ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

လိင္အႀကမ္းဖက္မႈမ်ား၊ သက္ငယ္မုဒိမ္းမႈမ်ား ရပ္တန္႔ေစေရးအတြက္ပညာေပးအစီအစဥ္မ်ားကို လာမယ့္မတ္လ၁၈ရက္ေန႔ ၊ ကန္ေတာ္ႀကီးေမွ်ာ္စင္ကၽြန္းမွာအႏုပညာရွင္မ်ား ပါဝင္ကာေဖ်ာ္ေျဖေရး အစီအစဥ္မ်ားနဲ႔က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။

ဒီပညာေပးအစီအစဥ္မွာပါဝင္သြားမယ့္ အလွမယ္၊ ေမာ္ဒယ္ထားထက္ထက္ကလည္း “ ထားထက္တို႔ျမင္ေနရ တယ္ၾကားေနရတယ္။ မုဒိမ္းမႈေတြက မႏွစ္ကထက္ကိုပိုမ်ားလာတာကိုေတြ႔ရပါတယ္။ အဲ့ဒီအတြက္ထားထက္တို႔ ၂၀၁၆ခုႏွစ္ကလုပ္ခဲ့တဲ့ ပညာေပးပံုစံအတိုင္းပဲ လာမယ့္၁၈ရက္ေန႔မွာျပဳလုပ္မယ့္ ပညာေပးအစီအစဥ္မွာ ပါဝင္သြားမယ္။ က်ဴးလြန္တဲ့သူေတြကိုေထာင္ဒဏ္ေတြတိုးျမွင့္အျပစ္ေပးေစခ်င္တယ္။ ေထာင္ဒဏ္ထက္ကိုပိုႀကီးတဲ့ အျပစ္ရွိရင္ေပးဖို႔ ကိုထားထက္တို႔ အားလံုးစုေပါင္းၿပီးေတာင္းဆိုသြားမယ္” လို႔ေျပာပါတယ္။

လိင္အၾကမ္းဖက္မႈမ်ားနဲ႔ သက္ငယ္မုဒိမ္းမႈမ်ားပညာေပးအစီအစဥ္မ်ားကို ၿပီးခဲ့တဲ့၂၀၁၆ခုႏွစ္ကလည္းျပဳလုပ္ခဲ့ၿပီး၊ က်ဴးလြန္သူမ်ားကိုႀကီးေလးေသာျပစ္ဒဏ္မ်ား ထည့္သြင္းေပးရန္၊ လြတ္ၿငိမ္းခ်မ္းသာခြင့္မေပးသင့္တဲ့ အခ်က္ အလက္မ်ားကို လႊတ္ေတာ္အထိတင္သြင္းေတာင္းဆိုသြားမွာျဖစ္တယ္လု႔ိ ပညာေပးအစီအစဥ္မွာပါဝင္မယ့္ ကိုေဇယ်ာထြန္းကဆိုပါတယ္။

“ ကၽြန္ေတာ္တို႔ေတြအျပင္ဒီေတာင္းဆိုမႈက ျပည္သူတစ္ရပ္လံုးကလည္းတက္ညီလက္ညီပါဝင္ၾကမယ္၊ အႏုပညာရွင္ေတြကလည္းပါဝင္ၾကမယ္။ အားလံုးၿပိဳင္တူတြန္းရင္ေရႊ႕ႏိုင္ပါတယ္။ အဲဒီေန႔က်ရင္ လည္းအားလံုးလာေရာက္ၾကဖို႔ကိုလည္းတိုက္တြန္းခ်င္ပါတယ္” ပညာေပးအစီအစဥ္နဲ႔ပတ္သက္ၿပီး ၄င္းကေျပာပါတယ္။

ဒီပညာေပးအစီအစဥ္ျပဳလုပ္မယ့္ေန႔မွာ လိင္အႀကမ္းဖက္မႈအတြက္ျပစ္ဒဏ္ ကိုတိုးျမွင့္ဖို႔ႀကိဳး ပမ္းေနတဲ့လႊတ္ေတာ္အမတ္မ်ား၊ အေစာ္ကားခံရၿပီးအသတ္ခံခဲ့ရတဲ့ ကေလးငယ္ေတြရဲ႕မိသားစုဝင္ေတြရဲ႕ စကားသံမ်ား၊ လိင္အၾကမ္းဖက္ခံခဲ့ရသူေတြ ရဲ႕စကားသံမ်ား၊ လိင္အၾကမ္းဖက္ခံသူေတြကိုကူညီေပးေနသူေတြရဲ႕ စကားသံမ်ား၊ ကေလးငယ္ေတြသိထား သင့္တဲ့ကဗ်ာမ်ားရြတ္ဆိုကာ၊ လိင္အၾကမ္းဖက္မႈမ်ား ရပ္တန္႔ေလ်ာ့က်ေရးကိုဖေယာင္းတိုင္ ထြန္းဆုေတာင္းၾကမွာျဖစ္ပါတယ္။

