×

ထြက္ေျပးတိမ္းေရွာင္ေနတဲ့ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရွင္နာဝပ္ထရာရဲ႕ သားျဖစ္သူ အုတ္ခ္ရွင္နာဝပ္ထရာဟာ နာမည္ႀကီး အျပာေမာ္ဒယ္တဦးနဲ႔ တြဲခဲ့တယ္ဆိုတဲ့ သတင္းေတြ အင္တာနက္စာမ်က္ႏွာေပၚမွာ ထြက္ေပၚေနပါတယ္။

ဒါေပမယ့္ လိင္ဆြဲေဆာင္မႈ အားေကာင္းတဲ့ အျပာေမာ္ဒယ္ နတ္ကက္ဂ်္ဆရင္ကေတာ့ သူတို႔ႏွစ္ဦးၾကား ဘာပတ္သက္မႈမွမရွိဘဲ သူငယ္ခ်င္းမိတ္ေဆြေတြသာ ျဖစ္တယ္ဆိုၿပီး ျငင္းဆိုလိုက္ပါတယ္။

ေငြေၾကးခဝါခ်မႈျပႆနာေတြနဲ႔ ပတ္သက္ၿပီး အမႈရင္ဆုိင္ေနရတဲ့ အုတ္ခ္နဲ႔ သူမတုိ႔ လူမႈကြန္ရက္ေပၚမွာ အျပန္အလွန္ ရင္းရင္းႏွီးႏွီး မွတ္ခ်က္ေပးၿပီးတဲ့ေနာက္ သူမနဲ႔ အုတ္ခ္ရဲ႕ ဆက္ဆံေရးကိစၥအေပၚ ေဝဖန္မႈေတြ ေပၚထြက္လာခဲ့တာပါ။

“က်မတုိ႔က ေတာက္ေလွ်ာက္ စကားေျပာေနၾကတာပါ။ ဒါေပမယ့္ သူ႔မွာ ျပႆနာေတြ ရင္ဆုိင္ေနရတဲ့ၾကားထဲ ျပႆနာထပ္တုိးတာ မျဖစ္ေစခ်င္ဘူး။ က်မတုိ႔ တေယာက္နဲ႔တေယာက္ သိၾကတာက ထူးထူးျခားျခား မဟုတ္ပါဘူး။  သူငယ္ခ်င္းေတြကတဆင့္ က်မတုိ႔ သိခဲ့ၾကတာပါ။”

ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းကေတာ့ အသက္ ၃၃ ႏွစ္အရြယ္ အျပာမယ္ေဟာင္း နတ္က အုတ္ခ္နဲ႔ပတ္သက္တဲ့ အခ်စ္ဇာတ္လမ္းကေန အာ႐ံုလႊဲခဲ့တဲ့ အေၾကာင္းအရာႏွစ္ခု ေပၚထြက္လာပါတယ္။

ပထမတခုကေတာ့ နတ္ဟာ ဗီယက္နမ္ ေမာ္ဒယ္မိန္းကေလးတဦးနဲ႔ ေတြ႔ခဲ့ၿပီး ခ်စ္ႀကိဳက္ေနခဲ့ၾကၿပီဆိုတဲ့ သတင္းကို လူမႈကြန္ရက္ေပၚ တင္ခဲ့တာပါ။

အဲဒီေနာက္ေတာ့ သူဟာ ခ်မ္းသာၿပီး အသက္ႀကီးတဲ့ အေမရိကန္ခင္ပြန္းနဲ႔ လူသိရွင္ၾကား လက္ထပ္ထားမႈ ကာလေတြအတြင္း သူတို႔ ဘယ္တုန္းကမွ လိင္ဆက္ဆံျခင္းမရွိဘဲ ၿပီးဆံုးသြားၿပီလုိ႔ သတင္းေထာက္ေတြကို ေျပာခဲ့တာက သူမရဲ႕ ပရိသတ္ေတြကုိ အံ့ၾသသြားေစၿပီး အုတ္ခ္နဲ႔ပတ္သက္တဲ့ ေကာလာဟလကုိ အာ႐ံုေျပာင္းေစခ်င္လုိ႔ ဆုိၿပီး ေဝဖန္ေနၾကပါတယ္။

