ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

သင္ သရဲ၊ တေစၦ ေတြကို ယုံပါသလား ?

ဒါဟာလူတိုင္းေမးေလ့ရွိၾကတဲ့ ေမးခြန္းပါ၊ သရဲ ၊ တေစၦနဲ႔ ဝိညာဥ္ဆိုတဲ့ အရာေတြ တကယ္ရွိမရွိဆိုတာဟာ ေရွးယခင္ကတည္းကေန ယေန႔ထက္တိုင္ ျငင္းခုန္ေနၾကဆဲ အေၾကာင္းအရာတစ္ခုပါ။ ယေန႔ရွင္သန္ေနတဲ့ လူသားမ်ားရဲ႕ တစ္ဝက္ေလာက္က သရဲရွိတယ္ဆိုတာကို မယုံဘူးလို႔ မျငင္းၾကပါဘူး၊ တစ္ျခားတစ္ဝက္ကေတာ့ သိပၸံနည္းက်ရွင္းျပႏိုင္တဲ့ ကိစၥမ်ားကိုသာ ယုံၾကည္ၿပီး၊ ဝိညာဥ္ေလာကဆိုတာ စိတ္ကူးယဥ္လုပ္ႀကံဇာတ္လမ္းေတြပါလို႔ ထင္ျမင္ယူဆထားၾကပါတယ္။သရဲကို ယုံမယုံမစဥ္းစားခင္၊ သရဲ ဆိုတာဘာလည္းလို႔ ေမးၾကည့္ရေအာင္..

ေယဘူယ်အားျဖင့္ သရဲဆိုေသာ အယူအဆက၊ လူတစ္ဦး (သို႔မဟုတ္) ရွင္သန္ေနတဲ့ ခႏၶာကိုယ္တစ္ခု ေသဆုံးသြားၿပီးေနာက္ ျဖစ္ေပၚလာတဲ့ ခႏၶာမရွိတဲ့အေျခအေန၊ တမလြန္ဘ၀ တစ္ခုလို႔ လူအမ်ားက ယူဆထားၾကၿပီး အမ်ားစုေသာ ဘာသာေရးအယူအဆမ်ားထဲမွာလည္း တေစၦ၊ သရဲ၊ နတ္၊ မွင္စာ နဲ႔ မေကာင္းဆိုးဝါးသတၱဝါေတြအေပၚ ယုံၾကည္မႈေတြရွိေနတက္ပါတယ္။ ဒီၾကားထဲ ေသြးစုတ္ဖုတ္ေကာင္၊ စုန္း၊ သမန္းဝံပုေလြ၊ သမန္းက်ား ယုံၾကည္ေၾကာက္႐ြံ႕သူေတြေတာင္ ရွိပါေသးတယ္။

သရဲဆိုတာ မေသခင္ဘဝမွာ မျဖစ္ေျမာက္လိုက္တဲ့ ဆႏၵေတြကို စြဲလမ္းၿပီး၊ သူတို႔ကိုယ္သူတို႔ ေသမွန္းမသိျဖစ္ေနတဲ့ စိတ္ဝိညာဥ္တစ္ခုလို႔ အမ်ားအားျဖင့္ယူဆပါတယ္။ ႐ုပ္ကမာၻကေန၊ စိတ္ဝိညာဥ္ကမာၻသို႔ အကူးအေျပာင္း၊ သရဲေျခာက္တယ္ဆိုတဲ့ ဇာတ္လမ္းေတြထဲမွာ အရိပ္ေတြ၊ အသံေတြ၊ အနံ႔ေတြ၊ အေငြ႕ေတြ၊ အျမင္နဲ႔ ေျခာက္လွန႔္မႈေတြ စသျဖင့္ နည္းအမ်ိဳးမ်ိဳးနဲ႔ လူသားေတြရဲ႕ ေၾကာက္လန႔္မႈကို အရယူတက္ပါတယ္။

ေသသြားတဲ့ ခႏၶာတိုင္း သရဲ ျဖစ္သလား?

