WHO ရဲ့ ေနာက္ဆုံးအစီရင္ခံစာအရ နိုင္ငံေပါင္း ၁၉၀ မွာ ျမန္မာနိုင္ငံက အဆင့္ ၁၉၀ တဲ့.. (ဦးထြန္းလြင္ ေပ့ခ်္မွ…)

ဒီအတိုင္းဆိုရင္ေတာ့ က်န္းမာေရးေစာင့္ေရွာက္မွု အားအနည္းဆုံး၊ ေရာဂါဘယအထူေျပာဆုံး၊ အေသအေပ်ာက္အမ်ားဆုံးမွာ ျမန္မာနိုင္ငံ ထိပ္ဆုံးကေန ဗိုလ္ဆြဲတာေပါ့..

က်ေနာ္တို႔ ခ်စ္တဲ့နိုင္ငံႀကီး သိပ္ဆင္းရဲလြန္းတယ္ဗ်ာ..

ပညာေရးဘက္မွာလည္း အင္မတန္နိမ့္က်တယ္..

ပညာမျပည့္တဲ့ၾကားထဲ လူေတြကဆင္းရဲေတာ့ စရိုက္ေတြက ၾကမ္းတမ္းလာတယ္..

မ်က္လုံးခ်င္းဆိုင္ၾကည့္႐ုံနဲ႔ ဓါးနဲ႔ထခုတ္ဖို႔ ဝန္မေလးေတာ့ဘူး..

တကၠသိုလ္ေက်ာင္းသားေတြရဲ့ အိတ္ေတြထဲမွာ သေႏၶတားေဆး၊ ကြန္ဒုန္းနဲ႔ မူးယစ္ေဆးဝါးတစ္မ်ိဳးမ်ိဳး ရွိေနတတ္တယ္..

လူငယ္ေတြဟာ လက္ဘက္ရည္ဆိုင္မထိုင္ပဲ ဘီယာဆိုင္နဲ႔ အရက္ဆိုင္ထိုင္ၾကတယ္..

ေစ်းထဲမွာေရာင္းတဲ့ အသားငါးေတြမွန္သမၽွ လူေသကိုမပုတ္ေအာင္ သုံးတဲ့ ေဖာ္မလင္ေတြ ျဖန္းထားတယ္..

ငါးပိရည္ထဲမွာ ယူရီးယားအဆိပ္ေတြျပည့္ေနတယ္..

ငါးေျခာက္နဲ႔ပုစြန္ေျခာက္ေတြ၊ မၽွစ္ေတြဟာ ဆိုးေဆးေၾကာင့္ ရဲရဲနီေနတယ္..

ယင္ေကာင္ေတြဟာ ယမ္းစိမ္း ေတြေၾကာင့္ အသားေတြ၊ ငါးေတြေပၚမွာ မနားဝံ့ေတာ့ဘူး..

ေရႊေရာင္မွည့္ဝင္းေနတဲ့ ငွက္ေပ်ာသီး၊ သေဘာသႌးေတြဟာ ေနာက္ေန႔မနက္ဆိုရင္္ပုပ္ကုန္ၾကတယ္..

တိုင္းရင္းေဆးနဲ႔ လက္ဘက္ မွန္သမၽွဟာ ထုတ္ပိုးမွုညံ့ဖ်င္းမွုေၾကာင့္ ကင္ဆာျဖစ္ေစတဲ့ မွိုေတြစြဲေနတယ္..

ေရခ်ိဳကန္ေတြ မွန္သမၽွ အင္းေလလံပစ္ၿပီး ငါးေမြးျမဴခြင့္ျပဳထားတာေၾကာင့္ ဒိုက္ေစာ္၊ ညႇီေစာ္နံေနတယ္..

ကန္ေရညစ္ညမ္းမွုေၾကာင့္ ငါးေတြရာခ်ီၿပီးေသတယ္..အဲဒီ ေရာဂါပိုးေတြျပည့္ေနတဲ့ ငါးေသေတြဟာ ေစ်းေတြထဲကိုေရာက္ကုန္တယ္..

