iMyanmarHouse.com - Best Property Website for Myanmar
×
Credit:းlwinpyin
#Unicode Version#
အိမ်ထောင်ရေးအခြေ အနေနှင့်ပတ်သက်၍ ညှိနှိုင်းနေ ဆဲ အခြေအနေသာရှိသေးသည် ဟု အဆိုတော်ချမ်းချမ်းက အိမ်ထောင်ရေးအကြောင်း ပြော ကြားသည်။
‘‘အစ်မတို့နှစ်ယောက်အ တွက် အချိန်လိုပါတယ်။ အဓိက ကတော့ အဲဒါပါပဲ။ နားလည်မှုနဲ့ တစ်ယောက်နဲ့တစ်ယောက် အ ပြန်အလှန်လေးစားမှု။ သူ ဘာလို ချင်တာလဲဆိုတာ ကိုယ်သိမှ။ အစ်မဘာလိုချင်လဲဆိုတာ သူသိ မှ အိမ်ထောင်တစ်ခုက ရေရှည် သွားလို့ရမယ်။ အဓိကက ချစ်ခြင်း မေတ္တာနဲ့သစ္စာတရားမရှိရင်တော့ အိမ်ထောင်တစ်ခုက အဆင်မပြေ နိုင်ဘူး’’ဟု ချမ်းချမ်းက ပြော သည်။
ချစ်သူများနေ့တွင် ဘုဏ်း သိုက်နှင့် ချမ်းချမ်းတို့နှစ်ဦး၏အိမ် ထောင်ရေးပြေလည်မှုရရှိပြီ ဖြစ်ကြောင်း မီဒီယာတစ်ခု၌ ဖော်ပြခြင်းကလည်း မဟုတ်မှန်ဘဲ ဘုဏ်းသိုက်က ၎င်းကို ချစ်သူများနေ့ Suprise ပြုလုပ်ပေးခြင်းဖြစ်သည် ဟုဆိုသည်။
‘‘Valentine Day မှာ လူတိုင်းပျော်နေတဲ့အချိန် အစ်မကို ပျော် အောင် လုပ်ပေးတဲ့ အစ်ကို့ကို ကျေးဇူးတင်ပါတယ်။ အစ်မတို့ ဘဝက သူများတွေ Romatic ဖြစ် အောင်လို့ ကိုယ်တွေက အချိန် ပေးရတဲ့လူတွေ၊ ဒီနှစ်ကတော့ ကိုယ်လည်း ပျော်ရတယ်။ သူများ တွေကိုလည်း ပျော်အောင်လုပ် ပေးရမယ်ဆိုတော့ ဒီနှစ်က ပျော် စရာကောင်းပါတယ်’’ဟု ချမ်းချမ်းက ချစ်သူများနေ့ ဖြတ်သန်းခဲ့ရ သည့် အမှတ်တရကို ပြောသည်။
ယခုနှစ်ကုန်အထိ နယ်ဖျော်ဖြေရေးများ လက်ခံထားပြီး ပြီးခဲ့ သည့် နှစ်ကုန်ပိုင်းက ထွက်ရှိ သည့် ‘သို့…ချစ်နေတုန်းပဲ’ အခွေ အတွက် ရိုက်ကူးရေးပြုလုပ်ရန် အစီအစဉ်ရှိသည်ဟု ၎င်းက ပြော သည်။
‘‘အစ်မက လောလောဆယ် ဘန်ကောက်မှာ ဆေးခန်းပြနေရ တယ်။ အာရုံကြောအားနည်းတာ။ နောက်ပြီး သွိုင်းရွိုက်လို အကျိတ် မျိုးဖြစ်နေတော့ ပိုးသတ်ဆေး သောက်နေရတယ်။ နှလုံးက လည်း ရှိတော့ အပင်ပန်းလည်း သိပ်မခံနိုင်ဘူး။ အခုက နယ်အမြဲ ထွက်နေရတော့ အိပ်ရေးပျက်တာနဲ့ တစ်ကိုယ်တော်ပွဲဆိုရင် သီချင်း အပုဒ်သုံးဆယ်လောက်ဆိုရမှာ ဆိုတော့ အဆင်သင့်မဖြစ်သေးလို့ ရက်ရွှေ့ထားတာပါ’’ဟု ၎င်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ် မည့်အကြောင်းနှင့်ပတ်သက်၍ ချမ်းချမ်းက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: းlwinpyin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top