iMyanmarHouse.com - Best Property Website for Myanmar
×





Credit: lwinpyin

#Unicode Version#
ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အခိုင်အမာရရှိထားတဲ့ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးဟာ လျှို့ဝှက်ပေါင်းများစွာ၊ လွမ်းဆွေးမှုရသပေါင်းစုံ ၊ခံစားချက်မျိုးစုံတို့နဲ့ ရင်းနှီးခဲ့ရတဲ့ ရုပ်ရှင်ကားကြီး တစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကြီးရဲ့ ဇာတ်ညွှန်းရေးဆရာမဟာ ဒါရိုက်တာ ခရစ္စတီးနားခီ ဘဲဖြစ်ပြီး သူမရဲ့ သားလေးကို လွမ်းဆွေးပြီးရေးဖွဲ့ခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ခီ နဲ့ ခရစ္စတီးနားခီတို့ဟာ ပထမဆုံး သားဦးလေးကို ဆုံးရှုံးခဲ့ရပြီး ယခုလက်၇ှိမှာတော့ ၅နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဒုတိယမြောက်သားလေး ကို မိဘမေတ္တာတွေ အပြည့်အဝပေးပြီး ပြုစုစောင့်ရှောက်နေပါတယ်။ ဒီဇာတ်လမ်းဟာ ဖန်တရာထပ်နေတဲ့ ဇာတ်လမ်းမျိုး ဖြစ်နေရင်တောင် ရင်ထဲကချစ်ခြင်းမေတ္တာတွေနဲ့ ရေးသားထားတယ်ဆိုတာကို သားလေးသာသိနေမယ်ဆိုရင် ကျေနပ်ပါတယ်တဲ့။

သူမဟာ မုဒြာခေါ်သံဇာတ်လမ်းကို သူမတို့ရဲ့ သားဦးလေးကို လွမ်းလို့ရေးသားခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်ပြီး သူတို့ရဲ့ သားဦးလေးနာမည် Jaden ကိုလဲ မင်းသားရဲ့ နာမည်အဖြစ်ထည့်သွင်းထားကာ ဖခင်ဖြစ်သူ ဇဏ်ခီက Jaden နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်တယ်လို့လဲ သိရပါတယ်။ သူမဟာ ၂၀၁၇ခုနှစ်တုန်းက သူမရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားခဲ့တဲ့ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ကားကြီးဖြစ်လာပုံကို ပြန်လည်ပြီးဖော်ပြလိုက်ပါမယ်နော်။

သူမပြောထားပုံလေးက ” တကယ်တော့ မုဒြာရဲ့ခေါ်သံ ဆိုတာ မေမေကသားကို လွမ်းလွန်းလို့ရေးခဲ့ရတာပါ။ ရေးနေတုန်းကလည်း အရမ်းလွမ်းခဲ့တယ် အခုလည်း လွမ်းနေဆဲပါပဲ။ ဖန်တရာ ထပ်နေတဲ့ ဇာတ်လမ်းမျိုးလို့ပြောကြရင်တောင်တကယ့် ရင်ထဲကချစ်ခြင်းမေတ္တာ တွေထည့်ပြီးရေးခဲ့တဲ့ အတွက်သားလေး သိရင်ကျေနပ်ပါပြီ။ မေမေ မြင်ခွင့်မရတော့တဲ့ Jaden ပေါက်စလေးရယ် လွမ်းတယ်။ Miss you Tris… ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးဟာ ယနေ့မှာတော့ ရုံတင်ပြသနေပြီဖြစ်ပါတယ်။ ပရိသတ်ကြီးကလဲ အားပေးရဲ့ မုဒြာဖြစ်ပေါ်လာပုံလေးကို မျှဝေပေးလိုက်ကြပါဦးနော်။ ချစ်ရပါသော မိုမိုလေးပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top