ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ကမာၻႀကီးမွာ သက္ရွိ၊ သက္မဲ့အရာေတြအားလုံး အခ်ိန္သက္တမ္းတစ္ခုကို ေက်ာ္လြန္လာတာနဲ႔အမွ် ေျပာင္းလဲတတ္ၾကပါတယ္။ ဒီလိုပဲ အမ်ိဳးသားလိင္အဂၤါကလည္း ဘဝသက္တမ္းတစ္ေလွ်ာက္ အဆင့္အမ်ိဳးမ်ိဳးေျပာင္းလဲပါတယ္။ ဒီေျပာင္းလဲမႈ အဆင့္တစ္ဆင့္ခ်င္းစီတိုင္းကို ခႏၶာကိုယ္ရဲ႕ တက္စတိုစတီ႐ုန္း ေဟာ္မုန္း (testosterone)ပမာဏ က ထိန္းခ်ဳပ္ေပးထားတာပါ။

အသက္ ၉ ႏွစ္ ကေန ၁၅ ႏွစ္ၾကား အခ်ိန္အတြင္း ပီက်ဴထရီ ဂလင္း (Pituitary) လို႔ေခၚတဲ့ ခႏၶာကိုယ္ႀကီးထြားမႈကို ထိန္းခ်ဳပ္ထားတဲ့ ဂလင္းက တက္စတိုစတီ႐ုန္း ေဟာ္မုန္း စတင္ထုတ္လုပ္ဖို႔ ခႏၶာကိုယ္ကို အမိန႔္ေပးတဲ့ ေဟာ္မုန္းတစ္မ်ိဴး ထုတ္လုပ္လိုက္ပါတယ္။ အဲ့လို ပီက်ဴထရီဂလင္းက အမိန႔္ေပးတဲ့ အခ်ိန္မွာ လူပ်ိဳေဖာ္ စဝင္ၿပီး ခႏၶာကိုယ္ေျပာင္းလဲမႈေတြ စတင္ျဖစ္ေပၚပါတယ္။ ေဝွးေစ့၊ ကပ္ပယ္အိတ္၊ လိင္တံနဲ႔ ဆီးခုံအေမႊးေတြက အဲ့အခ်ိန္ကစလို႔ စတင္ႀကီးထြားလာပါေတာ့တယ္။ တက္စတိုစတီ႐ုန္း ေဟာ္မုန္းပမာဏဟာ ဆယ္ေက်ာ္သက္အ႐ြယ္ရဲ႕ ေနာက္ဆုံးအခ်ိန္ျဖစ္တဲ့ အသက္ ၂၀ အစပိုင္းမွာ အမ်ားဆုံးပါပဲ။

အသက္ ၂၀ ကေန ၄၀ အတြင္း တက္စတိုစတီ႐ုန္း ေဟာ္မုန္းပမာဏဟာ အနည္းငယ္စီ က်ဆင္းသြားေပမဲ့ ေျပာင္းလဲမႈေတြကေတာ့ နည္းပါးပါတယ္။ ၄၀ ေက်ာ္လာတဲ့ အခ်ိန္အထိ တက္စတိုစတီ႐ုန္း စုစုေပါင္း ပမာဏဟာ အနည္းငယ္သာ က်ဆင္းသြားတာပါ။ ဒါေပမဲ့ အဲ့အခ်ိန္ ခႏၶာကိုယ္က sex hormone binding globulin (SHBG) လို႔ေခၚတဲ့ ေသြးရည္ၾကည္ထဲပါဝင္တဲ့ ပ႐ိုတင္း တစ္မ်ိဳးကို ထပ္မံ ထုတ္လုပ္ပါတယ္။ ဒီ ပ႐ိုတင္းဟာ ခႏၶာကိုယ္ထဲက တက္စတိုစတီ႐ုန္းပမာဏကို သုံးဖို႔ လုံေလာက္တဲ့ ပမာဏ အထိသာ ေလ်ာ့က်သြားေစပါတယ္။ တက္စတို စတီ႐ုန္း ပမဏ က်ဆင္းသြားတာနဲ႔ အမွ် သင့္ခႏၶာကိုယ္မွာ ဒီအစိတ္အပိုင္းေတြကေတာ့ စတင္ေျပာင္းလဲမႈ ျဖစ္ေပၚပါတယ္။
ဆီးခံုေမႊး

