ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ေသြးတြင္းမွာ ကိုလက္စေရာေတြ မ်ားလာပါက ျပင္းထန္တဲ့ ႏွလံုးေသြးေၾကာျပႆနာေတြကို ျဖစ္ေစႏိုင္တဲ့အတြက္ ကိုလက္စေရာမတက္ေအာင္ ထိန္းခ်ဳပ္မႈေတြလုပ္ဖို႔ လိုအပ္ပါတယ္။

ဒါေၾကာင့္ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ လူေနမႈပံုစံမ်ိဳး လိုအပ္ပါတယ္။ အဆီ အသင့္အတင့္သာ စားသံုးၿပီး မေကာင္းတဲ့ ကိုလက္စေရာေတြကို ေသြးတြင္းကေန ေမာင္းထုတ္ေပးမယ့္ အစားအစာေတြ စားသံုးပါ။

1.      ၾကက္သြန္ျဖဴႏွင့္ သံပရာသီး

          ပထမဆံုးအေနနဲ႔ ၾကက္သြန္ျဖဴအစိမ္းနဲ႔ သံပရာရည္တို႔မွာ ကၽြႏု္ပ္တို႔ ေသြးေၾကာအတြင္း စုေဝးေနတဲ့အဆီေတြကို ဖယ္ရွားေပးႏုိင္တဲ့ အင္တီေအာက္ဆီးဒင့္ေတြ ပါဝင္ပါတယ္။ ဒီႏွစ္မ်ိဳးက ေသြးကို သန္႔စင္ေပးၿပီး အလြန္အမင္း ေရာင္ရမ္းျခင္းေၾကာင့္ ျဖစ္တဲ့ျပႆနာေတြကိုလည္း ကာကြယ္ေပးပါတယ္။

>>    ပါဝင္ပစၥည္း

•        ၾကက္သြန္ျဖဴ အစိမ္းတစ္တက္

•        သံပရာသီးရည္ (သံပရာသီးတစ္ျခမ္း)

>>    ျပဳလုပ္နည္း

          ၾကက္သြန္ျဖဴ အစိမ္းတစ္တက္ကို ႀကိတ္ေခ်ၿပီး သံပရာရည္ႏွင့္ ေရာပါ။

>>    ေသာက္သံုးနည္း

          ၾကက္သြန္ျဖဴနဲ႔ သံပရာရည္ အေရာကို မနက္ႏိုးႏိုးခ်င္း ဘာမွမစားမီ အနည္းဆံုး 3 ပတ္ၾကာေအာင္ ေသာက္ပါ။



2.      ဝိုင္ႏွင့္ နံနံပင္

          ဝိုင္နီနဲ႔ နံနံပင္ ကုထံုးက ေသြးတြင္းကိုလက္စေရာေတြကို ေလ်ာ့က်ေစတဲ့ ေရွးေဟာင္းကုထံုးတစ္မ်ိဳး ျဖစ္ပါတယ္။ ဒီထဲမွာ ပါဝင္တဲ့ အင္တီေအာက္ဆီးဒင့္ေတြက ေသြးေၾကာမ်ားအတြင္း အဆီေတြျဖစ္တည္မႈကို ဟန္႔တားေပးျခင္းအားျဖင့္ ေသြးေၾကာပိတ္ျခင္းနဲ႔ ေသြးတိုးျခင္းတို႔ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

>>    ပါဝင္ပစၥည္းမ်ား

•        ဝုိင္နီ 2 ခြက္ (400 ml)

•        နံနံပင္ ႀကိတ္ရည္ လက္ဖက္ရည္ဇြန္း 3 ဇြန္း (30 g)

>>    ျပဳလုပ္နည္း

•        ပထမဆံုး ဝိုင္နီကို ပုလင္း (သို႔) ဖန္ဘူးထဲ ေလာင္းထည့္ပါ။ ၿပီးေနာက္ နံနံပင္ႀကိတ္ရည္ ထည့္ပါ။

