ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အပ်င္းႀကီးတယ္ပဲေျပာေျပာ၊ အေခ်ာင္ခိုတယ္ပဲေျပာေျပာ နာမည္သာဆိုးတာ အပ်င္းႀကီးတဲ့ သူေတြ ကိုၾကည့္လိုက္ရင္ သာသာယာယာရွိေနတာမ်ားပါတယ္။ လူဆိုတာကလည္း အဲဒီလိုသာယာေန တာေလးကိုမွ အရသာေတြ႕တတ္ၾကတဲ့အမ်ိဳးကိုးဗ်။

တစ္ခုေတာ့ရွိတယ္…တကယ္ပ်င္းၿပီဆိုတဲ့လူေတြမွာလည္း သူ႔တန္းေလးနဲ႔သူေတာ့ရွိတယ္ခင္ဗ်။ တခ်ိဳ႕က အပ်င္းထူကိုထူတာ..တခ်ိဳ႕က်ေတာ့ ဉာဏ္ေကာင္းလို႔ေသာက္ပ်င္းထူတာ..တခ်ိဳ႕က်ေတာ့ ဉာဏ္ေကာင္းရံုတင္မကဘဲ အထာနပ္ၿပီး ဘယ္အကြက္ကိုဘယ္လို ေရႊ႕ရမယ္ဆိုတာကအစသိလို႔ သူဘာလုပ္လုပ္သူမ်ားထက္အားစိုက္စရာမလိုဘူးဆိုတာသိလို႔အပ်င္းထူတာ…မိတ္ေဆြအေနနဲ႔ ကိုယ္တိုင္အပ်င္းထူတဲ့လူဆိုရင္ေတာ့ ကိုယ္ဘယ္တန္းမွာပါလဲဆိုတာဆန္းစစ္ၾကည့္ႏုိင္ပါတယ္။
 အခုေတာ့ အဲဒီလိုအပ်င္းႀကီးတဲ့သူေတြ၊ အပ်င္းထူတဲ့သူေတြရဲ႕ထူးျခားခ်က္ေလးေတြကို ျမန္မာ့ ပလက္ေဖာင္းပရိသတ္ႀကီးအတြက္ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။ ထူးျခားခ်က္လို႔ေျပာတဲ့အတြက္ ေကာင္းတဲ့အခ်က္လည္းျဖစ္ခ်င္ျဖစ္မယ္၊ ဆိုးတဲ့အခ်က္လည္းပါႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူမ်ားနဲ႔မတူဘဲထူးေနလို႔ကိုးဗ်။

စကားလွေအာင္မေျပာတတ္ဘူး

အပ်င္းႀကီးတဲ့သူေတြဟာ တကယ္ပ်င္းၿပီဆိုရင္ စကားကိုနားေထာင္ေကာင္းေအာင္၊ စကား လွေအာင္ေတာင္မေျပာခ်င္ၾကပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီလိုေျပာရင္ စကားလံုးေရြးေနရမယ္၊ အခ်ိန္ၾကာတယ္၊ အဲဒီေလာက္ထိသူတို႔စိတ္မရွည္ပါဘူး။ ဒါေၾကာင့္ သူတို႔ဆီက တိုတိုျပတ္ျပတ္နဲ႔ ဟုတ္ရင္ဟုတ္တယ္၊ မဟုတ္ရင္မဟုတ္ဘူးဆိုတဲ့ အမွန္ေတြပဲၾကားရႏိုင္ပါတယ္။

တျခားသူကိုရယ္ေအာင္မလုပ္ႏိုင္ဘူး

သင္ကရယ္စရာဟာသေတြစိတ္ဝင္စားၿပီးေတာ့ အဲဒီလိုရယ္ေအာင္လုပ္ႏိုင္တဲ့လူမ်ိဳးကို ခ်စ္သူ အိမ္ေထာင္ဖက္အျဖစ္ေရြးမယ္ဆိုရင္ေတာ့ သင္ေရြးမယ့္လူကအပ်င္းထူတဲ့လူမ်ိဳးလားဆိုတာ အရင္ဆံုးစံုစမ္းေလ့လာသင့္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အပ်င္းႀကီးတဲ့လူေတြက တျခား လူရယ္ေအာင္လုပ္ဖို႔ိစိတ္မဝင္စားသလို သူတို႔ကိုယ္တိုင္လည္း သိပ္ၿပီးဟက္ဟက္ပက္ ပက္ မရယ္ တတ္ၾကလို႔ပါပဲ။သူတို႔ကအခ်ိန္တိုင္းကိစၥတိုင္းကိုေစာင့္ဆိုင္းေနရတာမ်ိဳးမႀကိဳက္ဘဲအျမန္ေက်ာက္ျဖတ္သြားခ်င္ၾကတဲ့သူေတြျဖစ္ပါတယ္။