အမည္မေဖာ္ျပထားတဲ့ ဗီယက္နမ္ေမာ္ဒယ္အေၾကာင္း လူမႈကြန္ရက္ေပၚတင္ၿပီး “သူက ခုမွ ၂၄ ႏွစ္ပဲ ရွိပါေသးတယ္။ က်မထက္ ၉ ႏွစ္ေတာင္ ငယ္ပါတယ္။ သူဟာ တကယ့္ကို ေခ်ာေမာလွပတဲ့သူပါ။ က်မရင္ထဲကို ေရာက္လာေစတဲ့အထိ စြဲလန္းခဲ့ရသူေပါ့။ ခုေတာ့ က်မ အလုပ္ေတြ ႀကိဳးစားရမယ္။ ပိုက္ဆံစုရမယ္။ လတိုင္း သူ႔ဆီသြားေတြ႔မယ္။ #က်မရဲ႕ဗီယက္နမ္မေလး” ဆိုၿပီး ေရးသားေဖာ္ျပခဲ့တာပါ။

ေနာက္ၿပီး လြန္ခဲ့တဲ့ ၆ ႏွစ္က လက္ထပ္ခဲ့တဲ့ အေမရိကန္ သန္းႂကြယ္သူေဌး အသက္ ၇၂ ႏွစ္အရြယ္ ဟာ႐ိုးနက္စ္လန္းက ကြာရွင္းဖုိ႔ ေတာင္းဆုိတာကုိလည္း နတ္က ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။

လတ္တေလာ လိင္ဆြဲေဆာင္မႈ အားျပင္းတဲ့ ႐ုပ္ရွင္ေတြမွာ သ႐ုပ္ေဆာင္ေနတဲ့ နတ္က လက္ရွိ သူမဟာ ဆရာဝန္တဦးနဲ႔ ေတြ႔ဆံုေနေၾကာင္း၊ ဒါေပမယ့္ ဒီအခ်စ္ဇာတ္လမ္းက ဘယ္ေလာက္ၾကာၾကာ သြားမယ္ဆုိတာေတာ့ သူမက မေျပာခဲ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ထွက်ပြေးတိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့ သားဖြစ်သူ အုတ်ခ်ရှင်နာဝပ်ထရာဟာ နာမည်ကြီး အပြာမော်ဒယ်တဦးနဲ့ တွဲခဲ့တယ်ဆိုတဲ့ သတင်းတွေ အင်တာနက်စာမျက်နှာပေါ်မှာ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် လိင်ဆွဲဆောင်မှု အားကောင်းတဲ့ အပြာမော်ဒယ် နတ်ကက်ဂျ်ဆရင်ကတော့ သူတို့နှစ်ဦးကြား ဘာပတ်သက်မှုမှမရှိဘဲ သူငယ်ချင်းမိတ်ဆွေတွေသာ ဖြစ်တယ်ဆိုပြီး ငြင်းဆိုလိုက်ပါတယ်။

ငွေကြေးခဝါချမှုပြဿနာတွေနဲ့ ပတ်သက်ပြီး အမှုရင်ဆိုင်နေရတဲ့ အုတ်ခ်နဲ့ သူမတို့ လူမှုကွန်ရက်ပေါ်မှာ အပြန်အလှန် ရင်းရင်းနှီးနှီး မှတ်ချက်ပေးပြီးတဲ့နောက် သူမနဲ့ အုတ်ခ်ရဲ့ ဆက်ဆံရေးကိစ္စအပေါ် ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့တာပါ။

