ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဆီဆိုင္​ၿမိဳ႕နယ္​၊ သီရိရပ္ကြက္မွာ မတ္ ၁၂ ရက္​​ေန႔ည ၈ နာရီအခ်ိန္​ ​​​သားျဖစ္​သူက မိဘႏွစ္​ပါးကို ဓားနဲ႔ခုတ္​လုိ႔ ဖခင္ျဖစ္သူ အခင္းျဖစ္ေနရာမွာ ​ေသဆံုးၿပီး ဓားဒဏ္ရာရခဲ့တဲ့ မိခင္ျဖစ္​သူကေတာ့ ​ေတာင္​ႀကီးၿမိဳ႕ စဝ္စံထြန္​း​ေဆး႐ုံကို အ​ေရး​ေပၚလူနာအျဖစ္ ကုသမႈ ခံယူ​ေနရပါတယ္​။

ျဖစ္​စဥ္​မွာ သားျဖစ္​သူက မိဘႏွစ္​ပါးကို ကားဝယ္​​ေပးဖုိ႔ ​​ေတာင္​းဆိုတာ ဝယ္​မ​ေပးႏိုင္​တဲ့အတြက္​ ဓားနဲ႔ ခုတ္​သတ္ခဲ့တာလုိ႔ ဆီဆိုင္​စခန္​းမႉး ဒုရဲမႉး ​ေဇာ္​မင္​းခိုင္​က ​ေျပာပါတယ္​။

“စိုင္​းထြန္​းလင္​း ဆိုတဲ့သူက အရင္​က ကိုယ့္​ကိုယ္ကိုယ္​ ဆြဲႀကိဳးခ်ဖို႔ လုပ္​ဖူး​ေသးတယ္​၊ ရန္​ကုန္​ကို ပို႔ထားတာ၊ ျပန္​​ေရာက္​တာ ၅ ရက္​ပဲ ရွိ​ေသးတယ္​၊ ကားဝယ္​​ေပးဖို႔ အ​ေမကို ပူဆာတာ။ အ​ေမက မျဖစ္​ႏိုင္​ဘူးလို႔ ​ေျပာ​ေတာ့ အိုးခြက္​ ပန္​းကန္​​ေတြ ႐ိုက္​ခြဲတယ္​။ နယ္​ထိန္​းနဲ႔ အုပ္​ခ်ဳပ္​​ေရးမႉး​ေတြက ဝိုင္​းထိန္း​​ေပး​ေတာ့ ၿငိမ္သြားတယ္​၊ နယ္​ထိန္​းေတြ ျပန္​သြားၿပီး​ေနာက္​မွာ အ​ေမကို ဓားမနဲ႔ ခုတ္​လိုက္​ၿပီဆို​ေတာ့ ျပန္​သြားၾကည့္တယ္​၊ နယ္​ထိန္​းနဲ႔ရဲ​ေတြက ဝိုင္​းဖမ္​းဖို႔ သြားတဲ့အခါ အ​ေဖျဖစ္​သူမွာ ဓားဒဏ္​ရာနဲ႔​ ေသဆံုး​ေနၿပီ။”

ဆီဆိုင္​​ေဒသခံ ဦးစံဝင္​း​ေမာင္​က “မူးယစ္​​ေဆးဝါး အ​ေျခခံတာ​ေပါ့။ မိဘမွန္​းမသိ၊ လူသူမသိ ဓားနဲ႔ခုတ္​လိုက္​တာ၊ မႏွစ္​တုန္​းကလည္​း အိမ္​ကို မီးျပန္​႐ိႈ႕ခဲ့ဖူး​ေသးတယ္​” လို႔​ေျပာပါတယ္​။

“ဆီဆိုင္​ၿမိဳ႕နယ္​ဘက္​မွာ လူငယ္​​ေတြ အရင္​ ၁ ႏွစ္​၊ ၂​ ႏွစ္​က မူးယစ္​​ေဆးဝါး အလြန္​အကၽြံ သံုးခဲ့တဲ့ အက်ိဳးဆက္​​ေတြ​ ျဖစ္​တယ္​၊ မိဘကိုယ္​တိုင္​က သားသမီးကို ပစ္​ထားတာလည္​း ပါတယ္​၊ အမွန္​ အရက္​ ဘီယာ ​ေသာက္​စားမူး႐ူးတာက အစ ရဲ​ေတြကို အ​ေၾကာင္​းၾကား ဝိုင္​းထိန္​းဖို႔ လိုတာ​ေပါ့” လို႔ စခန္​းမႉးက ဆက္​​ေျပာပါတယ္​။

စိုင္​းထြန္​းလင္​း (၂၇-ႏွစ္)​ကို ရဲတပ္​ဖြဲ႔​ေတြ ဝိုင္​းဖမ္​းၿပီး ဆီဆိုင္​ၿမိဳ႕နယ္​ ရဲစခန္​းမွာ ရာဇသတ္​ႀကီး ပုဒ္​မ ၃၀၂ လူသတ္​မႈ၊ ၃၂၆ အခြၽန္​အထက္​​ေတြနဲ႔ အျပင္​းအထန္​ နာက်င္​​ေစမႈ ပုဒ္မေတြနဲ႔ အမႈဖြင့္ထား​တယ္လုိ႔ သိရပါတယ္​။