သင့္ခႏၶာကိုယ္ရဲ႕ တစ္ျခားေသာ အစိတ္အပိုင္းက အေမႊးမ်ားလိုပါပဲ။ ဆီးခုံေမႊးေတြဟာ ပိုပါးလာၿပီး မီးခိုးေရာင္ ေျပာင္းလာပါလိမ့္မယ္။
လိင္တံအ႐ြယ္အစား

အဲ့ဒီအသက္အ႐ြယ္ေရာက္လာတာနဲ႔ သင့္ရဲ႕ လိင္တံဟာ အရင္ကထက္ ပိုေသးသြားတယ္လို႔ ခံစားၾကရမွာပါ။ လိင္တံရဲ႕ အ႐ြယ္အစားကေတာ့ သိသိသာသာႀကီး ေျပာင္းလဲသြားမွာ မဟုတ္ေပမဲ့ ဆီးခုံ႐ိုးနား တစ္ဝိုက္မွာ အဆီေတြ ပိုလာတဲ့အတြက္ ဒီအဆီေတြဟာ အမ်ိဳးသားလိင္တံအေပၚကို အိက်လာတဲ့အခါ လိင္တံေသးသြားတဲ့ ပုံစံေပါက္ေစတာ ျဖစ္ပါတယ္။
လိင္တံရဲ႕ ပုံစံ

အမ်ိဳးသား အနည္းစုမွာ လိင္တံေတြဟာ အသက္အ႐ြယ္ရလာတာနဲ႔အမွ် ေကာက္လာတတ္ပါတယ္။ ဒီလိုေကာက္လာတဲ့အခါ လိင္တံရဲ႕ အလ်ား၊ လုံးပတ္နဲ႔ လုပ္ေဆာင္ခ်က္ေတြ အေပၚ သက္ေရာက္မႈရွိပါတယ္။ ဒီလိုလိင္တံ ေကာက္လာျခင္း ျဖစ္စဥ္ကို ေပ႐ိုနီးစ္ေရာဂါ (Peyronie’s disease) လို႔ေခၚၿပီး ထိခိုက္မႈ ဒဏ္ရာေတြေၾကာင့္ ျဖစ္ေပၚတာ ျဖစ္ပါတယ္။ အမ်ားစုအားျဖင့္ ဒီဒဏ္ရာေတြဟာ လိင္ဆက္ဆံစဥ္ လိင္တံေကြးျခင္းေၾကာင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီဒဏ္ရာေတြ စတင္ေပ်ာက္ကင္းတဲ့ အခ်ိန္မွာ corpora cavernosa ဆိုတဲ့ ေထာင္မတ္ႂကြက္သားေတြကို ဖုံးထားေပးတဲ့

tunica albuginea ဆိုတဲ့ ဖိုက္ဘာ အစြပ္မွာ အမာ႐ြတ္ တစ္ရွဴးေတြ ျဖစ္ေပၚလာပါတယ္။ ဒီလို အမာ႐ြတ္ထင္ေနတဲ့ အစြပ္ဟာ ထပ္မံျပန႔္မကားႏိုင္ေတာ့တဲ့ အတြက္ ေကာက္ေကြးစြာ လိင္တံ ေထာင္မတ္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ဒီလို လိင္တံေကာက္ျခင္းေရာဂါ (Peyronie’s disease)ကို ေဆးဝါးနဲ႔ပဲ ျဖစ္ျဖစ္ ခြဲစိတ္ကုသၿပီးပဲ ျဖစ္ျဖစ္ ျပန္လည္ ကုသႏိုင္ပါတယ္။
ေဝွးေစ့မ်ား