•        ဒီအေရာကို 12 ရက္ေလာက္ ထားထားၿပီးမွ ေသာက္သံုးပါ။

>>    ေသာက္သံုးနည္း

•        အစာ မစားမီ ခြက္တစ္ခြက္ (100 ml) ေသာက္ပါ။

•        2 ပတ္ၾကာ ဆက္ေသာက္ပါ။



3.      သခြားသီးႏွင့္ မာလကာသီး

          လတ္ဆတ္တဲ့ သခြားသီးနဲ႔ မာလကာသီးေဖ်ာ္ရည္က ခႏၶာကိုယ္အတြင္းရွိ အညစ္အေၾကးေတြကို စြန္႔ထုတ္ေပးတဲ့ အဂၤါေတြကို လႈံ႕ေဆာ္ေပးၿပီး မေကာင္းတဲ့ ကိုလက္စေရာေတြကို ဖယ္ရွားေပးပါတယ္။

          အမွ်င္ဓာတ္နဲ႔ အင္တီေအာက္ဆီးဒင့္ေတြ ၾကြယ္ဝစြာ ပါဝင္ၿပီး အူကေနၿပီး အဆီေတြ စုပ္ယူမႈကို ေလ်ာ့က်ေစပါတယ္။

>>    ပါဝင္ပစၥည္းမ်ား

•        သခြားသီးတစ္ဝက္

•        မာလကာသီး 2 လံုး

•        ေရခြက္တစ္ဝက္ (100 ml)

>>    ျပဳလုပ္နည္း

•        ပါဝင္ပစၥည္းမ်ားကို လွီးျဖတ္ၿပီး ေရႏွင့္ ေရာေမႊပါ။

•        မိနစ္ အနည္းငယ္ၾကာေအာင္ ေမႊေပးၿပီး ခ်က္ခ်င္းေသာက္ပါ။

>>    ေသာက္သံုးနည္း

•        မနက္ေစာေစာ ဘာမွမစားမီ ဒီအရည္ကို ေသာက္သံုးပါ။ အနည္းဆံုး တစ္ပတ္ကို 3 ႀကိမ္ ေသာက္ပါ။



4.      နာနတ္သီးခ်င္းရည္

          နာနာသီးနဲ႔ ခ်င္းရည္မွာ ပါဝင္တဲ့ ဆီးသြားေစတဲ့အစြမ္းနဲ႔ အဆိပ္အေတာက္မ်ားကို ဖယ္ရွားေပးႏိုင္စြမ္းက ဇီဝကမၼျဖစ္စဥ္ကို လႈံ႕ေဆာ္ေပးၿပီး ေသြးေၾကာထဲမွာ အဆီေတြ စုပ္ယူႏိုင္ႏႈန္းကို ေလ်ာ့က်ေစပါတယ္။ ဒီဂုဏ္သတၱိေတြက ခႏၶာကိုယ္အတြင္းမွာ အရည္ေတြ စုပံုေနျခင္းေၾကာင့္ျဖစ္တဲ့ ေရာင္ရမ္းျခင္းကို တိုက္ဖ်က္ေပးပါတယ္။ ဒီထဲမွာ အေရးႀကီးတဲ့ အက်ိဳးေက်းဇူးတစ္ခုကေတာ့ ေသြးတိုးေရာဂါ ျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးပါတယ္။

>>    ပါဝင္ပစၥည္းမ်ား

•        အခြံပါ နာနတ္သီး 3 စိတ္

•        ေရ 3 ခြက္ (600 ml)

•        ႀကိတ္ေခ်ထားေသာ ခ်င္းစားပြဲတင္ဇြန္း 1 ဇြန္း (10 g)

>>    ျပဳလုပ္နည္း

•        နာနတ္သီးမ်ားကို အခြံမခြာဘဲ အတံုးေသးေသးေလးမ်ား တံုးၿပီး ေရႏွင့္ ေရာက်ိဳပါ။