ဆီဆိုင္​ၿမိဳ႕နယ္​မွာ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္​က  ဘုရားျဖဴရြာမွာ မိဘႏွစ္​ပါးကို သားျဖစ္​သူက ပုဆိန္​နဲ႔ ခုတ္​သတ္​မႈ အလားတူ ျဖစ္ခဲ့ဖူးပါတယ္။

သတင္း – ခြန္​ရာဇာ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ဆီဆိုင်မြို့နယ်၊ သီရိရပ်ကွက်မှာ မတ် ၁၂ ရက်နေ့ည ၈ နာရီအချိန် သားဖြစ်သူက မိဘနှစ်ပါးကို ဓားနဲ့ခုတ်လို့ ဖခင်ဖြစ်သူ အခင်းဖြစ်နေရာမှာ သေဆုံးပြီး ဓားဒဏ်ရာရခဲ့တဲ့ မိခင်ဖြစ်သူကတော့ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကို အရေးပေါ်လူနာအဖြစ် ကုသမှု ခံယူနေရပါတယ်။

ဖြစ်စဉ်မှာ သားဖြစ်သူက မိဘနှစ်ပါးကို ကားဝယ်ပေးဖို့ တောင်းဆိုတာ ဝယ်မပေးနိုင်တဲ့အတွက် ဓားနဲ့ ခုတ်သတ်ခဲ့တာလို့ ဆီဆိုင်စခန်းမှူး ဒုရဲမှူး ဇော်မင်းခိုင်က ပြောပါတယ်။

“စိုင်းထွန်းလင်း ဆိုတဲ့သူက အရင်က ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချဖို့ လုပ်ဖူးသေးတယ်၊ ရန်ကုန်ကို ပို့ထားတာ၊ ပြန်ရောက်တာ ၅ ရက်ပဲ ရှိသေးတယ်၊ ကားဝယ်ပေးဖို့ အမေကို ပူဆာတာ။ အမေက မဖြစ်နိုင်ဘူးလို့ ပြောတော့ အိုးခွက် ပန်းကန်တွေ ရိုက်ခွဲတယ်။ နယ်ထိန်းနဲ့ အုပ်ချုပ်ရေးမှူးတွေက ဝိုင်းထိန်းပေးတော့ ငြိမ်သွားတယ်၊ နယ်ထိန်းတွေ ပြန်သွားပြီးနောက်မှာ အမေကို ဓားမနဲ့ ခုတ်လိုက်ပြီဆိုတော့ ပြန်သွားကြည့်တယ်၊ နယ်ထိန်းနဲ့ရဲတွေက ဝိုင်းဖမ်းဖို့ သွားတဲ့အခါ အဖေဖြစ်သူမှာ ဓားဒဏ်ရာနဲ့ သေဆုံးနေပြီ။”

ဆီဆိုင်ဒေသခံ ဦးစံဝင်းမောင်က “မူးယစ်ဆေးဝါး အခြေခံတာပေါ့။ မိဘမှန်းမသိ၊ လူသူမသိ ဓားနဲ့ခုတ်လိုက်တာ၊ မနှစ်တုန်းကလည်း အိမ်ကို မီးပြန်ရှို့ခဲ့ဖူးသေးတယ်” လို့ပြောပါတယ်။

“ဆီဆိုင်မြို့နယ်ဘက်မှာ လူငယ်တွေ အရင် ၁ နှစ်၊ ၂ နှစ်က မူးယစ်ဆေးဝါး အလွန်အကျွံ သုံးခဲ့တဲ့ အကျိုးဆက်တွေ ဖြစ်တယ်၊ မိဘကိုယ်တိုင်က သားသမီးကို ပစ်ထားတာလည်း ပါတယ်၊ အမှန် အရက် ဘီယာ သောက်စားမူးရူးတာက အစ ရဲတွေကို အကြောင်းကြား ဝိုင်းထိန်းဖို့ လိုတာပေါ့” လို့ စခန်းမှူးက ဆက်ပြောပါတယ်။

စိုင်းထွန်းလင်း (၂၇-နှစ်)ကို ရဲတပ်ဖွဲ့တွေ ဝိုင်းဖမ်းပြီး ဆီဆိုင်မြို့နယ် ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ လူသတ်မှု၊ ၃၂၆ အချွန်အထက်တွေနဲ့ အပြင်းအထန် နာကျင်စေမှု ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က  ဘုရားဖြူရွာမှာ မိဘနှစ်ပါးကို သားဖြစ်သူက ပုဆိန်နဲ့ ခုတ်သတ်မှု အလားတူ ဖြစ်ခဲ့ဖူးပါတယ်။

သတင်း – ခွန်ရာဇာ

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top