ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အမိျမန္မာျပည္ဟာ ဗိုလ္ခ်ဳပ္ေျပာခဲ့သလို ဖာႏိုင္ငံႀကီး ျဖစ္ေနပါၿပီဆိုၿပီး ဝမ္းနည္းပက္လက္ ယူက်ံဳးမရ ျဖစ္ေနသူေတြကို အားေပးခ်င္ပါတယ္။ စိတ္ဓာတ္မက်နဲ႔။ ျပည္သူအားလံုးဝိုင္းဝန္းႀကိဳးစားရင္ က်ေနာ္တို႔ ႏိုင္ငံလည္း ကမ႓ာမွာ ထိပ္တန္းျဖစ္ေအာင္ တက္လွမ္းႏိုင္ပါလိမ့္မယ္။

က်ေနာ္ေျပာမယ့္ ဖာႏိုင္ငံႀကီးအေၾကာင္း သိရေအာင္ ဆရာႀကီး ေသာ္တာေဆြေရးခဲ့တဲ့ စာတစ္ပိုဒ္ကို ဖတ္ၾကည့္ပါ။ ၁၉၃၉ ခုႏွစ္ ရန္ကုန္ၿမိဳ႕ အေျခအေနကို တစ္စြန္းတစ္စ သိရပါမယ္။ ဆရာႀကီးေရးခဲ့တဲ့ စာလံုးေပါင္းသတ္ပံုအတိုင္း ကူးထားတာပါ။

ထိုေခတ္ ထိုအခါက ျပည့္တန္ဆာရပ္ကြက္တို႕သည္ လူသိရွင္ၾကား ထင္ထင္ရွားရွား ရွိၾကကုန္၏။ စမ္းေခ်ာင္းရပ္ မအူပင္လမ္းႏွင့္ ေညာင္တန္းလမ္းထိပ္ရွိ သင္းခ်ိဳင္းကုန္းေဟာင္းမွာ တစ္​ျခမ္းက ေဈးအေပါဆံုး ျဖစ္သည္။

တမတ္ထဲ ကိုယ့္လူေရ။ ရန္ကုန္ၿမိဳ႕ ၁၇လမ္း (ဒါလဟိုဇီႏွင့္ ဖေရဇာၾကား) (မဟာဗႏၶဳလလမ္းႏွင့္ အေနာ္ရထာလမ္းၾကား) ကေတာ့ တက်ပ္တန္း။ ဤလမ္းထဲ သင္ဝင္သြားပါက အဆြယ္မ်ားက သင့္အား အငမ္းမရ ေခၚၾကေပလိမ့္မည္။သူေခၚရာ သင္အေပၚထပ္သို႕ ပါသြားၿပီဆိုပါက ေကာင္မေလးေတြက တန္းစီျပေပလိမ့္မည္။

ဗမာလို ထမီဝတ္ေတြအျပင္ တရုတ္မလို ေဗာင္းဗီဝတ္၊ ကုလားမလို ဆာရီဝတ္၊ ဗိုလ္မလို ဂါဝန္ဝတ္ေတြလည္း အမ်ိဳးစံုရွိ၏။ အေပါစား ေပါင္ဒါနဲ႕၊ ေရေမႊးနံ႕ တေထာင္းေထာင္းႏွင့္ မ်က္ႏွာေခ်မ်ား လိမ္းျခယ္လ်က္ သင္ႀကိဳက္ရာေရြးႏိုင္ပါသည္။

၄င္းတို႕ကား စိတ္မခ်ရ။ ေရာဂါရတတ္ပါသည္။ သန္႕သန္႕ျပန္႕ျပန္႕ႏွင့္ အႏၲရာယ္ကင္းကင္း လွလွပပ လူမ်ိဳးျခားမ ရလိုပါက လမ္း ၄၀ သို႕ ႂကြပါ။ ေဈးကမေသးဘူး။ ၁၀ိ ခင္ဗ်ာ့ (၁၀ က်ပ္ ဟု ဖတ္ပါ)။ ဂ်ပန္မမ်ားျဖစ္သည္။ သူတို႕မွာ ဆရာဝန္ရွိသည္။ သင့္ကို ပထမစစ္ေဆးၾကည့္၍ သန္႕ရွင္းပါမွ ဆက္ဆံခြင့္ရ၏။

အထက္က စာပိုဒ္ကို ဖတ္လိုက္တဲ့အခါ၊ဆရာႀကီး ေသာ္တာေဆြေရးခဲ့တဲ့ ဒုတိယကမ႓ာစစ္မတိုင္မီ ရန္ကုန္ၿမိဳ႕အေၾကာင္းမွာ ဂ်ပန္ျပည့္တန္ဆာေတြ ရွိခဲ့တယ္ဆိုတဲ့ သမိုင္းအေထာက္အထား တစ္ခုကို သတိထားမိပါလိမ့္မယ္။ ၿပီးေတာ့၊ ဂ်ပန္ျပည့္တန္ဆာခန္းဟာ အဆင့္အတန္းျမင့္ျမင့္ စနစ္တက် စီမံလုပ္ကိုင္ေနတာကိုလည္း သိရတယ္။

တစ္ကယ္ေတာ့ တစ္ေခတ္တစ္ခါတုန္းက ဂ်ပန္ဟာ ဖာႏိုင္ငံ ျဖစ္ခဲ့ပါတယ္။

၁၉၇၀ ခုႏွစ္မ်ားဆီအထိ ဂ်ပန္ဟာ ဖာႏိုင္ငံဘဝက မလြတ္ေသးဘူးဆိုရင္ အံ့ဩသြားမယ္ထင္တယ္။ ေရွးတစ္ခ်ိန္တုန္းက ဂ်ပန္အမ်ိဳးသမီးေတြဟာ ႏိုင္ငံျခားတိုင္းျပည္က ျပည့္တန္ဆာခန္းေတြမွာ အလုပ္လုပ္ခဲ့ၾကရတယ္။ ကာရယုကိစန္ (唐行きさん) ဆိုတဲ့ စကားလံုးဟာ ဂ်ပန္စာအဓိပၸာယ္အရ တ႐ုတ္ျပည္ကို သြားသူဆိုေပမယ့္၊ ႏိုင္ငံျခားသြားၿပီး ျပည့္တန္ဆာလုပ္သူအားလံုးကို သိမ္းက်ံဳးေခၚတာပါ။

ဂ်ပန္ျပည့္တန္ဆာခန္းေတြဟာ တ႐ုတ္ျပည္၊ မေလးရွား၊ စင္ကာပူ၊ ဖိလိပိုင္၊ အင္ဒိုနီးရွား၊ ဗီယက္နမ္၊ ေဟာင္ေကာင္၊ ၿဗိတိသွ်လက္ေအာက္ အိႏၵိယနဲ႔ ျမန္မာႏိုင္ငံလို အာရွတိုင္းျပည္ေတြသာမက ဩစေၾတးလ်၊ အေမရိကန္ႏိုင္ငံမွာ ကယ္လီဖိုးနီးယား၊ ႐ုရွားစတဲ့ ႏိုင္ငံေတြမွာလည္း ဖြင့္လွစ္ၿပီး အႀကီးအက်ယ္လုပ္ခဲ့တယ္။ ဆရာႀကီးေသာ္တာေဆြရဲ့ စာအရ ရန္ကုန္ၿမိဳ႕ လမ္း ၄၀ မွာ ဂ်ပန္ျပည့္တန္ဆာခန္းရွိခဲ့တာ သမိုင္းသက္ေသအတိအက်ပါပဲ။

ဂ်ပန္ႏိုင္ငံကို ေခတ္မီတိုးတက္ေအာင္ လမ္းဖြင့္ေပးခဲ့တဲ့ မဲဂ်ိ ျပဳျပင္ေျပာင္းလဲေရးေခတ္ ဆိုတာ ရွိတယ္။ မဲဂ်ိဧကရာဇ္ဘုရင္ နန္းတက္တာ ၁၈၆၈ ခုႏွစ္ဆိုေတာ့ ျမန္မာျပည္မွာ မင္းတုန္းမင္းစိုးစံတဲ့ ကုန္းေဘာင္ေခတ္ေႏွာင္းေပါ့။