ဒီလိုလည္း မဟုတ္ျပန္ပါဘူး။ အဲ့လိုသာဆို ဟိုးး ကမာၻဦးထဲက ယေန႔ထိေသဆုံးသြားတဲ့ လူေတြ၊ တိရိစာၦန္ေတြရဲ႕ ဝိညာဥ္ေတြနဲ႔ ကမာၻႀကီးကျပည့္ေနမွာေပါ့။ ဒီလိုဆိုေတာ့ သရဲ ဟာဘယ္အခ်ိန္မွာျဖစ္ၿပီး၊ ဘယ္အခ်ိန္မွာကံကုန္တယ္၊ ေနာက္ဘဝဆိုတာရွိမရွိ၊ ဝိညာဥ္ကမာၻတစ္ခုမ်ား သီးသန႔္ရွိေနသလား ေနာက္ဘဝမေရာက္ခင္ စပ္ကူးမတ္ကူးကာလ မွာ လူ တိုင္းဝိညာဥ္ျဖစ္ၾကသလားဆိုတာ ရႈပ္ေထြးေပြလီၿပီး၊ အေျဖမထုတ္ႏိုင္တဲ့ ကိစၥရပ္တစ္ခုပါ။

သရဲ ဘာလို႔ေျခာက္သလဲ?

သဘာဝလြန္ျဖစ္ရပ္ ေလ့လာသူမ်ားဟာ ဝိညာဥ္ေတြဘာလို႔ ၎တို႔ရဲ႕ မူလဘဝကို မစြန႔္ခြာႏိုင္ၾကသလဲ၊ ဘာလို႔ သရဲေျခာက္သလဲဆိုတဲ့ ေမးခြန္းအတြက္ ေအာက္ပါအေျခခံအၾကာင္း အခ်က္ေတြေၾကာင့္လို႔ ယူဆၾကပါတယ္။

-ဝိညာဥ္ မ်ားဟာ ၎တို႔ တည္ရွိေနေၾကာင္း အသိေပးရန္။ (ျမန္မာအယူအဆအရ အမွ်ေဝေစရန္)

-ထို ဝိညာဥ္ မ်ားဟာ သရဲ အေျခာက္ခံရတဲ့သူနဲ႔ သူတို႔နဲ႔ သီးျခားဆက္စပ္ေနတဲ့ ဆက္သြယ္မႈ႕ေတြရွိေနလို႔ျဖစ္ေစ။

-သို႔မဟုတ္ သူတို႔ကိုယ္သူတို႔ ေသမွန္းမသိ ေသသြားရတဲ့ ျဖစ္စဥ္မ်ားေၾကာင့္၊ ၎တို႔ ေသဆုံးသြားၿပီဆိုတာကို မသိရွိပဲ၊ သက္ရွိဘဝမ်ားနဲ႔ ဆက္သြယ္ျခင္း။

သရဲ ရွာေဖြျခင္း….

ဒီေန႔ေခတ္ နည္းပညာ ျမင့္မားလာသည္ႏွင့္အမွ်၊ အပူခ်ိန္၊ အလင္း၊ လႈပ္ရွားမႈ႕ နဲ႔ အသံအာ႐ုံခံစနစ္ေတြ ပါဝင္တဲ့ ေခတ္မီဆန္းျပားတဲ့ ကိရိယာေတြနဲ႔ သရဲရွာပုံေတာ္ဖြင့္ၾကတဲ့ သူေတြလည္း အမ်ားအျပားေပၚေပါက္ခဲ့ၿပီး၊ သရဲရွိျခင္း၊ မရွိျခင္းကို သက္ေသျပဖို႔ အမ်ိဳးမ်ိဳးႀကိဳးစားခဲ့ၾကပါတယ္။

သိပၸံပညာရွင္တစ္ခ်ိဳ႕ရဲ႕ ေနာက္ထပ္အယူအဆတစ္ခုက ဝိညာဥ္မ်ားကို လႈိင္းမ်ားအျဖစ္ယူဆၿပီး၊ ရွင္သန္ေနခဲ့ေသာလူသားတစ္ဦးရဲ႕ ေနအိမ္၊ အေဆာက္အဦး ထဲမွာ ႏွစ္ေပါင္းမ်ားစြာ လႈပ္ရွားသြားလာမႈ႕ လႈိင္းမ်ား၊ ခႏၶာကိုယ္အပူခ်ိန္လႈိင္းမ်ားက အီနားရွားနိယာမအရ ထိုသူေသဆုံးသြားသည့္တိုင္ ဆက္လက္က်န္ရွိေနၿပီး အေဆာက္အဦးထဲထြင္ ဆက္လက္႐ိုက္ခတ္ေနကာ သရဲေျခာက္သကဲ့သို႔ ျဖစ္ရတယ္လို႔ဆိုပါတယ္။

