ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ရခိုင္ျပည္နယ္ ေပါက္ေတာျမိဳ႕တြင္ ေဆြမ်ိဳးခ်င္း ရန္စရွိရာမွ ဦးေလးေတာ္စပ္သူ တစ္ဦးက ဓါးျဖင့္ထိုးသျဖင့္ အသက္ (၁၆) ႏွစ္အရြယ္ ဆယ္ေက်ာင္းသား တူျဖစ္သူမွာ ေသဆံုးသြားေၾကာင္း သတင္းရရွိသည္။

ေပါက္ေတာျမိဳ႕နယ္ရဲစခန္းသို႕ နိရဥၥရာမွ ဆက္သြယ္ရာ ျမိဳ႕နယ္ရဲမွဴးက “ မူခင္းျဖစ္ပြားတာ မွန္ပါတယ္။ ဒီလ ၃ ရက္ေန႕ ည ၁၀ နာရီခန္႕မွာ ျဖစ္ပြားတာပါ။ ေဆြမ်ိဳးအခ်င္းခ်င္း ျဖစ္ၾကတာပါ” ဟု ေျပာၾကားသည္။

ေသဆံုးသူမွာ ေပါက္ေတာျမိဳ႕ အမွတ္(၁) ရပ္ကြက္ ေက်ာင္းဆရာ ဦးသန္းေမာင္( သေျပကန္ အထက)၏ သားျဖစ္သူ ဇင္ကို (ေခၚ) ေမာင္တင့္ေဇာ္ထူး ျဖစ္ေၾကာင္း သိရသည္။

ဇင္ကိုအား ဓါးျဖင့္ထိုးသူမွာ ဦးေလးေတာ္စပ္သူ ေက်ာ္ေဇာရီ (၄၂) ျဖစ္ေၾကာင္း၊ ယခုအခ်ိန္ထိ ထြက္ေျပးလြတ္ေျမာက္ေနေၾကာင္း၊ ေက်ာ္ေဇာရီမွာ ယခင္ကလည္း ၎အိမ္ထဲသို႕ ျခံကို ခ်ိဳးျပီး က်ဴးေက်ာ္ ၀င္ေရာက္မႈေၾကာင့္ ပိုင္နက္က်ဴးလြန္မႈျဖင့္ တရားစြဲဆိုခံရျပီး ေထာင္က် ခဲ့ဖူးေၾကာင္း၊ ေထာင္က လြတ္လာသည့္ ဆိုးသြမ္းေနသူ တစ္ဦး ျဖစ္ေၾကာင္း၊ နယ္ထိန္းတပ္ဖြဲ႕မွ သူ႕ကို ဖမ္းဆီးရမိေရး အတြက္ လိုက္လံ ရွာေဖြေနေၾကာင္း ျမိဳ႕နယ္ရဲမွဴးက အတည္ျပဳ ေျပာၾကားသည္။

ဖခင္ျဖစ္သူ ဆရာ ဦးသန္းေမာင္က “ အဲဒီကေန႕ ညက က်ေနာ္ အိမ္ေရွ႕မွာ လာဆဲပါတယ္။ ဓါးနဲ႕ ထိုးသူက က််ေနာ္ အေမရဲ႕ အစ္မမွာသားပါ။ အဲဒီအခ်ိန္မွာ က်ေနာ္က အစ္ကိုအိမ္မွာ ေရာက္ေနပါတယ္။ အစ္ကိုက က်ေနာ္နဲဲ႕ ျပသနာ ျဖစ္မွာစိုးလို႕ အိမ္ေအာက္ကို မဆင္းရဘူး။ ဆဲဆိုျပီး ျပန္သြားေတာ့မွ က်ေနာ္က က်ေနာ္ အေမနဲ႕ အတူ အိမ္ကို ျပန္လာပါတယ္။ က်ေနာ္က ဘီအီးဒီ ေျဖဖို႕ လုပ္ေနေတာ့ တစ္နာရီ ေလာက္စာၾကည့္ အျပီးမွာ ဇင္ကိုရဲ႕ သူငယ္ခ်င္းက လာျပီး ဇင္ကို ကို ေက်ာ္ေဇာရီက ဓါးနဲ႕ ထိုးတယ္ဆိုျပီး ေျပာပါတယ္။ ည ၁၀ နာရီ အေက်ာ္မွာပါ။. က်ေနာ္လိုက္သြားတဲ့ က်ေနာ္တို႕အိမ္က လမ္းဆံုတစ္ခုအေက်ာ္ ေနာက္လမ္းဆံုမွာ သားကို ေမွာက္လ်က္ ေသြးအိုင္ထဲမွာ ေတြ႕ရပါတယ္” ဟု ေျပာၾကားသည္။