ႏွစ္ ၂၀၀ ေလာက္ တံခါးပိတ္ဝါဒ က်င့္သံုးခဲ့တဲ့ ဂ်ပန္ႏိုင္ငံဟာ အလြန္တရာမွ ဆင္းရဲမြဲေတခဲ့ၿပီး မဲဂ်ိေခတ္ေရာက္မွ ျပင္ပႏိုင္ငံေတြနဲ႔ စတင္ဆက္ဆံပါတယ္။ အဲဒီအခ်ိန္မွာ တံငါ႐ြာေတြ၊ လယ္သမား႐ြာေတြက မိန္းကေလးေတြကို လူပြဲစားေတြက လိုက္ဝယ္တယ္။ စားရမဲ့ေသာက္ရမဲ့ ဆင္းရဲသားေတြက သမီးမိန္းကေလးကို ေရာင္းစားတာလည္း ရွိတယ္။ တခ်ိဳ႕မိန္းကေလးေတြကို ၿမိဳ႕မွာ အလုပ္ရမယ္ဆိုၿပီး လိမ္လည္လွည့္ျဖား ေခၚသြားတာေတြလည္း ရွိခဲ့တယ္။

ဒီမိန္းကေလးေတြကို ေစာေစာက ေျပာခဲ့တဲ့ ႏိုင္ငံေတြက ျပည့္တန္ဆာခန္းေတြကို ပို႔ၿပီး ပိုက္ဆံရွာခိုင္းတာပါပဲ။ စင္ကာပူလို ကၽြန္းႏိုင္ငံေသးေသးေလးမွာေတာင္ ဘူဂစ္စ္၊ မေလးလမ္း (အခုနာမယ္ေျပာင္းထားတဲ့ Middle Street) မွာ ဂ်ပန္ျပည့္တန္ဆာခန္းေတြရွိတယ္။ ၂၀ ရာစု အစပိုင္း စင္ကာပူမွာရွိတဲ့ ဂ်ပန္လူမ်ိဳး ၆၀၀ ဝန္းက်င္မွာ ၂၀ ေလာက္ပဲ ေကာင္းေရာင္းေကာင္းဝယ္ အလုပ္လုပ္ၿပီး က်န္တာအားလံုး ျပည့္တန္ဆာလုပ္ငန္းနဲ႔ ဆက္စပ္ပတ္သက္ေနပါသတဲ့။ အဲဒီေလာက္ ဖာလူမ်ိဳးျဖစ္တာ ရွိပါဦးမလား။

အဲဒီဂ်ပန္ျပည့္တန္ဆာမေလးေတြဟာ ကိုယ့္ႏိုင္ငံကို မျပန္ႏိုင္ေတာ့ဘဲ ေသတဲ့အထိ သူမ်ားတိုင္းျပည္မွာ ေနသြားၾကရသူေတြ အမ်ားႀကီးပါ။ ခုလည္းပဲ ဆီရန္ဂြန္းအရပ္နားက ဂ်ပန္သခ်ႋဳင္းမွာ သြားၾကည့္ရင္ စင္ကာပူမွာ ေသဆံုးသြားခဲ့ၾကတဲ့ ကာရယုကိစန္ ျပည့္တန္ဆာေတြရဲ့ သခ်ႋဳင္းဂူေတြ ေတြ႕ရပါလိမ့္မယ္။

ဒီလို ႏိုင္ငံျခားတိုင္းျပည္မွာ ျပည့္တန္ဆာလုပ္ေနသူေတြေၾကာင့္ ႏိုင္ငံနဲ႔ လူမ်ိဳးဂုဏ္သိကၡာ ထိခိုက္ညႇိဳးႏြမ္းရေၾကာင္း ဂ်ပန္ေတြက အျပင္းအထန္ ေဝဖန္ၾကတယ္။ ၿပီးေတာ့၊ ဂ်ပန္ဆိုတာ ေနနတ္မင္းကဆင္းသက္လာတဲ့ ေနမ်ိဳးႏြယ္ဆိုၿပီး သူမ်ားလူမ်ိဳးေတြထက္ ျမင့္ျမတ္တယ္ဆိုတဲ့ အမ်ိဳးသားေရးစိတ္ကလည္း အလြန္ျပင္းထန္တယ္ေလ။ (က်ေနာ္တို႔ဆီက မ်ိဳးညစ္ေတြေလာက္ကေတာ့ ဂ်ပန္ေတြ အိပ္ေနသေလာက္ပဲ ရွိပါတယ္။) ျမင့္ျမတ္တဲ့ ေနမ်ိဳးႏြယ္ အမ်ိဳးသမီးေလးေတြက သူမ်ားလူမ်ိဳးေတြဆီမွာ ဖာျဖစ္ရတာ အသည္းခိုက္ေအာင္ နာက်ည္းၾကတယ္။

ဒါေပမယ့္လည္း ဂ်ပန္ႏိုင္ငံဟာ ဆင္းရဲမြဲေတလြန္းေတာ့ အဲဒီ ျပည့္တန္ဆာမေလးေတြ မိဘဆီ ျပန္လႊဲပို႔တဲ့ ႏိုင္ငံျခားေငြကို မွီခိုအားထားေနရတယ္။ ဒါေၾကာင့္ ဂ်ပန္အစိုးရလည္း မ်က္စိမွိတ္ၿပီး ေနရေတာ့တာပဲ။ ၂၀ ရာစု အစပိုင္းေလာက္မွာ ဂ်ပန္ႏိုင္ငံမွာ စစ္ဝါဒေခါင္းေထာင္လာၿပီး စစ္ေရးတည္ေဆာက္မႈေတြ အႀကီးအက်ယ္ လုပ္လာတယ္။ အာရွတိုက္ကို သိမ္းပိုက္ၿပီး ဂ်ပန္ဧကရာဇ္အင္ပိုင္ယာႀကီး တည္ေဆာက္ဖို႔ စိတ္ကူးယဥ္ရင္း ၾကည္းတပ္၊ ေရတပ္ေတြ အင္အားကို မတန္တဆ တိုးျမႇင့္လာတယ္။ (အဲဒီေခတ္က ဂ်ပန္မွာ ေလတပ္ သီးသန္႔မရွိဘူး။ ၾကည္းတပ္လက္ေအာက္ ေလတပ္နဲ႔ ေရတပ္လက္ေအာက္ ေလတပ္ဆိုၿပီး ႏွစ္ခုရွိတယ္။)

ဂ်ပန္ႏိုင္ငံရဲ့ ဘတ္ဂ်က္မွာ စစ္အသံုးစရိတ္က ႀကီးမားလြန္းလို႔ စစ္အင္အားႀကီးထြားလာသေလာက္ ျပည္သူလူထုကေတာ့ လူေမြးလူေတာင္ မေျပာင္ဘူး။ အဲဒီလိုနဲ႔ ဒုတိယကမ႓ာစစ္မွာ ဝင္တိုက္ေတာ့ ႏူရာဝဲစြဲ လဲရာသူခိုးေထာင္း စစ္႐ံႈးႏိုင္ငံဘဝေရာက္ၿပီး စစ္ေလ်ာ္ေၾကးနဲ႔ အေၾကြးေတြ ပတ္လယ္ဝိုင္းေနပါေတာ့တယ္။

ဒီေတာ့ ဘာေျပာေကာင္းမလဲ ဂ်ပန္မေလးေတြအမ်ားႀကီး ဖာျဖစ္ကုန္တာေပါ့။ စစ္ႏိုင္တဲ့ မဟာမိတ္တပ္ေတြ၊ ဂ်ပန္မွာ သိမ္းပိုက္တပ္စြဲထားတဲ့ အေမရိကန္တပ္ေတြအတြက္ ျပည့္တန္ဆာလုပ္ၿပီး ဝင္ေငြရွာၾကရတာေလ။