“ကျမတို့က တောက်လျှောက် စကားပြောနေကြတာပါ။ ဒါပေမယ့် သူ့မှာ ပြဿနာတွေ ရင်ဆိုင်နေရတဲ့ကြားထဲ ပြဿနာထပ်တိုးတာ မဖြစ်စေချင်ဘူး။ ကျမတို့ တယောက်နဲ့တယောက် သိကြတာက ထူးထူးခြားခြား မဟုတ်ပါဘူး။  သူငယ်ချင်းတွေကတဆင့် ကျမတို့ သိခဲ့ကြတာပါ။”

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ အသက် ၃၃ နှစ်အရွယ် အပြာမယ်ဟောင်း နတ်က အုတ်ခ်နဲ့ပတ်သက်တဲ့ အချစ်ဇာတ်လမ်းကနေ အာရုံလွှဲခဲ့တဲ့ အကြောင်းအရာနှစ်ခု ပေါ်ထွက်လာပါတယ်။

ပထမတခုကတော့ နတ်ဟာ ဗီယက်နမ် မော်ဒယ်မိန်းကလေးတဦးနဲ့ တွေ့ခဲ့ပြီး ချစ်ကြိုက်နေခဲ့ကြပြီဆိုတဲ့ သတင်းကို လူမှုကွန်ရက်ပေါ် တင်ခဲ့တာပါ။

အဲဒီနောက်တော့ သူဟာ ချမ်းသာပြီး အသက်ကြီးတဲ့ အမေရိကန်ခင်ပွန်းနဲ့ လူသိရှင်ကြား လက်ထပ်ထားမှု ကာလတွေအတွင်း သူတို့ ဘယ်တုန်းကမှ လိင်ဆက်ဆံခြင်းမရှိဘဲ ပြီးဆုံးသွားပြီလို့ သတင်းထောက်တွေကို ပြောခဲ့တာက သူမရဲ့ ပရိသတ်တွေကို အံ့သြသွားစေပြီး အုတ်ခ်နဲ့ပတ်သက်တဲ့ ကောလာဟလကို အာရုံပြောင်းစေချင်လို့ ဆိုပြီး ဝေဖန်နေကြပါတယ်။

အမည်မဖော်ပြထားတဲ့ ဗီယက်နမ်မော်ဒယ်အကြောင်း လူမှုကွန်ရက်ပေါ်တင်ပြီး “သူက ခုမှ ၂၄ နှစ်ပဲ ရှိပါသေးတယ်။ ကျမထက် ၉ နှစ်တောင် ငယ်ပါတယ်။ သူဟာ တကယ့်ကို ချောမောလှပတဲ့သူပါ။ ကျမရင်ထဲကို ရောက်လာစေတဲ့အထိ စွဲလန်းခဲ့ရသူပေါ့။ ခုတော့ ကျမ အလုပ်တွေ ကြိုးစားရမယ်။ ပိုက်ဆံစုရမယ်။ လတိုင်း သူ့ဆီသွားတွေ့မယ်။ #ကျမရဲ့ဗီယက်နမ်မလေး” ဆိုပြီး ရေးသားဖော်ပြခဲ့တာပါ။

နောက်ပြီး လွန်ခဲ့တဲ့ ၆ နှစ်က လက်ထပ်ခဲ့တဲ့ အမေရိကန် သန်းကြွယ်သူဌေး အသက် ၇၂ နှစ်အရွယ် ဟာရိုးနက်စ်လန်းက ကွာရှင်းဖို့ တောင်းဆိုတာကိုလည်း နတ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လတ်တလော လိင်ဆွဲဆောင်မှု အားပြင်းတဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်နေတဲ့ နတ်က လက်ရှိ သူမဟာ ဆရာဝန်တဦးနဲ့ တွေ့ဆုံနေကြောင်း၊ ဒါပေမယ့် ဒီအချစ်ဇာတ်လမ်းက ဘယ်လောက်ကြာကြာ သွားမယ်ဆိုတာတော့ သူမက မပြောခဲ့ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top