႐ုပ္ရွင္႐ံုတင္စနစ္အရ ႐ံုၿပိဳင္အေနျဖင့္ ျပသရေသာ္ လည္း တစ္ကားႏွင့္ တစ္ကား ၿပိဳင္ဆိုင္ေနသည္ဟု သေဘာမ ထားေၾကာင္း ဒါ႐ိုက္တာ ခရစ္(စ) တီးနားခီက ေျပာသည္။

‘‘႐ုပ္ရွင္သည္ ၿပိဳင္ဆုိင္စရာ မဟုတ္ဘူးလို႔ အစ္မက သတ္မွတ္ တယ္။ အႏုပညာသည္ ကိုယ္ ခံစားရတဲ့ အရာတစ္ခုကို ခ်ျပ တယ္။ ကိုယ့္ပရိသတ္နဲ႔ ကိုယ္ျဖစ္ လာၾကတယ္။ ကိုဝိုင္းနဲ႔ မေဖြးက ပရိသတ္လက္ခံၿပီးသားျဖစ္တဲ့အ တြက္ သူတို႔ပရိသတ္ကလည္း ခိုင္မာမွာပဲ။ ကြၽန္မတို႔ကိုက်ေတာ့ လည္း ဥပါယ္တံမ်ဥ္ရဲ႕ပရိသတ္ က ပံ့ပိုးေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ တယ္’’ဟု ေရႊၾကာႏွင့္ မုျဒာရဲ႕ေခၚ သံ႐ုပ္ရွင္ဇာတ္ကား ႐ံုၿပိဳင္တင္ မည့္အေပၚ ၎၏ခံစားမႈကို ေျပာ သည္။

မုျဒာရဲ႕ေခၚသံ ဇာတ္ကား သည္ မိမိဘဝအေၾကာင္းကို စံုစမ္းသည့္ အမ်ိဳးသားတစ္ဦး အေၾကာင္းကို အေျခခံ၍ ႐ိုက္ကူး ပံုေဖာ္ထားၿပီး ဇဏ္ခီ၊ လွယဥ္ ေက်းႏွင့္ နန္းေဝေဝထြန္းတို႔ အဓိကပါဝင္သ႐ုပ္ေဆာင္ထားသည္။

ထို႔ျပင္ သ႐ုပ္ေဆာင္ ဇဏ္ခီ သည္ ငယ္စဥ္ကတည္းက အေမ ရိကန္ႏုိင္ငံတြင္ ေနထုိင္သူတစ္ဦး ဇာတ္႐ုပ္ျဖင့္ သ႐ုပ္ေဆာင္ထား ေသာေၾကာင့္ ႐ုပ္ရွင္အစမွ အဆံုး အဂၤလိပ္စကားေျပာ၍ သ႐ုပ္ ေဆာင္ထားသည္။

မုျဒာရဲ႕ေခၚသံ႐ုပ္ရွင္ကို လြန္ခဲ့သည့္ ေလးႏွစ္ခန္႔ကတည္းက ႐ိုက္ကူးခဲ့ၿပီး ယင္းဇာတ္ကား႐ိုက္ ကူးစဥ္ ဘတ္ဂ်က္အခက္အခဲ ေၾကာင့္ ႐ိုက္ကူးေရးနားခဲ့ရသည့္ အခ်ိန္မ်ားရွိခဲ့ေၾကာင္း  ခရစ္(စ)တီးနားခီက ေျပာသည္။

‘‘ဘတ္ဂ်က္ကမရွိေတာ့ စက္ ပစၥည္းေတာ္ေတာ္မ်ားမ်ားအခက္ အခဲျဖစ္တယ္။ မီးေတြဘာေတြ လည္း ေကာင္းေကာင္းမသံုးခဲ့ရ ဘူး။ ႐ုပ္ရွင္ရဲ႕ကင္မရာဆိုရင္ လည္း တအားကို ေစ်းေပါတဲ့ ကင္မရာေတြကို သံုးခဲ့ရတယ္’’ဟု မုျဒာရဲ႕ေခၚသံ႐ိုက္ကူးေရးအခက္ အခဲႏွင့္ပတ္သက္၍ ၎က ေျပာ သည္။

ထို႔ျပင္ Post Production ပိုင္းကိုလည္း ဘတ္ဂ်က္မရွိေသာ ေၾကာင့္ ၎တို႔အိမ္တြင္သာ တည္းျဖတ္သည့္ အပိုင္းကို ေဆာင္ရြက္ ခဲ့ရေၾကာင္း ဆိုသည္။

မုျဒာရဲ႕ေခၚသံဇာတ္ကားကို မတ္လ ၁၆ ရက္တြင္ စတင္႐ံုတင္ ျပသမည္ျဖစ္ၿပီး JCGV ႐ုပ္ရွင္႐ံု မ်ား၊ Mega Ace ႐ုပ္ရွင္႐ံုမ်ားႏွင့္ နယ္ၿမိဳ႕ရွိ ႐ုပ္ရွင္႐ံုမ်ား၌ ျပသမည္ ျဖစ္သည္။