ဒါေပမယ့္လည္း ဂ်ပန္ျပည္သူလူထုဟာ ခံျပင္းနာက်ည္းစိတ္ေတြနဲ႔ ကုန္း႐ုန္းၿပီး ႀကိဳးစားၾကတယ္။ လက္နက္ခ်စာခ်ဳပ္အရ ကာကြယ္ေရးအသံုးစရိတ္ကို စုစုေပါင္းအမ်ိဳးသားထုတ္လုပ္မႈ (GDP) ရဲ့ ၁% ထက္ မပိုေစရေအာင္ ကန္႔သတ္ထားေတာ့ က်န္ေငြေတြကို တိုင္းျပည္ဖြံ႕ၿဖိဳးေရး၊ ပညာေရး၊ က်န္းမာေရးေတြမွာ ပိုၿပီး အသံုးျပဳလာခဲ့ႏိုင္တယ္။

အရင္တုန္းက စစ္သံုးပစၥည္းနဲ႔ စစ္လက္နက္ေတြခ်ည္းပဲ ပံုေအာ ထုတ္လုပ္ခဲ့တဲ့ စက္မႈလုပ္ငန္းေတြဟာ စီးပြားေရးကုန္ထုတ္လုပ္မႈ အသြင္ေျပာင္းလာခဲ့ၾကတယ္။ ဥပမာဆိုရင္၊ စစ္အတြက္ တိုက္ေလယာဥ္၊ ဗံုးက်ဲေလယာဥ္ေတြ ထုတ္လုပ္ခဲ့တဲ့ မစ္ဆုဘီရွီဟာ အႀကီးစားစက္မႈလုပ္ငန္းအသြင္ ေျပာင္းၿပီး ကုန္တင္ထရပ္ကား၊ ကရိန္းကား၊ ေျမသယ္ယာဥ္ေတြ ထုတ္လာတာေပါ့။

ေရတပ္အတြက္ ေလယာဥ္တင္သေဘၤာ၊ တိုက္သေဘၤာ၊ ဖ်က္သေဘၤာေတြ ထုတ္လုပ္ခဲ့တဲ့ ကာဝါဆာကီလည္း အႀကီးစားစက္မႈလုပ္ငန္းအျဖစ္ ကုန္သေဘၤာ၊ ဆြဲသေဘၤာ၊ ခရီးသည္တင္သေဘၤာ၊ ဆီတင္သေဘၤာေတြ ေျပာင္းလဲထုတ္လုပ္ၿပီး ကမ႓ာ့ကုန္သြယ္ေရေၾကာင္းလုပ္ငန္းကို ဝင္တိုးလာတယ္။

စစ္သံုးေလယာဥ္ေတြကို ဒီဇိုင္းထုတ္တည္ေဆာက္ခဲ့ၾကၿပီး စစ္ၿပီးဆံုးတဲ့အခါ အလုပ္လက္မဲ့ ငတ္ျပတ္ေနၾကတဲ့ ဂ်ပန္အင္ဂ်င္နီယာေတြကို စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ားက ေခၚယူစုေဆာင္းၿပီး တိုယိုတာ၊ နိဆန္စတဲ့ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးကုမၸဏီေတြ ထူေထာင္ခဲ့တယ္။ ေလယာဥ္အင္ဂ်င္ကေန ေျပာင္းလဲလာတဲ့ ဂ်ပန္ကားေတြဟာ ကမ႓ာ့ေဈးကြက္မွာ ေနရာေကာင္းရလာပါေတာ့တယ္။

စစ္ၿပီးလို႔ ႏွစ္ ၂၀ အၾကာ ၁၉၆၄ ခုႏွစ္၊ တိုက်ိဳ အိုလံပစ္ပြဲေတာ္က်င္းပတဲ့အခါ ဂ်ပန္ဟာ ျပာပံုထဲက႐ုန္းထလို႔ စက္မႈႏိုင္ငံအသြင္ ပီပီျပင္ျပင္ ကူးေျပာင္းႏိုင္ပါၿပီ။ ရွင္ကန္းဆင္ ကမ႓ာ့အျမန္ဆံုးက်ည္ဆံရထား၊ သန္႔ရွင္းစနစ္က်တဲ့ ၿမိဳ႕ျပတည္ေဆာက္မႈေတြနဲ႔ ဂုဏ္ယူဝင့္ႂကြားေနပါတယ္။ ဆီကိုနာရီ၊ ဆိုနီေရဒီယို၊ ကင္ႏြန္ကင္မရာ၊ တိုယိုတာကား၊ ဟြန္ဒါဆိုင္ကယ္ ဆိုတဲ့ ဂ်ပန္လုပ္ပစၥည္းေတြဟာ ကမ႓ာ့ေဈးကြက္မွာ လက္ဝါးႀကီးအုပ္ထားႏိုင္ၿပီေလ။

ဂ်ပန္ႏိုင္ငံရဲ့ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္မႈဟာ ေၾကာက္ခမန္းလိလိ ခုန္ပ်ံေက်ာ္လႊားၿပီး ကမ႓ာ့စီးပြားေရးမွာ ဒုတိယအင္အားအႀကီးဆံုး ျဖစ္လာခဲ့တယ္။ စက္မႈလုပ္ငန္းေတြမွာ အလုပ္သမားလိုအပ္လြန္းလို႔ အမ်ိဳးသမီးေလးေတြ ျပည့္တန္ဆာလုပ္ဖို႔ မလိုေတာ့ဘဲ ဂုဏ္သိကၡာရွိရွိ အလုပ္လုပ္လာႏိုင္ၿပီ။

စစ္အသံုးစရိတ္ကို ၁% ေအာက္ ေလွ်ာ့ခ်ၿပီး ပညာေရးဖက္မွာ ပိုၿပီး သံုးစြဲလာခဲ့တာေၾကာင့္ ဂ်ပန္ႏိုင္ငံမွာ အလယ္တန္းအထိ မသင္မေနရ ပညာေရးဥပေဒ ျပ႒ာန္းက်င့္သံုးခဲ့ပါတယ္။ ဒီေန႔အထိလည္း ဒီဥပေဒရွိေနဆဲပါပဲ။ မိန္းကေလးေတြဟာ ပညာသင္လာတာနဲ႔အမွ် စဥ္းစားဆင္ျခင္ဉာဏ္လည္း ျမင့္မားလာေတာ့ ျပည့္တန္ဆာ လုပ္ခ်င္သူ နည္းပါးလာေတာ့တာေပါ့။

၁၉၈၀ ခုႏွစ္မ်ားဟာ ဂ်ပန္စီးပြားေရးေ႐ႊေခတ္လို႔ ေျပာရေလာက္ေအာင္ တိုးတက္ခဲ့တယ္။ ၁၉၉၀ ခုႏွစ္မ်ားမွာေတာ့ ဂ်ပန္ႏိုင္ငံမွာ မ်က္လံုးျပဴးစရာ ျပႆနာႀကီး ရင္ဆိုင္ရေတာ့တယ္။ ဘာလဲဆိုေတာ့၊ ျပည့္တန္ဆာလုပ္မယ့္၊ ဘားဧည့္ခံမယ္လုပ္မယ့္၊ ေရခ်ိဳးခန္း အႏွိပ္ခန္းမွာလုပ္မယ့္ ဂ်ပန္အမ်ိဳးသမီး အလြန္ရွားပါးလာတဲ့ ျပႆနာပါပဲ။