စိုက္ခင္းေတြကေန ဓါတ္ေျမၾသဇာအဆိပ္သင့္ေနတဲ့ ေရမည္းမည္းေတြဟာ ေသာက္ေရကန္ေတြထဲကို စီးဝင္ေနတယ္.. ဒီေရေတြကိုေသာက္ၿပီး ဝမ္းပ်က္ဝမ္းေလၽွာေရာဂါေၾကာင့္ တစ္ႏွစ္မွာ လူေထာင္ေပါင္းမ်ားစြာ ေသဆုံးေနတယ္..

ျမန္မာနိုင္ငံက စားသုံးဆီမ်ားရဲ့ ၈၅% ဟာ ေရာေႏွာဆီျဖစ္တယ္လို႔ သိရတယ္..

ျပည့္က်ပ္ၿပီး အသားခ်င္းထိေနေအာင္စီးရတဲ့ ဘတ္စ္ကားေတြ၊ လူတကာပါးစပ္နဲ႔စားထားတဲ့ လမ္းေဘးဆိုင္က ဇြန္းေတြဟာ ဘီပိုး၊ စီပိုးျဖန႔္ျဖဴးရာ အရင္းအျမစ္ျဖစ္ေနတယ္..

WHO ရဲ့ ျမန္မာ့ေသဆုံးမွု အခ်က္အလက္ျပ စစ္တမ္းအရ ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ အာဟာရ ခ်ိဳ႕တဲ့ေနတဲ့ကေလးေတြ၊ လမေစ့ဘဲ ေမြးတဲ့ကေလးေတြနဲ႔ ကူးစက္ေရာဂါေတြေၾကာင့္ ေသဆုံးသူေတြဟာ အမ်ားဆုံးလို႔သိရတယ္..

ျဖစ္နိုင္ရင္ ေျမလြတ္ကေလးရွိပါက တပိုင္တနိုင္စိုက္ပ်ိဳးသင့္တယ္..

အမွိုက္ကိုလည္း စနစ္တက်စြန႔္ပစ္ရမယ္..

ေရာဂါဘယျဖစ္ရင္ တတ္ကၽြမ္းနားလည္တဲ့ ဆရာဝန္နဲ႔ျပပါ..

ကေလးေတြကို သြားရည္စာ၊ အျပင္စာလုံးဝမေကၽြးပါနဲ႔..

ကိုယ္တိုင္လည္း တတ္နိုင္သမၽွ အိမ္မွာ စင္စင္ၾကယ္ၾကယ္ခ်က္ျပဳတ္စားေသာက္ပါ..

ငါးပိ၊ ငံျပာရည္ကို တတ္နိုင္သမၽွ နည္းနည္းပဲသုံးပါ..

အခ်ိဳမွုန႔္ကိုလုံးဝမသုံးပါနဲ႔..

က်ေနာ္တို႔နိုင္ငံဟာ ခင္ဗ်ားသိထားတာထက္ ပိုအေျခအေနဆိုးေနတယ္ဆိုတာ သေဘာေပါက္ၿပီး ကိုယ့္မိသားစုမွစၿပီး ျပဳျပင္ေျပာင္းလဲပါ..

အထူးသျဖင့္ေျပာလိုတာက ေနာင္အနာဂါတ္မ်ိဳးဆက္ ကေလးငယ္ေတြကို မိဘမ်ားက က်န္းမာသန႔္စင္ေအာင္ ေသေသခ်ာခ်ာ ေစာင့္ေရွာက္ပါ..

ျမန္မာနိုင္ငံသားေတြရဲ့ ပ်မ္းမၽွ သက္တမ္းဟာ ၆၀ ခန႔္ ရွိၿပီး လာအိုနဲ႔ အေရွ႕တီေမာၿပီးလၽွင္ အာဆီယံနိုင္ငံေတြမွာ အနိမ့္ဆုံးျဖစ္တယ္လို႔သိရတယ္..

