မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

# Zawgyi Version ျဖင့္ဖတ္၇န္ #

ထိုင္းနိုင္ငံ ၊ ေက့ာစမြီကၽြန္းမွာ လူအမ်ားက ေက်ာက္တုံးဘိုးေတာ္လို႔ သမုတ္ထားၿပီး ပူေဇာ္ကိုးကြယ္ေနၾကတဲ့ ေယာက်ာ္းတန္ဆာပုံ ေက်ာက္တုံးအား ေနာက္ခံထား၍ မတ္လ (၁၂) ရက္က လိင္အသားေပး ဓာတ္ပုံေတြ ရိုက္ကူးၿပီး လူမွုကြန္ရက္ေပၚ တင္ခဲ့တဲ့ နိုင္ငံျခားသူ အမ်ိဳးသမီးကို ထိုင္းလူမ်ိဳးေတြက စိတ္ဆိုးေဒါသထြက္ ေနၾကေၾကာင္း သိရသည္။

သူမေနာက္ခံထားၿပီး ဓာတ္ပုံရိုက္ကူးခဲ့တဲ့ အမ်ိဳးသားလိင္အဂၤါပုံ ေက်ာက္တုံးဟာ အျမင့္ ၁၂ ေပရွိၿပီး ပင္လယ္ကမ္းစပ္မွာ သဘာဝအတိုင္း ထိုးထြက္ေနတာျဖစ္ပါတယ္။ အဆိုပါ ေက်ာက္တုံးဟာ ဘိုးေတာ္တစ္ဦး၏ ပစၥည္းျဖစ္ၿပီး ၎ကိုယ္တိုင္ ေက်ာက္တုံးကို စာင့္ေရွာက္ေနတယ္လို႔ ေဒသခံလူေတြက ယုံၾကည္ၿပီး ပူေဇာ္ကိုးကြယ္ေနၾကတာ ျဖစ္ပါတယ္။ ဒီလိုကိုးကြယ္ေနၾကတဲ့ ေက်ာက္တုံးကို ကမၻာလွည့္ခရီးသည္အမ်ိဳးသမီးက လိင္အသားေပးပို႔စ္အမ်ိဳးမ်ိဳးနဲ႔ ဓာတ္ပုံရိုက္ကူးၿပီး လူမွုကြန္ယက္ေပၚ တင္ခဲ့တာေၾကာင့္ ေဒသခံေတြက သူမကို စိတ္ဆိုးေဒါသထြက္ၿပီး ဝန္ခ်ေတာင္းပန္ခိုင္းေနၾကပါတယ္။

“ဒီေနရာမွာ ဘယ္သူမွ ဝတ္လစ္စလစ္ေနလို႔မရဘူး..ဘိုးေတာ္အျပစ္ေပးလိမ့္မယ္…ၿပီးေတ့ာ ဒီလိုလုပ္တာက ေစာ္ကားတာလည္းျဖစ္တယ္…ရဲက ေနာက္လူေတြဒီလိုမလုပ္ရဲေအာင္ အဲ့အမ်ိဳးသမီးကို ရွာေဖြၿပီး စြဲခ်က္တင္သင့္တယ္”လို႔ ေဒသခံတစ္ဦးက ဆိုပါတယ္။

“ေနာက္ထပ္မျဖစ္ေအာင္ ရဲကဖမ္းၿပီး အျပစ္ေပးသင့္တယ္…ပုံေတြကို ျမင္ရတာ စိတ္မခ်မ္းေျမ့ဘူး…ေက်ာက္တုံးဘိုးေတာ္က သမိုင္းလည္း ရွည္ၾကာၿပီး တန္ခိုးလည္းႀကီးတယ္..ကၽြန္မတို႔ကၽြန္းက ဒါကို ဂုဏ္ယူေနရတာ” လို႔ ေျပာပါတယ္။

