ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အလယ္လတ္နွင့္ ျပင္းထန္အဆင့္ရွိ ၀က္ျခံမ်ားသည္ အမာရြတ္မ်ားထင္က်န္ခဲ့တတ္ျကသည္။ ဠင္းတို့ကို ၀က္ျခံခ်ိဳင့္ခြက္မ်ားဟုေခၚသည္။ ၀က္ျခံေပါက္ေသာေနရာမွအေ၇ျပား ပ်က္စီးသြားျခင္းေျကာင့္ ထိုခ်ိဳင့္ခြက္မ်ားျဖစ္ေပၚလာရျခင္းျဖစ္သည္။

၄င္းတို႕သည္ အျမင္ဆိုးေသာ္လည္း ကုသ၍ရနိုင္ေျကာင္း အေမရိကန္နိုင္ငံမွ အေရျပားဆရာ၀န္မ်ားကဆိုထားသည္။ လံုျခံဳစိတ္ခ်ရျပီး အာနိသင္ထိေရာက္ေသာ ကုသမႈမ်ားစြာရွိပါသည္။ အေ၇ျပားတြင္းထဲသို႕ခ်ိဴင့္၀င္ေနေသာ ၀က္ျခံအမာရြတ္မ်ားမွလြဲ၍ အျခားဖုထစ္ေနေသာအမာရြတ္မ်ားကို ဆိုးက်ိဳးမရွိဘဲဖယ္ရွားနိုင္ပါသည္။

လူတဦးနွင့္ တဦးကုသမႈပံုစံျခင္းမတူညီပါ။ အမ်ိုဳးမ်ိဳးေသာ နည္းလမ္းမ်ားျဖင့္ အရြယ္ေရာက္ျပီးေသာလူမ်ား၏ ၀က္ျခံအမာရြတ္မ်ားကို ကုသနိုင္ပါသည္။
အေရျပားဆရာ၀န္မ်ားမွ ေထာက္ခံထားေသာ ကုသမႈမ်ား

လံုျခံဳစိတ္ခ်ရျပီး အာနိသင္ထိေရာက္ေသာ ကုသမႈမ်ားရရွိရန္ ဆရာ၀န္နွင့္ ပထမဦးစြာတိုင္ပင္သင့္ပါသည္။ ထိုအခါ ဆရာ၀န္က သင့္ အေရျပားနွင့္ အမာရြတ္ပံုစံကိုေသခ်ာစြာ သ္ရွိနိုင္ေပလိမ့္မည္။သင္႕ကို၀က္ျခံျပသနာနွင့္ ပက္သက္၍ခံစားရပံုနွင့္ ျဖစ္စဥ္အခ်ိဳ႕ကိုေမးျမန္းနိုင္သည္။

ဆရာ၀န္နွင့္ သြားမျပမီ သင္သည္ ဘာေျကာင့္၀က္ျခံကိုကုဖို႔လိုအပ္တယ္ထင္လဲ။ ၀က္ျခံကုျပီးရင္ သင့္အသားအေ၇ကို ဘယ္အတို္င္းအတာအထိေကာင္းဖို႕ေမွ်ာ္လင့္ထားသလဲ။ သင္သည္ ကုသမႈနွင့္ ပက္သက္ျပီး ပိုက္ဆံဘယ္ေလာက္အသံုးျပဳမလဲ။ စသျဖင့္ ျကိဳစဥ္းစားထားပါ။

အထက္ပါ အခ်က္မ်ားအေပၚမူတည္ျပီး သင့္အေရျပားဆရာ၀န္က သင္နွင့္ အသင့္ေတာ္ဆံုးျဖစ္မည့္ကုသမႈမ်ိဳးကို ေရြးခ်ယ္ေပးလိမ့္မည္။ ကုသမႈသည္ အမာရြတ္ပံုစံနွင့္ အမာရြတ္ျဖစ္ေသာ ေနရာေပၚတြင္မူူတည္ျပီး ကြာျခားမႈရွိသည္။

