မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ထိုင္းႏိုင္ငံမွ နာမည္ႀကီး အျပာမယ္ေဟာင္းတဦးျဖစ္တဲ့ နတ္ကက္ဂ်္ဆရင္ ခင္ပြန္းျဖစ္သူနဲ႔ လမ္းခြဲခဲ့ဲတဲ့ သတင္းဟာ ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။

နတ္ဟာ သူ႔ထက္ အသက္အရြယ္မ်ားစြာ ပိုႀကီးတဲ့ အေမရိကန္နိုင္ငံသား ခင္ပြန္း ျဖစ္သူ ဟာ႐ိုးလ္ဒ္နဲ႔ လက္ထပ္ခဲ့ၿပီး ၅ ႏွစ္္ၾကာမွာ လမ္းခြဲခဲ့တာျဖစ္ၿပီး သူတို႔ ထပ္မံ လက္ထပ္ေတာ့မွာ မဟုတ္ဘူးလို႔ ေျပာလိုက္တာပါ။

လက္ရွိမွာေတာ့ သူတို႔ ၂ ေယာက္လံုးဟာ ကင္းကြာေနၾကၿပီျဖစ္ၿပီး ခင္ပြန္းဆီက ကား၊ အိမ္၊ တျခားပိုင္ဆိုင္မႈတစံုတရာ ေမွ်ာ္လင့္တာမ်ိဳး မရွိဘူးလို႔ ေျပာပါတယ္။

“အတူေနခ်ိန္မွာေတာင္ က်မဘာကိုမွ မေတာင္းဆိုဖူးဘူး။ ဒီကြာရွင္းမႈကေန က်မ ဘာမွ မလိုခ်င္ပါဘူး။ တေလွ်ာက္လံုးလည္း က်မကိုယ္တိုင္ပဲ ရပ္တည္ခဲ့တာပါပဲ။”

၅ ႏွစ္တာ လက္တြဲခဲ့တဲ့ အေမရိကန္ ခင္ပြန္း ဟာ႐ိုးလ္ဒ္နဲ႔ ဆက္ဆံေရးကိုေတာ့ ဦးေလးတဦးနဲ႔ ဆက္ဆံေရးလိုပဲလို႔ အသက္ ၃၃ ႏွစ္အရြယ္ နတ္က ေျပာပါတယ္။

သူတို႔ ၂ ဦးရဲ႕ အိမ္ေထာင္ေရးကာလတေလွ်ာက္ လိင္ဆက္ဆံမႈ တႀကိမ္တခါမွ မလုပ္ခဲ့ဖူးပဲ အဲလိုႀကိဳးစားတိုင္းမွာ မလံုၿခံဳပဲ ေဆြမ်ိဳးခ်င္း ေဖာက္ျပန္မႈတခုလို ခံစားရတယ္လို႔ ဆိုပါတယ္။

“အမွန္အတိုင္းေျပာရရင္ က်မတို႔ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ဖူးတယ္။ ဒါေပမယ့္ က်မ ခံစားလို႔ မရခဲ့ဘူး။ က်မသူ႔ကို ဦးေလးတေယာက္လိုပဲ ခံစားရတယ္။ သူနဲ႔ အတူတူ အိပ္ေနတာက က်မဦးေလးနဲ႔ အတူအိပ္ေနတာလို႔ပဲ ေတြးမိတယ္။ သူလာတဲ့ အခ်ိန္တိုင္း သူက အိပ္ရာေပၚမွာ အိပ္ရင္ က်မက ဆိုဖာေပၚမွာ အိပ္ေလ့ရွိတယ္။”

အဲဒီထက္ပိုၿပီး အံ့အားသင့္ေစရတဲ့ ေနာက္ထပ္ သတင္းတခုကေတာ့ သူဟာ ဗီယက္နမ္မိန္းကေလးခ်စ္သူရွိေနၿပီလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးေနာက္ အင္စတာဂရမ္လူမႈကြန္ရက္စာ မ်က္ႏွာေပၚမွတဆင့္ အဆိုပါ မိန္းကေလးရဲ႕ပံုကို တင္ခဲ့တာပါ။

“သူက ခုမွ ၂၄ ႏွစ္ပဲ ရွိပါေသးတယ္။ က်မထက္ ၉ ႏွစ္ေတာင္ ငယ္ပါတယ္။ သူဟာ တကယ့္ကို ေခ်ာေမာလွပတဲ့သူပါ။ က်မရင္ထဲကို ေရာက္လာေစတဲ့အထိ စြဲလန္းခဲ့ရသူေပါ့။ ခုေတာ့ က်မ အလုပ္ေတြ ႀကိဳးစားရမယ္။ ပိုက္ဆံစုရမယ္။ လတိုင္းသူ႔ဆီ သြားေတြ႔မယ္။ #က်မရဲ႕ဗီယက္နမ္မေလး”ဆိုၿပီး ေရးသားေဖာ္ျပခဲ့တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံမှ နာမည်ကြီး အပြာမယ်ဟောင်းတဦးဖြစ်တဲ့ နတ်ကက်ဂျ်ဆရင် ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲခဲ့ဲတဲ့ သတင်းဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

