×

လင္မယားခ်င္းစကား မ်ားရန္ျဖစ္ရာမွ ခုနစ္လခန္႔ရွိ ကိုယ္၀န္ေဆာင္ဗိုက္ကို ေျခ ေထာက္ျဖင့္ကန္ကာ ႐ိုက္ႏွက္ သည့္ခင္ပြန္းကို ကိုယ္၀န္ေဆာင္ ဇနီးကဓားျဖင့္ခုတ္သတ္မႈ ျဖစ္ ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ ဖြဲ႕က သတင္းထုတ္ျပန္သည္။

စစ္ကိုင္းတိုင္း ေဒသႀကီး ကန္႔ဘလူၿမိဳ႕နယ္ ေခ်ာင္းကန္ ေက်းရြာေန (၃၂) ႏွစ္အရြယ္ျမင့္ ေဇာ္သည္ မတ္လ ၁၁ ရက္မြန္း တည့္ ၁၂ နာရီက ၎အလုပ္ လုပ္ကိုင္သည္ ႏွီးစခန္းတြင္ ဇနီးႏွင့္ စကားမ်ားရာမွ စတင္ျဖစ္ပြားခဲ့ေၾကာင္း ရဲမွတ္တမ္းတြင္ေဖာ္ျပထားသည္။

လင္မယားစကားမ်ားစဥ္ ကိုယ္၀န္ခုနစ္လ လြယ္ထားရ သည့္ ဇနီးသည္၏ဗိုက္ကို ေျခ ေထာက္ျဖင့္ကန္ခဲ့သည့္အျပင္ ၀ါးရင္းတုတ္ျဖင့္ ထပ္မံ႐ိိုက္ႏွက္ သျဖင့္  ဇနီးသည္က လက္ထဲတြင္ အသင့္ရွိေနသည့္ ႏွီးထိုးဓားျဖင့္ ခုတ္ခဲ့သည္ဟု ဆိုသည္။

ဇနီးသည္က ႏွီးထိုးဓားျဖင့္ ခုတ္ေသာေၾကာင့္ ဒဏ္ရာ ရရွိခဲ့သည့္ ျမင့္ေဇာ္ကို ကန္႔ဘလူ ၿမိဳ႕နယ္ ခုတင္ ၁၀၀ ေဆး႐ံုသို႔ တင္းပို႔ကုသစဥ္ ယင္းေန႔ ည၈ နာရီတြင္ ရရွိခဲ့ေသာဒဏ္ရာမ်ားျဖင့္ ေသဆံုးခဲ့သည္။

လင္းမယားခ်င္းစကားမ်ား ရန္ျဖစ္ရာမွ ခင္ပြန္းျဖစ္သူကို ႏွီးထိုးဓားျဖင့္ခုတ္ခဲ့သည့္ (၃၃)ႏွစ္ အရြယ္မခင္ခ်ိဳခ်ိဳလင္း(ခ)ခ်ိဳလင္း ကို သက္ဆိုင္ရာနယ္ေျမရဲစခန္း က လူသတ္မႈပုဒ္မ ၃၀၂ ျဖင့္ အမႈ ဖြင့္ အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
လင်မယားချင်းစကား များရန်ဖြစ်ရာမှ ခုနစ်လခန့်ရှိ ကိုယ်ဝန်ဆောင်ဗိုက်ကို ခြေ ထောက်ဖြင့်ကန်ကာ ရိုက်နှက် သည့်ခင်ပွန်းကို ကိုယ်ဝန်ဆောင် ဇနီးကဓားဖြင့်ခုတ်သတ်မှု ဖြစ် ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ချောင်းကန် ကျေးရွာနေ (၃၂) နှစ်အရွယ်မြင့် ဇော်သည် မတ်လ ၁၁ ရက်မွန်း တည့် ၁၂ နာရီက ၎င်းအလုပ် လုပ်ကိုင်သည် နှီးစခန်းတွင် ဇနီးနှင့် စကားများရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

လင်မယားစကားများစဉ် ကိုယ်ဝန်ခုနစ်လ လွယ်ထားရ သည့် ဇနီးသည်၏ဗိုက်ကို ခြေ ထောက်ဖြင့်ကန်ခဲ့သည့်အပြင် ဝါးရင်းတုတ်ဖြင့် ထပ်မံရိုက်နှက် သဖြင့်  ဇနီးသည်က လက်ထဲတွင် အသင့်ရှိနေသည့် နှီးထိုးဓားဖြင့် ခုတ်ခဲ့သည်ဟု ဆိုသည်။

ဇနီးသည်က နှီးထိုးဓားဖြင့် ခုတ်သောကြောင့် ဒဏ်ရာ ရရှိခဲ့သည့် မြင့်ဇော်ကို ကန့်ဘလူ မြို့နယ် ခုတင် ၁၀၀ ဆေးရုံသို့ တင်းပို့ကုသစဉ် ယင်းနေ့ ည၈ နာရီတွင် ရရှိခဲ့သောဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

လင်းမယားချင်းစကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူကို နှီးထိုးဓားဖြင့်ခုတ်ခဲ့သည့် (၃၃)နှစ် အရွယ်မခင်ချိုချိုလင်း(ခ)ချိုလင်း ကို သက်ဆိုင်ရာနယ်မြေရဲစခန်း က လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့် အရေးယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top