ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
လူတွေဟာ ကိုယ့်ရဲ့စတိုင်ကို ထင်ဟပ်စေနိုင်မယ့် ရတနာတွေကိုဝတ်ဆင်လေ့ရှိကြတယ်။
ဒီအမျိုးသမီးရဲ့ဖက်ရှင်ကတော့ အလွန်ကိုခေတ်ရှေ့ပြေးလွန်းသွားပါပြီ။
သူဟာ သူ့ရဲ့ အသားစကို လည်ဆွဲတစ်ခုအဖြစ်ပြောင်းလဲပြီးတော့ လည်ပင်းမှာဆွဲထားခဲ့တာပါ။
ကလေးနှစ်ယောက်အမေ ချောမောတဲ့ဘလော့ဂါတစ်ယောက်ဖြစ်တဲ့ Tracy Kiss ဟာ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာ
သူ့ရဲ့မအင်္ဂါက အသားစကို လည်ပင်းမှာဝတ်ဆင်ထားတာပဲဖြစ်တယ်။
အသက် ၂၉ နှစ်အရွယ် Buckinghamshire နယ်သူတစ်ယောက်ဖြစ်တဲ့ Kiss ဟာပုံမှန်မဟုတ်တဲ့အလှအပရေးရာပိုင်းမှာတော့ထူးဆန်းတဲ့သူတစ်ယောက်မဟုတ်တော့ဘူးSperm မျက်နှာပေါင်းတင်မျက်နှာဖုံးကို ဖန်တီးခဲ့တဲ့အပြင် ပေါင်ကြားနှိပ်နယ်မှု နဲ့ဘေကင်ဆိုဒါအမျိုးသမီးအင်္ဂါသန့်စင်ရည်ကိုလည်းဖန်တီးခဲ့သူလည်းဖြစ်တယ်
အခုတစ်ခါမှာတော့ သူ့ရဲ့အမျိုးသမီးအင်္ဂါအစိတ်အပိုင်းကိုခွဲထုတ်ပြီးတော့ ခရစ်တယ်အဖြစ်သွန်းလောင်းပြီးလည်ပင်းမှာဝတ်ဆင်ထားလိုက်ပြန်ပါပြီ။
ဘာကြောင့်လဲဆိုတော့ အောက်ပိုင်းကအစိတ်အပိုင်းတွေဟာ အရှေ့အလည်တည့်တည့်မှာဆိုရင်ပိုကြည့်ကောင်းလို့ပါတဲ့။
Kiss ဟာလွန်ခဲ့တဲ့လပိုင်းအတွင်းမှာ သူ့ရဲ့အမျိုးသမီးအင်္ဂါနှုတ်ခမ်းကိုပါးသွားအောင်ခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်
နေ့တိုင်း Gym ကစားတဲ့အချိန်မှာ သူ့ရဲ့လျို့ဝှက်အစိတ်အပိုင်းဟာ သိသာထင်ရှားနေတာကြောင့်အခုလိုခွဲစိတ်မှုခံယူခဲ့တာဖြစ်ပါတယ်။
NHS သတင်းဌာနကတော့ ဒီခွဲစိတ်မှုကို အခုလိုပဲပြောပြထားပါတယ်။”ဒါဟာ အမျိုးသမီအင်္ဂါရဲ့ထိပ်ဖုံးနှစ်ခုရဲ့အရွယ်အစားကိုသေးငယ်အောင်ပြုလုပ်တဲ့ခွဲစိတ်မှုတစ်ခုပါပဲ။သူတို့ရဲ့လိင်အင်္ဂါထိပ်ဖုံးကိုသဘောမကျတဲ့အမျိုးသမီးတိုင်း ဒါမှမဟုတ် မနှစ်မြို့တဲ့အမျိုးသမီးတိုင်းဟာ ဒီခွဲစိတ်မှုကိုလုပ်ဆောင်ကြမှာပါပဲ။သချာစဉ်းစားပြီး ဆုံးဖြတ်ရမယ့် ဆုံးဖြတ်ချက်တစ်ခုဆိုတာတော့ သင်တွေးထားရမယ်။
အမျိုးသမီးအင်္ဂါထပ်ဖုံးအရေပြားဆိုတာကတော့ သာမန်အမျိုးအမျိုးသမီးတိုင်းမှာရှိနေတာပါပဲ။များသောအားဖြင့်တော့ အခုလိုခွဲစိတ်မှုဟာ အန္တရာယ်မရှိပါဘူး”။
သူ့ရဲ့အပြင်ထွက်နေတဲ့အမျိုးသမီးအင်္ဂါနှုတ်ခမ်းသားတွေကြောင့် ပွန်းနေတာတွေလည်းတွေ့ခဲ့ရပါတယ်။
ဒါကြောင့် သူ့အတွက် အဆင်ပြေစေဖို့ ဒီနှုတ်ခမ်းသားတွေကို ဖြတ်ထုတ်ခဲ့ရတာဖြစ်တယ်။
Kiss ဟာ ဒီအသားပိုတွေကို လွှင့်မပစ်ချင်ခဲ့ဘူး။