အခ်ိန္တိုင္းပ်င္းေနတတ္တယ္

တခ်ိဳ႕ေျပာၾကတယ္၊ ပ်င္းရမွာေတာင္ပ်င္းတယ္ဆိုတဲ့စကားပါ၊ အဲဒီစကားက စေနာက္ရံုသက္ သက္မဟုတ္ပါဘူး။ တကယ္ပ်င္းလာၿပီဆိုရင္ ပ်င္းလိုက္တာ…ဘာလုပ္လို႔လုပ္ရ မွန္းမသိဘူး ဆိုတာမ်ိဳးျဖစ္ေလ့ရွိပါတယ္။ ပ်င္းလို႔ တစ္ခုခုလုပ္မယ္..အဲဒီလိုတစ္ခုခုလုပ္ဖို႔ေတာင္မစဥ္းစားခ်င္ေတာ့ ဘာလုပ္ရမွန္းမသိဘူးျဖစ္သြားတယ္။ အဲဒီလိုနဲ႔ အပ်င္းႀကီးတဲ့သူေတြဟာ အခ်ိန္တိုင္း ပ်င္းေနၾကျခင္းျဖစ္ ပါတယ္။

တီထြင္ဉာဏ္ေကာင္းတယ္

ဟုတ္ပါ့မလား…အပ်င္းထူပါတယ္ဆိုမွ တီထြင္ဉာဏ္ေကာင္းတာျဖစ္ႏုိင္ပါ့မလားလို႔ေမးစရာ ရွိႏုိင္ပါ တယ္။ မွန္ပါတယ္၊ တကယ္အပ်င္းႀကီးတဲ့သူေတြ၊ အပ်င္းထူတဲ့လူေတြဟာ သင္ယူေလ့လာရမွာ ပ်င္းသလို ႀကိဳးစားအားထုတ္ရမွာလည္းပ်င္းၾကပါတယ္။ ဒါေပမဲ့ တကယ္တမ္းအေရးေပၚႀကံဳ လာၿပီဆိုရင္ သူတို႔မွာ ပင္ကိုယ္စြမ္းရည္ေတြထြက္ေလ့ရွိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ကိုယ္ သူတို႔ပ်င္းတယ္ဆိုတာသိတဲ့အတြက္ ဘယ္ဟာကိုဘယ္လိုအျမန္ၿပီးေအာင္လုပ္ႏိုင္မလဲ၊ ဘယ္လုိဆိုရင္ ဘယ္ေလာက္အတိုင္းအတာထိျဖစ္သြား မယ္ဆိုတာမ်ိဳးကိုသူတို႔ရဲ႕ပင္ကိုယ္ဉာဏ္နဲ႔အသံုးခ်ေလ့ ရွိပါတယ္။ အရပ္စကားနဲ႔ေျပာမယ္ဆိုရင္ေတာ့ သူမ်ားႏွာေခါင္းေပါက္နဲ႔ဘယ္လိုအသက္ရွဴရမယ္ဆိုတဲ့ အထာနပ္တဲ့သေဘာပါပဲ။

ေျပာစရာစကားမရွိဘူး

တကယ္ပ်င္းတဲ့သူေတြဟာ စကားလွေအာင္ေျပာဖို႔ ဝန္ေလးသလို စကားေျပာဖို႔လည္းပ်င္းၾကပါတယ္။ သူငယ္ခ်င္းေတြနဲ႔ အလာပ သလာပေျပာၿပီးအခ်ိန္ကုန္ဖို႔ထက္ ဘာအလုပ္မွမလုပ္ဘဲ တစ္ေယာက္ တည္းေအးေအးေဆးေဆးနားေနခ်င္ၾကတာမ်ားပါတယ္။ အဲဒါေၾကာင့္ တခ်ိဳ႕အပ်င္းႀကီးတဲ့သူေတြဆိုရင္ မာနႀကီးလို႔ ဒါမွမဟုတ္ ေခ်လို႔စကားမေျပာဘူးလို႔အထင္ခံရတတ္ၿပီး တကယ္တမ္းက်ေတာ့ အဲဒီလို မဟုတ္ဘဲ စကားမရွိစကားရွာေျပာရမွာပ်င္းလို႔ပဲျဖစ္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ အရာရာတိုင္းမွာ သူ႔ေနရာနဲ႔သူအားသာခ်က္၊ အားနည္းခ်က္ဆိုတာရွိတဲ့အတြက္ အပ်င္းထူတယ္၊ အပ်င္းႀကီးတယ္ဆိုရင္လည္း အလြန္အကၽြံမျဖစ္တာေကာင္းပါတယ္။ ကိုယ္ပ်င္းေနတာနဲ႔ သူမ်ားကေကာက္စားသြားရင္ အခြင့္အေရးေတြလြတ္သြားႏိုင္တယ္ေနာ္...........