ဇင္ကို(ခ) ေမာင္တင့္ေဇာ္ထူးမွာ ၎ေန႕က အနီးရွိ မဂၤလာေဆာင္မွ အျပန္တြင္ အျပစ္မဲ့ဓားထိုးခံရျခင္း ျဖစ္ေၾကာင္း သူက ေျပာသည္။

“ သူက ဆယ္တန္းေျဖမယ့္ေက်ာင္းသားပါ။ သူရဲ႕ တူမေလးနဲ႕ စာဖတ္ေနခ်ိန္မွာ ေက်ာ္ေဇာရီက လာဆဲအတြက္ အိမ္ေအာက္ကိုဆင္းသြားျပီး သူငယ္ခ်င္းနဲ႕ အတူ အနီးအနားက မဂၤလာေဆာင္ကုိ သြားျပီး အျပန္မွာ ေက်ာ္ေဇာရီက ေနာက္ကလိုက္လာျပီး ဓားနဲ႕ထိုးတာပါ။ သူက ဘာဘာ (ေဖေဖ) က်ေနာ့္ကို ေက်ာ္ေဇာရီရဲ႕ တူ ကုလားေခ်က လက္ကိုခ်ဳပ္ကိုင္ျပီး ပါးစပ္ပိတ္ထားကာ ေက်ာ္ေဇာရီက ဓါးနဲ႕ထိုးတယ္လို႕ ေျပာပါတယ္။ က်ေနာ္ ေရာက္တုန္း စကားေျပာႏိုင္ေပမယ့္ ကားနဲ႕ ေဆးရံုကို ယူေတာ့ စကား မေျပာႏိုင္ေတာ့ဘူး။ ေဆးရံုေရာက္ေတာ့ ဆရာ၀န္က အသက္ပါမလာေတာ့ဘူးလို႕ ေျပာပါတယ္” ဟု ဆရာဦးသန္းေမာင္က ေျပာဆိုသည္။

ေမာင္တင့္ေဇာ္ထူး၏ ဘယ္ဘက္နိဳ႕အံုကို ဓါးျဖင့္ ထိုးသြင္း ဒဏ္ရာ တစ္ခ်က္ျဖင့္ ေသဆံုးခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။

ေမာင္တင့္ေဇာ္ထူးမွာ ယခုႏွစ္ ဆယ္တန္းစာေမးပြဲကို ေျဖဆိုမည့္ ေက်ာင္းသား တစ္ဦးျဖစ္ျပီး မတ္လ ၅ ရက္ ယေန႕တြင္ သျဂိဳၤမည္ဟု သိရသည္။

(ဓာတ္ပံု- ဦးျမတ္ထြန္း)
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Narinjara
https://www.facebook.com/Narinjara

#Unicode Version#

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ဆွေမျိုးချင်း ရန်စရှိရာမှ ဦးလေးတော်စပ်သူ တစ်ဦးက ဓါးဖြင့်ထိုးသဖြင့် အသက် (၁၆) နှစ်အရွယ် ဆယ်ကျောင်းသား တူဖြစ်သူမှာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ပေါက်တောမြို့နယ်ရဲစခန်းသို့ နိရဉ္စရာမှ ဆက်သွယ်ရာ မြို့နယ်ရဲမှူးက “ မူခင်းဖြစ်ပွားတာ မှန်ပါတယ်။ ဒီလ ၃ ရက်နေ့ ည ၁၀ နာရီခန့်မှာ ဖြစ်ပွားတာပါ။ ဆွေမျိုးအချင်းချင်း ဖြစ်ကြတာပါ” ဟု ပြောကြားသည်။

သေဆုံးသူမှာ ပေါက်တောမြို့ အမှတ်(၁) ရပ်ကွက် ကျောင်းဆရာ ဦးသန်းမောင်( သပြေကန် အထက)၏ သားဖြစ်သူ ဇင်ကို (ခေါ်) မောင်တင့်ဇော်ထူး ဖြစ်ကြောင်း သိရသည်။