ထိုသို႔ေသာ အျဖစ္မ်ိဳးက အိုေဟာင္းေသာ ေရွးေဟာင္းအေဆာက္အဦးမ်ားမွာ အျဖစ္မ်ားၿပီး၊ ထိုကဲ့သို႔ ထုႀကီးထည္ႀကီး အေဆာက္အဦးမ်ိဳးက လႈိင္းမ်ားကို ပိုမိုထိန္းထားႏိုင္စြမ္းရွိလို႔ပါ။

သဘာဝလြန္ျဖစ္ရပ္ ေလ့လာသူမ်ားဟာ သရဲ၊ တေစၦ ရွိျခင္း မရွိျခင္းအတြက္ အမ်ိဳးမ်ိဳးေသာ နည္းလမ္းေတြသုံးၿပီးရွာေဖြခဲ့ပါတယ္။ ဥပမာတစ္ခုအေနနဲ႔ TAPS ဆိုတဲ့ သရဲ ရွာေဖြတဲ့ အဖြဲ႕အစည္းတစ္ခုက ဖေလာ္ရီဒါျပည္နယ္က စိန႔္ေအာ္ဂတ္စ္တင္း မီးျပတိုက္သို႔သြားေရာက္ခဲ့ကာ အေဆာက္အဦးၾကားထဲက မိန္းမတစ္ေယာက္ရဲ႕ အသံနဲ႔ အရိပ္ျပမႈ႕ေတြကို ဖမ္းယူရရွိခဲ့ပါတယ္။

ထို႔ျပင္ ဓါတ္ပုံ႐ိုက္ရင္း ဓါတ္ပုံေတြထဲမွာ ပါလာတယ္ဆိုတဲ့ ဝိညာဥ္ပုံေတြလည္း အမ်ားအျပားထြက္ေပၚခဲ့ပါတယ္။ ဒါေတြဟာ ကြန္ျပဴတာနဲ႔ ျပဳျပင္ဖန္တီးထားတာလား၊ တကယ့္အစစ္အမွန္ပဲလားဆိုတာေတာ့ မသိႏိုင္ပါဘူး။ သရဲကို ကိုယ္တိုင္ကိုယ္က် ေတ့ြဖူးပါတယ္ဆိုၿပီး ထြက္ဆိုရွင္းလင္းသူမ်ားလည္း ရွိပါေသးတယ္။

အခ်ိဳ႕ေသာအယူသည္းသူမ်ားကေတာ့ သရဲ၊ တေစၦ မ်ားကို ဆဌမအာ႐ုံ နဲ႔ ဆက္သြယ္ႏိုင္သူမ်ားလည္း ရွိတယ္လို႔ ယုံၾကည္ၾကပါတယ္။ ျမန္မာျပည္မွာလည္း ကိုယ့္ရဲ႕ေဆြမ်ိဳးသားျခင္းေတြ ေသဆုံးကြယ္လြန္သြားသည့္အခါ ဘယ္ဘဝေရာက္ေနမလဲဆိုတာကို ထိုကဲ့သို အာ႐ုံခံႏိုင္သည္ဟူ ေျပာဆိုသူမ်ားထံ ေမးျမန္းၾကမႈ႕မ်ား အမ်ားအျပားရွိပါတယ္။

မည္သို႔ပင္ဆိုေစ တေစၦ၊ သရဲဆိုတာ ႐ုပ္ရွင္ေတြထဲမွာ ၾကည့္ဖူးသလို လူသားမ်ားကို ဒုကၡေပးတဲ့ လူသတ္ေကာင္ မ်ားပါလို႔ တစ္ထစ္ခ် ေျပာလို႔မရပါဘူး။ ယုံၾကည္တယ္ဆိုသူမ်ားအတြက္ ၃၁ဘုံမွာ က်က္စားၾကေသာ ဘဝမ်ားထဲက ဘဝတစ္ခုလို႔သာ မွတ္ယူထားသင့္ပါတယ္။

တစ္ခါတစ္ရံ မိမိရဲ႕ ေၾကာက္စိတ္ကလည္း တေစၦ၊ သရဲ မ်ားကို အလိုလိုပုံေဖာ္ၿပီး မ်က္လုံးထဲ ျမင္သလိုလိုျဖစ္တက္ပါတယ္။ ယုံၾကည္သူမ်ားနဲ႔ မယုံၾကည္သူမ်ားအၾကား တေစၦတကယ္ရွိသလားဆိုတဲ့ ေမးခြန္းကေတာ့ ဆက္လက္က်န္ရွိေနဦးမွာျဖစ္ၿပီး၊ ေလ့လာေဖာ္ထုတ္ၾကမည့္သူမ်ားလည္း ေပၚေပါက္လာဦးမွာျဖစ္ပါတယ္။

ဒီေတာ့ သင့္ကိုလည္း တစ္ခုေလာက္ျပန္ေမးလိုက္ခ်င္ပါတယ္။ သင္ေရာ သရဲ၊ တေစၦမ်ားကို ယုံၾကည္သူတစ္ဦးလား ??