ဒါကြောင့် သူ့ရဲ့အသားစတွေကို သိမ်းထားဖို့ဆိုပြီးတောင်းယူလာခဲ့တယ်။
မသုံးတော့ပေမယ့်လည်း လွှင့်ပစ်စရာတော့မလိုပါဘူး။
နှုတ်ခမ်းသားတွေဟာ သူ့ရဲ့ပိုင်ရှင်ရဲ့ကိုယ်နဲ့အဆက်ပြတ်သွားတဲ့အခါမှာ သေဆုံးသွားခဲ့ပါပြီ။
ဒါပေမယ့်လည်း Kiss ကတော့ သူ့ရဲ့အသားစလေးတွေအတွက် နည်းလမ်းတစ်ခုရှာတွေ့ခဲ့ပါတယ်။
ပထမအသားစတွေကိုခြောက်သွေ့သွားအောင်လုပ်တယ် (အင်းဆက်တွေ အသားစားဘတ်တီးရီးယားတွေ သေသွားအောင်လုပ်တာပေါ့)။
နောက်တော့ တောက်ပနေတဲ့အမှုန်လေးတွေထဲနှစ်ပြီးတော့ ခရစ်စတယ်အရည်လောင်းကာပုံသွင်းခဲ့တယ်။
ဘယ်အရာမဆို ပြန်လည်သုံးစွဲပါ..ပတ်ဝန်းကျင်အတွက်အထောက်အကူဖြစ်ပါတယ်။
၄၈ နာရီအကြာမှာတော့ တောက်ပပြီးမာကျောနေတဲ့အမျိုးသမီးအင်္ဂါအစိတ်အပိုင်းလေးဟာ လည်ပင်းမှာဝတ်ဆင်ဖို့အတွက် အသင့်ဖြစ်သွားပါပြီ။
ဒါကတော့ တလက်လက်တောက်နေတဲ့အမှုန့်တွေနဲ့ သစ်စေးတွေဟာ အမျိုးသမီးအင်္ဂါရဲ့သေနေတဲ့အစိတ်အပိုင်းကိုတောင်တောက်ပသွားစေနိုင်တယ်ဆိုတဲ့သက်သေပါပဲ။
Kiss ကတော့ သူ့ရဲ့ ရတနာကို ဖက်ရှင်တစ်ခုအနေနဲ့ တောက်ပမှုပေးစွမ်းနိုင်တယ်လို့ပြောထားပါတယ်။
“ကျွန်မရဲ့အစိတ်အပိုင်းဟာ အရောင်တောက်ပနေပြီးတော့ ကျွန်မခံစားခဲ့ရတာကို အဆုံးသတ်ပေးခဲ့တဲ့ အမှတ်တရတစ်ခုပါပဲ။
လူတွေကတော့ ကျွန်မသဘောကျတဲ့ ရတနာတွေကို မကောင်းပြောနေတာရှိချင်ရှိနေပါလိမ့်ဦးမယ်။
ဆရာဝန်တွေ သူနာပြုတွေနဲ့ ကျွန်မပါတနာကဘယ်တော့မှ ကျွန်မကို မဝေဖန်ကြဘူး။
ဒါပေမယ့် စက်ဘီးစီးတဲ့အခါ ဂျင်းဘောင်းဘီကြပ်ကြပ်တွေဝတ်တဲ့အခါ ဒါမှမဟုတ် အမျိုးသားတစ်ယောက်နဲ့ကြည်နူးတဲ့အချိန်တိုင်းမှာအခုလိုဖြစ်နေတဲ့အမျိုးသမီးတိုင်း ဒီဒုက္ခကိုနားလည်ပါလိမ့်မယ်။
လိင်ကျန်းမာရေးကိစ္စကိုလည်းကျွန်မလူတွေသတိထားမိအောင် တံခါးတစ်ချက်ဖွင့်လှစ်ပြသခဲ့ပြီးပါပြီ။
အခုလည်း ဒီလိုမျိုး နာကျင်မှုကို ဖယ်ရှားဖို့အတွက် ခွဲစိတ်တဲ့ကိစ္စကို လူတွေက ကျွန်မမြင်သလိုအကောင်းမြင်နိုင်ပြီးတော့
ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ဖို့မျှော်လင့်ပါတယ်”။
Kiss ဟာ သူ့ရဲ့ရင်သားတွေကို အရေးပေါ်ပြန်လည်ခွဲစိတ်ပြီးနောက်ရင်သားထဲထည့်ထားခဲ့တဲ့
စီလီကွန်တွေကိုလည်းပြန်လည်ယူဆောင်သွားပြီးသိမ်းထားခဲ့ပါသေးတယ်
ဒီတော့မကြာခင်မှာ နောက်ထပ်
လက်ဝတ်ရတနာတစ်ချို့ထွက်ပေါ်လာနိုင်တဲ့အခြေအနေမှာရှိပါတယ်။
ဒီဗီဒီယိုကတော့ သူ့ရဲ့အမျိုးသမီးအင်္ဂါမှအသားစကို ဝတ်ဆင်နိုင်တဲ့အရာတစ်ခုအဖြစ်ပြောင်းလဲပုံအဆင့်ဆင့်ကိုရိုက်ကူးထားခဲ့တာပါ။။
ဖိုးသူတော် (www.phothutaw.com)
Credit: yawthama