အေ၇ျပားတြင္းထဲသို႕ခ်ိဴင့္၀င္ေနေသာ ၀က္ျခံအမာရြတ္နွင့္ ဖုထစ္ေနေသာအမာရြတ္ဟူ၍ ၂မ်ိဳးရွိသည္။အေရျပားတြင္းထဲသို႕ခ်ိဴင့္၀င္ေနေသာ ၀က္ျခံအမာရြတ္ရွိေသာ သူမ်ားတြင္ ခြဲစတ္ကုသျခင္း၊ အေရျပားအသစ္ျပန္လည္ေမြးဖြားျခင္း၊ အေရျပားျပည့္ေဆး က်စ္ေဆးမ်ားသံုးျခင္း၊ ေကာ္လဂွင္ဓာတ္မ်ားျပန္ျဖည့္ေပးျခင္းနွင့္ လွ်ပ္စစ္လႈိုင္းမ်ားျဖင့္ အေရျပားကိုျပဳျပင္ျခင္း စသည့္ နည္းလမ္းမ်ားအနက္ ၂မ်ိဳးနွင့္အထက္ကိုသံုး၍ကုသရသည္။

ဖုထစ္ေနေသာအမာရြတ္မ်ားကိုမူ အထက္ပါနည္းလမ္းမ်ားနွင့္မဟုတ္ဘဲ ထိုအမာရြတ္တြင္းသို႕ ထိုးေဆးမ်ားတိုက္ရိုက္ထိုးသြင္းျခင္းျဖင့္ အေရျပားဆရာ၀န္မ်ားက ကုသျကသည္။ တခါတရံတြင္ Corticosteroids , 5FU < interferon ၊ ဓာတ္ေရာင္ျခည္ စသည္တို႕နွင့္တြဲ၍ခြဲစိတ္မႈမ်ားကိုလည္းျပဳလုပ္ျကသည္။

အဆိုပါကုသမႈမ်ားသည္ အမာရြတ္ျပန္ျဖစ္ျခင္းမွလည္းကာကြယ္ေပးသည္။ ဆရာ၀န္အညႊန္းမပါဘဲ ၀ယ္သံုးနိုင္ေသာ အျခား အမာရြတ္ေပ်ာက္ ခရင္မ္ မ်ားလည္းရွိပါသည္။ ၄င္းတို႕ကလည္း သင့္ အမာရြတ္မ်ားကို က်ံဳ႕သြားေစျခင္း၊ ခ်ပ္သြားေစျခင္း ၊ အေရာင္ေဖ်ာ့သြားေစျခင္း စသည္ျဖင့္ ကူညီေပးလိမ့္မည္။

အခ်ိဳ႕ေသာ အိမ္တြင္းကုထံုးမ်ားသည္ ေသးငယ္ေသာအမာရြတ္မ်ားနွင့္ ၀က္ျခံကို ကုပ္ဖဲ့ျခင္း၊ ညွစ္ျခင္းေျကာင့္ပ္ိုး၀င္သြားျခင္းတို႕ကို ပိုသက္သာေစလိမ့္မည္။

အသံုးမ်ားေသာ အိမ္သံုးကုထံုးမ်ားမွာ စႏၵကူးသား၊ ေရခဲ၊ ခရမ္းခ်ဥ္သီး၊ သခြားသီး၊ ျကက္ဥ၊ နႏြင္း ရွားေစာင္း၊ ပန္းသီး၊ ဗီနီကာ၊ သံပုရာရည္ ၊ပ်ားရည္၊ ေရ ၊ လာဗင္ဒါပန္းအဆီ၊ ပဲနံ႕သာပင္ နွင့္ အျခားေသာ အသီးအရြက္မ်ားတို႕ျဖစ္သည္။