•        ဆူလာေသာအခါ မီးဖိုေပၚမွခ်ၿပီး ႀကိတ္ထားေသာခ်င္းမ်ား ထည့္ပါ။

•        ေသာက္သံုးရန္ သင့္ေတာ္ေသာအပူခ်ိန္ ေရာက္ေအာင္ထားထားပါ။

>>    ေသာက္သံုးနည္း

•        အစာမစားမီ 1 ခြက္ေသာက္ပါ။ တစ္ေန႔ 3 ႀကိမ္ ေသာက္သံုးပါ။

•        တစ္ပတ္လွ်င္ အနည္းဆံုး 3 ႀကိမ္ ေသာက္သံုးေပးပါ။



5.      ႏွမ္း၊ ပန္းသီးႏွင့္ အုတ္ဂ်ံဳ

          ႏွမ္းလက္ဖက္ရည္၊ ပန္းသီး၊ အုတ္ဂ်ံဳတို႔ျဖင့္ ျပဳလုပ္ထားတဲ့ ေဖ်ာ္ရည္ဟာဆိုရင္ ေသြးတြင္းကိုလက္စေရာနဲ႔ Triglyceride အဆီေတြကို က်ေစျခင္းအားျဖင့္ ေသြးေၾကာေတြကို သန္႔စင္ေပးပါတယ္။ ဒီအစားအစာေတြမွာ အမွ်င္ဓာတ္၊ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ၾကြယ္ဝစြာ ပါဝင္ၿပီး အစာေခ်အား ေကာင္းေစကာ ႏွလံုးေသြးေၾကာ က်န္းမာေရးအတြက္လည္း အေထာက္အကူျပဳပါတယ္။

>>    ပါဝင္ပစၥည္းမ်ား

•        ႏွမ္း စားပြဲတင္ဇြန္း 1 ဇြန္း (10 g)

•        ေရ 1 ခြက္ (200 ml)

•        ပန္းသီးစိမ္းတစ္လံုး

•        အုတ္ဂ်ံဳ စားပြဲတင္ဇြန္း 2 ဇြန္း (20 g)

>>    ျပဳလုပ္နည္း

•        ႏွမ္း စားပြဲတင္ဇြန္း 1 ဇြန္းကို ေရေႏြးဆူဆူတစ္ခြက္ထဲ ထည့္ၿပီး တစ္ညလံုးထားထားပါ။

•        ေနာက္ေန႔မနက္တြင္ အရည္အဖတ္ သတ္သတ္ခြဲလိုက္ၿပီး အရည္ေတြကို သစ္သီးေဖ်ာ္စက္ထဲ ထည့္ပါ။ ပန္္းသီးစိမ္း၊ အုတ္ဂ်ံဳတို႔ပါ ထည့္ပါ။ ေကာင္းေကာင္း ေရာေႏွာသြားသည္အထိ ေရာေမႊပါ။

>>    ေသာက္သံုးနည္း

•        မနက္ေစာေစာ ဘာမွမစားမီ ဒီအရည္ကို ေသာက္ပါ။ အရည္ေသာက္ၿပီး မိနစ္ 30 ၾကာမွ မနက္စာ စားပါ။

•        3 ပတ္ ဆက္တိုက္ ေသာက္သံုးေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
သွေးတွင်းမှာ ကိုလက်စရောတွေ များလာပါက ပြင်းထန်တဲ့ နှလုံးသွေးကြောပြဿနာတွေကို ဖြစ်စေနိုင်တဲ့အတွက် ကိုလက်စရောမတက်အောင် ထိန်းချုပ်မှုတွေလုပ်ဖို့ လိုအပ်ပါတယ်။

          ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုပုံစံမျိုး လိုအပ်ပါတယ်။ အဆီ အသင့်အတင့်သာ စားသုံးပြီး မကောင်းတဲ့ ကိုလက်စရောတွေကို သွေးတွင်းကနေ မောင်းထုတ်ပေးမယ့် အစားအစာတွေ စားသုံးပါ။



1.      ကြက်သွန်ဖြူနှင့် သံပရာသီး

          ပထမဆုံးအနေနဲ့ ကြက်သွန်ဖြူအစိမ်းနဲ့ သံပရာရည်တို့မှာ ကျွနု်ပ်တို့ သွေးကြောအတွင်း စုဝေးနေတဲ့အဆီတွေကို ဖယ်ရှားပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပါတယ်။ ဒီနှစ်မျိုးက သွေးကို သန့်စင်ပေးပြီး အလွန်အမင်း ရောင်ရမ်းခြင်းကြောင့် ဖြစ်တဲ့ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။

