iMyanmarHouse.com - Best Property Website for Myanmar
×

မႏၲေလးတိုင္းေဒသႀကီး မိတီၳလာစက္မႈဇုန္က တြင္ခုံ အလုပ္လုပ္သူ ၁ ဦးဟာ ၁၁၀ ဆိုင္ကယ္ အင္ဂ်င္တပ္ၿပီး ၄ ေယာက္စီး ေမာ္ေတာ္ယာဥ္တစီး ျပဳလုပ္ေမာင္းႏွင္လိုက္ပါတယ္။

တြင္ခုံလုပ္တဲ့ ကုိမိႈင္းေဝက “အားတဲ့အခ်ိန္ေလးမွာ လုပ္ထားတာပါ။ ၆ သိန္းေလာက္ပဲ ကုန္တယ္။ မိုင္ ၈၀ ေလာက္ေတာ့ သူငယ္ခ်င္း ၄ ေယာက္နဲ႔ သြားၿပီးၿပီ။ အသြား အျပန္ ဓာတ္ဆီဖုိး ၄ ေထာင္ ေလာက္ကုန္တယ္။ တနာရီကုိ မိုင္ ၃၀ ေလာက္ သြားလုိ႔ရတယ္။ တြင္ခုံကရတဲ့ လုပ္အားခေလးနဲ႔ အၾကမ္းပဲ လုပ္ထားတာပါ။ တာယာနဲ႔ ဘီးေခြကလည္း ဆိုင္ကယ္ျပင္ဆိုင္ေတြက အေဟာင္းဝယ္ၿပီး တပ္ထားတာပါ။ အင္ဂ်င္ကေတာ့ ၁ သိန္း ၂ ေသာင္းနဲ႔ ဝယ္တယ္။ ဆိုင္ကယ္စီးရတာထက္ လူသက္သာတယ္”လုိ႔ ေျပာပါတယ္။

ခုလို ေမာ္ေတာ္ကားကို ကိုယ္တိုင္ ဖန္တီးေမာင္းႏွင္ေနတဲ့အေပၚ ေဒသခံေတြက ႏွစ္သက္ သေဘာက်ေနၾကပါတယ္။

ေဒသခံ ကုိဝင္းေအာင္က “ဆိုင္ကယ္အင္ဂ်င္တပ္ၿပီး ေပပါျပား‎ေတြကုိ ေဘာ္ဒီ႐ုိက္ထားတဲ့ ၄ ေယာက္စီး ကားေလးကုိ သေဘာက်တယ္။ ႀကံဖန္ၿပီး တီထြင္တတ္တာကုိလည္း ခ်ီးက်ဴးမိတယ္။ အၾကမ္းဖ်င္း လုပ္ထားတာေလးေတာင္ သေဘာက်ေနတာ သေဘၤာေဆးေကာင္းေကာင္း ထိုင္ခုံေကာင္းတာေတြနဲ႔ ေသခ်ာလုပ္လုိက္ရင္ ရွယ္ျဖစ္သြားမွာပါ” လုိ႔ ေျပာပါတယ္။

အဆိုပါ ကားဟာ ကုန္ခ်ိန္ပိႆာ ၂၀၀ ေက်ာ္ေလာက္ တင္ႏိုင္ၿပီး လုိက္ထရပ္က စတီယာရင္၊ ေလး၊ တိုင္းေရာ့ေတြ တပ္ဆင္ထားသို ဘက္ဂီယာကုိေတာ့ တ႐ုတ္သုံးဘီးမွာ သုံးတဲ့ ဂီယာကို အသံုးျပဳထားတာ ျဖစ္ပါတယ္။

သတင္း-ေမာင္ေမာင္လင္း(ဝမ္းတြင္း)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာစက်မှုဇုန်က တွင်ခုံ အလုပ်လုပ်သူ ၁ ဦးဟာ ၁၁၀ ဆိုင်ကယ် အင်ဂျင်တပ်ပြီး ၄ ယောက်စီး မော်တော်ယာဉ်တစီး ပြုလုပ်မောင်းနှင်လိုက်ပါတယ်။

တွင်ခုံလုပ်တဲ့ ကိုမှိုင်းဝေက “အားတဲ့အချိန်လေးမှာ လုပ်ထားတာပါ။ ၆ သိန်းလောက်ပဲ ကုန်တယ်။ မိုင် ၈၀ လောက်တော့ သူငယ်ချင်း ၄ ယောက်နဲ့ သွားပြီးပြီ။ အသွား အပြန် ဓာတ်ဆီဖိုး ၄ ထောင် လောက်ကုန်တယ်။ တနာရီကို မိုင် ၃၀ လောက် သွားလို့ရတယ်။ တွင်ခုံကရတဲ့ လုပ်အားခလေးနဲ့ အကြမ်းပဲ လုပ်ထားတာပါ။ တာယာနဲ့ ဘီးခွေကလည်း ဆိုင်ကယ်ပြင်ဆိုင်တွေက အဟောင်းဝယ်ပြီး တပ်ထားတာပါ။ အင်ဂျင်ကတော့ ၁ သိန်း ၂ သောင်းနဲ့ ဝယ်တယ်။ ဆိုင်ကယ်စီးရတာထက် လူသက်သာတယ်”လို့ ပြောပါတယ်။

ခုလို မော်တော်ကားကို ကိုယ်တိုင် ဖန်တီးမောင်းနှင်နေတဲ့အပေါ် ဒေသခံတွေက နှစ်သက် သဘောကျနေကြပါတယ်။

ဒေသခံ ကိုဝင်းအောင်က “ဆိုင်ကယ်အင်ဂျင်တပ်ပြီး ပေပါပြား‎တွေကို ဘော်ဒီရိုက်ထားတဲ့ ၄ ယောက်စီး ကားလေးကို သဘောကျတယ်။ ကြံဖန်ပြီး တီထွင်တတ်တာကိုလည်း ချီးကျူးမိတယ်။ အကြမ်းဖျင်း လုပ်ထားတာလေးတောင် သဘောကျနေတာ သင်္ဘောဆေးကောင်းကောင်း ထိုင်ခုံကောင်းတာတွေနဲ့ သေချာလုပ်လိုက်ရင် ရှယ်ဖြစ်သွားမှာပါ” လို့ ပြောပါတယ်။

အဆိုပါ ကားဟာ ကုန်ချိန်ပိဿာ ၂၀၀ ကျော်လောက် တင်နိုင်ပြီး လိုက်ထရပ်က စတီယာရင်၊ လေး၊ တိုင်းရော့တွေ တပ်ဆင်ထားသို ဘက်ဂီယာကိုတော့ တရုတ်သုံးဘီးမှာ သုံးတဲ့ ဂီယာကို အသုံးပြုထားတာ ဖြစ်ပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top