ဖိုးသူေတာ္ (www.phothutaw.com)
Credit: askstylemedia
# Unicode Version ျဖင့္ ဖတ္ပါ #
သင် သရဲ၊ တစ္ဆေ တွေကို ယုံပါသလား ?

ဒါဟာလူတိုင်းမေးလေ့ရှိကြတဲ့ မေးခွန်းပါ၊ သရဲ ၊ တစ္ဆေနဲ့ ဝိညာဉ်ဆိုတဲ့ အရာတွေ တကယ်ရှိမရှိဆိုတာဟာ ရှေးယခင်ကတည်းကနေ ယနေ့ထက်တိုင် ငြင်းခုန်နေကြဆဲ အကြောင်းအရာတစ်ခုပါ။ ယနေ့ရှင်သန်နေတဲ့ လူသားများရဲ့ တစ်ဝက်လောက်က သရဲရှိတယ်ဆိုတာကို မယုံဘူးလို့ မငြင်းကြပါဘူး၊ တစ်ခြားတစ်ဝက်ကတော့ သိပ္ပံနည်းကျရှင်းပြနိုင်တဲ့ ကိစ္စများကိုသာ ယုံကြည်ပြီး၊ ဝိညာဉ်လောကဆိုတာ စိတ်ကူးယဉ်လုပ်ကြံဇာတ်လမ်းတွေပါလို့ ထင်မြင်ယူဆထားကြပါတယ်။သရဲကို ယုံမယုံမစဉ်းစားခင်၊ သရဲ ဆိုတာဘာလည်းလို့ မေးကြည့်ရအောင်..

ယေဘူယျအားဖြင့် သရဲဆိုသော အယူအဆက၊ လူတစ်ဦး (သို့မဟုတ်) ရှင်သန်နေတဲ့ ခန္ဓာကိုယ်တစ်ခု သေဆုံးသွားပြီးနောက် ဖြစ်ပေါ်လာတဲ့ ခန္ဓာမရှိတဲ့အခြေအနေ၊ တမလွန်ဘ၀ တစ်ခုလို့ လူအများက ယူဆထားကြပြီး အများစုသော ဘာသာရေးအယူအဆများထဲမှာလည်း တစ္ဆေ၊ သရဲ၊ နတ်၊ မှင်စာ နဲ့ မကောင်းဆိုးဝါးသတ္တဝါတွေအပေါ် ယုံကြည်မှုတွေရှိနေတက်ပါတယ်။ ဒီကြားထဲ သွေးစုတ်ဖုတ်ကောင်၊ စုန်း၊ သမန်းဝံပုလွေ၊ သမန်းကျား ယုံကြည်ကြောက်ရွံ့သူတွေတောင် ရှိပါသေးတယ်။

သရဲဆိုတာ မသေခင်ဘဝမှာ မဖြစ်မြောက်လိုက်တဲ့ ဆန္ဒတွေကို စွဲလမ်းပြီး၊ သူတို့ကိုယ်သူတို့ သေမှန်းမသိဖြစ်နေတဲ့ စိတ်ဝိညာဉ်တစ်ခုလို့ အများအားဖြင့်ယူဆပါတယ်။ ရုပ်ကမ္ဘာကနေ၊ စိတ်ဝိညာဉ်ကမ္ဘာသို့ အကူးအပြောင်း၊ သရဲခြောက်တယ်ဆိုတဲ့ ဇာတ်လမ်းတွေထဲမှာ အရိပ်တွေ၊ အသံတွေ၊ အနံ့တွေ၊ အငွေ့တွေ၊ အမြင်နဲ့ ခြောက်လှန့်မှုတွေ စသဖြင့် နည်းအမျိုးမျိုးနဲ့ လူသားတွေရဲ့ ကြောက်လန့်မှုကို အရယူတက်ပါတယ်။

သေသွားတဲ့ ခန္ဓာတိုင်း သရဲ ဖြစ်သလား?