>>    ပါဝင်ပစ္စည်း

•        ကြက်သွန်ဖြူ အစိမ်းတစ်တက်

•        သံပရာသီးရည် (သံပရာသီးတစ်ခြမ်း)

>>    ပြုလုပ်နည်း

          ကြက်သွန်ဖြူ အစိမ်းတစ်တက်ကို ကြိတ်ချေပြီး သံပရာရည်နှင့် ရောပါ။

>>    သောက်သုံးနည်း

          ကြက်သွန်ဖြူနဲ့ သံပရာရည် အရောကို မနက်နိုးနိုးချင်း ဘာမှမစားမီ အနည်းဆုံး 3 ပတ်ကြာအောင် သောက်ပါ။



2.      ဝိုင်နှင့် နံနံပင်

          ဝိုင်နီနဲ့ နံနံပင် ကုထုံးက သွေးတွင်းကိုလက်စရောတွေကို လျော့ကျစေတဲ့ ရှေးဟောင်းကုထုံးတစ်မျိုး ဖြစ်ပါတယ်။ ဒီထဲမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက သွေးကြောများအတွင်း အဆီတွေဖြစ်တည်မှုကို ဟန့်တားပေးခြင်းအားဖြင့် သွေးကြောပိတ်ခြင်းနဲ့ သွေးတိုးခြင်းတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

>>    ပါဝင်ပစ္စည်းများ

•        ဝိုင်နီ 2 ခွက် (400 ml)

•        နံနံပင် ကြိတ်ရည် လက်ဖက်ရည်ဇွန်း 3 ဇွန်း (30 g)

>>    ပြုလုပ်နည်း

•        ပထမဆုံး ဝိုင်နီကို ပုလင်း (သို့) ဖန်ဘူးထဲ လောင်းထည့်ပါ။ ပြီးနောက် နံနံပင်ကြိတ်ရည် ထည့်ပါ။

•        ဒီအရောကို 12 ရက်လောက် ထားထားပြီးမှ သောက်သုံးပါ။

>>    သောက်သုံးနည်း

•        အစာ မစားမီ ခွက်တစ်ခွက် (100 ml) သောက်ပါ။

•        2 ပတ်ကြာ ဆက်သောက်ပါ။



3.      သခွားသီးနှင့် မာလကာသီး

          လတ်ဆတ်တဲ့ သခွားသီးနဲ့ မာလကာသီးဖျော်ရည်က ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတဲ့ အင်္ဂါတွေကို လှုံ့ဆော်ပေးပြီး မကောင်းတဲ့ ကိုလက်စရောတွေကို ဖယ်ရှားပေးပါတယ်။

          အမျှင်ဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာ ပါဝင်ပြီး အူကနေပြီး အဆီတွေ စုပ်ယူမှုကို လျော့ကျစေပါတယ်။

>>    ပါဝင်ပစ္စည်းများ

•        သခွားသီးတစ်ဝက်

•        မာလကာသီး 2 လုံး

•        ရေခွက်တစ်ဝက် (100 ml)

>>    ပြုလုပ်နည်း

•        ပါဝင်ပစ္စည်းများကို လှီးဖြတ်ပြီး ရေနှင့် ရောမွှေပါ။

•        မိနစ် အနည်းငယ်ကြာအောင် မွှေပေးပြီး ချက်ချင်းသောက်ပါ။

>>    သောက်သုံးနည်း

•        မနက်စောစော ဘာမှမစားမီ ဒီအရည်ကို သောက်သုံးပါ။ အနည်းဆုံး တစ်ပတ်ကို 3 ကြိမ် သောက်ပါ။