သင့္ရဲ႕ ကပ္ပယ္အိတ္ထဲမွာ ရွိေနတဲ့ ဒီ အေသးစား အဂၤါေလးေတြဟာ သုတ္ေကာင္ထြက္ဖို႔အတြက္ လုပ္ေဆာင္တဲ့ အဂၤါေတြ ျဖစ္ပါတယ္။ တက္စတို စတီ႐ုန္း (testosterone) ေဟာ္မုန္းပမာဏ က်ဆင္းသြားတာနဲ႔ သုတ္ေကာင္ထုတ္လုပ္မႈ လုပ္ငန္းလည္း ေႏွးေကြးသြားၿပီး ေဝွးေစ့ မ်ားလည္း ရႈံ႕သြားပါတယ္။ ေဟာ္မုန္း အစားထိုးကုသမႈေတြကို သင္ျပဳလုပ္တဲ့ အခါမွာ ဦးေႏွာက္ေအာက္မွာ တည္ရွိတဲ့ ပီက်ဴထရီ ဂလင္းက ေဝွးေစ့ကို တက္စတိုစတီ႐ုန္း ေဟာ္မုန္းထုတ္လုပ္ဖို႔ ပို႔ေနတဲ့ အခ်က္ျပမႈေတြကို ရပ္တန႔္လိုက္ပါတယ္။ အဲ့အခ်ိန္က်ရင္ေတာ့ ေဝွးေစ့ေတြဟာ ပိုမို ရႈံ႕သြားမွာ ျဖစ္ပါတယ္။
ကပ္ပယ္အိတ္

ကပ္ပယ္အိတ္ရဲ႕ အဓိက လုပ္ေဆာင္ခ်က္ဟာ ေဝွးေစ့ရဲ႕ အပူခ်ိန္ကို ထိန္းညႇိေပးဖို႔အတြက္ပါ။ ကပ္ပယ္အိတ္ကို အလိုအေလ်ာက္ ထိန္းခ်ဳပ္တဲ့ ႂကြက္သားေတြနဲ႔ ဖြဲ႕စည္းထားၿပီး ေဝွးေစ့ေတြကို ပူေစလိုတဲ့အခါမွာ ခႏၶာကိုယ္နဲ႔ ကပ္ေပးထားၿပီး ေအးေစလိုတဲ့ အခါမွာေတာ့ ခႏၶာကိုယ္ေအာက္သို႔ ခ်ထားေပးျခင္းျဖင့္ အပူခ်ိန္ကို ထိန္းခ်ဳပ္ပါတယ္။ အသက္ႀကီးလာတာနဲ႔အမွ် ဒီႂကြက္သားေတြဟာ ေကာင္းေကာင္းမြန္မြန္ အလုပ္မလုပ္ဘဲ ကပ္ပယ္အိတ္ဟာ တြဲေလာင္းက်ေနတဲ့ ပုံစံနဲ႔ ပဲေနပါေတာ့တယ္။ အသက္ ၄၀ ေက်ာ္လာတဲ့ အခ်ိန္မွာ Hydrocele လို႔ေခၚတဲ့ ကပ္ပယ္အိတ္အတြင္း အရည္မ်ားစုလာမိျခင္းေၾကာင့္ ကပ္ပယ္အိတ္ ေယာင္လာတဲ့ ျဖစ္စဥ္လည္း ျဖစ္ႏိုင္ၿပီး ဒီလိုျဖစ္ရင္ ကပ္ပယ္အိတ္ဟာ ပိုၿပီး တြဲေလာင္းက်လာႏိုင္ပါတယ္။ Hydrocele ဟာ ေမြးကင္းစ ကေလးေတြ မွာ ျဖစ္ေလ့ရွိၿပီး အသက္ ၁ ႏွစ္အ႐ြယ္မွာ ဘာကုသစရာမွ မလိုဘဲ ေပ်ာက္ကင္းသြားေလ့ရွိပါတယ္။ ဆယ္ေက်ာ္သက္ေတြနဲ႔ အ႐ြယ္ေရာက္ေယာက်ာ္းေလးေတြမွာေတာ့ ကပ္ပယ္အိတ္အတြင္း ေယာင္ယမ္းျခင္းနဲ႔ ဒဏ္ရာတို႔ေၾကာင့္ Hydrocele ျဖစ္တတ္ၾကပါတယ္။ ပုံမွန္အားျဖင့္ Hydrocele ေတြဟာ နာက်င္မႈမရွိဘဲ သင့္အေနနဲ႔ ကပ္ပယ္အိတ္ ေယာင္ကားေနၿပီး၊ ေနရထိုင္ရ အဆင္မေျပတဲ့ အခါမွာ ဆရာဝန္နဲ႔ သြားေရာက္ျပသင့္ပါတယ္။
လိင္တံရဲ႕လုပ္ေဆာင္ခ်က္မ်ား