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
အပျင်းကြီးတယ်ပဲပြောပြော၊ အချောင်ခိုတယ်ပဲပြောပြော နာမည်သာဆိုးတာ အပျင်းကြီးတဲ့ သူတွေ ကိုကြည့်လိုက်ရင် သာသာယာယာရှိနေတာများပါတယ်။ လူဆိုတာကလည်း အဲဒီလိုသာယာနေ တာလေးကိုမှ အရသာတွေ့တတ်ကြတဲ့အမျိုးကိုးဗျ။

တစ်ခုတော့ရှိတယ်…တကယ်ပျင်းပြီဆိုတဲ့လူတွေမှာလည်း သူ့တန်းလေးနဲ့သူတော့ရှိတယ်ခင်ဗျ။ တချို့က အပျင်းထူကိုထူတာ..တချို့ကျတော့ ဉာဏ်ကောင်းလို့သောက်ပျင်းထူတာ..တချို့ကျတော့ ဉာဏ်ကောင်းရုံတင်မကဘဲ အထာနပ်ပြီး ဘယ်အကွက်ကိုဘယ်လို ရွှေ့ရမယ်ဆိုတာကအစသိလို့ သူဘာလုပ်လုပ်သူများထက်အားစိုက်စရာမလိုဘူးဆိုတာသိလို့အပျင်းထူတာ…မိတ်ဆွေအနေနဲ့ ကိုယ်တိုင်အပျင်းထူတဲ့လူဆိုရင်တော့ ကိုယ်ဘယ်တန်းမှာပါလဲဆိုတာဆန်းစစ်ကြည့်နိုင်ပါတယ်။
 အခုတော့ အဲဒီလိုအပျင်းကြီးတဲ့သူတွေ၊ အပျင်းထူတဲ့သူတွေရဲ့ထူးခြားချက်လေးတွေကို မြန်မာ့ ပလက်ဖောင်းပရိသတ်ကြီးအတွက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ထူးခြားချက်လို့ပြောတဲ့အတွက် ကောင်းတဲ့အချက်လည်းဖြစ်ချင်ဖြစ်မယ်၊ ဆိုးတဲ့အချက်လည်းပါနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူများနဲ့မတူဘဲထူးနေလို့ကိုးဗျ။

စကားလှအောင်မပြောတတ်ဘူး

အပျင်းကြီးတဲ့သူတွေဟာ တကယ်ပျင်းပြီဆိုရင် စကားကိုနားထောင်ကောင်းအောင်၊ စကား လှအောင်တောင်မပြောချင်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုပြောရင် စကားလုံးရွေးနေရမယ်၊ အချိန်ကြာတယ်၊ အဲဒီလောက်ထိသူတို့စိတ်မရှည်ပါဘူး။ ဒါကြောင့် သူတို့ဆီက တိုတိုပြတ်ပြတ်နဲ့ ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင်မဟုတ်ဘူးဆိုတဲ့ အမှန်တွေပဲကြားရနိုင်ပါတယ်။

တခြားသူကိုရယ်အောင်မလုပ်နိုင်ဘူး

သင်ကရယ်စရာဟာသတွေစိတ်ဝင်စားပြီးတော့ အဲဒီလိုရယ်အောင်လုပ်နိုင်တဲ့လူမျိုးကို ချစ်သူ အိမ်ထောင်ဖက်အဖြစ်ရွေးမယ်ဆိုရင်တော့ သင်ရွေးမယ့်လူကအပျင်းထူတဲ့လူမျိုးလားဆိုတာ အရင်ဆုံးစုံစမ်းလေ့လာသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပျင်းကြီးတဲ့လူတွေက တခြား လူရယ်အောင်လုပ်ဖို့ိစိတ်မဝင်စားသလို သူတို့ကိုယ်တိုင်လည်း သိပ်ပြီးဟက်ဟက်ပက် ပက် မရယ် တတ်ကြလို့ပါပဲ။သူတို့ကအချိန်တိုင်းကိစ္စတိုင်းကိုစောင့်ဆိုင်းနေရတာမျိုးမကြိုက်ဘဲအမြန်ကျောက်ဖြတ်သွားချင်ကြတဲ့သူတွေဖြစ်ပါတယ်။

