မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×
၁။ စိန်အစစ်က (၄)ပြည်
၂။ ပုလဲတွေက (၁၁)ပြည်
အဲ့ဒါတွေက
၁။ ဝိသာခါ ကျောင်းအမကြီး
၃။ ဗာရာဏသီသူဋ္ဌေးကြီးရဲ့သမီး သုမနာ တို့ပါ၊
Credit: Hlataw
#Unicode Version#
၁။ စိန်အစစ်က (၄)ပြည်
၂။ ပုလဲတွေက (၁၁)ပြည်
၃။ မြနဲ့သန္တာတွေက (၂၂)ပြည်
၄။ နီလာနဲ့ ပတ္တမြားတွေက (၃၃)ပြည်
အခြားရတနာတွေကလည်း မရေမတွက်နိုင်အောင်များတယ်။ချည်ကလဲ ရွှေချည်နဲ့ငွေချည်ပဲပါတယ်။
တန်ဆာကြီးရဲ့တန်ဖိုးဟာ (၉)ကုဋေအဖိုးထိုက်ပါတယ်။လက်ခအနေနဲ့ (၁)သိန်းပေးရတယ်။
ပန်းတိမ်သည်ပေါင်း (၅၀၀) လုပ်တာတောင်(၄)လကြာမှပြီးတယ်။
ဆင်မြန်းလိုက်လို့ အဝေးကမြင်ရရင် ဒေါင်း အစစ် ကနေသလိုပါပဲတဲ့။
လမ်းသွားရင်လဲ ရွှေခြူ ငွေဆွဲလှည်းတွေရဲ့ သံစုံသာယာတေးလေးတွေကလည်း ထွက်နေပါသေးတယ်။
မဟလ္လတာတန်ဆာကို ဝတ်ဆင်ရမည့်သူကလည်း အဲဒီဘဝမှာ ဆင်ပြောင်ကြီးငါးစီး အားမာန်ကြီးတဲ့ဘဝဖြစ်ရတယ်။
ဒါမှလည်းဝတ်နိုင်ပါတယ်။
ထင်ရှားတဲ့ရတနာတွေကိုပဲတွက်ရင် တင်းနဲ့တွက်မယ်ဆိုရင်ပြည်ပေါင်း (၇၀)ဆိုတော့ (၄)တင်းနဲ့(၆)ပြည် ရှိပါတယ်။
အခြားရတနာတွေက များလွန်းတဲ့အတွက် ရေတွက်လို့မရပါဘူး။ရွှေပိဿာချိန်ကလဲ (၁)ထောင်ဆိုတော့ လေးလံလွန်းတဲ့အတွက် သာမန်အမျိုးသမီးတွေအနေနဲ့ ဘယ်လိုနည်းနဲ့မှမဝတ်ရုံနိုင်ပါဘူး။
ဘုရားရှင်လက်ထက်က မဟလ္လတာတန်ဆာ ဝတ်ခဲ့ရတဲ့ အမျိုးသမီးဟာ ဒီကမ္ဘာမြေမှာ (၃)ယောက်ပဲ ရှိခဲ့ဖူးပါတယ်။
အဲ့ဒါတွေက
၁။ ဝိသာခါ ကျောင်းအမကြီး
၂။ ဗန္ဓုလမလ္လစစ်သူကြီးကတော် မလ္လိကာ
၃။ ဗာရာဏသီသူေဋ္ဌးကြီးရဲ့သမီး သုမနာ တို့ပါ၊
ဖိုးသူတော် (www.phothutaw.com)
Credit: Hlataw
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top