အသက္ႀကီးလာတာနဲ႔ အမွ် လိင္တံတစ္ဝိုက္ အာ႐ုံေၾကာေတြဟာ ခံစားမႈ စြမ္းအား နည္းလာၾကပါတယ္။ ဒီလို ခံစားမႈ အားနည္းလာတဲ့အခါမွာ လိင္စိတ္ ထႂကြမႈနဲ႔ ခံစားမႈ အထြတ္အထိပ္ေရာက္ဖို႔ ပိုခက္ခဲလာတတ္ပါတယ္။ တက္စတိုစတီ႐ုန္း ေဟာ္မုန္း ပမာဏ နည္းလာတာနဲ႔ အမွ် လိင္တံေထာင္မတ္ဖို႔ ပိုၿပီး ခက္ခဲလာႏိုင္ပါတယ္။ အဲ့ဒီအခ်ိန္ လိင္တံမာေက်ာမႈ အားနည္းလာမွာ ျဖစ္ေပမဲ့ လိင္ဆက္ဆံရာမွာ လိုအပ္တဲ့ ေတာင့္တင္းမႈေတာ့ က်န္ရွိေနဦးမွာ ျဖစ္ပါတယ္။

ဒီလို အသက္ႀကီးလာတဲ့ အခ်ိန္ လိင္တံေတြရဲ႕ စြမ္းေဆာင္မႈ ေလ်ာ့နည္းသြားရျခင္းရဲ႕ အဓိက လက္သည္ကေတာ့ ခႏၶာကိုယ္က လိင္တံထဲသို႔ ပုိ႕ေပးေနတဲ့ ေသြးပမာဏကုိ ခႏၶာကုိယ္က မထိန္းထားႏုိင္ေတာ့တဲ့ အတြက္ ျဖစ္ပါတယ္။ ဒီလို ေသြးလုံလုံေလာက္ေလာက္မရတဲ့အခါမွာ သင့္အေနနဲ႔ လိင္တံေတာ့ ေထာင္မတ္ဦးမွာ ျဖစ္ေပမဲ့ အၾကာႀကီးထိန္းထားႏိုင္မွာေတာ့ မဟုတ္ပါဘူး။ ေသြးက လုံလုံေလာက္ေလာက္ဝင္လာတဲ့အခါ သင့္လိင္တံနားတစ္ဝိုက္နားက အုိမင္းေနတဲ့ ေထာင္မတ္ႂကြက္သားမ်ားက ေသြးမ်ားကို မထိန္းထားႏိုင္ၾကေတာ့ပါဘူး။ ဒီေတာ့ ရလာဒ္က လိင္တံေတာင့္တင္းမႈ ေလ်ာ့က်လာျခင္းပဲ ျဖစ္ပါတယ္။

