မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×





Credit: CELE ROAD
# Unicode Version ဖြင့် ဖတ်ပါ #
နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ပိုပိုကတော့ ယောက်ျားကို ကြိုက်လွန်းလို့ ယူမှာတော့မှဟုတ်ပါဘူး မိသားစုဘဝလေးကို ဖန်တီးချင်လို့ ယောက်ျားယူမှာလို့ ပြောလာပါတယ်။ ချစ်သူမရှိ မိသားစုမရှိလို့ နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် အထီးကျန်ဆန်နေရတဲ့ ပိုပိုက သူမရဲ့ အချစ်ရေးအကြောင်းကို အမြဲပြောပြလေ့ရှိပါတယ်။

အရင်ကချစ်သူရှိခဲ့ဖူးပြီး ချစ်ရေးဆိုခံရမှုတွေ ရှိခဲ့ဖူးပြီးပေမယ့် ခုတော့ စိတ်တိုင်ကျ ချစ်သူမရသေးတဲ့ ပိုပိုက အပျိုကြီးတစ်ယောက်အဖြစ်နဲ့ ခေါင်းစားနေတဲ့ အခြေအနေမျိုး ဖြစ်နေတာပါ။ မနေ့က စကိုင်းနက်ရဲ့ အင်တာဗျူးတစ်ခုမှာတော့ ပိုပိုက သူမ ကြုံတွေ့ခဲ့ရတဲ့ အချစ်ရေး အတွေ့အကြုံ ၊ မိမိစိတ်ကူးထားတဲ့ ဖူးစာရှင်ပုံစံကိုလည်း ရင်ဖွင့်ပြောကြားထားပါတယ်။

အိမ်ထောင်ပြုမယ့်အစီအစဉ်ကတော့ ရှိပြီးသား သူ့ဘာသူ တွေ့လာရင်တော့ တွေ့လာမှာပေါ့နော်။ သူ့ဟာသူ ရရင်ယူမယ် မရရင်မယူဘူး။ တွေ့တဲ့ယောက်ျားကို ယူမှာတော့မဟုတ်ဘူး။ မိသားစုဘဝလေးကို ဖန်တီးချင်လို့ ယောက်ျားယူမှာ ယောက်ျားကိုကြိုက်လွန်းလို့ ယူမှာတော့ မဟုတ်ဘူး ဆိုပြီး ပိုပိုက ပြောလိုက်တာ ဖြစ်ပါတယ်။

အထီးကျန်လတွေ နှစ်တွေအတွင်း ပိုပိုကတော့ ဘာသာရေးဘက်ကို အတန်အသင်လိုက်စားဖြစ်နေတာ တွေ့ရပါတယ်။ အိမ်မှာဘုန်းကြီးဆွမ်းလောင်း၊ ဘုန်းကြီးကျောင်းဆွမ်းပို့ဖြစ်ပြီး တခါတလေလည်း ပရဟိတဂေဟာတွေမှာ အလှူအတန်းလုပ်ဖြစ်နေတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: CELE ROAD
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top