မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×

ငွေကြေးအခက်အခဲကြောင့် အပြာကားတွေရိုက်ကူးရင်း ကျောင်းစရိတ်ရှာခဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ် Belle Knox ဆိုတဲ့ ကောင်မလေးတစ်ယောက် သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဘ၀အခက်အခဲလေးတွေကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။







#Unicode Version#
ငွေကြေးအခက်အခဲကြောင့် အပြာကားတွေရိုက်ကူးရင်း ကျောင်းစရိတ်ရှာခဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ် Belle Knox ဆိုတဲ့ ကောင်မလေးတစ်ယောက် သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဘဝအခက်အခဲလေးတွေကို ဗဟုုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အသက် (၁၈) နှစ်မှာ စတင်ပြီး အပြာလောကထဲ ဝင်ရောက်ခဲ့တဲ့ Knox ဟာ အခုအခါမှာတော့ ထရိုင်ဘက်ကာ (Tribeca) ဒေသမှာ ရှိတဲ့ နာမည်ကြီး နယူးရော့ဥပဒေကျောင်း (New York Law School) ကို တက်ရောက်နေပြီ ဖြစ်ပါတယ်။ ကျောင်းစရိတ်နဲ့ သင်တန်းကြေး များလွန်းတဲ့အတွက်ကြောင့် ကြံရာမရခဲ့တဲ့ သူမဟာ (၂၀၁၄) ခုနှစ် မတ်လမှာ အဖော်အချွတ်တွေ ရိုက်ကူးရင်း အပြာလောကထဲ ဝင်ရောက်လာခဲ့တာပါ။

Knox နဲ့ ပတ်သက်ပြီး လူတွေအသိများကြတဲ့ အချက်ကတော့ ပေါင်တံမှာ ဓားနဲ့ခြစ်ထားတဲ့ FAT ဆိုတဲ့ အမာရွတ်ပါပဲ။ သူမရဲ့ ပြောပုံအရတော့ အရင်ကတွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းက သူမကို ဝတယ်ဆိုပြီး မကြာခဏနှိမ်ခဲ့တဲ့အတွက် သူမရဲ့ ပေါင်တံမှာ FAT ဆိုတဲ့ စကားလုံးကို ဓားနဲ့ ခြစ်ပစ်ခဲ့တာပါတဲ့။ Knox လျှောက်ခဲ့တဲ့ ဥပဒေကျောင်းကလည်း သူမရဲ့ ပင်ကိုယ်စရိုက်ကို သိထားပေမယ့် ဒါတွေဟာ ငယ်ရွယ်သူတွေမှာ ဖြစ်တတ်တဲ့ အမှားတွေပဲလို့ သုံးသပ်ခဲ့ပါတယ်။

တစ်နှစ်ကို ဒေါ်လာ ၆သောင်း ကုန်ကျမယ့် သူမရဲ့ ကျောင်းစရိတ်အတွက် အပြာကားရိုက်ဖို့ ဆုံးဖြတ်ချက်ကို သူမရဲ့ မိဘတွေက အစပိုင်းမှာ သဘောမကျခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အပြည့်အဝထောက်ခံပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အံ့သြစရာကောင်းတာကတော့ စိတ်ဓာတ်ကျရောဂါခံစားခဲ့ရတဲ့ သူမ လူငယ်ဘဝမှာ ဆိုးချင်တိုင်းဆိုးခဲ့ပေမယ့် Knox ရဲ့ မိဘတွေဟာ အရင်လို ချစ်မြဲ ဂရုစိုက်မြဲပါပဲ။

သူမရဲ့ ပထမဆုံးရိုက်ခဲ့တဲ့ အပြာကားနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တဲ့အခါမှာ ဒါဟာ သူမအတွက်တော့ တကယ့်ကို နာကျင်ဖွယ်ရာ ရိုက်ကွင်းတစ်ခုပါပဲ။ သူမနာမည်ကိုလည်း ရုတ်ရင်းကြမ်းတမ်းစွာ ခေါ်နေကြတဲ့အပြင် ရိုက်နေတဲ့အချိန်မှာလည်း စိတ်ထဲ မနှစ်မြို့သလို ခံစားခဲ့ရပါတယ်လို့ ပြောခဲ့ပါတယ်။

Knox ကတော့ အတန်းမရှိတဲ့ နေ့ရက်တွေမှာ အပြာကားရိုက်ကူးတာအပြင် ဖီးနစ်မြို့ (Phoenix) နဲ့ နယူးရော့မြို့ (New York) မြို့မှာ အဖော်အချွတ်ပုံ ရိုက်တာတွေ ပြုလုပ်တတ်ပါတယ်တဲ့။ အခုချိန်မှာ ပညာရေးပိုင်းကို အာရုံစိုက်ဖို့ ဆုံးဖြတ်ထားတဲ့ သူမကတော့ Grade တွေ ပိုကောင်းလာဖို့အတွက် ဇာတ်ကားရိုက်တာတွေ ခေတ္တခဏ နားထားပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Ye Myo Myat(MyanmarNote)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top