အသက္ႀကီးလာတာနဲ႔ လိင္အဂၤါေတြ ေျပာင္းလဲလာျခင္းနဲ႔ လိင္စိတ္ဆႏၵေတြ ေလ်ာ့နည္းလာျခင္းဆိုတာ သဘာဝ ျဖစ္စဥ္တစ္ခုပါ။ တကယ္လို႔ အသက္ႀကီးလာလို႔ ခ်ိဳ႕ယြင္းလာတဲ့ ေျပာင္းလဲမႈေတြက သင့္ရဲ႕ဘဝနဲ႔ လက္တြဲေဖာ္နဲ႔ ဆက္ဆံေရး အေပၚသက္ေရာက္မႈ ရွိလာၿပီဆို ဆရာဝန္နဲ႔ သြားေရာက္တိုင္ပင္ၿပီး ထိေရာက္တဲ့ ကုသမႈကို ခံယူႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာကြီးမှာ သက်ရှိ၊ သက်မဲ့အရာတွေအားလုံး အချိန်သက်တမ်းတစ်ခုကို ကျော်လွန်လာတာနဲ့အမျှ ပြောင်းလဲတတ်ကြပါတယ်။ ဒီလိုပဲ အမျိုးသားလိင်အင်္ဂါကလည်း ဘဝသက်တမ်းတစ်လျှောက် အဆင့်အမျိုးမျိုးပြောင်းလဲပါတယ်။ ဒီပြောင်းလဲမှု အဆင့်တစ်ဆင့်ချင်းစီတိုင်းကို ခန္ဓာကိုယ်ရဲ့ တက်စတိုစတီရုန်း ဟော်မုန်း (testosterone)ပမာဏ က ထိန်းချုပ်ပေးထားတာပါ။

အသက် ၉ နှစ် ကနေ ၁၅ နှစ်ကြား အချိန်အတွင်း ပီကျူထရီ ဂလင်း (Pituitary) လို့ခေါ်တဲ့ ခန္ဓာကိုယ်ကြီးထွားမှုကို ထိန်းချုပ်ထားတဲ့ ဂလင်းက တက်စတိုစတီရုန်း ဟော်မုန်း စတင်ထုတ်လုပ်ဖို့ ခန္ဓာကိုယ်ကို အမိန့်ပေးတဲ့ ဟော်မုန်းတစ်မျိူး ထုတ်လုပ်လိုက်ပါတယ်။ အဲ့လို ပီကျူထရီဂလင်းက အမိန့်ပေးတဲ့ အချိန်မှာ လူပျိုဖော် စဝင်ပြီး ခန္ဓာကိုယ်ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်ပါတယ်။ ဝှေးစေ့၊ ကပ်ပယ်အိတ်၊ လိင်တံနဲ့ ဆီးခုံအမွှေးတွေက အဲ့အချိန်ကစလို့ စတင်ကြီးထွားလာပါတော့တယ်။ တက်စတိုစတီရုန်း ဟော်မုန်းပမာဏဟာ ဆယ်ကျော်သက်အရွယ်ရဲ့ နောက်ဆုံးအချိန်ဖြစ်တဲ့ အသက် ၂၀ အစပိုင်းမှာ အများဆုံးပါပဲ။

