×

သမီးရည္းစား ျဖစ္တုန္းက ပို႔ထားခဲ့တဲ့ ပံုေတြနဲ႔ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ဂုဏ္သိကၡာက်ေအာင္ လုပ္ခဲ့သူကို ဆက္သြယ္ေရး ဥပေဒနဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ ရဲတပ္ဖြဲ႔က ထုတ္ျပန္ပါတယ္။

ျပင္ဦးလြင္ၿမိဳ႕ေန အသက္ ၂၈ ႏွစ္အရြယ္ မ×××× ၂၀၁၇ ခုႏွစ္အတြင္းက မိုးႀကိဳးကြက္သစ္ေန အသက္ ၃၀ အရြယ္ ဦးသက္ကိုကိုနိုင္(ခ)ကိုကိုနိုင္နဲ႔ သမီးရည္းစားျဖစ္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ ကိုကိုႏိုင္ရဲ႕ ေဖ့စ္ဘြတ္ခ္အေကာင့္ Ko Ko Naing Account ရဲ႕ မက္ဆင္ဂ်ာနဲ႔ မ×××× အသုံးျပဳတဲ့ ေဖ့စ္ဘြတ္ခ္အေကာင့္ မက္ဆင္ဂ်ာ္တို႔ကတဆင့္ အျပန္အလွန္ စာပို႔ဆက္သြယ္တာ၊ ဗီြဒီယိုစကားေျပာတာေတြ လုပ္ခဲ့ၿပီး ဖုန္းနဲ႔လည္း အဆက္အသြယ္ရွိတယ္လို႔ ဆိုပါတယ္။

သက္ကိုကိုနိုင္(ခ)ကိုကိုနိုင္ဟာ မက္ဆင္ဂ်ာက ဗီြဒီယို စကားေျပာရာမွာ မ×××××က မဖြယ္မရာ ျပသထားတဲ့ ပံုေတြကို Screen Shot လုပ္ၿပီး သိမ္းထားခဲ့တယ္ဆိုတာ ေနာက္ပိုင္းမွာ သိခဲ့ရတယ္လို႔ ဆိုပါတယ္။ ကိုကိုႏိုင္ဟာ မိန္းမကိစၥအ႐ႈပ္အရွင္းေတြရွိတာကို မ×××××က သိခဲ့ၿပီး လမ္းခြဲ အဆက္အသြယ္ျဖတ္ခဲ့ပါတယ္။

ဒါေၾကာင့္ မေက်မနပ္ျဖစ္ၿပီး ကိုကိုႏိုင္က ဖုန္းအႀကိမ္ႀကိမ္ေခၚတာ၊ ဖုန္းမကိုင္တဲ့ အခ်ိန္မွာ မက္ဆင္ဂ်ာက တဆင့္ ညစ္ညစ္ညမ္းညမ္း ၿခိမ္းေျခာက္တာေတြ လုပ္ခဲ့ပါတယ္။

ဒါ့အျပင္ မ×××× ရဲ႕ ပံုပါတဲ့ ေဖ့စ္ဘုတ္အေကာင့္အတုေတြနဲ႔ ညစ္ညမ္းစာေတြ ေရးတာ၊ တျခားသူေတြဆီကို မ×××× ရဲ႕ မဖြယ္မရာ ပုံေတြနဲ႔ မိဘေတြပါတဲ့ ပံုေတြ ေပးပို႔တာေတြ လုပ္ခဲ့ပါတယ္။

