မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×



Credit: Hlataw
#Unicode Version#
ဗီလိန်ဇာတ်ပို့နေရာများမှာ လူသိများပြီး အားပေးသည့် ပရိတ်များစွာ ပိုင်ဆိုင်ထားတဲ့ နိုင်လူတစ်ယောက်တော့ ခုရက်ပိုင်း အမွေကိစ္စကြောင့် ခေါင်းခြောက်နေရပါတယ်။နိုင်လူက မိခင်မကွယ်လွန်ခင်ကလည်း အမေကိုချစ်တဲ့ သားတစ်ယောက်ဖြစ်သည်။ ဒုလ္လဘသင်္ကန်းဝတ်စဉ်ကလည်း မိခင်ကို ဆွမ်းခံကျွေးခဲ့သေးတာ ဖြစ်ပါတယ်။ဒါပေမယ့် သူ့ရဲ့မိခင်ကြီး ဆုံးသွာတာဟာ ခုဆိုရင် တစ်နှစ်တိတိ ပြည့်သွားပြီဖြစ်ပါတယ်။ အရင်နှစ်က အမွေကိစ္စများကို ခေါ်ထဲပြန်ပေါ်လာပြီး မျက်ရည်ကျခဲ့ရကြောင်း ပြောသည်။ ထို့ကြောင့် ခေါင်းငုံ့မခံလိုသဖြင့် အမှုရင်ဆိုင်ဖို့ စီစဉ်မည်ဟု သိရသည်။‘’ မနှစ်က ဒီအချိန်အမေဆုံးခဲ့တယ်

ဒီနေ့မနက်မိုးမလင်းသေးဘူလုပ်ငန်းရှင်ဆွေမျိ ုးအပေါင်းကပညာရှိနည်းတွေနဲ့စကားပြောကြတယ်ယနေ့မှစ၍ စိန်ခေါ ်ပြီသိန်းပေါင်းများစွာရှိသူတွေကအိပ်စရာကျောတချပ်စာနေရာကိုပြန်တောင်းကြတယ်လွန်ခဲ့သေား နှစ်များက အဘိုးအဘွားထားရှိခဲ့တဲ့အမွေကိုအစပြန်ဖော်ပြမယ်နိုင်လူယနေ့မနက်ကျခဲ့ရသည့်မျက်ရည်ကိုတရားခွင်မှာတင်ပြမယ်’’ ဟု နိုင်လူက ဒီနေ့ သူ့ရဲ့ဖေ့စ်ဘွက်မှာ ရေးသားထားပါတယ်။နောက်ပြီး သူ့ကိုချစ်ခင်ပြီး ကူညီမယ့် ဥပဒေပညာရှင်များကိုလည်း ဖိတ်ခေါ် အကူအညီတောင်းထားတာ တွေ့ရသည်။ ဇာတ်ကားတွေထဲမှာ ပြဿနာတွေကြားထဲက နိုင်လူတစ်ယောက် အပြင်မှလည်း ပြဿတွေနဲ့ပါလား ဆိုတာကိုသိရတော့ ပရိတ်သတ်များက စိတ်မမကောင်းကြပေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Hlataw
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top