န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

မကၠဆီကိုႏိုင္ငံ ဆန္လူး၀စ္ၿမိဳ႕မွာေနတဲ့ အီဒစ္ဂိုဗီယာဟာ တစ္ရက္မွာေတာ့ သူမရဲ႕ အမ်ိဳးအိမ္ကို သြားလည္ခဲ့ပါတယ္။ သူမရဲ႕ အမ်ိဳးအိမ္နား အေရာက္မွာ ထူးဆန္းတဲ့ ျမင္ကြင္းတစ္ခုကို အီဒစ္က ေတြ႕ျမင္ခဲ့ရပါတယ္။ အျဖဴေရာင္ေခြးေလးတစ္ေကာင္ဟာ ၿခံစည္းရိုးကိုမရမက ေက်ာ္တက္ေနတာပါ။ အီဒစ္လည္း ေခြးေလးဘာလုပ္ေနတာလဲ စိတ္၀င္စားသြားၿပီး ေစာင့္ၾကည့္ေနတုန္း ၿခံထဲက ဂ်ာမန္သိုးထိန္းေခြးက အျဖဴေရာင္ေခြးေလးကို ၿခံထဲေရာက္ေအာင္ ကူညီေပးခဲ့တာကို ေတြ႕လိုက္ရပါတယ္။

ေနာက္တစ္ရက္လည္း ေခြးေလးေတြကို ေတြ႕ခ်င္လို႔ အီဒစ္ ျပန္လာခဲ့ပါတယ္။ အီဒစ္ေစာင့္ၾကည့္ေနတုန္းမွာပဲ အျဖဴေရာင္ေခြးေလး ေရာက္လာၿပီး ၿခံစည္းရိုးကို ေက်ာ္တက္၊ ၿခံထဲက ဂ်ာမိန္သိုးထိန္းေခြးက ကူညီခဲ့တာကို ထပ္မံေတြ႕ရွိခဲ့ပါတယ္။ ဒါနဲ႔ အီဒစ္လည္း ေခြးေလးေတြရွိတဲ့ ၿခံကိုသြားၿပီး ၿခံပိုင္ရွင္ကို ေခြးေလးေတြအေၾကာင္း ေမးျမန္းခဲ့ပါတယ္။

တကယ္ေတာ့ အျဖဴေရာင္ေခြးေလးဟာ အနားပတ္၀န္းက်င္မွာ ေနတာပါ။ အျဖဴေရာင္ေခြးေလးရဲ႕ ပိုင္ရွင္ေတြဟာ ေခြးေလးကိုေခၚၿပီး လမ္းေလွ်ာက္ေလ့ရွိပါတယ္။ တစ္ရက္မွာ အျဖဴေရာင္ေခြးေလးဟာ ဒီၿခံေရွ႕ကိုေရာက္လာၿပီး ဂ်ာမန္သိုးထိန္းေခြးနဲ႔ သူငယ္ခ်င္းေတြ ျဖစ္သြားခဲ့ပါတယ္။ အဲဒီေန႔ကစလို႔ ေန႔တိုင္း အျဖဴေရာင္ေခြးေလးဟာ သူ႔သူငယ္ခ်င္း ဂ်ာမန္သိုးထိန္းေခြးဆီကို အခုလိုမ်ိဳးပဲ လာေနခဲ့တာပါ။

အစ ပထမေတာ့ အျဖဴေရာင္ေခြးေလးရဲ႕ ပိုင္ရွင္ေတြဟာ သူတို႔ေခြးေပ်ာက္သြားလို႔ လိုက္ရွာခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ အျဖဴေရာင္ေခြးေလးဟာ ဘယ္မွာမသြားဘဲ သူ႔သူငယ္ခ်င္း ဂ်ာမန္သိုးထိန္းေခြးဆီပဲလာ ေနမွန္း သိသြားခဲ့ၿပီး စိတ္ေအးသြားၾကပါတယ္။ ပိုင္ရွင္အခ်င္းခ်င္းလည္း သူတို႔ေခြးေတြေၾကာင့္ ရင္းႏွီးသြားၾကျပီး ဂ်ာမန္သိုးထိန္းေခြးရဲ႕ ပိုင္ရွင္ဟာ သူ႔ၿခံထဲကို လာလည္တဲ့ အျဖဴေရာင္ေခြးေလးကို ဂရုတစိုက္ ျပဳစုေပးခဲ့ပါတယ္။

အီဒစ္ဟာ ေခြးေလးေတာင္အေၾကာင္း သိၿပီးသြားခ်ိန္မွာ အရမ္းပဲ ၾကည္ႏူးသြားခဲ့ၿပီး ေခြးေလးေတြအေၾကာင္းကို ဆိုရွယ္မီဒီယာေပၚမွာ မွ်ေ၀ခဲ့ပါတယ္။ အခုဆိုရင္ မကၠဆီကိုႏုိင္ငံက ေခြးခ်စ္တဲ့လူေတြဟာ သူငယ္ခ်င္းႏွစ္ဦးျဖစ္တဲ့ အျဖဴေရာင္ေခြးေလးနဲ႔ ဂ်ာမန္သိုးထိန္းေခြးတို႔ရွိရၿခံကို တကူးတက သြားေရာက္လည္ပတ္ေနၾကပါၿပီ။