အသက် ၂၀ ကနေ ၄၀ အတွင်း တက်စတိုစတီရုန်း ဟော်မုန်းပမာဏဟာ အနည်းငယ်စီ ကျဆင်းသွားပေမဲ့ ပြောင်းလဲမှုတွေကတော့ နည်းပါးပါတယ်။ ၄၀ ကျော်လာတဲ့ အချိန်အထိ တက်စတိုစတီရုန်း စုစုပေါင်း ပမာဏဟာ အနည်းငယ်သာ ကျဆင်းသွားတာပါ။ ဒါပေမဲ့ အဲ့အချိန် ခန္ဓာကိုယ်က sex hormone binding globulin (SHBG) လို့ခေါ်တဲ့ သွေးရည်ကြည်ထဲပါဝင်တဲ့ ပရိုတင်း တစ်မျိုးကို ထပ်မံ ထုတ်လုပ်ပါတယ်။ ဒီ ပရိုတင်းဟာ ခန္ဓာကိုယ်ထဲက တက်စတိုစတီရုန်းပမာဏကို သုံးဖို့ လုံလောက်တဲ့ ပမာဏ အထိသာ လျော့ကျသွားစေပါတယ်။ တက်စတို စတီရုန်း ပမဏ ကျဆင်းသွားတာနဲ့ အမျှ သင့်ခန္ဓာကိုယ်မှာ ဒီအစိတ်အပိုင်းတွေကတော့ စတင်ပြောင်းလဲမှု ဖြစ်ပေါ်ပါတယ်။
ဆီးခုံမွှေး

သင့်ခန္ဓာကိုယ်ရဲ့ တစ်ခြားသော အစိတ်အပိုင်းက အမွှေးများလိုပါပဲ။ ဆီးခုံမွှေးတွေဟာ ပိုပါးလာပြီး မီးခိုးရောင် ပြောင်းလာပါလိမ့်မယ်။
လိင်တံအရွယ်အစား

အဲ့ဒီအသက်အရွယ်ရောက်လာတာနဲ့ သင့်ရဲ့ လိင်တံဟာ အရင်ကထက် ပိုသေးသွားတယ်လို့ ခံစားကြရမှာပါ။ လိင်တံရဲ့ အရွယ်အစားကတော့ သိသိသာသာကြီး ပြောင်းလဲသွားမှာ မဟုတ်ပေမဲ့ ဆီးခုံရိုးနား တစ်ဝိုက်မှာ အဆီတွေ ပိုလာတဲ့အတွက် ဒီအဆီတွေဟာ အမျိုးသားလိင်တံအပေါ်ကို အိကျလာတဲ့အခါ လိင်တံသေးသွားတဲ့ ပုံစံပေါက်စေတာ ဖြစ်ပါတယ်။
လိင်တံရဲ့ ပုံစံ

အမျိုးသား အနည်းစုမှာ လိင်တံတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ ကောက်လာတတ်ပါတယ်။ ဒီလိုကောက်လာတဲ့အခါ လိင်တံရဲ့ အလျား၊ လုံးပတ်နဲ့ လုပ်ဆောင်ချက်တွေ အပေါ် သက်ရောက်မှုရှိပါတယ်။ ဒီလိုလိင်တံ ကောက်လာခြင်း ဖြစ်စဉ်ကို ပေရိုနီးစ်ရောဂါ (Peyronie’s disease) လို့ခေါ်ပြီး ထိခိုက်မှု ဒဏ်ရာတွေကြောင့် ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ အများစုအားဖြင့် ဒီဒဏ်ရာတွေဟာ လိင်ဆက်ဆံစဉ် လိင်တံကွေးခြင်းကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဒဏ်ရာတွေ စတင်ပျောက်ကင်းတဲ့ အချိန်မှာ corpora cavernosa ဆိုတဲ့ ထောင်မတ်ကြွက်သားတွေကို ဖုံးထားပေးတဲ့

tunica albuginea ဆိုတဲ့ ဖိုက်ဘာ အစွပ်မှာ အမာရွတ် တစ်ရှူးတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလို အမာရွတ်ထင်နေတဲ့ အစွပ်ဟာ ထပ်မံပြန့်မကားနိုင်တော့တဲ့ အတွက် ကောက်ကွေးစွာ လိင်တံ ထောင်မတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလို လိင်တံကောက်ခြင်းရောဂါ (Peyronie’s disease)ကို ဆေးဝါးနဲ့ပဲ ဖြစ်ဖြစ် ခွဲစိတ်ကုသပြီးပဲ ဖြစ်ဖြစ် ပြန်လည် ကုသနိုင်ပါတယ်။
ဝှေးစေ့များ

