ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ ၿမိဳ႕နယ္ မုိင္တိုင္အမွတ္ ၂၇၉/၃ ႏွင့္ ၂၇၉/၄ အၾကား၌ မတ္ ၁ဝ ရက္ နံနက္ ၁၁ နာရီခြဲက ယာဥ္တိုက္မႈျဖစ္ပြား ၍ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မတ္ ၁ဝ ရက္ နံနက္ ၁၁ နာရီခြဲခန္႕က မူဆယ္ၿမိဳ႕နယ္ တုန္ခန္ေက်းရြာ ျပည္ေထာင္စု ကားလမ္းမႀကီး မုိင္တိုင္အမွတ္ ၂၇၉/၃ ႏွင့္ ၂၇၉/၄ အၾကားတြင္ (၁ဝ၅)မိုင္ မွ မူဆယ္ၿမိဳ႕တြင္းသို႔ ယာဥ္ေမာင္း ၿပံဳးခ်ဳိ(၃၈ ႏွစ္)ႏွမ့္ဟြယ္ေက်းရြာ မူဆယ္ ၿမိဳ႕နယ္ေနသူ ေမာင္းႏွင္လာသည့္ CNHTC ၁ဝ ဘီး ေျမသယ္ယာဥ္ MDY/5D ----လိုင္စင္ စိစစ္ဆဲ ယာဥ္ သည္ အရွိန္မထိန္းႏိုင္ဘဲ ေရွ႕မွ လားရာတူ မပိုးအိျဖဴ (၂၄ ႏွစ္) မိုင္းယု (၁ဝ၅)မိုင္ေက်းရြာ မူဆယ္ၿမိဳ႕နယ္ေနသူ ေမာင္းႏွင္ေနသည့္ ဆိုင္ကယ္ (လိုင္စင္ စိစစ္ဆဲ)ကို ဝင္ေရာက္တုိက္မိခဲ့ သည္။

ဆက္လက္၍ ယာဥ္ေမာင္း သန္႔ဇင္ထြန္း (၂၅ ႏွစ္) ေစ်းရပ္ကြက္ မူဆယ္ၿမိဳ႕ေနသူ၏ MDY/DD-----AD Van လိုင္စင္ စိစစ္ဆဲယာဥ္၊ ယာဥ္ေမာင္း ေဇယ်ာၿဖိဳး (၃ဝႏွစ္) ဟိုမြန္ရပ္ကြက္ မူဆယ္ၿမိဳ႕ေနသူ ေမာင္းႏွင္လာသည့္ YGN/ 6J- ---- Toyota Noax ယာဥ္တို႔ကို ဆင့္ကဲ တုိက္မိခဲ့သည္။

ျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္စီးနင္း လာသူ မပိုးအိျဖဴသည္ ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြား ၿပီး က်န္ယာဥ္ေပၚပါသူမ်ား ထိခိုက္ ဒဏ္ရာရရွိခဲ့ျခင္း မရွိေၾကာင္း သိရ သည္။ အခင္းျဖစ္ပြားရာေနရာသို႔ မူဆယ္ ၿမိဳ႕ အမွတ္-၁၂၂ ယာဥ္ထိန္းတပ္ဖြဲ႕စု ႏွင့္ နယ္ေျမခံတပ္မေတာ္သားမ်ား၊ ပါရမီလူမႈကူညီေရးအသင္းတုိ႔က ေသဆုံး သူအား မူဆယ္ခ႐ိုင္ ျပည္သႉေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အမွတ္ - ၁၂၂ ယာဥ္ထိန္းတပ္ဖြဲ႕စု (မူဆယ္)မွ ယာဥ္ေမာင္း ၿပံဳးခ်ိဳအား အမႈဖြင့္အေရးယူ ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin

#Unicode Version#
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို့နယ် မိုင်တိုင်အမှတ် ၂၇၉/၃ နှင့် ၂၇၉/၄ အကြား၌ မတ် ၁ဝ ရက် နံနက် ၁၁ နာရီခွဲက ယာဉ်တိုက်မှုဖြစ်ပွား ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၁ဝ ရက် နံနက် ၁၁ နာရီခွဲခန့်က မူဆယ်မြို့နယ် တုန်ခန်ကျေးရွာ ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၇၉/၃ နှင့် ၂၇၉/၄ အကြားတွင် (၁ဝ၅)မိုင် မှ မူဆယ်မြို့တွင်းသို့ ယာဉ်မောင်း ပြုံးချို(၃၈ နှစ်)နှမ့်ဟွယ်ကျေးရွာ မူဆယ် မြို့နယ်နေသူ မောင်းနှင်လာသည့် CNHTC ၁ဝ ဘီး မြေသယ်ယာဉ် MDY/5D ----လိုင်စင် စိစစ်ဆဲ ယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ လားရာတူ မပိုးအိဖြူ (၂၄ နှစ်) မိုင်းယု (၁ဝ၅)မိုင်ကျေးရွာ မူဆယ်မြို့နယ်နေသူ မောင်းနှင်နေသည့် ဆိုင်ကယ် (လိုင်စင် စိစစ်ဆဲ)ကို ဝင်ရောက်တိုက်မိခဲ့ သည်။

ဆက်လက်၍ ယာဉ်မောင်း သန့်ဇင်ထွန်း (၂၅ နှစ်) ဈေးရပ်ကွက် မူဆယ်မြို့နေသူ၏ MDY/DD-----AD Van လိုင်စင် စိစစ်ဆဲယာဉ်၊ ယာဉ်မောင်း ဇေယျာဖြိုး (၃ဝနှစ်) ဟိုမွန်ရပ်ကွက် မူဆယ်မြို့နေသူ မောင်းနှင်လာသည့် YGN/ 6J- ---- Toyota Noax ယာဉ်တို့ကို ဆင့်ကဲ တိုက်မိခဲ့သည်။

ဖြစ်စဉ်ကြောင့် ဆိုင်ကယ်စီးနင်း လာသူ မပိုးအိဖြူသည် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွား ပြီး ကျန်ယာဉ်ပေါ်ပါသူများ ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရ သည်။ အခင်းဖြစ်ပွားရာနေရာသို့ မူဆယ် မြို့ အမှတ်-၁၂၂ ယာဉ်ထိန်းတပ်ဖွဲ့စု နှင့် နယ်မြေခံတပ်မတော်သားများ၊ ပါရမီလူမှုကူညီရေးအသင်းတို့က သေဆုံး သူအား မူဆယ်ခရိုင် ပြည်သှူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ် - ၁၂၂ ယာဉ်ထိန်းတပ်ဖွဲ့စု (မူဆယ်)မှ ယာဉ်မောင်း ပြုံးချိုအား အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top