အခ်ဳပ္ဆိုရေသာ္ သင္သည္ သင့္၀က္ျခံအမာရြတ္မ်ားအတြက္ အေျဖရွာမရျဖစ္ေနလွ်င္ မည္သည့္နည္းလမ္းမ်ားနွင့္မွ် မကုသေသးခင္ အေရျပားဆရာ၀န္နွင့္ အရင္ဦးဆံုးတိုင္ပင္ပါ။ ေဖာ္ျပပါ အိမ္တြင္းကုထံုးမ်ားအျပင္ အာဟာရျပည့္၀ေအာင္စားသံုးျခင္းကလည္း သင့္၀က္ျခံအနာကို လွ်င္ျမန္စြာက်က္ေစရန္ကူညီေပးလိမ့္မည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
အလယ်လတ်နှင့် ပြင်းထန်အဆင့်ရှိ ဝက်ခြံများသည် အမာရွတ်များထင်ကျန်ခဲ့တတ်ကြသည်။ ဠင်းတို့ကို ဝက်ခြံချိုင့်ခွက်များဟုခေါ်သည်။ ဝက်ခြံပေါက်သောနေရာမှအရေပြား ပျက်စီးသွားခြင်းကြောင့် ထိုချိုင့်ခွက်များဖြစ်ပေါ်လာရခြင်းဖြစ်သည်။

၎င်းတို့သည် အမြင်ဆိုးသော်လည်း ကုသ၍ရနိုင်ကြောင်း အမေရိကန်နိုင်ငံမှ အရေပြားဆရာဝန်များကဆိုထားသည်။ လုံခြုံစိတ်ချရပြီး အာနိသင်ထိရောက်သော ကုသမှုများစွာရှိပါသည်။ အရေပြားတွင်းထဲသို့ချိူင့်ဝင်နေသော ဝက်ခြံအမာရွတ်များမှလွဲ၍ အခြားဖုထစ်နေသောအမာရွတ်များကို ဆိုးကျိုးမရှိဘဲဖယ်ရှားနိုင်ပါသည်။

လူတဦးနှင့် တဦးကုသမှုပုံစံခြင်းမတူညီပါ။ အမျိုုးမျိုးသော နည်းလမ်းများဖြင့် အရွယ်ရောက်ပြီးသောလူများ၏ ဝက်ခြံအမာရွတ်များကို ကုသနိုင်ပါသည်။
အရေပြားဆရာဝန်များမှ ထောက်ခံထားသော ကုသမှုများ

လုံခြုံစိတ်ချရပြီး အာနိသင်ထိရောက်သော ကုသမှုများရရှိရန် ဆရာဝန်နှင့် ပထမဦးစွာတိုင်ပင်သင့်ပါသည်။ ထိုအခါ ဆရာဝန်က သင့် အရေပြားနှင့် အမာရွတ်ပုံစံကိုသေချာစွာ သ်ရှိနိုင်ပေလိမ့်မည်။သင့်ကိုဝက်ခြံပြသနာနှင့် ပက်သက်၍ခံစားရပုံနှင့် ဖြစ်စဉ်အချို့ကိုမေးမြန်းနိုင်သည်။

ဆရာဝန်နှင့် သွားမပြမီ သင်သည် ဘာကြောင့်ဝက်ခြံကိုကုဖို့လိုအပ်တယ်ထင်လဲ။ ဝက်ခြံကုပြီးရင် သင့်အသားအရေကို ဘယ်အတိုင်းအတာအထိကောင်းဖို့မျှော်လင့်ထားသလဲ။ သင်သည် ကုသမှုနှင့် ပက်သက်ပြီး ပိုက်ဆံဘယ်လောက်အသုံးပြုမလဲ။ စသဖြင့် ကြိုစဉ်းစားထားပါ။

အထက်ပါ အချက်များအပေါ်မူတည်ပြီး သင့်အရေပြားဆရာဝန်က သင်နှင့် အသင့်တော်ဆုံးဖြစ်မည့်ကုသမှုမျိုးကို ရွေးချယ်ပေးလိမ့်မည်။ ကုသမှုသည် အမာရွတ်ပုံစံနှင့် အမာရွတ်ဖြစ်သော နေရာပေါ်တွင်မူူတည်ပြီး ကွာခြားမှုရှိသည်။