သင့်ရဲ့ ကပ်ပယ်အိတ်ထဲမှာ ရှိနေတဲ့ ဒီ အသေးစား အင်္ဂါလေးတွေဟာ သုတ်ကောင်ထွက်ဖို့အတွက် လုပ်ဆောင်တဲ့ အင်္ဂါတွေ ဖြစ်ပါတယ်။ တက်စတို စတီရုန်း (testosterone) ဟော်မုန်းပမာဏ ကျဆင်းသွားတာနဲ့ သုတ်ကောင်ထုတ်လုပ်မှု လုပ်ငန်းလည်း နှေးကွေးသွားပြီး ဝှေးစေ့ များလည်း ရှုံ့သွားပါတယ်။ ဟော်မုန်း အစားထိုးကုသမှုတွေကို သင်ပြုလုပ်တဲ့ အခါမှာ ဦးနှောက်အောက်မှာ တည်ရှိတဲ့ ပီကျူထရီ ဂလင်းက ဝှေးစေ့ကို တက်စတိုစတီရုန်း ဟော်မုန်းထုတ်လုပ်ဖို့ ပို့နေတဲ့ အချက်ပြမှုတွေကို ရပ်တန့်လိုက်ပါတယ်။ အဲ့အချိန်ကျရင်တော့ ဝှေးစေ့တွေဟာ ပိုမို ရှုံ့သွားမှာ ဖြစ်ပါတယ်။
ကပ်ပယ်အိတ်

ကပ်ပယ်အိတ်ရဲ့ အဓိက လုပ်ဆောင်ချက်ဟာ ဝှေးစေ့ရဲ့ အပူချိန်ကို ထိန်းညှိပေးဖို့အတွက်ပါ။ ကပ်ပယ်အိတ်ကို အလိုအလျောက် ထိန်းချုပ်တဲ့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားပြီး ဝှေးစေ့တွေကို ပူစေလိုတဲ့အခါမှာ ခန္ဓာကိုယ်နဲ့ ကပ်ပေးထားပြီး အေးစေလိုတဲ့ အခါမှာတော့ ခန္ဓာကိုယ်အောက်သို့ ချထားပေးခြင်းဖြင့် အပူချိန်ကို ထိန်းချုပ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီကြွက်သားတွေဟာ ကောင်းကောင်းမွန်မွန် အလုပ်မလုပ်ဘဲ ကပ်ပယ်အိတ်ဟာ တွဲလောင်းကျနေတဲ့ ပုံစံနဲ့ ပဲနေပါတော့တယ်။ အသက် ၄၀ ကျော်လာတဲ့ အချိန်မှာ Hydrocele လို့ခေါ်တဲ့ ကပ်ပယ်အိတ်အတွင်း အရည်များစုလာမိခြင်းကြောင့် ကပ်ပယ်အိတ် ယောင်လာတဲ့ ဖြစ်စဉ်လည်း ဖြစ်နိုင်ပြီး ဒီလိုဖြစ်ရင် ကပ်ပယ်အိတ်ဟာ ပိုပြီး တွဲလောင်းကျလာနိုင်ပါတယ်။ Hydrocele ဟာ မွေးကင်းစ ကလေးတွေ မှာ ဖြစ်လေ့ရှိပြီး အသက် ၁ နှစ်အရွယ်မှာ ဘာကုသစရာမှ မလိုဘဲ ပျောက်ကင်းသွားလေ့ရှိပါတယ်။ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ယောကျာ်းလေးတွေမှာတော့ ကပ်ပယ်အိတ်အတွင်း ယောင်ယမ်းခြင်းနဲ့ ဒဏ်ရာတို့ကြောင့် Hydrocele ဖြစ်တတ်ကြပါတယ်။ ပုံမှန်အားဖြင့် Hydrocele တွေဟာ နာကျင်မှုမရှိဘဲ သင့်အနေနဲ့ ကပ်ပယ်အိတ် ယောင်ကားနေပြီး၊ နေရထိုင်ရ အဆင်မပြေတဲ့ အခါမှာ ဆရာဝန်နဲ့ သွားရောက်ပြသင့်ပါတယ်။
လိင်တံရဲ့လုပ်ဆောင်ချက်များ