ဒီပညာေပးအစီအစဥ္၊ ဆုိေတာင္းပြဲကို သက္ဆိုင္ရာအမတ္မ်ား၊ ဝန္ႀကီးမ်ား၊ ႏိုင္ငံေက်ာ္အႏုပညာရွင္မ်ား၊ ႏိုင္ငံအတြင္းမွပရဟိတအဖြဲ႔မ်ားနဲ႔ ျပည္သူမ်ားတက္ေရာက္ၾကမွာျဖစ္တယ္လို႔သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform\
# Unicode Version ျဖင့္ ဖတ္ပါ #
လိင်အကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းမှုများ ရပ်တန့်စေရေးအတွက်ပညာပေးအစီအစဉ်များကို လာမယ့်မတ်လ၁၈ရက်နေ့ ၊ ကန်တော်ကြီးမျှော်စင်ကျွန်းမှာအနုပညာရှင်များ ပါဝင်ကာဖျော်ဖြေရေး အစီအစဉ်များနဲ့ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီပညာပေးအစီအစဉ်မှာပါဝင်သွားမယ့် အလှမယ်၊ မော်ဒယ်ထားထက်ထက်ကလည်း “ ထားထက်တို့မြင်နေရ တယ်ကြားနေရတယ်။ မုဒိမ်းမှုတွေက မနှစ်ကထက်ကိုပိုများလာတာကိုတွေ့ရပါတယ်။ အဲ့ဒီအတွက်ထားထက်တို့ ၂၀၁၆ခုနှစ်ကလုပ်ခဲ့တဲ့ ပညာပေးပုံစံအတိုင်းပဲ လာမယ့်၁၈ရက်နေ့မှာပြုလုပ်မယ့် ပညာပေးအစီအစဉ်မှာ ပါဝင်သွားမယ်။ ကျူးလွန်တဲ့သူတွေကိုထောင်ဒဏ်တွေတိုးမြှင့်အပြစ်ပေးစေချင်တယ်။ ထောင်ဒဏ်ထက်ကိုပိုကြီးတဲ့ အပြစ်ရှိရင်ပေးဖို့ ကိုထားထက်တို့ အားလုံးစုပေါင်းပြီးတောင်းဆိုသွားမယ်” လို့ပြောပါတယ်။

လိင်အကြမ်းဖက်မှုများနဲ့ သက်ငယ်မုဒိမ်းမှုများပညာပေးအစီအစဉ်များကို ပြီးခဲ့တဲ့၂၀၁၆ခုနှစ်ကလည်းပြုလုပ်ခဲ့ပြီး၊ ကျူးလွန်သူများကိုကြီးလေးသောပြစ်ဒဏ်များ ထည့်သွင်းပေးရန်၊ လွတ်ငြိမ်းချမ်းသာခွင့်မပေးသင့်တဲ့ အချက် အလက်များကို လွှတ်တော်အထိတင်သွင်းတောင်းဆိုသွားမှာဖြစ်တယ်လု့ိ ပညာပေးအစီအစဉ်မှာပါဝင်မယ့် ကိုဇေယျာထွန်းကဆိုပါတယ်။

“ ကျွန်တော်တို့တွေအပြင်ဒီတောင်းဆိုမှုက ပြည်သူတစ်ရပ်လုံးကလည်းတက်ညီလက်ညီပါဝင်ကြမယ်၊ အနုပညာရှင်တွေကလည်းပါဝင်ကြမယ်။ အားလုံးပြိုင်တူတွန်းရင်ရွှေ့နိုင်ပါတယ်။ အဲဒီနေ့ကျရင် လည်းအားလုံးလာရောက်ကြဖို့ကိုလည်းတိုက်တွန်းချင်ပါတယ်” ပညာပေးအစီအစဉ်နဲ့ပတ်သက်ပြီး ၎င်းကပြောပါတယ်။

ဒီပညာပေးအစီအစဉ်ပြုလုပ်မယ့်နေ့မှာ လိင်အကြမ်းဖက်မှုအတွက်ပြစ်ဒဏ် ကိုတိုးမြှင့်ဖို့ကြိုး ပမ်းနေတဲ့လွှတ်တော်အမတ်များ၊ အစော်ကားခံရပြီးအသတ်ခံခဲ့ရတဲ့ ကလေးငယ်တွေရဲ့မိသားစုဝင်တွေရဲ့ စကားသံများ၊ လိင်အကြမ်းဖက်ခံခဲ့ရသူတွေ ရဲ့စကားသံများ၊ လိင်အကြမ်းဖက်ခံသူတွေကိုကူညီပေးနေသူတွေရဲ့ စကားသံများ၊ ကလေးငယ်တွေသိထား သင့်တဲ့ကဗျာများရွတ်ဆိုကာ၊ လိင်အကြမ်းဖက်မှုများ ရပ်တန့်လျော့ကျရေးကိုဖယောင်းတိုင် ထွန်းဆုတောင်းကြမှာဖြစ်ပါတယ်။

ဒီပညာပေးအစီအစဉ်၊ ဆိုတောင်းပွဲကို သက်ဆိုင်ရာအမတ်များ၊ ဝန်ကြီးများ၊ နိုင်ငံကျော်အနုပညာရှင်များ၊ နိုင်ငံအတွင်းမှပရဟိတအဖွဲ့များနဲ့ ပြည်သူများတက်ရောက်ကြမှာဖြစ်တယ်လို့သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top