွက်
ကြီးစွာသောအထောက်အပံ့ဖြစ်ပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: pay thoe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top