ဆိုလိုတာက ခင္ဗ်ားအသက္ အခု ၄၀ ရွိၿပီဆိုရင္ ေနာက္ထပ္ ႏွစ္ ၂၀ ေလာက္ပဲ လူ႔ေလာကကို ဒုကၡေပးခြင့္ရွိေတာ့မယ္ဆိုၿပီး ပညာရွင္မ်ားက ခန႔္မွန္းထားတယ္..

(မဟာမိုင္း)

CREDIT, Ko Ko Maung

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဉာဏ္လွိုင္(ခ)ရန္ၿငိမ္းသူ
# Unicode Version ျဖင့္ ဖတ္ပါ #
WHO ရဲ့ နောက်ဆုံးအစီရင်ခံစာအရ နိုင်ငံပေါင်း ၁၉၀ မှာ မြန်မာနိုင်ငံက အဆင့် ၁၉၀ တဲ့.. (ဦးထွန်းလွင် ပေ့ချ်မှ…)

ဒီအတိုင်းဆိုရင်တော့ ကျန်းမာရေးစောင့်ရှောက်မှု အားအနည်းဆုံး၊ ရောဂါဘယအထူပြောဆုံး၊ အသေအပျောက်အများဆုံးမှာ မြန်မာနိုင်ငံ ထိပ်ဆုံးကနေ ဗိုလ်ဆွဲတာပေါ့..

ကျနော်တို့ ချစ်တဲ့နိုင်ငံကြီး သိပ်ဆင်းရဲလွန်းတယ်ဗျာ..

ပညာရေးဘက်မှာလည်း အင်မတန်နိမ့်ကျတယ်..

ပညာမပြည့်တဲ့ကြားထဲ လူတွေကဆင်းရဲတော့ စရိုက်တွေက ကြမ်းတမ်းလာတယ်..

မျက်လုံးချင်းဆိုင်ကြည့်ရုံနဲ့ ဓါးနဲ့ထခုတ်ဖို့ ဝန်မလေးတော့ဘူး..

တက္ကသိုလ်ကျောင်းသားတွေရဲ့ အိတ်တွေထဲမှာ သန္ဓေတားဆေး၊ ကွန်ဒုန်းနဲ့ မူးယစ်ဆေးဝါးတစ်မျိုးမျိုး ရှိနေတတ်တယ်..

လူငယ်တွေဟာ လက်ဘက်ရည်ဆိုင်မထိုင်ပဲ ဘီယာဆိုင်နဲ့ အရက်ဆိုင်ထိုင်ကြတယ်..

ဈေးထဲမှာရောင်းတဲ့ အသားငါးတွေမှန်သမျှ လူသေကိုမပုတ်အောင် သုံးတဲ့ ဖော်မလင်တွေ ဖြန်းထားတယ်..

ငါးပိရည်ထဲမှာ ယူရီးယားအဆိပ်တွေပြည့်နေတယ်..

ငါးခြောက်နဲ့ပုစွန်ခြောက်တွေ၊ မျှစ်တွေဟာ ဆိုးဆေးကြောင့် ရဲရဲနီနေတယ်..

ယင်ကောင်တွေဟာ ယမ်းစိမ်း တွေကြောင့် အသားတွေ၊ ငါးတွေပေါ်မှာ မနားဝံ့တော့ဘူး..

ရွှေရောင်မှည့်ဝင်းနေတဲ့ ငှက်ပျောသီး၊ သဘောင်္သီးတွေဟာ နောက်နေ့မနက်ဆိုရင်ပုပ်ကုန်ကြတယ်..

တိုင်းရင်းဆေးနဲ့ လက်ဘက် မှန်သမျှဟာ ထုတ်ပိုးမှုညံ့ဖျင်းမှုကြောင့် ကင်ဆာဖြစ်စေတဲ့ မှိုတွေစွဲနေတယ်..

ရေချိုကန်တွေ မှန်သမျှ အင်းလေလံပစ်ပြီး ငါးမွေးမြူခွင့်ပြုထားတာကြောင့် ဒိုက်စော်၊ ညှီစော်နံနေတယ်..

ကန်ရေညစ်ညမ်းမှုကြောင့် ငါးတွေရာချီပြီးသေတယ်..အဲဒီ ရောဂါပိုးတွေပြည့်နေတဲ့ ငါးသေတွေဟာ ဈေးတွေထဲကိုရောက်ကုန်တယ်..