ဒီလိုလည်း မဟုတ်ပြန်ပါဘူး။ အဲ့လိုသာဆို ဟိုးး ကမ္ဘာဦးထဲက ယနေ့ထိသေဆုံးသွားတဲ့ လူတွေ၊ တိရိစ္ဆာန်တွေရဲ့ ဝိညာဉ်တွေနဲ့ ကမ္ဘာကြီးကပြည့်နေမှာပေါ့။ ဒီလိုဆိုတော့ သရဲ ဟာဘယ်အချိန်မှာဖြစ်ပြီး၊ ဘယ်အချိန်မှာကံကုန်တယ်၊ နောက်ဘဝဆိုတာရှိမရှိ၊ ဝိညာဉ်ကမ္ဘာတစ်ခုများ သီးသန့်ရှိနေသလား နောက်ဘဝမရောက်ခင် စပ်ကူးမတ်ကူးကာလ မှာ လူ တိုင်းဝိညာဉ်ဖြစ်ကြသလားဆိုတာ ရှုပ်ထွေးပွေလီပြီး၊ အဖြေမထုတ်နိုင်တဲ့ ကိစ္စရပ်တစ်ခုပါ။

သရဲ ဘာလို့ခြောက်သလဲ?

သဘာဝလွန်ဖြစ်ရပ် လေ့လာသူများဟာ ဝိညာဉ်တွေဘာလို့ ၎င်းတို့ရဲ့ မူလဘဝကို မစွန့်ခွာနိုင်ကြသလဲ၊ ဘာလို့ သရဲခြောက်သလဲဆိုတဲ့ မေးခွန်းအတွက် အောက်ပါအခြေခံအကြာင်း အချက်တွေကြောင့်လို့ ယူဆကြပါတယ်။

-ဝိညာဉ် များဟာ ၎င်းတို့ တည်ရှိနေကြောင်း အသိပေးရန်။ (မြန်မာအယူအဆအရ အမျှဝေစေရန်)

-ထို ဝိညာဉ် များဟာ သရဲ အခြောက်ခံရတဲ့သူနဲ့ သူတို့နဲ့ သီးခြားဆက်စပ်နေတဲ့ ဆက်သွယ်မှု့တွေရှိနေလို့ဖြစ်စေ။

-သို့မဟုတ် သူတို့ကိုယ်သူတို့ သေမှန်းမသိ သေသွားရတဲ့ ဖြစ်စဉ်များကြောင့်၊ ၎င်းတို့ သေဆုံးသွားပြီဆိုတာကို မသိရှိပဲ၊ သက်ရှိဘဝများနဲ့ ဆက်သွယ်ခြင်း။

သရဲ ရှာဖွေခြင်း….

ဒီနေ့ခေတ် နည်းပညာ မြင့်မားလာသည်နှင့်အမျှ၊ အပူချိန်၊ အလင်း၊ လှုပ်ရှားမှု့ နဲ့ အသံအာရုံခံစနစ်တွေ ပါဝင်တဲ့ ခေတ်မီဆန်းပြားတဲ့ ကိရိယာတွေနဲ့ သရဲရှာပုံတော်ဖွင့်ကြတဲ့ သူတွေလည်း အများအပြားပေါ်ပေါက်ခဲ့ပြီး၊ သရဲရှိခြင်း၊ မရှိခြင်းကို သက်သေပြဖို့ အမျိုးမျိုးကြိုးစားခဲ့ကြပါတယ်။

သိပ္ပံပညာရှင်တစ်ချို့ရဲ့ နောက်ထပ်အယူအဆတစ်ခုက ဝိညာဉ်များကို လှိုင်းများအဖြစ်ယူဆပြီး၊ ရှင်သန်နေခဲ့သောလူသားတစ်ဦးရဲ့ နေအိမ်၊ အဆောက်အဦး ထဲမှာ နှစ်ပေါင်းများစွာ လှုပ်ရှားသွားလာမှု့ လှိုင်းများ၊ ခန္ဓာကိုယ်အပူချိန်လှိုင်းများက အီနားရှားနိယာမအရ ထိုသူသေဆုံးသွားသည့်တိုင် ဆက်လက်ကျန်ရှိနေပြီး အဆောက်အဦးထဲထွင် ဆက်လက်ရိုက်ခတ်နေကာ သရဲခြောက်သကဲ့သို့ ဖြစ်ရတယ်လို့ဆိုပါတယ်။