အသက်ကြီးလာတာနဲ့ အမျှ လိင်တံတစ်ဝိုက် အာရုံကြောတွေဟာ ခံစားမှု စွမ်းအား နည်းလာကြပါတယ်။ ဒီလို ခံစားမှု အားနည်းလာတဲ့အခါမှာ လိင်စိတ် ထကြွမှုနဲ့ ခံစားမှု အထွတ်အထိပ်ရောက်ဖို့ ပိုခက်ခဲလာတတ်ပါတယ်။ တက်စတိုစတီရုန်း ဟော်မုန်း ပမာဏ နည်းလာတာနဲ့ အမျှ လိင်တံထောင်မတ်ဖို့ ပိုပြီး ခက်ခဲလာနိုင်ပါတယ်။ အဲ့ဒီအချိန် လိင်တံမာကျောမှု အားနည်းလာမှာ ဖြစ်ပေမဲ့ လိင်ဆက်ဆံရာမှာ လိုအပ်တဲ့ တောင့်တင်းမှုတော့ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။

ဒီလို အသက်ကြီးလာတဲ့ အချိန် လိင်တံတွေရဲ့ စွမ်းဆောင်မှု လျော့နည်းသွားရခြင်းရဲ့ အဓိက လက်သည်ကတော့ ခန္ဓာကိုယ်က လိင်တံထဲသို့ ပို့ပေးနေတဲ့ သွေးပမာဏကို ခန္ဓာကိုယ်က မထိန်းထားနိုင်တော့တဲ့ အတွက် ဖြစ်ပါတယ်။ ဒီလို သွေးလုံလုံလောက်လောက်မရတဲ့အခါမှာ သင့်အနေနဲ့ လိင်တံတော့ ထောင်မတ်ဦးမှာ ဖြစ်ပေမဲ့ အကြာကြီးထိန်းထားနိုင်မှာတော့ မဟုတ်ပါဘူး။ သွေးက လုံလုံလောက်လောက်ဝင်လာတဲ့အခါ သင့်လိင်တံနားတစ်ဝိုက်နားက အိုမင်းနေတဲ့ ထောင်မတ်ကြွက်သားများက သွေးများကို မထိန်းထားနိုင်ကြတော့ပါဘူး။ ဒီတော့ ရလာဒ်က လိင်တံတောင့်တင်းမှု လျော့ကျလာခြင်းပဲ ဖြစ်ပါတယ်။

အသက်ကြီးလာတာနဲ့ လိင်အင်္ဂါတွေ ပြောင်းလဲလာခြင်းနဲ့ လိင်စိတ်ဆန္ဒတွေ လျော့နည်းလာခြင်းဆိုတာ သဘာဝ ဖြစ်စဉ်တစ်ခုပါ။ တကယ်လို့ အသက်ကြီးလာလို့ ချို့ယွင်းလာတဲ့ ပြောင်းလဲမှုတွေက သင့်ရဲ့ဘဝနဲ့ လက်တွဲဖော်နဲ့ ဆက်ဆံရေး အပေါ်သက်ရောက်မှု ရှိလာပြီဆို ဆရာဝန်နဲ့ သွားရောက်တိုင်ပင်ပြီး ထိရောက်တဲ့ ကုသမှုကို ခံယူနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top