ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ခိုင္ျမဲတဲ့ ဘဝကိုတည္ေထာင္ခဲ့ၾကတဲ့ ခ်စ္သူတိုင္း ယံုၾကည္မႈကိုအရင္းခံခဲ့ၾကတာခ်ည္းပါ။ ဒါေပမဲ့ တခါတေလမွာ လၽွိ႔ဝွက္ခ်က္တခ်ိဳ႕က ဆက္ဆံေရးပ်က္ျပားရံုသာမက အသက္အႏၱရာယ္ပါ ထိခိုက္ႏိုင္တယ္ဆို သင္ယံုမလား။ သတင္းတစ္ခုအရ Alabama က ဇနီးေမာင္ႏွံဟာ ထိုအျဖစ္ဆိုးနဲ႔ၾကံဳခဲ့ ရပါတယ္။ ျဖစ္စဥ္ကေတာ့ လင္ေယာက်္ားက အိမ္သူသက္ထားကို အၾကမ္းဖက္လို႔ အဖမ္းခံခဲ့ရျခင္းပါ။

ဘာေၾကာင့္လဲဆိုတဲ့ သင့္အေတြးေနာက္မွာ အေျဖေတြအမ်ားႀကီးပါလာမွာအေသအခ်ာပါ။ ဒါေပမဲ့ ျဖစ္စဥ္အမွန္ကိုေတြးမိသူရွားမွာပါ။ အေၾကာင္းက ေတာ့ အိမ္သူသက္ထားက ေဖာက္ျပန္ရံုမက အင္တာနက္လိင္ေဖ်ာ္ေျဖေရးကို လုပ္ေဆာင္ေနလို႔ပါပဲ။ အသက္ ၄၄ႏွစ္အရြယ္ ဝီလီယံ ဂ်က္(ဖ္) ဝက္(စ္) ဟာ သူ႔အိမ္သူ ကတ္(ထ) ဝက္(စ္) ကိုသတ္မႈနဲ႔ မၾကာေသးမီက အဖမ္းခံခဲ့ရပါတယ္။ ဒီျဖစ္စဥ္နဲ႔ပတ္သတ္ပီး ရဲဌာနက ဘာမွအတိအက် မထုတ္ျပန္ေပမဲ့ ရဲမႉး ဆင္း(န္) လီမလီ ကေတာ့

” ကၽြန္ေတာ္တို႔ အခင္းျဖစ္တဲ့ေန႔က ျဖစ္စဥ္ကို အတိအက်သိထားပါတယ္။ အဲ့ဒီအတြက္ သက္ေသအခိုင္အလံုရပီးသားပါ။ ” လို႔ေျပာခဲ့ပါတယ္။

သတင္းေတြအရ ကေလးတေယာက္အေမ ကတ္(ထ) ဟာ မေပၚတေပၚအဝတ္အစားနဲ႔ ပုရိသတို႔ရဲ႕ စိတ္ကိုဆြဲေဆာင္ခဲ့တာပါ။ ဒါ့အျပင္ ကတ္(ထ)ဟာ ကစ္(တ)တီ ကတ္(ထ) အမည္နဲ႔ တြစ္တာနဲ႔ အင္စတာဂရမ္ တို႔မွာ လူသိမ်ားပီး သူ႔မရဲ႕ မိေမြးတိုင္းဖေမြးတိုင္း ပံုေတြကို ျပပီး ေငြရွာခဲ့ပါေသးတယ္။

အစပိုင္းမွာေတာ့ သူ႔ေယာက်္ားက အရက္ရဲ႕ေက်းကၽြန္ျဖစ္ပီး ေသဆံုးခဲ့တာပါလို႔ ေျပာေနခဲ့တာပါ။

အခင္းမျဖစ္ခင္ ၈နာရီအလိုမွာ သူတို႔စံုတြဲက ယာမကာစတိုး တစ္ခုမွာရွိေနခဲ့ပါတယ္။

စီစီတီဗီ မွတ္တမ္းေတြက ဂ်က္(ဖ္) ဟာ ကတ္(ထ)ရဲ႕ေနာက္ပိုင္းအလွ ကိုပြတ္သတ္ေပးရင္း ဟိုတယ္တစ္ခုထဲေနာက္ဆံုးဝင္သြားခဲ့တယ္လို႔ေဖာ္ျပေနပါတယ္။

ဒါေပမဲ့ ကတ္(ထ)ကိုျပန္ေတြ႕ခ်ိန္မွာ ကတ္(ထ)ဟာ မေပၚတေပၚအဝတ္အစားနဲ႔ ေမွာက္ရက္အေနအထား သူ႔တို႔အိမ္နားမွာပါ။ သူ႔ရဲ႕ဖုန္းနဲ႔ Absinthe ပုလင္းအခြံ႕ လည္းမလွမ္းမကမ္းမွာရွိေနပါတယ္။ ဆင္း(န္)က

” အျဖစ္ဆိုးက မထင္မွတ္ထားေလာက္ေအာင္ ျမန္ဆန္လြန္းတယ္ဗ်ာ။ ဘာမဆိုျဖစ္သြားႏိုင္တဲ့ အေျခအေနဗ်” လို႔ေျပာခဲ့ပါတယ္။

ဂ်က္(ဖ္) ဟာ စစ္မႈထမ္းဖူးပီး လက္ရွိ Birmingham Southern College မွာ ေက်ာင္းဝင္း လံုျခံဳေရးအရာရွိပါ။ အခင္းျဖစ္တဲ့ကာလမွာ ဂ်က္(ဖ္) ဟာ ခြင့္ယူထားပီး သတင္းေတြအရ သူ႔လက္ရွိအလုပ္ကေနလည္း ထုတ္ပယ္ခံရေတာ့မွာပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: စပြန္႔ (Daily Hot News)