Source : Thedodo

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ZARNI
# Unicode Version ျဖင့္ ဖတ္ပါ #
မက္ကဆီကိုနိုင်ငံ ဆန်လူးဝစ်မြို့မှာနေတဲ့ အီဒစ်ဂိုဗီယာဟာ တစ်ရက်မှာတော့ သူမရဲ့ အမျိုးအိမ်ကို သွားလည်ခဲ့ပါတယ်။ သူမရဲ့ အမျိုးအိမ်နား အရောက်မှာ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို အီဒစ်က တွေ့မြင်ခဲ့ရပါတယ်။ အဖြူရောင်ခွေးလေးတစ်ကောင်ဟာ ခြံစည်းရိုးကိုမရမက ကျော်တက်နေတာပါ။ အီဒစ်လည်း ခွေးလေးဘာလုပ်နေတာလဲ စိတ်ဝင်စားသွားပြီး စောင့်ကြည့်နေတုန်း ခြံထဲက ဂျာမန်သိုးထိန်းခွေးက အဖြူရောင်ခွေးလေးကို ခြံထဲရောက်အောင် ကူညီပေးခဲ့တာကို တွေ့လိုက်ရပါတယ်။

နောက်တစ်ရက်လည်း ခွေးလေးတွေကို တွေ့ချင်လို့ အီဒစ် ပြန်လာခဲ့ပါတယ်။ အီဒစ်စောင့်ကြည့်နေတုန်းမှာပဲ အဖြူရောင်ခွေးလေး ရောက်လာပြီး ခြံစည်းရိုးကို ကျော်တက်၊ ခြံထဲက ဂျာမိန်သိုးထိန်းခွေးက ကူညီခဲ့တာကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒါနဲ့ အီဒစ်လည်း ခွေးလေးတွေရှိတဲ့ ခြံကိုသွားပြီး ခြံပိုင်ရှင်ကို ခွေးလေးတွေအကြောင်း မေးမြန်းခဲ့ပါတယ်။

တကယ်တော့ အဖြူရောင်ခွေးလေးဟာ အနားပတ်ဝန်းကျင်မှာ နေတာပါ။ အဖြူရောင်ခွေးလေးရဲ့ ပိုင်ရှင်တွေဟာ ခွေးလေးကိုခေါ်ပြီး လမ်းလျှောက်လေ့ရှိပါတယ်။ တစ်ရက်မှာ အဖြူရောင်ခွေးလေးဟာ ဒီခြံရှေ့ကိုရောက်လာပြီး ဂျာမန်သိုးထိန်းခွေးနဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ပါတယ်။ အဲဒီနေ့ကစလို့ နေ့တိုင်း အဖြူရောင်ခွေးလေးဟာ သူ့သူငယ်ချင်း ဂျာမန်သိုးထိန်းခွေးဆီကို အခုလိုမျိုးပဲ လာနေခဲ့တာပါ။

အစ ပထမတော့ အဖြူရောင်ခွေးလေးရဲ့ ပိုင်ရှင်တွေဟာ သူတို့ခွေးပျောက်သွားလို့ လိုက်ရှာခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ အဖြူရောင်ခွေးလေးဟာ ဘယ်မှာမသွားဘဲ သူ့သူငယ်ချင်း ဂျာမန်သိုးထိန်းခွေးဆီပဲလာ နေမှန်း သိသွားခဲ့ပြီး စိတ်အေးသွားကြပါတယ်။ ပိုင်ရှင်အချင်းချင်းလည်း သူတို့ခွေးတွေကြောင့် ရင်းနှီးသွားကြပြီး ဂျာမန်သိုးထိန်းခွေးရဲ့ ပိုင်ရှင်ဟာ သူ့ခြံထဲကို လာလည်တဲ့ အဖြူရောင်ခွေးလေးကို ဂရုတစိုက် ပြုစုပေးခဲ့ပါတယ်။

အီဒစ်ဟာ ခွေးလေးတောင်အကြောင်း သိပြီးသွားချိန်မှာ အရမ်းပဲ ကြည်နူးသွားခဲ့ပြီး ခွေးလေးတွေအကြောင်းကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့ပါတယ်။ အခုဆိုရင် မက္ကဆီကိုနိုင်ငံက ခွေးချစ်တဲ့လူတွေဟာ သူငယ်ချင်းနှစ်ဦးဖြစ်တဲ့ အဖြူရောင်ခွေးလေးနဲ့ ဂျာမန်သိုးထိန်းခွေးတို့ရှိရခြံကို တကူးတက သွားရောက်လည်ပတ်နေကြပါပြီ။

Source : Thedodo

ဖိုးသူတော် (www.phothutaw.com)
Credit: ZARNI
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top