ယင္းကို ၿပီးခဲ့သည့္ႏွစ္က ျပည္ပ႐ုပ္ရွင္ပြဲေတာ္မ်ားတြင္ သြားေရာက္ျပသခဲ့ရာ ဆုႏွစ္ဆုရရွိခဲ့ သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#
 ရုပ်ရှင်ရုံတင်စနစ်အရ ရုံပြိုင်အနေဖြင့် ပြသရသော် လည်း တစ်ကားနှင့် တစ်ကား ပြိုင်ဆိုင်နေသည်ဟု သဘောမ ထားကြောင်း ဒါရိုက်တာ ခရစ်(စ) တီးနားခီက ပြောသည်။

‘‘ရုပ်ရှင်သည် ပြိုင်ဆိုင်စရာ မဟုတ်ဘူးလို့ အစ်မက သတ်မှတ် တယ်။ အနုပညာသည် ကိုယ် ခံစားရတဲ့ အရာတစ်ခုကို ချပြ တယ်။ ကိုယ့်ပရိသတ်နဲ့ ကိုယ်ဖြစ် လာကြတယ်။ ကိုဝိုင်းနဲ့ မဖွေးက ပရိသတ်လက်ခံပြီးသားဖြစ်တဲ့အ တွက် သူတို့ပရိသတ်ကလည်း ခိုင်မာမှာပဲ။ ကျွန်မတို့ကိုကျတော့ လည်း ဥပါယ်တံမျဉ်ရဲ့ပရိသတ် က ပံ့ပိုးပေးလိမ့်မယ်လို့ မျှော်လင့် တယ်’’ဟု ရွှေကြာနှင့် မုဒြာရဲ့ခေါ် သံရုပ်ရှင်ဇာတ်ကား ရုံပြိုင်တင် မည့်အပေါ် ၎င်း၏ခံစားမှုကို ပြော သည်။

မုဒြာရဲ့ခေါ်သံ ဇာတ်ကား သည် မိမိဘဝအကြောင်းကို စုံစမ်းသည့် အမျိုးသားတစ်ဦး အကြောင်းကို အခြေခံ၍ ရိုက်ကူး ပုံဖော်ထားပြီး ဇဏ်ခီ၊ လှယဉ် ကျေးနှင့် နန်းဝေဝေထွန်းတို့ အဓိကပါဝင်သရုပ်ဆောင်ထားသည်။

ထို့ပြင် သရုပ်ဆောင် ဇဏ်ခီ သည် ငယ်စဉ်ကတည်းက အမေ ရိကန်နိုင်ငံတွင် နေထိုင်သူတစ်ဦး ဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ထား သောကြောင့် ရုပ်ရှင်အစမှ အဆုံး အင်္ဂလိပ်စကားပြော၍ သရုပ် ဆောင်ထားသည်။

မုဒြာရဲ့ခေါ်သံရုပ်ရှင်ကို လွန်ခဲ့သည့် လေးနှစ်ခန့်ကတည်းက ရိုက်ကူးခဲ့ပြီး ယင်းဇာတ်ကားရိုက် ကူးစဉ် ဘတ်ဂျက်အခက်အခဲ ကြောင့် ရိုက်ကူးရေးနားခဲ့ရသည့် အချိန်များရှိခဲ့ကြောင်း  ခရစ်(စ)တီးနားခီက ပြောသည်။

‘‘ဘတ်ဂျက်ကမရှိတော့ စက် ပစ္စည်းတော်တော်များများအခက် အခဲဖြစ်တယ်။ မီးတွေဘာတွေ လည်း ကောင်းကောင်းမသုံးခဲ့ရ ဘူး။ ရုပ်ရှင်ရဲ့ကင်မရာဆိုရင် လည်း တအားကို ဈေးပေါတဲ့ ကင်မရာတွေကို သုံးခဲ့ရတယ်’’ဟု မုဒြာရဲ့ခေါ်သံရိုက်ကူးရေးအခက် အခဲနှင့်ပတ်သက်၍ ၎င်းက ပြော သည်။

ထို့ပြင် Post Production ပိုင်းကိုလည်း ဘတ်ဂျက်မရှိသော ကြောင့် ၎င်းတို့အိမ်တွင်သာ တည်းဖြတ်သည့် အပိုင်းကို ဆောင်ရွက် ခဲ့ရကြောင်း ဆိုသည်။

မုဒြာရဲ့ခေါ်သံဇာတ်ကားကို မတ်လ ၁၆ ရက်တွင် စတင်ရုံတင် ပြသမည်ဖြစ်ပြီး JCGV ရုပ်ရှင်ရုံ များ၊ Mega Ace ရုပ်ရှင်ရုံများနှင့် နယ်မြို့ရှိ ရုပ်ရှင်ရုံများ၌ ပြသမည် ဖြစ်သည်။

ယင်းကို ပြီးခဲ့သည့်နှစ်က ပြည်ပရုပ်ရှင်ပွဲတော်များတွင် သွားရောက်ပြသခဲ့ရာ ဆုနှစ်ဆုရရှိခဲ့ သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top