ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ေမေမတို႔ေရ ဆံသားေတြပ်က္စီးေနတယ္ဆိုရင္ သာမန္ေခါင္းေလွ်ာ္ရံုနဲ႔မရပါဘူး။ တစ္ပတ္(၁)ခါ သို႔မဟုတ္ (၂)ခါေလာက္ ေပါင္းတင္ေပးမွသာ ဆံသားေတြ ျပန္ၿပီးက်န္းမာလာမွာပါ။

ဆံပင္က ေမေမတို႔ မိန္းမသားေတြအတြက္ တန္ဖိုးထားရတဲ့ အရာတစ္ခုလည္းျဖစ္ပါတယ္။ အေျဖာင့္အေကာက္ေတြ၊ ရာသီဥတုဒဏ္ေတြနဲ႔ ဓာတုေဗဒပစၥည္းေတြေၾကာင့္ ဆံသားေတြက ပ်က္စီးလာပါတယ္။ ဒီလုိဆံသားေတြ ပ်က္စီးလာတာကို ေပါင္းတင္ျခင္းျဖင့္ ျပန္လည္ေကာင္းမြန္ေအာင္ ျပဳလုပ္လို႔ရပါတယ္။ ျပင္ပက ဓာတုေဗဒေပါင္းတင္ေဆးေတြအစား အိမ္မွာပဲ ကိုယ္တိုင္ျပဳလုပ္တာက ဆံသားရဲ႕ က်န္းမာေရးအတြက္ ပိုၿပီးေကာင္းမြန္ပါတယ္။ အလွျပင္ဆိုင္ကို မသြားႏိုင္တဲ့ ေမေမအတြက္ အိမ္မွာ ဆံသားကို ေပါင္းတင္ေပးတာက ပ်က္စီးတာကို ကာကြယ္ေပးပါတယ္။ ဒါေၾကာင့္ ေမေမတို႔အိမ္မွာပဲ လြယ္ကူစြာ ေပါင္းတင္ႏိုင္တဲ့ နည္းလမ္းေတြကို Kalay ကေန ေျပာျပေပးမယ္ေနာ္။

ၾကက္ဥမွာ ပါဝင္တဲ့ ပရိုတိန္းက ဆံသားကို ေကာင္းမြန္ေစပါတယ္
ၾကက္ဥ

ၾကက္ဥမွာ ပါဝင္တဲ့ ပရိုတိန္းက ဆံသားကို ေကာင္းမြန္ေစပါတယ္။ ဆံသားအာနည္းတာနဲ႔ ဆံပင္ပ်က္စီးတာကို ကာကြယ္ေပးပါတယ္။ ဗီတာမင္ဘီပါဝင္တာေၾကာင့္ ဆံသားကို ရွည္လ်ားေစပါတယ္။
ပါဝင္ေသာပစၥည္းမ်ား

    ၾကက္ဥတစ္လံုး
    ႏြားႏို႔တစ္ခြက္
    သံပုရာရည္ စားပြဲတင္ဇြန္း(၂)ဇြန္း
    သံလြင္ဆီ စားပြဲတင္ဇြန္း(၂)ဇြန္း

ျပဳလုပ္နည္း

    ၾကက္ဥနဲ႔ တျခားပါဝင္ပစၥည္းေတြကို ေရာလိုက္ပါ။
    ဦးေရျပားနဲ႔ ဆံသားတေလွ်ာက္ သုတ္လိမ္းေပးပါ။
    မိနစ္(၂၀)ခန္႔ၾကာေအာင္ထားေပးပါ။
    ၿပီးလွ်င္ ေရေအးနဲ႔ ေဆးခ်ပါ။

ငွက္ေပ်ာသီးက ပ်က္စီးေနတဲ့ ဆံသားေတြကို ျပန္လည္ေကာင္းမြန္ေစပါတယ္
ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာ ပိုတက္ဆီယမ္၊ antioxidants၊ သဘာဝအဆီနဲ႔ ဗီတာမင္ေတြ အျပည့္အဝပါဝင္တာေၾကာင့္ ပ်က္စီးေနတဲ့ ဆံသားေတြကို ျပန္လည္ေကာင္းမြန္ေစပါတယ္။ ငွက္ေပ်ာသီးကေတာ့ ဆံပင္အတြက္ အေကာင္းဆံုး အသီးအႏွံျဖစ္ပါတယ္။
ပါဝင္ေသာပစၥည္းမ်ား

    ငွက္ေပ်ာသီး(၂)လံုး
    သံလြင္ဆီ စားပြဲတင္ဇြန္း(၁)ဇြန္း
    အုန္းဆီ စားပြဲတင္ဇြန္း(၁)ဇြန္း
    ပ်ားရည္ စားပြဲတင္ဇြန္း(၁)ဇြန္း