ဇင်ကိုအား ဓါးဖြင့်ထိုးသူမှာ ဦးလေးတော်စပ်သူ ကျော်ဇောရီ (၄၂) ဖြစ်ကြောင်း၊ ယခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေကြောင်း၊ ကျော်ဇောရီမှာ ယခင်ကလည်း ၎င်းအိမ်ထဲသို့ ခြံကို ချိုးပြီး ကျူးကျော် ဝင်ရောက်မှုကြောင့် ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခံရပြီး ထောင်ကျ ခဲ့ဖူးကြောင်း၊ ထောင်က လွတ်လာသည့် ဆိုးသွမ်းနေသူ တစ်ဦး ဖြစ်ကြောင်း၊ နယ်ထိန်းတပ်ဖွဲ့မှ သူ့ကို ဖမ်းဆီးရမိရေး အတွက် လိုက်လံ ရှာဖွေနေကြောင်း မြို့နယ်ရဲမှူးက အတည်ပြု ပြောကြားသည်။

ဖခင်ဖြစ်သူ ဆရာ ဦးသန်းမောင်က “ အဲဒီကနေ့ ညက ကျနော် အိမ်ရှေ့မှာ လာဆဲပါတယ်။ ဓါးနဲ့ ထိုးသူက ကျျနော် အမေရဲ့ အစ်မမှာသားပါ။ အဲဒီအချိန်မှာ ကျနော်က အစ်ကိုအိမ်မှာ ရောက်နေပါတယ်။ အစ်ကိုက ကျနော်နဲ့ ပြသနာ ဖြစ်မှာစိုးလို့ အိမ်အောက်ကို မဆင်းရဘူး။ ဆဲဆိုပြီး ပြန်သွားတော့မှ ကျနော်က ကျနော် အမေနဲ့ အတူ အိမ်ကို ပြန်လာပါတယ်။ ကျနော်က ဘီအီးဒီ ဖြေဖို့ လုပ်နေတော့ တစ်နာရီ လောက်စာကြည့် အပြီးမှာ ဇင်ကိုရဲ့ သူငယ်ချင်းက လာပြီး ဇင်ကို ကို ကျော်ဇောရီက ဓါးနဲ့ ထိုးတယ်ဆိုပြီး ပြောပါတယ်။ ည ၁၀ နာရီ အကျော်မှာပါ။. ကျနော်လိုက်သွားတဲ့ ကျနော်တို့အိမ်က လမ်းဆုံတစ်ခုအကျော် နောက်လမ်းဆုံမှာ သားကို မှောက်လျက် သွေးအိုင်ထဲမှာ တွေ့ရပါတယ်” ဟု ပြောကြားသည်။

ဇင်ကို(ခ) မောင်တင့်ဇော်ထူးမှာ ၎င်းနေ့က အနီးရှိ မင်္ဂလာဆောင်မှ အပြန်တွင် အပြစ်မဲ့ဓားထိုးခံရခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ သူက ဆယ်တန်းဖြေမယ့်ကျောင်းသားပါ။ သူရဲ့ တူမလေးနဲ့ စာဖတ်နေချိန်မှာ ကျော်ဇောရီက လာဆဲအတွက် အိမ်အောက်ကိုဆင်းသွားပြီး သူငယ်ချင်းနဲ့ အတူ အနီးအနားက မင်္ဂလာဆောင်ကို သွားပြီး အပြန်မှာ ကျော်ဇောရီက နောက်ကလိုက်လာပြီး ဓားနဲ့ထိုးတာပါ။ သူက ဘာဘာ (ဖေဖေ) ကျနော့်ကို ကျော်ဇောရီရဲ့ တူ ကုလားချေက လက်ကိုချုပ်ကိုင်ပြီး ပါးစပ်ပိတ်ထားကာ ကျော်ဇောရီက ဓါးနဲ့ထိုးတယ်လို့ ပြောပါတယ်။ ကျနော် ရောက်တုန်း စကားပြောနိုင်ပေမယ့် ကားနဲ့ ဆေးရုံကို ယူတော့ စကား မပြောနိုင်တော့ဘူး။ ဆေးရုံရောက်တော့ ဆရာဝန်က အသက်ပါမလာတော့ဘူးလို့ ပြောပါတယ်” ဟု ဆရာဦးသန်းမောင်က ပြောဆိုသည်။

မောင်တင့်ဇော်ထူး၏ ဘယ်ဘက်နို့အုံကို ဓါးဖြင့် ထိုးသွင်း ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မောင်တင့်ဇော်ထူးမှာ ယခုနှစ် ဆယ်တန်းစာမေးပွဲကို ဖြေဆိုမည့် ကျောင်းသား တစ်ဦးဖြစ်ပြီး မတ်လ ၅ ရက် ယနေ့တွင် သဂြိုၤမည်ဟု သိရသည်။

(ဓာတ်ပုံ- ဦးမြတ်ထွန်း)
ဖိုးသူတော် (www.phothutaw.com)
Credit: Narinjara
https://www.facebook.com/Narinjara
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top