န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

မနက္ခင္းမွာ သုတ္သီးသုတ္ျပာနဲ႔ တားေဆးေသာက္ဖို႔ ေမ့သြားဖူးပါသလား။ ခရီးသြားခ်ိန္မွာ ေဆးထည့္ဖို႔ ေမ့ၿပီး 1 ပတ္ေလာက္ ေဆးမေသာက္ျဖစ္တာလား။ ဒါမွမဟုတ္ ေဆးရပ္ၿပီး ကေလးရဖို႔ ႀကိဳးစားေနတာပါလား။

ဘာေၾကာင့္ပဲ ပ်က္သြားပ်က္သြား၊ ႏွစ္နဲ႔ခ်ီၿပီး ပံုမွန္ေသာက္ေနတဲ့ေဆးကို တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ ေမ့ၿပီး မေသာက္မိတာမ်ိဳး ျဖစ္လာတတ္ပါတယ္။ ဒီလို ေဆးေသာက္ဖို႔ ေမ့သြားခ်ိန္ ခႏၶာကိုယ္မွာ ဘယ္လိုအေျပာင္းအလဲေတြ ျဖစ္သြားသလဲ?

 ေဆး 1 လံုး မေသာက္မိရင္

 စိတ္မပူပါနဲ႔။ လူဆိုတာ ေမ့တတ္တဲ့အမ်ိဳး ျဖစ္တဲ့အတြက္ တစ္ခါတစ္ရံ ေဆး 1 လံုးေလာက္ မေသာက္မိတာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ သတိရတဲ့အခ်ိန္ ေဆးကို အျမန္ ျပန္ေသာက္လိုက္မယ္ဆိုရင္ ကိုယ္ဝန္ရဖို႔ အခြင့္အလမ္း နည္းသြားႏိုင္ပါတယ္။

 ေဆး 2 လံုး မေသာက္မိရင္

ေနာက္ရက္မွာ ေဆး 2 လံုး ေသာက္ၿပီး ေဆးကို ပံုမွန္ျပန္ေသာက္သြားပါ။ ကေလးရဖို႔ အခြင့္အလမ္း နည္းပါေသးတယ္။ ဒါေၾကာင့္ အကာအကြယ္သံုးဖို႔ မလိုအပ္ေသးပါဘူး။ ပ်ိဳ႕ခ်င္တာ၊ ေသြး အနည္းငယ္ ဆင္းတာမ်ိဳးေတာ့ ျဖစ္တတ္ပါတယ္။

 ေဆး 3 လံုးနဲ႔အထက္ မေသာက္မိတဲ့အခါ

 ဒီအခ်ိန္မွာေတာ့ စဒုကၡေရာက္ႏိုင္ပါၿပီ။ ခႏၶာကိုယ္ထဲက ေဟာ္မုန္းပမာဏ က်ဆင္းလာၿပီ ျဖစ္တဲ့အတြက္ ေဆးအာနိသင္ကို က်ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီအခ်ိန္မွာ ခင္ပြန္းျဖစ္သူနဲ႔ အတူေနတဲ့အခါ အျခားသေႏၶတားနည္းလမ္းေတြကို အသံုးျပဳရပါမယ္။ ဒါ့အျပင္ ေသာက္လက္စေဆးကတ္ကို ဆက္မေသာက္ေတာ့ဘဲ ေဆးကတ္အသစ္ ျပန္စေသာက္ရပါမယ္။ ေဆး ျပန္စေသာက္ၿပီး တစ္ပတ္အတြင္းမွာလည္း အျခားတားနည္းတစ္မ်ိဳးမ်ိဳးကို အသံုးျပဳ ဆက္ဆံသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Emerald (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
မနက်ခင်းမှာ သုတ်သီးသုတ်ပြာနဲ့ တားဆေးသောက်ဖို့ မေ့သွားဖူးပါသလား။ ခရီးသွားချိန်မှာ ဆေးထည့်ဖို့ မေ့ပြီး 1 ပတ်လောက် ဆေးမသောက်ဖြစ်တာလား။ ဒါမှမဟုတ် ဆေးရပ်ပြီး ကလေးရဖို့ ကြိုးစားနေတာပါလား။

ဘာကြောင့်ပဲ ပျက်သွားပျက်သွား၊ နှစ်နဲ့ချီပြီး ပုံမှန်သောက်နေတဲ့ဆေးကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မေ့ပြီး မသောက်မိတာမျိုး ဖြစ်လာတတ်ပါတယ်။ ဒီလို ဆေးသောက်ဖို့ မေ့သွားချိန် ခန္ဓာကိုယ်မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်သွားသလဲ?

 ဆေး 1 လုံး မသောက်မိရင်

 စိတ်မပူပါနဲ့။ လူဆိုတာ မေ့တတ်တဲ့အမျိုး ဖြစ်တဲ့အတွက် တစ်ခါတစ်ရံ ဆေး 1 လုံးလောက် မသောက်မိတာမျိုး ဖြစ်လာနိုင်ပါတယ်။ သတိရတဲ့အချိန် ဆေးကို အမြန် ပြန်သောက်လိုက်မယ်ဆိုရင် ကိုယ်ဝန်ရဖို့ အခွင့်အလမ်း နည်းသွားနိုင်ပါတယ်။

 ဆေး 2 လုံး မသောက်မိရင်

နောက်ရက်မှာ ဆေး 2 လုံး သောက်ပြီး ဆေးကို ပုံမှန်ပြန်သောက်သွားပါ။ ကလေးရဖို့ အခွင့်အလမ်း နည်းပါသေးတယ်။ ဒါကြောင့် အကာအကွယ်သုံးဖို့ မလိုအပ်သေးပါဘူး။ ပျို့ချင်တာ၊ သွေး အနည်းငယ် ဆင်းတာမျိုးတော့ ဖြစ်တတ်ပါတယ်။

 ဆေး 3 လုံးနဲ့အထက် မသောက်မိတဲ့အခါ

 ဒီအချိန်မှာတော့ စဒုက္ခရောက်နိုင်ပါပြီ။ ခန္ဓာကိုယ်ထဲက ဟော်မုန်းပမာဏ ကျဆင်းလာပြီ ဖြစ်တဲ့အတွက် ဆေးအာနိသင်ကို ကျစေနိုင်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ခင်ပွန်းဖြစ်သူနဲ့ အတူနေတဲ့အခါ အခြားသန္ဓေတားနည်းလမ်းတွေကို အသုံးပြုရပါမယ်။ ဒါ့အပြင် သောက်လက်စဆေးကတ်ကို ဆက်မသောက်တော့ဘဲ ဆေးကတ်အသစ် ပြန်စသောက်ရပါမယ်။ ဆေး ပြန်စသောက်ပြီး တစ်ပတ်အတွင်းမှာလည်း အခြားတားနည်းတစ်မျိုးမျိုးကို အသုံးပြု ဆက်ဆံသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Emerald (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top