ျပဳလုပ္နည္း

    ဇလံုတစ္ခုထဲမွာ ပါဝင္တဲ့ ပစၥည္းေတြကို အားလံုးေရာစပ္လုိက္ပါ။
    ဦးေရျပားနဲ႔ ဆံသားတေလွ်ာက္ သုတ္လိမ္းေပးပါ။
    ငါးမိနစ္ခန္႔ ထားေပးပါ။
    အနည္းငယ္ေႏြးတဲ့ ေရနဲ႔ ျပန္ေဆးေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: kalay
# Unicode Version ျဖင့္ ဖတ္ပါ #
မေမေတို့ရေ ဆံသားတွေပျက်စီးနေတယ်ဆိုရင် သာမန်ခေါင်းလျှော်ရုံနဲ့မရပါဘူး။ တစ်ပတ်(၁)ခါ သို့မဟုတ် (၂)ခါလောက် ပေါင်းတင်ပေးမှသာ ဆံသားတွေ ပြန်ပြီးကျန်းမာလာမှာပါ။

ဆံပင်က မေမေတို့ မိန်းမသားတွေအတွက် တန်ဖိုးထားရတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ အဖြောင့်အကောက်တွေ၊ ရာသီဥတုဒဏ်တွေနဲ့ ဓာတုဗေဒပစ္စည်းတွေကြောင့် ဆံသားတွေက ပျက်စီးလာပါတယ်။ ဒီလိုဆံသားတွေ ပျက်စီးလာတာကို ပေါင်းတင်ခြင်းဖြင့် ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လို့ရပါတယ်။ ပြင်ပက ဓာတုဗေဒပေါင်းတင်ဆေးတွေအစား အိမ်မှာပဲ ကိုယ်တိုင်ပြုလုပ်တာက ဆံသားရဲ့ ကျန်းမာရေးအတွက် ပိုပြီးကောင်းမွန်ပါတယ်။ အလှပြင်ဆိုင်ကို မသွားနိုင်တဲ့ မေမေအတွက် အိမ်မှာ ဆံသားကို ပေါင်းတင်ပေးတာက ပျက်စီးတာကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် မေမေတို့အိမ်မှာပဲ လွယ်ကူစွာ ပေါင်းတင်နိုင်တဲ့ နည်းလမ်းတွေကို Kalay ကနေ ပြောပြပေးမယ်နော်။

ကြက်ဥမှာ ပါဝင်တဲ့ ပရိုတိန်းက ဆံသားကို ကောင်းမွန်စေပါတယ်
ကြက်ဥ

ကြက်ဥမှာ ပါဝင်တဲ့ ပရိုတိန်းက ဆံသားကို ကောင်းမွန်စေပါတယ်။ ဆံသားအာနည်းတာနဲ့ ဆံပင်ပျက်စီးတာကို ကာကွယ်ပေးပါတယ်။ ဗီတာမင်ဘီပါဝင်တာကြောင့် ဆံသားကို ရှည်လျားစေပါတယ်။
ပါဝင်သောပစ္စည်းများ

    ကြက်ဥတစ်လုံး
    နွားနို့တစ်ခွက်
    သံပုရာရည် စားပွဲတင်ဇွန်း(၂)ဇွန်း
    သံလွင်ဆီ စားပွဲတင်ဇွန်း(၂)ဇွန်း

ပြုလုပ်နည်း

    ကြက်ဥနဲ့ တခြားပါဝင်ပစ္စည်းတွေကို ရောလိုက်ပါ။
    ဦးရေပြားနဲ့ ဆံသားတလျှောက် သုတ်လိမ်းပေးပါ။
    မိနစ်(၂၀)ခန့်ကြာအောင်ထားပေးပါ။
    ပြီးလျှင် ရေအေးနဲ့ ဆေးချပါ။

ငှက်ပျောသီးက ပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည်ကောင်းမွန်စေပါတယ်
ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်၊ antioxidants၊ သဘာဝအဆီနဲ့ ဗီတာမင်တွေ အပြည့်အဝပါဝင်တာကြောင့် ပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည်ကောင်းမွန်စေပါတယ်။ ငှက်ပျောသီးကတော့ ဆံပင်အတွက် အကောင်းဆုံး အသီးအနှံဖြစ်ပါတယ်။
ပါဝင်သောပစ္စည်းများ

    ငှက်ပျောသီး(၂)လုံး
    သံလွင်ဆီ စားပွဲတင်ဇွန်း(၁)ဇွန်း
    အုန်းဆီ စားပွဲတင်ဇွန်း(၁)ဇွန်း
    ပျားရည် စားပွဲတင်ဇွန်း(၁)ဇွန်း

ပြုလုပ်နည်း

    ဇလုံတစ်ခုထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေကို အားလုံးရောစပ်လိုက်ပါ။
    ဦးရေပြားနဲ့ ဆံသားတလျှောက် သုတ်လိမ်းပေးပါ။
    ငါးမိနစ်ခန့် ထားပေးပါ။
    အနည်းငယ်နွေးတဲ့ ရေနဲ့ ပြန်ဆေးပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: kalay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top