အရေပြားတွင်းထဲသို့ချိူင့်ဝင်နေသော ဝက်ခြံအမာရွတ်နှင့် ဖုထစ်နေသောအမာရွတ်ဟူ၍ ၂မျိုးရှိသည်။အရေပြားတွင်းထဲသို့ချိူင့်ဝင်နေသော ဝက်ခြံအမာရွတ်ရှိသော သူများတွင် ခွဲစတ်ကုသခြင်း၊ အရေပြားအသစ်ပြန်လည်မွေးဖွားခြင်း၊ အရေပြားပြည့်ဆေး ကျစ်ဆေးများသုံးခြင်း၊ ကော်လဂှင်ဓာတ်များပြန်ဖြည့်ပေးခြင်းနှင့် လျှပ်စစ်လှိုင်းများဖြင့် အရေပြားကိုပြုပြင်ခြင်း စသည့် နည်းလမ်းများအနက် ၂မျိုးနှင့်အထက်ကိုသုံး၍ကုသရသည်။

ဖုထစ်နေသောအမာရွတ်များကိုမူ အထက်ပါနည်းလမ်းများနှင့်မဟုတ်ဘဲ ထိုအမာရွတ်တွင်းသို့ ထိုးဆေးများတိုက်ရိုက်ထိုးသွင်းခြင်းဖြင့် အရေပြားဆရာဝန်များက ကုသကြသည်။ တခါတရံတွင် Corticosteroids , 5FU < interferon ၊ ဓာတ်ရောင်ခြည် စသည်တို့နှင့်တွဲ၍ခွဲစိတ်မှုများကိုလည်းပြုလုပ်ကြသည်။

အဆိုပါကုသမှုများသည် အမာရွတ်ပြန်ဖြစ်ခြင်းမှလည်းကာကွယ်ပေးသည်။ ဆရာဝန်အညွှန်းမပါဘဲ ဝယ်သုံးနိုင်သော အခြား အမာရွတ်ပျောက် ခရင်မ် များလည်းရှိပါသည်။ ၎င်းတို့ကလည်း သင့် အမာရွတ်များကို ကျုံ့သွားစေခြင်း၊ ချပ်သွားစေခြင်း ၊ အရောင်ဖျော့သွားစေခြင်း စသည်ဖြင့် ကူညီပေးလိမ့်မည်။

အချို့သော အိမ်တွင်းကုထုံးများသည် သေးငယ်သောအမာရွတ်များနှင့် ဝက်ခြံကို ကုပ်ဖဲ့ခြင်း၊ ညှစ်ခြင်းကြောင့်ပိုးဝင်သွားခြင်းတို့ကို ပိုသက်သာစေလိမ့်မည်။

အသုံးများသော အိမ်သုံးကုထုံးများမှာ စန္ဒကူးသား၊ ရေခဲ၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်ဥ၊ နနွင်း ရှားစောင်း၊ ပန်းသီး၊ ဗီနီကာ၊ သံပုရာရည် ၊ပျားရည်၊ ရေ ၊ လာဗင်ဒါပန်းအဆီ၊ ပဲနံ့သာပင် နှင့် အခြားသော အသီးအရွက်များတို့ဖြစ်သည်။

အချုပ်ဆိုရသော် သင်သည် သင့်ဝက်ခြံအမာရွတ်များအတွက် အဖြေရှာမရဖြစ်နေလျှင် မည်သည့်နည်းလမ်းများနှင့်မျှ မကုသသေးခင် အရေပြားဆရာဝန်နှင့် အရင်ဦးဆုံးတိုင်ပင်ပါ။ ဖော်ပြပါ အိမ်တွင်းကုထုံးများအပြင် အာဟာရပြည့်ဝအောင်စားသုံးခြင်းကလည်း သင့်ဝက်ခြံအနာကို လျှင်မြန်စွာကျက်စေရန်ကူညီပေးလိမ့်မည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top