ပညာသင္ၾကားၿပီး စဥ္းစားတတ္လာတဲ့ ဂ်ပန္အမ်ိဳးသမီးေလးေတြဟာ ဝင္ေငြပိုရတဲ့ ျပည့္တန္ဆာအလုပ္ထက္ “အလုပ္ဟူသမွ် ဂုဏ္ရွိစြ” ဆိုတဲ့ သာမန္အလုပ္မ်ိဳးကို ပိုၿပီး တန္ဖိုးထား ေ႐ြးခ်ယ္လာခဲ့ၾကတာေၾကာင့္ေပါ့။ ဒီေတာ့ ျပည့္တန္ဆာလုပ္ငန္းနဲ႔ ဝင္ေငြလမ္းေျဖာင့္ခဲ့တဲ့ ယာကူဇာေတြဟာ ထိုင္း၊ ဖိလိပိုင္၊ ထိုင္ဝမ္၊ တ႐ုတ္ စတဲ့ ႏိုင္ငံေတြက အမ်ိဳးသမီးေတြကို စည္း႐ံုးေခၚယူခဲ့ၾကရပါတယ္။ အဲဒီအခ်ိန္တုန္းက ျမန္မာႏိုင္ငံမွာ သာမန္လူေတြ ပတ္စပို႔ရဖို႔ အလြန္႔အလြန္ခက္ခဲတာေၾကာင့္ ျမန္မာအမ်ိဳးသမီးေတြ ဂ်ပန္မွာ ျပည့္တန္ဆာျဖစ္တာ သိပ္မရွိခဲ့ဘူး။ (လံုးဝမရွိဘူးလို႔ မေျပာပါဘူး၊ အနည္းအက်ဥ္း ရွိတယ္။ ေနာင္အခြင့္ၾကံဳမွ သပ္သပ္ေရးပါမယ္။ ခုေတာ့ စာရွည္မစိုးလို႔ပါ။)

ခုေခတ္ ဂ်ပန္ႏိုင္ငံက တိုက်ိဳ၊ ယိုကိုဟားမား၊ အိုဆာကာ၊ နာဂိုယာ စတဲ့ ၿမိဳ႕ေတြရဲ့ မီးနီရပ္ကြက္ေတြမွာ ၾကည့္ရင္ ထိုင္း၊ ဖိလိပိုင္၊ တ႐ုတ္၊ ကိုရီးယားစတဲ့ အမ်ိဳးသမီးေတြပဲ မ်ားပါတယ္။ တခ်ိဳ႕ျပည့္တန္ဆာခန္းေတြဆို ထိုင္းအလံ၊ ကိုရီးယားစာလံုး၊ တ႐ုတ္နဂါး စတာေတြနဲ႔ေတာင္ တန္ဆာဆင္ထားလိုက္ေသးတယ္။ (အျပင္ကၾကည့္ၿပီး ေျပာတာေနာ္။)

ဒီေနရာမွာ ျမန္မာအမ်ိဳးသမီးေတြကို ခ်ီးက်ဴးဂုဏ္ျပဳစရာေျပာရဦးမယ္။ ၁၉၉၀ ခုႏွစ္မ်ားမွာ ဂ်ပန္ႏိုင္ငံမွာ ေနထိုင္အလုပ္လုပ္ေနတဲ့ ဗီဇာရက္ေက်ာ္ ျမန္မာလူမ်ိဳး တစ္ေသာင္းေက်ာ္၊ ႏွစ္ေသာင္းနီးပါးေလာက္ ရွိခဲ့တယ္။ အိုဗာစေတး၊ အို၊ ဝလံုးလို႔ ေခၚၾကတဲ့ တရားမဝင္ေနထိုင္သူေတြအတြက္ ဝင္ေငြေကာင္းေကာင္းရႏိုင္တဲ့ ျပည့္တန္ဆာလုပ္ငန္း၊ ဘားမယ္လုပ္ငန္းေတြက အငမ္းမရ လက္ယပ္ေခၚေနတဲ့ၾကားက ျမန္မာအမ်ိဳးသမီးေတြဟာ သမၼာအာဇီဝ သန္႔ရွင္းတဲ့ အလုပ္နဲ႔ ဝင္ေငြကိုသာ တန္ဖိုးထားခဲ့ၾကတာ ခ်ီးက်ဴးစရာပါ။

ဥပမာ၊ တစ္နာရီကို ယန္း ၂,၀၀၀ (ေဒၚလာ ၂၀) ေလာက္ ရတဲ့ ဘားမယ္အလုပ္ကို ျငင္းပယ္ၿပီး၊ ဝင္ေငြထက္ဝက္ ယန္း ၁,၀၀၀ ေလာက္နဲ႔ ပိုပင္ပန္းတဲ့ သာမန္ ပန္းကန္ေဆး၊ စားပြဲထိုးအလုပ္မ်ိဳးကိုသာ အမ်ားစုက လုပ္ကိုင္ၾကပါတယ္။

ႏိုင္ငံျခားတိုင္းျပည္ေတြမွာ ဂ်ပန္အမ်ိဳးသမီးေတြ ျပည့္တန္ဆာလုပ္ၿပီး ဝင္ေငြရွာခဲ့တဲ့ အေျခအေနကေနၿပီး ဂ်ပန္ျပည္တြင္းမွာေတာင္ (ဂ်ပန္အမ်ိဳးသမီးစစ္စစ္) ျပည့္တန္ဆာရွားပါးသြားတာ အံ့ဩစရာမဟုတ္လား။ အခုေျပာျပခဲ့တဲ့ ျဖစ္စဥ္တစ္ေလွ်ာက္လံုးကို ၾကည့္ရင္ ျပည့္တန္ဆာ ပေပ်ာက္ႏွိမ္နင္းေရးဆိုၿပီး ဂ်ပန္အစိုးရက ထူးထူးကဲကဲ ႏွိပ္ကြပ္လုပ္ကိုင္တာ မေတြ႕ရပါဘူး။ ျပႆနာအရင္းအျမစ္ကိုပဲ ကိုင္တြယ္သြားတာပါ။

နံပါတ္တစ္အေနနဲ႔၊ စစ္စရိတ္ကို ေလွ်ာ့ခ်ၿပီး စီးပြားေရးလုပ္ငန္းေတြ ဖြံ႕ၿဖိဳးတိုးတက္လာေအာင္ လုပ္ေပးတယ္။ အလုပ္အကိုင္အခြင့္အလမ္းေတြ ေပါမ်ားလာၿပီး အမ်ိဳးသမီးေတြ သိကၡာရွိရွိ အလုပ္လုပ္ႏိုင္လာတယ္။

နံပါတ္ႏွစ္ကေတာ့၊ ပညာေရးကို အေလးေပးၿပီး အလယ္တန္းအထိ မသင္မေနရပညာေရးဥပေဒ ျပ႒ာန္းတယ္။ မိန္းကေလးေတြ ပညာတတ္လာေတာ့ စဥ္းစားဆင္ျခင္ႏိုင္တယ္။ ပညာတတ္တဲ့မိန္းကေလးေတြအတြက္ အလုပ္ေတြလည္း ပိုေပါမ်ားလာတယ္။

က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာလည္း ႏွစ္ ၅၀ ေက်ာ္ ၆၀ နီးပါး ျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္မီးကို ၿငႇိမ္းသတ္ဖို႔ အလြန္အေရးႀကီးတယ္။ ဒီလိုနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရးကို တည္ေဆာက္ႏိုင္ရင္ စစ္အသံုးစရိတ္ကို ေလွ်ာ့ခ်ႏိုင္႐ံုမက တိုင္းရင္းသားေဒသေတြမွာ စီးပြားေရးလုပ္ငန္းေတြ ဖြံ႕ၿဖိဳးတိုးတက္လာမယ္။

ခိုင္မာတဲ့ ႏိုင္ငံျခားေရးေပၚလစီကို တည္တည္ၿငိမ္ၿငိမ္ က်င့္သံုးႏိုင္ရင္ ကာကြယ္ေရးစရိတ္ကို ေလွ်ာ့ခ်ၿပီး ပညာေရး၊ က်န္းမာေရးက႑ေတြကို ျဖည့္တင္းေပးႏိုင္မယ္။ စာသင္ေက်ာင္းေတြ တိုးပြားလာၿပီး ပညာတတ္ ျမန္မာလူငယ္ေလးေတြဟာ ကိုယ့္အနာဂတ္ကို စဥ္းစားဆင္ျခင္ တည္ေဆာက္ႏိုင္လိမ့္မယ္။