4.      နာနတ်သီးချင်းရည်

          နာနာသီးနဲ့ ချင်းရည်မှာ ပါဝင်တဲ့ ဆီးသွားစေတဲ့အစွမ်းနဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်စွမ်းက ဇီဝကမ္မဖြစ်စဉ်ကို လှုံ့ဆော်ပေးပြီး သွေးကြောထဲမှာ အဆီတွေ စုပ်ယူနိုင်နှုန်းကို လျော့ကျစေပါတယ်။ ဒီဂုဏ်သတ္တိတွေက ခန္ဓာကိုယ်အတွင်းမှာ အရည်တွေ စုပုံနေခြင်းကြောင့်ဖြစ်တဲ့ ရောင်ရမ်းခြင်းကို တိုက်ဖျက်ပေးပါတယ်။ ဒီထဲမှာ အရေးကြီးတဲ့ အကျိုးကျေးဇူးတစ်ခုကတော့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

>>    ပါဝင်ပစ္စည်းများ

•        အခွံပါ နာနတ်သီး 3 စိတ်

•        ရေ 3 ခွက် (600 ml)

•        ကြိတ်ချေထားသော ချင်းစားပွဲတင်ဇွန်း 1 ဇွန်း (10 g)

>>    ပြုလုပ်နည်း

•        နာနတ်သီးများကို အခွံမခွာဘဲ အတုံးသေးသေးလေးများ တုံးပြီး ရေနှင့် ရောကျိုပါ။

•        ဆူလာသောအခါ မီးဖိုပေါ်မှချပြီး ကြိတ်ထားသောချင်းများ ထည့်ပါ။

•        သောက်သုံးရန် သင့်တော်သောအပူချိန် ရောက်အောင်ထားထားပါ။

>>    သောက်သုံးနည်း

•        အစာမစားမီ 1 ခွက်သောက်ပါ။ တစ်နေ့ 3 ကြိမ် သောက်သုံးပါ။

•        တစ်ပတ်လျှင် အနည်းဆုံး 3 ကြိမ် သောက်သုံးပေးပါ။



5.      နှမ်း၊ ပန်းသီးနှင့် အုတ်ဂျုံ

          နှမ်းလက်ဖက်ရည်၊ ပန်းသီး၊ အုတ်ဂျုံတို့ဖြင့် ပြုလုပ်ထားတဲ့ ဖျော်ရည်ဟာဆိုရင် သွေးတွင်းကိုလက်စရောနဲ့ Triglyceride အဆီတွေကို ကျစေခြင်းအားဖြင့် သွေးကြောတွေကို သန့်စင်ပေးပါတယ်။ ဒီအစားအစာတွေမှာ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး အစာချေအား ကောင်းစေကာ နှလုံးသွေးကြော ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။

>>    ပါဝင်ပစ္စည်းများ

•        နှမ်း စားပွဲတင်ဇွန်း 1 ဇွန်း (10 g)

•        ရေ 1 ခွက် (200 ml)

•        ပန်းသီးစိမ်းတစ်လုံး

•        အုတ်ဂျုံ စားပွဲတင်ဇွန်း 2 ဇွန်း (20 g)

>>    ပြုလုပ်နည်း

•        နှမ်း စားပွဲတင်ဇွန်း 1 ဇွန်းကို ရေနွေးဆူဆူတစ်ခွက်ထဲ ထည့်ပြီး တစ်ညလုံးထားထားပါ။

•        နောက်နေ့မနက်တွင် အရည်အဖတ် သတ်သတ်ခွဲလိုက်ပြီး အရည်တွေကို သစ်သီးဖျော်စက်ထဲ ထည့်ပါ။ ပန်းသီးစိမ်း၊ အုတ်ဂျုံတို့ပါ ထည့်ပါ။ ကောင်းကောင်း ရောနှောသွားသည်အထိ ရောမွှေပါ။

>>    သောက်သုံးနည်း

•        မနက်စောစော ဘာမှမစားမီ ဒီအရည်ကို သောက်ပါ။ အရည်သောက်ပြီး မိနစ် 30 ကြာမှ မနက်စာ စားပါ။

•        3 ပတ် ဆက်တိုက် သောက်သုံးပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top