#Unicode Version#
ခိုင်မြဲတဲ့ ဘဝကိုတည်ထောင်ခဲ့ကြတဲ့ ချစ်သူတိုင်း ယုံကြည်မှုကိုအရင်းခံခဲ့ကြတာချည်းပါ။ ဒါပေမဲ့ တခါတလေမှာ လျှိ့ဝှက်ချက်တချို့က ဆက်ဆံရေးပျက်ပြားရုံသာမက အသက်အန္တရာယ်ပါ ထိခိုက်နိုင်တယ်ဆို သင်ယုံမလား။ သတင်းတစ်ခုအရ Alabama က ဇနီးမောင်နှံဟာ ထိုအဖြစ်ဆိုးနဲ့ကြုံခဲ့ ရပါတယ်။ ဖြစ်စဉ်ကတော့ လင်ယောကျ်ားက အိမ်သူသက်ထားကို အကြမ်းဖက်လို့ အဖမ်းခံခဲ့ရခြင်းပါ။

ဘာကြောင့်လဲဆိုတဲ့ သင့်အတွေးနောက်မှာ အဖြေတွေအများကြီးပါလာမှာအသေအချာပါ။ ဒါပေမဲ့ ဖြစ်စဉ်အမှန်ကိုတွေးမိသူရှားမှာပါ။ အကြောင်းက တော့ အိမ်သူသက်ထားက ဖောက်ပြန်ရုံမက အင်တာနက်လိင်ဖျော်ဖြေရေးကို လုပ်ဆောင်နေလို့ပါပဲ။ အသက် ၄၄နှစ်အရွယ် ဝီလီယံ ဂျက်(ဖ်) ဝက်(စ်) ဟာ သူ့အိမ်သူ ကတ်(ထ) ဝက်(စ်) ကိုသတ်မှုနဲ့ မကြာသေးမီက အဖမ်းခံခဲ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သတ်ပီး ရဲဌာနက ဘာမှအတိအကျ မထုတ်ပြန်ပေမဲ့ ရဲမှူး ဆင်း(န်) လီမလီ ကတော့

” ကျွန်တော်တို့ အခင်းဖြစ်တဲ့နေ့က ဖြစ်စဉ်ကို အတိအကျသိထားပါတယ်။ အဲ့ဒီအတွက် သက်သေအခိုင်အလုံရပီးသားပါ။ ” လို့ပြောခဲ့ပါတယ်။

သတင်းတွေအရ ကလေးတယောက်အမေ ကတ်(ထ) ဟာ မပေါ်တပေါ်အဝတ်အစားနဲ့ ပုရိသတို့ရဲ့ စိတ်ကိုဆွဲဆောင်ခဲ့တာပါ။ ဒါ့အပြင် ကတ်(ထ)ဟာ ကစ်(တ)တီ ကတ်(ထ) အမည်နဲ့ တွစ်တာနဲ့ အင်စတာဂရမ် တို့မှာ လူသိများပီး သူ့မရဲ့ မိမွေးတိုင်းဖမွေးတိုင်း ပုံတွေကို ပြပီး ငွေရှာခဲ့ပါသေးတယ်။

အစပိုင်းမှာတော့ သူ့ယောကျ်ားက အရက်ရဲ့ကျေးကျွန်ဖြစ်ပီး သေဆုံးခဲ့တာပါလို့ ပြောနေခဲ့တာပါ။

အခင်းမဖြစ်ခင် ၈နာရီအလိုမှာ သူတို့စုံတွဲက ယာမကာစတိုး တစ်ခုမှာရှိနေခဲ့ပါတယ်။

စီစီတီဗီ မှတ်တမ်းတွေက ဂျက်(ဖ်) ဟာ ကတ်(ထ)ရဲ့နောက်ပိုင်းအလှ ကိုပွတ်သတ်ပေးရင်း ဟိုတယ်တစ်ခုထဲနောက်ဆုံးဝင်သွားခဲ့တယ်လို့ဖော်ပြနေပါတယ်။

ဒါပေမဲ့ ကတ်(ထ)ကိုပြန်တွေ့ချိန်မှာ ကတ်(ထ)ဟာ မပေါ်တပေါ်အဝတ်အစားနဲ့ မှောက်ရက်အနေအထား သူ့တို့အိမ်နားမှာပါ။ သူ့ရဲ့ဖုန်းနဲ့ Absinthe ပုလင်းအခွံ့ လည်းမလှမ်းမကမ်းမှာရှိနေပါတယ်။ ဆင်း(န်)က

” အဖြစ်ဆိုးက မထင်မှတ်ထားလောက်အောင် မြန်ဆန်လွန်းတယ်ဗျာ။ ဘာမဆိုဖြစ်သွားနိုင်တဲ့ အခြေအနေဗျ” လို့ပြောခဲ့ပါတယ်။

ဂျက်(ဖ်) ဟာ စစ်မှုထမ်းဖူးပီး လက်ရှိ Birmingham Southern College မှာ ကျောင်းဝင်း လုံခြုံရေးအရာရှိပါ။ အခင်းဖြစ်တဲ့ကာလမှာ ဂျက်(ဖ်) ဟာ ခွင့်ယူထားပီး သတင်းတွေအရ သူ့လက်ရှိအလုပ်ကနေလည်း ထုတ်ပယ်ခံရတော့မှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: စပွန့် (Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top