အဓိကျဖစ္တဲ့ ျမန္မာႏိုင္ငံရဲ့ ဘတ္ဂ်က္ ၅၀% ေက်ာ္ သံုးစြဲေနတဲ့ ကာကြယ္ေရးစရိတ္ကို ေလွ်ာ့ခ်ႏိုင္ဖို႔ ျပည္တြင္းၿငိမ္းခ်မ္းေရးကို အရင္ဆံုး တည္ေဆာက္ရမွာပါ။ ဒါေၾကာင့္၊ ၂၁ ရာစု ပင္လံုညီလာခံကို က်ေနာ္ ေမွ်ာ္လင့္အားထားေနပါတယ္။ ေအာင္ျမင္ပါေစလို႔လည္း ဆုေတာင္းေနပါတယ္။

ျမန္မာႏိုင္ငံမွာ ျပည့္တန္ဆာပေပ်ာက္ေရးဆိုၿပီး ဥပေဒေတြနဲ႔ ဖမ္းဆီးအေရးယူတာထက္ ျပႆနာရဲ့ အရင္းအျမစ္ကို ကုစားဖို႔သာ အဓိကပါပဲ။ အလုပ္အကိုင္ေပါမ်ားၿပီး ပညာေရးျမင့္မားဖို႔ဟာ ေသာ့ခ်က္ပါ။

ဖာႏိုင္ငံျဖစ္လို႔ စိတ္ပ်က္အားငယ္စရာမလိုဘူး။ အနာသိရင္ ေဆးရွိတယ္။ ကိုယ့္ဒဏ္ရာကို ကိုယ္ကုစားလို႔ ကိုယ့္ႏိုင္ငံကို က်ားျဖစ္ေအာင္ ေျပာင္းလဲၾကရမယ္။

ကမ႓ာေက်ာ္ ဖာႏိုင္ငံျဖစ္ခဲ့တဲ့ ဂ်ပန္ေတာင္ ဒီလို ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ႏိုင္မွေတာ့ က်ေနာ္တို႔ ျမန္မာေတြ “တို႔ေခတ္ေရာက္မွ မည့ံၾကေစနဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဧရာဝတီ ငဘ
# Unicode Version ျဖင့္ ဖတ္ပါ #
အမိမြန်မာပြည်ဟာ ဗိုလ်ချုပ်ပြောခဲ့သလို ဖာနိုင်ငံကြီး ဖြစ်နေပါပြီဆိုပြီး ဝမ်းနည်းပက်လက် ယူကျုံးမရ ဖြစ်နေသူတွေကို အားပေးချင်ပါတယ်။ စိတ်ဓာတ်မကျနဲ့။ ပြည်သူအားလုံးဝိုင်းဝန်းကြိုးစားရင် ကျနော်တို့ နိုင်ငံလည်း ကမ္ဘာမှာ ထိပ်တန်းဖြစ်အောင် တက်လှမ်းနိုင်ပါလိမ့်မယ်။

ကျနော်ပြောမယ့် ဖာနိုင်ငံကြီးအကြောင်း သိရအောင် ဆရာကြီး သော်တာဆွေရေးခဲ့တဲ့ စာတစ်ပိုဒ်ကို ဖတ်ကြည့်ပါ။ ၁၉၃၉ ခုနှစ် ရန်ကုန်မြို့ အခြေအနေကို တစ်စွန်းတစ်စ သိရပါမယ်။ ဆရာကြီးရေးခဲ့တဲ့ စာလုံးပေါင်းသတ်ပုံအတိုင်း ကူးထားတာပါ။

ထိုခေတ် ထိုအခါက ပြည့်တန်ဆာရပ်ကွက်တို့သည် လူသိရှင်ကြား ထင်ထင်ရှားရှား ရှိကြကုန်၏။ စမ်းချောင်းရပ် မအူပင်လမ်းနှင့် ညောင်တန်းလမ်းထိပ်ရှိ သင်းချိုင်းကုန်းဟောင်းမှာ တစ်ခြမ်းက ဈေးအပေါဆုံး ဖြစ်သည်။

တမတ်ထဲ ကိုယ့်လူရေ။ ရန်ကုန်မြို့ ၁၇လမ်း (ဒါလဟိုဇီနှင့် ဖရေဇာကြား) (မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြား) ကတော့ တကျပ်တန်း။ ဤလမ်းထဲ သင်ဝင်သွားပါက အဆွယ်များက သင့်အား အငမ်းမရ ခေါ်ကြပေလိမ့်မည်။သူခေါ်ရာ သင်အပေါ်ထပ်သို့ ပါသွားပြီဆိုပါက ကောင်မလေးတွေက တန်းစီပြပေလိမ့်မည်။

ဗမာလို ထမီဝတ်တွေအပြင် တရုတ်မလို ဗောင်းဗီဝတ်၊ ကုလားမလို ဆာရီဝတ်၊ ဗိုလ်မလို ဂါဝန်ဝတ်တွေလည်း အမျိုးစုံရှိ၏။ အပေါစား ပေါင်ဒါနဲ့၊ ရေမွှေးနံ့ တထောင်းထောင်းနှင့် မျက်နှာချေများ လိမ်းခြယ်လျက် သင်ကြိုက်ရာရွေးနိုင်ပါသည်။

၎င်းတို့ကား စိတ်မချရ။ ရောဂါရတတ်ပါသည်။ သန့်သန့်ပြန့်ပြန့်နှင့် အန္တရာယ်ကင်းကင်း လှလှပပ လူမျိုးခြားမ ရလိုပါက လမ်း ၄၀ သို့ ကြွပါ။ ဈေးကမသေးဘူး။ ၁ဝိ ခင်ဗျာ့ (၁၀ ကျပ် ဟု ဖတ်ပါ)။ ဂျပန်မများဖြစ်သည်။ သူတို့မှာ ဆရာဝန်ရှိသည်။ သင့်ကို ပထမစစ်ဆေးကြည့်၍ သန့်ရှင်းပါမှ ဆက်ဆံခွင့်ရ၏။

အထက်က စာပိုဒ်ကို ဖတ်လိုက်တဲ့အခါ၊ဆရာကြီး သော်တာဆွေရေးခဲ့တဲ့ ဒုတိယကမ္ဘာစစ်မတိုင်မီ ရန်ကုန်မြို့အကြောင်းမှာ ဂျပန်ပြည့်တန်ဆာတွေ ရှိခဲ့တယ်ဆိုတဲ့ သမိုင်းအထောက်အထား တစ်ခုကို သတိထားမိပါလိမ့်မယ်။ ပြီးတော့၊ ဂျပန်ပြည့်တန်ဆာခန်းဟာ အဆင့်အတန်းမြင့်မြင့် စနစ်တကျ စီမံလုပ်ကိုင်နေတာကိုလည်း သိရတယ်။

တစ်ကယ်တော့ တစ်ခေတ်တစ်ခါတုန်းက ဂျပန်ဟာ ဖာနိုင်ငံ ဖြစ်ခဲ့ပါတယ်။

၁၉၇၀ ခုနှစ်များဆီအထိ ဂျပန်ဟာ ဖာနိုင်ငံဘဝက မလွတ်သေးဘူးဆိုရင် အံ့ဩသွားမယ်ထင်တယ်။ ရှေးတစ်ချိန်တုန်းက ဂျပန်အမျိုးသမီးတွေဟာ နိုင်ငံခြားတိုင်းပြည်က ပြည့်တန်ဆာခန်းတွေမှာ အလုပ်လုပ်ခဲ့ကြရတယ်။ ကာရယုကိစန် (唐行きさん) ဆိုတဲ့ စကားလုံးဟာ ဂျပန်စာအဓိပ္ပာယ်အရ တရုတ်ပြည်ကို သွားသူဆိုပေမယ့်၊ နိုင်ငံခြားသွားပြီး ပြည့်တန်ဆာလုပ်သူအားလုံးကို သိမ်းကျုံးခေါ်တာပါ။