နတ်ဟာ သူ့ထက် အသက်အရွယ်များစွာ ပိုကြီးတဲ့ အမေရိကန်နိုင်ငံသား ခင်ပွန်း ဖြစ်သူ ဟာရိုးလ်ဒ်နဲ့ လက်ထပ်ခဲ့ပြီး ၅ နှစ်ကြာမှာ လမ်းခွဲခဲ့တာဖြစ်ပြီး သူတို့ ထပ်မံ လက်ထပ်တော့မှာ မဟုတ်ဘူးလို့ ပြောလိုက်တာပါ။

လက်ရှိမှာတော့ သူတို့ ၂ ယောက်လုံးဟာ ကင်းကွာနေကြပြီဖြစ်ပြီး ခင်ပွန်းဆီက ကား၊ အိမ်၊ တခြားပိုင်ဆိုင်မှုတစုံတရာ မျှော်လင့်တာမျိုး မရှိဘူးလို့ ပြောပါတယ်။

“အတူနေချိန်မှာတောင် ကျမဘာကိုမှ မတောင်းဆိုဖူးဘူး။ ဒီကွာရှင်းမှုကနေ ကျမ ဘာမှ မလိုချင်ပါဘူး။ တလျှောက်လုံးလည်း ကျမကိုယ်တိုင်ပဲ ရပ်တည်ခဲ့တာပါပဲ။”

၅ နှစ်တာ လက်တွဲခဲ့တဲ့ အမေရိကန် ခင်ပွန်း ဟာရိုးလ်ဒ်နဲ့ ဆက်ဆံရေးကိုတော့ ဦးလေးတဦးနဲ့ ဆက်ဆံရေးလိုပဲလို့ အသက် ၃၃ နှစ်အရွယ် နတ်က ပြောပါတယ်။

သူတို့ ၂ ဦးရဲ့ အိမ်ထောင်ရေးကာလတလျှောက် လိင်ဆက်ဆံမှု တကြိမ်တခါမှ မလုပ်ခဲ့ဖူးပဲ အဲလိုကြိုးစားတိုင်းမှာ မလုံခြုံပဲ ဆွေမျိုးချင်း ဖောက်ပြန်မှုတခုလို ခံစားရတယ်လို့ ဆိုပါတယ်။

“အမှန်အတိုင်းပြောရရင် ကျမတို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် ကျမ ခံစားလို့ မရခဲ့ဘူး။ ကျမသူ့ကို ဦးလေးတယောက်လိုပဲ ခံစားရတယ်။ သူနဲ့ အတူတူ အိပ်နေတာက ကျမဦးလေးနဲ့ အတူအိပ်နေတာလို့ပဲ တွေးမိတယ်။ သူလာတဲ့ အချိန်တိုင်း သူက အိပ်ရာပေါ်မှာ အိပ်ရင် ကျမက ဆိုဖာပေါ်မှာ အိပ်လေ့ရှိတယ်။”

အဲဒီထက်ပိုပြီး အံ့အားသင့်စေရတဲ့ နောက်ထပ် သတင်းတခုကတော့ သူဟာ ဗီယက်နမ်မိန်းကလေးချစ်သူရှိနေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် အင်စတာဂရမ်လူမှုကွန်ရက်စာ မျက်နှာပေါ်မှတဆင့် အဆိုပါ မိန်းကလေးရဲ့ပုံကို တင်ခဲ့တာပါ။

“သူက ခုမှ ၂၄ နှစ်ပဲ ရှိပါသေးတယ်။ ကျမထက် ၉ နှစ်တောင် ငယ်ပါတယ်။ သူဟာ တကယ့်ကို ချောမောလှပတဲ့သူပါ။ ကျမရင်ထဲကို ရောက်လာစေတဲ့အထိ စွဲလန်းခဲ့ရသူပေါ့။ ခုတော့ ကျမ အလုပ်တွေ ကြိုးစားရမယ်။ ပိုက်ဆံစုရမယ်။ လတိုင်းသူ့ဆီ သွားတွေ့မယ်။ #ကျမရဲ့ဗီယက်နမ်မလေး”ဆိုပြီး ရေးသားဖော်ပြခဲ့တာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top