အချိန်တိုင်းပျင်းနေတတ်တယ်

တချို့ပြောကြတယ်၊ ပျင်းရမှာတောင်ပျင်းတယ်ဆိုတဲ့စကားပါ၊ အဲဒီစကားက စနောက်ရုံသက် သက်မဟုတ်ပါဘူး။ တကယ်ပျင်းလာပြီဆိုရင် ပျင်းလိုက်တာ…ဘာလုပ်လို့လုပ်ရ မှန်းမသိဘူး ဆိုတာမျိုးဖြစ်လေ့ရှိပါတယ်။ ပျင်းလို့ တစ်ခုခုလုပ်မယ်..အဲဒီလိုတစ်ခုခုလုပ်ဖို့တောင်မစဉ်းစားချင်တော့ ဘာလုပ်ရမှန်းမသိဘူးဖြစ်သွားတယ်။ အဲဒီလိုနဲ့ အပျင်းကြီးတဲ့သူတွေဟာ အချိန်တိုင်း ပျင်းနေကြခြင်းဖြစ် ပါတယ်။

တီထွင်ဉာဏ်ကောင်းတယ်

ဟုတ်ပါ့မလား…အပျင်းထူပါတယ်ဆိုမှ တီထွင်ဉာဏ်ကောင်းတာဖြစ်နိုင်ပါ့မလားလို့မေးစရာ ရှိနိုင်ပါ တယ်။ မှန်ပါတယ်၊ တကယ်အပျင်းကြီးတဲ့သူတွေ၊ အပျင်းထူတဲ့လူတွေဟာ သင်ယူလေ့လာရမှာ ပျင်းသလို ကြိုးစားအားထုတ်ရမှာလည်းပျင်းကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းအရေးပေါ်ကြုံ လာပြီဆိုရင် သူတို့မှာ ပင်ကိုယ်စွမ်းရည်တွေထွက်လေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ် သူတို့ပျင်းတယ်ဆိုတာသိတဲ့အတွက် ဘယ်ဟာကိုဘယ်လိုအမြန်ပြီးအောင်လုပ်နိုင်မလဲ၊ ဘယ်လိုဆိုရင် ဘယ်လောက်အတိုင်းအတာထိဖြစ်သွား မယ်ဆိုတာမျိုးကိုသူတို့ရဲ့ပင်ကိုယ်ဉာဏ်နဲ့အသုံးချလေ့ ရှိပါတယ်။ အရပ်စကားနဲ့ပြောမယ်ဆိုရင်တော့ သူများနှာခေါင်းပေါက်နဲ့ဘယ်လိုအသက်ရှူရမယ်ဆိုတဲ့ အထာနပ်တဲ့သဘောပါပဲ။

ပြောစရာစကားမရှိဘူး

တကယ်ပျင်းတဲ့သူတွေဟာ စကားလှအောင်ပြောဖို့ ဝန်လေးသလို စကားပြောဖို့လည်းပျင်းကြပါတယ်။ သူငယ်ချင်းတွေနဲ့ အလာပ သလာပပြောပြီးအချိန်ကုန်ဖို့ထက် ဘာအလုပ်မှမလုပ်ဘဲ တစ်ယောက် တည်းအေးအေးဆေးဆေးနားနေချင်ကြတာများပါတယ်။ အဲဒါကြောင့် တချို့အပျင်းကြီးတဲ့သူတွေဆိုရင် မာနကြီးလို့ ဒါမှမဟုတ် ချေလို့စကားမပြောဘူးလို့အထင်ခံရတတ်ပြီး တကယ်တမ်းကျတော့ အဲဒီလို မဟုတ်ဘဲ စကားမရှိစကားရှာပြောရမှာပျင်းလို့ပဲဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အရာရာတိုင်းမှာ သူ့နေရာနဲ့သူအားသာချက်၊ အားနည်းချက်ဆိုတာရှိတဲ့အတွက် အပျင်းထူတယ်၊ အပျင်းကြီးတယ်ဆိုရင်လည်း အလွန်အကျွံမဖြစ်တာကောင်းပါတယ်။ ကိုယ်ပျင်းနေတာနဲ့ သူများကကောက်စားသွားရင် အခွင့်အရေးတွေလွတ်သွားနိုင်တယ်နော်...........

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top