ဂျပန်ပြည့်တန်ဆာခန်းတွေဟာ တရုတ်ပြည်၊ မလေးရှား၊ စင်ကာပူ၊ ဖိလိပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဟောင်ကောင်၊ ဗြိတိသျှလက်အောက် အိန္ဒိယနဲ့ မြန်မာနိုင်ငံလို အာရှတိုင်းပြည်တွေသာမက ဩစတြေးလျ၊ အမေရိကန်နိုင်ငံမှာ ကယ်လီဖိုးနီးယား၊ ရုရှားစတဲ့ နိုင်ငံတွေမှာလည်း ဖွင့်လှစ်ပြီး အကြီးအကျယ်လုပ်ခဲ့တယ်။ ဆရာကြီးသော်တာဆွေရဲ့ စာအရ ရန်ကုန်မြို့ လမ်း ၄၀ မှာ ဂျပန်ပြည့်တန်ဆာခန်းရှိခဲ့တာ သမိုင်းသက်သေအတိအကျပါပဲ။

ဂျပန်နိုင်ငံကို ခေတ်မီတိုးတက်အောင် လမ်းဖွင့်ပေးခဲ့တဲ့ မဲဂျိ ပြုပြင်ပြောင်းလဲရေးခေတ် ဆိုတာ ရှိတယ်။ မဲဂျိဧကရာဇ်ဘုရင် နန်းတက်တာ ၁၈၆၈ ခုနှစ်ဆိုတော့ မြန်မာပြည်မှာ မင်းတုန်းမင်းစိုးစံတဲ့ ကုန်းဘောင်ခေတ်နှောင်းပေါ့။

နှစ် ၂၀၀ လောက် တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့တဲ့ ဂျပန်နိုင်ငံဟာ အလွန်တရာမှ ဆင်းရဲမွဲတေခဲ့ပြီး မဲဂျိခေတ်ရောက်မှ ပြင်ပနိုင်ငံတွေနဲ့ စတင်ဆက်ဆံပါတယ်။ အဲဒီအချိန်မှာ တံငါရွာတွေ၊ လယ်သမားရွာတွေက မိန်းကလေးတွေကို လူပွဲစားတွေက လိုက်ဝယ်တယ်။ စားရမဲ့သောက်ရမဲ့ ဆင်းရဲသားတွေက သမီးမိန်းကလေးကို ရောင်းစားတာလည်း ရှိတယ်။ တချို့မိန်းကလေးတွေကို မြို့မှာ အလုပ်ရမယ်ဆိုပြီး လိမ်လည်လှည့်ဖြား ခေါ်သွားတာတွေလည်း ရှိခဲ့တယ်။

ဒီမိန်းကလေးတွေကို စောစောက ပြောခဲ့တဲ့ နိုင်ငံတွေက ပြည့်တန်ဆာခန်းတွေကို ပို့ပြီး ပိုက်ဆံရှာခိုင်းတာပါပဲ။ စင်ကာပူလို ကျွန်းနိုင်ငံသေးသေးလေးမှာတောင် ဘူဂစ်စ်၊ မလေးလမ်း (အခုနာမယ်ပြောင်းထားတဲ့ Middle Street) မှာ ဂျပန်ပြည့်တန်ဆာခန်းတွေရှိတယ်။ ၂၀ ရာစု အစပိုင်း စင်ကာပူမှာရှိတဲ့ ဂျပန်လူမျိုး ၆၀၀ ဝန်းကျင်မှာ ၂၀ လောက်ပဲ ကောင်းရောင်းကောင်းဝယ် အလုပ်လုပ်ပြီး ကျန်တာအားလုံး ပြည့်တန်ဆာလုပ်ငန်းနဲ့ ဆက်စပ်ပတ်သက်နေပါသတဲ့။ အဲဒီလောက် ဖာလူမျိုးဖြစ်တာ ရှိပါဦးမလား။

အဲဒီဂျပန်ပြည့်တန်ဆာမလေးတွေဟာ ကိုယ့်နိုင်ငံကို မပြန်နိုင်တော့ဘဲ သေတဲ့အထိ သူများတိုင်းပြည်မှာ နေသွားကြရသူတွေ အများကြီးပါ။ ခုလည်းပဲ ဆီရန်ဂွန်းအရပ်နားက ဂျပန်သချႋုင်းမှာ သွားကြည့်ရင် စင်ကာပူမှာ သေဆုံးသွားခဲ့ကြတဲ့ ကာရယုကိစန် ပြည့်တန်ဆာတွေရဲ့ သချႋုင်းဂူတွေ တွေ့ရပါလိမ့်မယ်။

ဒီလို နိုင်ငံခြားတိုင်းပြည်မှာ ပြည့်တန်ဆာလုပ်နေသူတွေကြောင့် နိုင်ငံနဲ့ လူမျိုးဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းရကြောင်း ဂျပန်တွေက အပြင်းအထန် ဝေဖန်ကြတယ်။ ပြီးတော့၊ ဂျပန်ဆိုတာ နေနတ်မင်းကဆင်းသက်လာတဲ့ နေမျိုးနွယ်ဆိုပြီး သူများလူမျိုးတွေထက် မြင့်မြတ်တယ်ဆိုတဲ့ အမျိုးသားရေးစိတ်ကလည်း အလွန်ပြင်းထန်တယ်လေ။ (ကျနော်တို့ဆီက မျိုးညစ်တွေလောက်ကတော့ ဂျပန်တွေ အိပ်နေသလောက်ပဲ ရှိပါတယ်။) မြင့်မြတ်တဲ့ နေမျိုးနွယ် အမျိုးသမီးလေးတွေက သူများလူမျိုးတွေဆီမှာ ဖာဖြစ်ရတာ အသည်းခိုက်အောင် နာကျည်းကြတယ်။

ဒါပေမယ့်လည်း ဂျပန်နိုင်ငံဟာ ဆင်းရဲမွဲတေလွန်းတော့ အဲဒီ ပြည့်တန်ဆာမလေးတွေ မိဘဆီ ပြန်လွှဲပို့တဲ့ နိုင်ငံခြားငွေကို မှီခိုအားထားနေရတယ်။ ဒါကြောင့် ဂျပန်အစိုးရလည်း မျက်စိမှိတ်ပြီး နေရတော့တာပဲ။ ၂၀ ရာစု အစပိုင်းလောက်မှာ ဂျပန်နိုင်ငံမှာ စစ်ဝါဒခေါင်းထောင်လာပြီး စစ်ရေးတည်ဆောက်မှုတွေ အကြီးအကျယ် လုပ်လာတယ်။ အာရှတိုက်ကို သိမ်းပိုက်ပြီး ဂျပန်ဧကရာဇ်အင်ပိုင်ယာကြီး တည်ဆောက်ဖို့ စိတ်ကူးယဉ်ရင်း ကြည်းတပ်၊ ရေတပ်တွေ အင်အားကို မတန်တဆ တိုးမြှင့်လာတယ်။ (အဲဒီခေတ်က ဂျပန်မှာ လေတပ် သီးသန့်မရှိဘူး။ ကြည်းတပ်လက်အောက် လေတပ်နဲ့ ရေတပ်လက်အောက် လေတပ်ဆိုပြီး နှစ်ခုရှိတယ်။)

ဂျပန်နိုင်ငံရဲ့ ဘတ်ဂျက်မှာ စစ်အသုံးစရိတ်က ကြီးမားလွန်းလို့ စစ်အင်အားကြီးထွားလာသလောက် ပြည်သူလူထုကတော့ လူမွေးလူတောင် မပြောင်ဘူး။ အဲဒီလိုနဲ့ ဒုတိယကမ္ဘာစစ်မှာ ဝင်တိုက်တော့ နူရာဝဲစွဲ လဲရာသူခိုးထောင်း စစ်ရှုံးနိုင်ငံဘဝရောက်ပြီး စစ်လျော်ကြေးနဲ့ အကြွေးတွေ ပတ်လယ်ဝိုင်းနေပါတော့တယ်။

ဒီတော့ ဘာပြောကောင်းမလဲ ဂျပန်မလေးတွေအများကြီး ဖာဖြစ်ကုန်တာပေါ့။ စစ်နိုင်တဲ့ မဟာမိတ်တပ်တွေ၊ ဂျပန်မှာ သိမ်းပိုက်တပ်စွဲထားတဲ့ အမေရိကန်တပ်တွေအတွက် ပြည့်တန်ဆာလုပ်ပြီး ဝင်ငွေရှာကြရတာလေ။