ေကာ့စမြီရဲစခန္းကေတာ့ နိုင္ငံျခားသူ အမ်ိဳးသမီးကို ဖမ္းဆီးစစ္ေဆးဖို႔လိုက္ရွာေနတယ္လို႔ ဆိုပါတယ္။“ဒါက လက္မခံနိုင္စရာပဲေလ…ရဲအရာရွိေတြအေနနဲ႔ ဖရန္း
(နိုင္ငံျခားသား)ကို ဖမ္းဆီး ဖို႔ ပုံေတြကို စစ္ေဆးေနတယ္” လို႔ ေျပာေရးဆိုခြင့္ ရွိသူက ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nang May Ei (HtooDaily.com)
# Unicode Version ဖြင့်ဖတ်ရန် #
ထိုင်းနိုင်ငံ ၊ ကေ့ာစမွီကျွန်းမှာ လူအများက ကျောက်တုံးဘိုးတော်လို့ သမုတ်ထားပြီး ပူဇော်ကိုးကွယ်နေကြတဲ့ ယောကျာ်းတန်ဆာပုံ ကျောက်တုံးအား နောက်ခံထား၍ မတ်လ (၁၂) ရက်က လိင်အသားပေး ဓာတ်ပုံတွေ ရိုက်ကူးပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ နိုင်ငံခြားသူ အမျိုးသမီးကို ထိုင်းလူမျိုးတွေက စိတ်ဆိုးဒေါသထွက် နေကြကြောင်း သိရသည်။

သူမနောက်ခံထားပြီး ဓာတ်ပုံရိုက်ကူးခဲ့တဲ့ အမျိုးသားလိင်အင်္ဂါပုံ ကျောက်တုံးဟာ အမြင့် ၁၂ ပေရှိပြီး ပင်လယ်ကမ်းစပ်မှာ သဘာဝအတိုင်း ထိုးထွက်နေတာဖြစ်ပါတယ်။ အဆိုပါ ကျောက်တုံးဟာ ဘိုးတော်တစ်ဦး၏ ပစ္စည်းဖြစ်ပြီး ၎င်းကိုယ်တိုင် ကျောက်တုံးကို စာင့်ရှောက်နေတယ်လို့ ဒေသခံလူတွေက ယုံကြည်ပြီး ပူဇော်ကိုးကွယ်နေကြတာ ဖြစ်ပါတယ်။ ဒီလိုကိုးကွယ်နေကြတဲ့ ကျောက်တုံးကို ကမ္ဘာလှည့်ခရီးသည်အမျိုးသမီးက လိင်အသားပေးပို့စ်အမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ကူးပြီး လူမှုကွန်ယက်ပေါ် တင်ခဲ့တာကြောင့် ဒေသခံတွေက သူမကို စိတ်ဆိုးဒေါသထွက်ပြီး ဝန်ချတောင်းပန်ခိုင်းနေကြပါတယ်။

“ဒီနေရာမှာ ဘယ်သူမှ ဝတ်လစ်စလစ်နေလို့မရဘူး..ဘိုးတော်အပြစ်ပေးလိမ့်မယ်…ပြီးတေ့ာ ဒီလိုလုပ်တာက စော်ကားတာလည်းဖြစ်တယ်…ရဲက နောက်လူတွေဒီလိုမလုပ်ရဲအောင် အဲ့အမျိုးသမီးကို ရှာဖွေပြီး စွဲချက်တင်သင့်တယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“နောက်ထပ်မဖြစ်အောင် ရဲကဖမ်းပြီး အပြစ်ပေးသင့်တယ်…ပုံတွေကို မြင်ရတာ စိတ်မချမ်းမြေ့ဘူး…ကျောက်တုံးဘိုးတော်က သမိုင်းလည်း ရှည်ကြာပြီး တန်ခိုးလည်းကြီးတယ်..ကျွန်မတို့ကျွန်းက ဒါကို ဂုဏ်ယူနေရတာ” လို့ ပြောပါတယ်။

ကော့စမွီရဲစခန်းကတော့ နိုင်ငံခြားသူ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးဖို့လိုက်ရှာနေတယ်လို့ ဆိုပါတယ်။“ဒါက လက်မခံနိုင်စရာပဲလေ…ရဲအရာရှိတွေအနေနဲ့ ဖရန်း
(နိုင်ငံခြားသား)ကို ဖမ်းဆီး ဖို့ ပုံတွေကို စစ်ဆေးနေတယ်” လို့ ပြောရေးဆိုခွင့် ရှိသူက ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Nang May Ei (HtooDaily.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top