ထိုသို့သော အဖြစ်မျိုးက အိုဟောင်းသော ရှေးဟောင်းအဆောက်အဦးများမှာ အဖြစ်များပြီး၊ ထိုကဲ့သို့ ထုကြီးထည်ကြီး အဆောက်အဦးမျိုးက လှိုင်းများကို ပိုမိုထိန်းထားနိုင်စွမ်းရှိလို့ပါ။

သဘာဝလွန်ဖြစ်ရပ် လေ့လာသူများဟာ သရဲ၊ တစ္ဆေ ရှိခြင်း မရှိခြင်းအတွက် အမျိုးမျိုးသော နည်းလမ်းတွေသုံးပြီးရှာဖွေခဲ့ပါတယ်။ ဥပမာတစ်ခုအနေနဲ့ TAPS ဆိုတဲ့ သရဲ ရှာဖွေတဲ့ အဖွဲ့အစည်းတစ်ခုက ဖလော်ရီဒါပြည်နယ်က စိန့်အော်ဂတ်စ်တင်း မီးပြတိုက်သို့သွားရောက်ခဲ့ကာ အဆောက်အဦးကြားထဲက မိန်းမတစ်ယောက်ရဲ့ အသံနဲ့ အရိပ်ပြမှု့တွေကို ဖမ်းယူရရှိခဲ့ပါတယ်။

ထို့ပြင် ဓါတ်ပုံရိုက်ရင်း ဓါတ်ပုံတွေထဲမှာ ပါလာတယ်ဆိုတဲ့ ဝိညာဉ်ပုံတွေလည်း အများအပြားထွက်ပေါ်ခဲ့ပါတယ်။ ဒါတွေဟာ ကွန်ပြူတာနဲ့ ပြုပြင်ဖန်တီးထားတာလား၊ တကယ့်အစစ်အမှန်ပဲလားဆိုတာတော့ မသိနိုင်ပါဘူး။ သရဲကို ကိုယ်တိုင်ကိုယ်ကျ တေ့ွဖူးပါတယ်ဆိုပြီး ထွက်ဆိုရှင်းလင်းသူများလည်း ရှိပါသေးတယ်။

အချို့သောအယူသည်းသူများကတော့ သရဲ၊ တစ္ဆေ များကို ဆဌမအာရုံ နဲ့ ဆက်သွယ်နိုင်သူများလည်း ရှိတယ်လို့ ယုံကြည်ကြပါတယ်။ မြန်မာပြည်မှာလည်း ကိုယ့်ရဲ့ဆွေမျိုးသားခြင်းတွေ သေဆုံးကွယ်လွန်သွားသည့်အခါ ဘယ်ဘဝရောက်နေမလဲဆိုတာကို ထိုကဲ့သို အာရုံခံနိုင်သည်ဟူ ပြောဆိုသူများထံ မေးမြန်းကြမှု့များ အများအပြားရှိပါတယ်။

မည်သို့ပင်ဆိုစေ တစ္ဆေ၊ သရဲဆိုတာ ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးသလို လူသားများကို ဒုက္ခပေးတဲ့ လူသတ်ကောင် များပါလို့ တစ်ထစ်ချ ပြောလို့မရပါဘူး။ ယုံကြည်တယ်ဆိုသူများအတွက် ၃၁ဘုံမှာ ကျက်စားကြသော ဘဝများထဲက ဘဝတစ်ခုလို့သာ မှတ်ယူထားသင့်ပါတယ်။

တစ်ခါတစ်ရံ မိမိရဲ့ ကြောက်စိတ်ကလည်း တစ္ဆေ၊ သရဲ များကို အလိုလိုပုံဖော်ပြီး မျက်လုံးထဲ မြင်သလိုလိုဖြစ်တက်ပါတယ်။ ယုံကြည်သူများနဲ့ မယုံကြည်သူများအကြား တစ္ဆေတကယ်ရှိသလားဆိုတဲ့ မေးခွန်းကတော့ ဆက်လက်ကျန်ရှိနေဦးမှာဖြစ်ပြီး၊ လေ့လာဖော်ထုတ်ကြမည့်သူများလည်း ပေါ်ပေါက်လာဦးမှာဖြစ်ပါတယ်။

ဒီတော့ သင့်ကိုလည်း တစ်ခုလောက်ပြန်မေးလိုက်ချင်ပါတယ်။ သင်ရော သရဲ၊ တစ္ဆေများကို ယုံကြည်သူတစ်ဦးလား ??

ဖိုးသူတော် (www.phothutaw.com)
Credit: askstylemedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top