ဒါပေမယ့်လည်း ဂျပန်ပြည်သူလူထုဟာ ခံပြင်းနာကျည်းစိတ်တွေနဲ့ ကုန်းရုန်းပြီး ကြိုးစားကြတယ်။ လက်နက်ချစာချုပ်အရ ကာကွယ်ရေးအသုံးစရိတ်ကို စုစုပေါင်းအမျိုးသားထုတ်လုပ်မှု (GDP) ရဲ့ ၁% ထက် မပိုစေရအောင် ကန့်သတ်ထားတော့ ကျန်ငွေတွေကို တိုင်းပြည်ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးတွေမှာ ပိုပြီး အသုံးပြုလာခဲ့နိုင်တယ်။

အရင်တုန်းက စစ်သုံးပစ္စည်းနဲ့ စစ်လက်နက်တွေချည်းပဲ ပုံအော ထုတ်လုပ်ခဲ့တဲ့ စက်မှုလုပ်ငန်းတွေဟာ စီးပွားရေးကုန်ထုတ်လုပ်မှု အသွင်ပြောင်းလာခဲ့ကြတယ်။ ဥပမာဆိုရင်၊ စစ်အတွက် တိုက်လေယာဉ်၊ ဗုံးကျဲလေယာဉ်တွေ ထုတ်လုပ်ခဲ့တဲ့ မစ်ဆုဘီရှီဟာ အကြီးစားစက်မှုလုပ်ငန်းအသွင် ပြောင်းပြီး ကုန်တင်ထရပ်ကား၊ ကရိန်းကား၊ မြေသယ်ယာဉ်တွေ ထုတ်လာတာပေါ့။

ရေတပ်အတွက် လေယာဉ်တင်သင်္ဘော၊ တိုက်သင်္ဘော၊ ဖျက်သင်္ဘောတွေ ထုတ်လုပ်ခဲ့တဲ့ ကာဝါဆာကီလည်း အကြီးစားစက်မှုလုပ်ငန်းအဖြစ် ကုန်သင်္ဘော၊ ဆွဲသင်္ဘော၊ ခရီးသည်တင်သင်္ဘော၊ ဆီတင်သင်္ဘောတွေ ပြောင်းလဲထုတ်လုပ်ပြီး ကမ္ဘာ့ကုန်သွယ်ရေကြောင်းလုပ်ငန်းကို ဝင်တိုးလာတယ်။

စစ်သုံးလေယာဉ်တွေကို ဒီဇိုင်းထုတ်တည်ဆောက်ခဲ့ကြပြီး စစ်ပြီးဆုံးတဲ့အခါ အလုပ်လက်မဲ့ ငတ်ပြတ်နေကြတဲ့ ဂျပန်အင်ဂျင်နီယာတွေကို စီးပွားရေးလုပ်ငန်းရှင်ကြီးများက ခေါ်ယူစုဆောင်းပြီး တိုယိုတာ၊ နိဆန်စတဲ့ မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတွေ ထူထောင်ခဲ့တယ်။ လေယာဉ်အင်ဂျင်ကနေ ပြောင်းလဲလာတဲ့ ဂျပန်ကားတွေဟာ ကမ္ဘာ့ဈေးကွက်မှာ နေရာကောင်းရလာပါတော့တယ်။

စစ်ပြီးလို့ နှစ် ၂၀ အကြာ ၁၉၆၄ ခုနှစ်၊ တိုကျို အိုလံပစ်ပွဲတော်ကျင်းပတဲ့အခါ ဂျပန်ဟာ ပြာပုံထဲကရုန်းထလို့ စက်မှုနိုင်ငံအသွင် ပီပီပြင်ပြင် ကူးပြောင်းနိုင်ပါပြီ။ ရှင်ကန်းဆင် ကမ္ဘာ့အမြန်ဆုံးကျည်ဆံရထား၊ သန့်ရှင်းစနစ်ကျတဲ့ မြို့ပြတည်ဆောက်မှုတွေနဲ့ ဂုဏ်ယူဝင့်ကြွားနေပါတယ်။ ဆီကိုနာရီ၊ ဆိုနီရေဒီယို၊ ကင်နွန်ကင်မရာ၊ တိုယိုတာကား၊ ဟွန်ဒါဆိုင်ကယ် ဆိုတဲ့ ဂျပန်လုပ်ပစ္စည်းတွေဟာ ကမ္ဘာ့ဈေးကွက်မှာ လက်ဝါးကြီးအုပ်ထားနိုင်ပြီလေ။

ဂျပန်နိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုဟာ ကြောက်ခမန်းလိလိ ခုန်ပျံကျော်လွှားပြီး ကမ္ဘာ့စီးပွားရေးမှာ ဒုတိယအင်အားအကြီးဆုံး ဖြစ်လာခဲ့တယ်။ စက်မှုလုပ်ငန်းတွေမှာ အလုပ်သမားလိုအပ်လွန်းလို့ အမျိုးသမီးလေးတွေ ပြည့်တန်ဆာလုပ်ဖို့ မလိုတော့ဘဲ ဂုဏ်သိက္ခာရှိရှိ အလုပ်လုပ်လာနိုင်ပြီ။

စစ်အသုံးစရိတ်ကို ၁% အောက် လျှော့ချပြီး ပညာရေးဖက်မှာ ပိုပြီး သုံးစွဲလာခဲ့တာကြောင့် ဂျပန်နိုင်ငံမှာ အလယ်တန်းအထိ မသင်မနေရ ပညာရေးဥပဒေ ပြဋ္ဌာန်းကျင့်သုံးခဲ့ပါတယ်။ ဒီနေ့အထိလည်း ဒီဥပဒေရှိနေဆဲပါပဲ။ မိန်းကလေးတွေဟာ ပညာသင်လာတာနဲ့အမျှ စဉ်းစားဆင်ခြင်ဉာဏ်လည်း မြင့်မားလာတော့ ပြည့်တန်ဆာ လုပ်ချင်သူ နည်းပါးလာတော့တာပေါ့။

၁၉၈၀ ခုနှစ်များဟာ ဂျပန်စီးပွားရေးရွှေခေတ်လို့ ပြောရလောက်အောင် တိုးတက်ခဲ့တယ်။ ၁၉၉၀ ခုနှစ်များမှာတော့ ဂျပန်နိုင်ငံမှာ မျက်လုံးပြူးစရာ ပြဿနာကြီး ရင်ဆိုင်ရတော့တယ်။ ဘာလဲဆိုတော့၊ ပြည့်တန်ဆာလုပ်မယ့်၊ ဘားဧည့်ခံမယ်လုပ်မယ့်၊ ရေချိုးခန်း အနှိပ်ခန်းမှာလုပ်မယ့် ဂျပန်အမျိုးသမီး အလွန်ရှားပါးလာတဲ့ ပြဿနာပါပဲ။

ပညာသင်ကြားပြီး စဉ်းစားတတ်လာတဲ့ ဂျပန်အမျိုးသမီးလေးတွေဟာ ဝင်ငွေပိုရတဲ့ ပြည့်တန်ဆာအလုပ်ထက် “အလုပ်ဟူသမျှ ဂုဏ်ရှိစွ” ဆိုတဲ့ သာမန်အလုပ်မျိုးကို ပိုပြီး တန်ဖိုးထား ရွေးချယ်လာခဲ့ကြတာကြောင့်ပေါ့။ ဒီတော့ ပြည့်တန်ဆာလုပ်ငန်းနဲ့ ဝင်ငွေလမ်းဖြောင့်ခဲ့တဲ့ ယာကူဇာတွေဟာ ထိုင်း၊ ဖိလိပိုင်၊ ထိုင်ဝမ်၊ တရုတ် စတဲ့ နိုင်ငံတွေက အမျိုးသမီးတွေကို စည်းရုံးခေါ်ယူခဲ့ကြရပါတယ်။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ သာမန်လူတွေ ပတ်စပို့ရဖို့ အလွန့်အလွန်ခက်ခဲတာကြောင့် မြန်မာအမျိုးသမီးတွေ ဂျပန်မှာ ပြည့်တန်ဆာဖြစ်တာ သိပ်မရှိခဲ့ဘူး။ (လုံးဝမရှိဘူးလို့ မပြောပါဘူး၊ အနည်းအကျဉ်း ရှိတယ်။ နောင်အခွင့်ကြုံမှ သပ်သပ်ရေးပါမယ်။ ခုတော့ စာရှည်မစိုးလို့ပါ။)