စိုက်ခင်းတွေကနေ ဓါတ်မြေသြဇာအဆိပ်သင့်နေတဲ့ ရေမည်းမည်းတွေဟာ သောက်ရေကန်တွေထဲကို စီးဝင်နေတယ်.. ဒီရေတွေကိုသောက်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် တစ်နှစ်မှာ လူထောင်ပေါင်းများစွာ သေဆုံးနေတယ်..

မြန်မာနိုင်ငံက စားသုံးဆီများရဲ့ ၈၅% ဟာ ရောနှောဆီဖြစ်တယ်လို့ သိရတယ်..

ပြည့်ကျပ်ပြီး အသားချင်းထိနေအောင်စီးရတဲ့ ဘတ်စ်ကားတွေ၊ လူတကာပါးစပ်နဲ့စားထားတဲ့ လမ်းဘေးဆိုင်က ဇွန်းတွေဟာ ဘီပိုး၊ စီပိုးဖြန့်ဖြူးရာ အရင်းအမြစ်ဖြစ်နေတယ်..

WHO ရဲ့ မြန်မာ့သေဆုံးမှု အချက်အလက်ပြ စစ်တမ်းအရ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အာဟာရ ချို့တဲ့နေတဲ့ကလေးတွေ၊ လမစေ့ဘဲ မွေးတဲ့ကလေးတွေနဲ့ ကူးစက်ရောဂါတွေကြောင့် သေဆုံးသူတွေဟာ အများဆုံးလို့သိရတယ်..

ဖြစ်နိုင်ရင် မြေလွတ်ကလေးရှိပါက တပိုင်တနိုင်စိုက်ပျိုးသင့်တယ်..

အမှိုက်ကိုလည်း စနစ်တကျစွန့်ပစ်ရမယ်..

ရောဂါဘယဖြစ်ရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြပါ..

ကလေးတွေကို သွားရည်စာ၊ အပြင်စာလုံးဝမကျွေးပါနဲ့..

ကိုယ်တိုင်လည်း တတ်နိုင်သမျှ အိမ်မှာ စင်စင်ကြယ်ကြယ်ချက်ပြုတ်စားသောက်ပါ..

ငါးပိ၊ ငံပြာရည်ကို တတ်နိုင်သမျှ နည်းနည်းပဲသုံးပါ..

အချိုမှုန့်ကိုလုံးဝမသုံးပါနဲ့..

ကျနော်တို့နိုင်ငံဟာ ခင်ဗျားသိထားတာထက် ပိုအခြေအနေဆိုးနေတယ်ဆိုတာ သဘောပေါက်ပြီး ကိုယ့်မိသားစုမှစပြီး ပြုပြင်ပြောင်းလဲပါ..

အထူးသဖြင့်ပြောလိုတာက နောင်အနာဂါတ်မျိုးဆက် ကလေးငယ်တွေကို မိဘများက ကျန်းမာသန့်စင်အောင် သေသေချာချာ စောင့်ရှောက်ပါ..

မြန်မာနိုင်ငံသားတွေရဲ့ ပျမ်းမျှ သက်တမ်းဟာ ၆၀ ခန့် ရှိပြီး လာအိုနဲ့ အရှေ့တီမောပြီးလျှင် အာဆီယံနိုင်ငံတွေမှာ အနိမ့်ဆုံးဖြစ်တယ်လို့သိရတယ်..

ဆိုလိုတာက ခင်ဗျားအသက် အခု ၄၀ ရှိပြီဆိုရင် နောက်ထပ် နှစ် ၂၀ လောက်ပဲ လူ့လောကကို ဒုက္ခပေးခွင့်ရှိတော့မယ်ဆိုပြီး ပညာရှင်များက ခန့်မှန်းထားတယ်..

(မဟာမိုင်း)

CREDIT, Ko Ko Maung

ဖိုးသူတော် (www.phothutaw.com)
Credit: ဉာဏ်လှိုင်(ခ)ရန်ငြိမ်းသူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top