မ×××× က ဖုန္းနဲ႔ ဆက္သြယ္ၿပီး အဲဒီလို မလုပ္ဖို႔ ေတာင္းပန္တဲ့အခါ ခ်စ္သူဘဝ ျပန္ေပးရင္ အေကာင့္ေတြက ပံုေတြေရာ၊ အေကာင့္ကိုပါ ဖ်က္ေပးမယ္လို႔ ေျပာလာတာေၾကာင့္ မတ္လ ၁၁ ရက္ေန႔မွာ ျပင္ဦးလြင္ၿမိဳ႕မ ရဲစခန္းကို တိုင္တန္းခဲ့တယ္လို႔ ဆိုပါတယ္။
ဒါေၾကာင့္ ကိုိကိုႏိုင္ကို ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ) နဲ႔ အမႈဖြင့္ အေရးယူထားတယ္လို႔ ရဲတပ္ဖြဲ႔က ထုတ္ျပန္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
သမီးရည်းစား ဖြစ်တုန်းက ပို့ထားခဲ့တဲ့ ပုံတွေနဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဂုဏ်သိက္ခာကျအောင် လုပ်ခဲ့သူကို ဆက်သွယ်ရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြင်ဦးလွင်မြို့နေ အသက် ၂၈ နှစ်အရွယ် မ×××× ၂၀၁၇ ခုနှစ်အတွင်းက မိုးကြိုးကွက်သစ်နေ အသက် ၃၀ အရွယ် ဦးသက်ကိုကိုနိုင်(ခ)ကိုကိုနိုင်နဲ့ သမီးရည်းစားဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ကိုကိုနိုင်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့် Ko Ko Naing Account ရဲ့ မက်ဆင်ဂျာနဲ့ မ×××× အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့် မက်ဆင်ဂျာ်တို့ကတဆင့် အပြန်အလှန် စာပို့ဆက်သွယ်တာ၊ ဗွီဒီယိုစကားပြောတာတွေ လုပ်ခဲ့ပြီး ဖုန်းနဲ့လည်း အဆက်အသွယ်ရှိတယ်လို့ ဆိုပါတယ်။

သက်ကိုကိုနိုင်(ခ)ကိုကိုနိုင်ဟာ မက်ဆင်ဂျာက ဗွီဒီယို စကားပြောရာမှာ မ×××××က မဖွယ်မရာ ပြသထားတဲ့ ပုံတွေကို Screen Shot လုပ်ပြီး သိမ်းထားခဲ့တယ်ဆိုတာ နောက်ပိုင်းမှာ သိခဲ့ရတယ်လို့ ဆိုပါတယ်။ ကိုကိုနိုင်ဟာ မိန်းမကိစ္စအရှုပ်အရှင်းတွေရှိတာကို မ×××××က သိခဲ့ပြီး လမ်းခွဲ အဆက်အသွယ်ဖြတ်ခဲ့ပါတယ်။

ဒါကြောင့် မကျေမနပ်ဖြစ်ပြီး ကိုကိုနိုင်က ဖုန်းအကြိမ်ကြိမ်ခေါ်တာ၊ ဖုန်းမကိုင်တဲ့ အချိန်မှာ မက်ဆင်ဂျာက တဆင့် ညစ်ညစ်ညမ်းညမ်း ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပါတယ်။

ဒါ့အပြင် မ×××× ရဲ့ ပုံပါတဲ့ ဖေ့စ်ဘုတ်အကောင့်အတုတွေနဲ့ ညစ်ညမ်းစာတွေ ရေးတာ၊ တခြားသူတွေဆီကို မ×××× ရဲ့ မဖွယ်မရာ ပုံတွေနဲ့ မိဘတွေပါတဲ့ ပုံတွေ ပေးပို့တာတွေ လုပ်ခဲ့ပါတယ်။

မ×××× က ဖုန်းနဲ့ ဆက်သွယ်ပြီး အဲဒီလို မလုပ်ဖို့ တောင်းပန်တဲ့အခါ ချစ်သူဘဝ ပြန်ပေးရင် အကောင့်တွေက ပုံတွေရော၊ အကောင့်ကိုပါ ဖျက်ပေးမယ်လို့ ပြောလာတာကြောင့် မတ်လ ၁၁ ရက်နေ့မှာ ပြင်ဦးလွင်မြို့မ ရဲစခန်းကို တိုင်တန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကိုကိုနိုင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top