ခုခေတ် ဂျပန်နိုင်ငံက တိုကျို၊ ယိုကိုဟားမား၊ အိုဆာကာ၊ နာဂိုယာ စတဲ့ မြို့တွေရဲ့ မီးနီရပ်ကွက်တွေမှာ ကြည့်ရင် ထိုင်း၊ ဖိလိပိုင်၊ တရုတ်၊ ကိုရီးယားစတဲ့ အမျိုးသမီးတွေပဲ များပါတယ်။ တချို့ပြည့်တန်ဆာခန်းတွေဆို ထိုင်းအလံ၊ ကိုရီးယားစာလုံး၊ တရုတ်နဂါး စတာတွေနဲ့တောင် တန်ဆာဆင်ထားလိုက်သေးတယ်။ (အပြင်ကကြည့်ပြီး ပြောတာနော်။)

ဒီနေရာမှာ မြန်မာအမျိုးသမီးတွေကို ချီးကျူးဂုဏ်ပြုစရာပြောရဦးမယ်။ ၁၉၉၀ ခုနှစ်များမှာ ဂျပန်နိုင်ငံမှာ နေထိုင်အလုပ်လုပ်နေတဲ့ ဗီဇာရက်ကျော် မြန်မာလူမျိုး တစ်သောင်းကျော်၊ နှစ်သောင်းနီးပါးလောက် ရှိခဲ့တယ်။ အိုဗာစတေး၊ အို၊ ဝလုံးလို့ ခေါ်ကြတဲ့ တရားမဝင်နေထိုင်သူတွေအတွက် ဝင်ငွေကောင်းကောင်းရနိုင်တဲ့ ပြည့်တန်ဆာလုပ်ငန်း၊ ဘားမယ်လုပ်ငန်းတွေက အငမ်းမရ လက်ယပ်ခေါ်နေတဲ့ကြားက မြန်မာအမျိုးသမီးတွေဟာ သမ္မာအာဇီဝ သန့်ရှင်းတဲ့ အလုပ်နဲ့ ဝင်ငွေကိုသာ တန်ဖိုးထားခဲ့ကြတာ ချီးကျူးစရာပါ။

ဥပမာ၊ တစ်နာရီကို ယန်း ၂,၀၀၀ (ဒေါ်လာ ၂၀) လောက် ရတဲ့ ဘားမယ်အလုပ်ကို ငြင်းပယ်ပြီး၊ ဝင်ငွေထက်ဝက် ယန်း ၁,၀၀၀ လောက်နဲ့ ပိုပင်ပန်းတဲ့ သာမန် ပန်းကန်ဆေး၊ စားပွဲထိုးအလုပ်မျိုးကိုသာ အများစုက လုပ်ကိုင်ကြပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေမှာ ဂျပန်အမျိုးသမီးတွေ ပြည့်တန်ဆာလုပ်ပြီး ဝင်ငွေရှာခဲ့တဲ့ အခြေအနေကနေပြီး ဂျပန်ပြည်တွင်းမှာတောင် (ဂျပန်အမျိုးသမီးစစ်စစ်) ပြည့်တန်ဆာရှားပါးသွားတာ အံ့ဩစရာမဟုတ်လား။ အခုပြောပြခဲ့တဲ့ ဖြစ်စဉ်တစ်လျှောက်လုံးကို ကြည့်ရင် ပြည့်တန်ဆာ ပပျောက်နှိမ်နင်းရေးဆိုပြီး ဂျပန်အစိုးရက ထူးထူးကဲကဲ နှိပ်ကွပ်လုပ်ကိုင်တာ မတွေ့ရပါဘူး။ ပြဿနာအရင်းအမြစ်ကိုပဲ ကိုင်တွယ်သွားတာပါ။

နံပါတ်တစ်အနေနဲ့၊ စစ်စရိတ်ကို လျှော့ချပြီး စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ပေးတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာပြီး အမျိုးသမီးတွေ သိက္ခာရှိရှိ အလုပ်လုပ်နိုင်လာတယ်။

နံပါတ်နှစ်ကတော့၊ ပညာရေးကို အလေးပေးပြီး အလယ်တန်းအထိ မသင်မနေရပညာရေးဥပဒေ ပြဋ္ဌာန်းတယ်။ မိန်းကလေးတွေ ပညာတတ်လာတော့ စဉ်းစားဆင်ခြင်နိုင်တယ်။ ပညာတတ်တဲ့မိန်းကလေးတွေအတွက် အလုပ်တွေလည်း ပိုပေါများလာတယ်။

ကျနော်တို့ မြန်မာနိုင်ငံမှာလည်း နှစ် ၅၀ ကျော် ၆၀ နီးပါး ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်ဖို့ အလွန်အရေးကြီးတယ်။ ဒီလိုနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရင် စစ်အသုံးစရိတ်ကို လျှော့ချနိုင်ရုံမက တိုင်းရင်းသားဒေသတွေမှာ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမယ်။

ခိုင်မာတဲ့ နိုင်ငံခြားရေးပေါ်လစီကို တည်တည်ငြိမ်ငြိမ် ကျင့်သုံးနိုင်ရင် ကာကွယ်ရေးစရိတ်ကို လျှော့ချပြီး ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေကို ဖြည့်တင်းပေးနိုင်မယ်။ စာသင်ကျောင်းတွေ တိုးပွားလာပြီး ပညာတတ် မြန်မာလူငယ်လေးတွေဟာ ကိုယ့်အနာဂတ်ကို စဉ်းစားဆင်ခြင် တည်ဆောက်နိုင်လိမ့်မယ်။

အဓိကဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက် ၅၀% ကျော် သုံးစွဲနေတဲ့ ကာကွယ်ရေးစရိတ်ကို လျှော့ချနိုင်ဖို့ ပြည်တွင်းငြိမ်းချမ်းရေးကို အရင်ဆုံး တည်ဆောက်ရမှာပါ။ ဒါကြောင့်၊ ၂၁ ရာစု ပင်လုံညီလာခံကို ကျနော် မျှော်လင့်အားထားနေပါတယ်။ အောင်မြင်ပါစေလို့လည်း ဆုတောင်းနေပါတယ်။

မြန်မာနိုင်ငံမှာ ပြည့်တန်ဆာပပျောက်ရေးဆိုပြီး ဥပဒေတွေနဲ့ ဖမ်းဆီးအရေးယူတာထက် ပြဿနာရဲ့ အရင်းအမြစ်ကို ကုစားဖို့သာ အဓိကပါပဲ။ အလုပ်အကိုင်ပေါများပြီး ပညာရေးမြင့်မားဖို့ဟာ သော့ချက်ပါ။

ဖာနိုင်ငံဖြစ်လို့ စိတ်ပျက်အားငယ်စရာမလိုဘူး။ အနာသိရင် ဆေးရှိတယ်။ ကိုယ့်ဒဏ်ရာကို ကိုယ်ကုစားလို့ ကိုယ့်နိုင်ငံကို ကျားဖြစ်အောင် ပြောင်းလဲကြရမယ်။

ကမ္ဘာကျော် ဖာနိုင်ငံဖြစ်ခဲ့တဲ့ ဂျပန်တောင် ဒီလို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှတော့ ကျနော်တို့ မြန်မာတွေ “တို့ခေတ်ရောက်မှ မညံ့ကြစေနဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဧရာဝတီ ငဘ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top