×

ဟိုင္းႀကီးကြၽန္းၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္ နယ္ေျမ ၁၁ ရွိ ကိုေမာင္ျမင့္ မသန္သန္းဆင့္ တို၏ေနအိမ္၌ေမြးျမဴထားေသာဝက္မႀကီးမွ လူလက္ႏွင့္ သ႑ာန္တူသည့္ လက္ႏွစ္ဖက္ထူးရွားစြာပါရွိေသာဝက္ငယ္ တစ္ေကာင္ကို မတ္လ၂ရက္ေန႔ မြန္းလြဲပိုင္းက ေပါက္ဖြားခဲ့၍ ေဒသခံ တစ္ခ်ိဳ႕ စိတ္ဝင္တစ္စားလာေရာက္ၾကည့္ရႈလ်က္ရွိသည္။

ဝက္ငယ္တြင္ ဓမၼတာအတိုင္းေျခေလးေခ်ာင္းပါရွိေသာ္လည္း အေရွ႕ေျခႏွစ္ေခ်ာင္းမွာ လူလက္ႏွင္သ႑ာန္တူကာ လက္ေခ်ာင္း ငါးေခ်ာင္းပါရွိေနၿပီး လက္ဖ်ံမွာလည္းလူလက္ဖ်ံႏွင့္ ဆင္တူေနျခင္းေၾကာင့္ ထူးရွား၍ လူေတာ္ေတာ္မ်ားမ်ားလာေရာက္ ၾကည့္ရႈေနေၾကာင္း မသန္းသန္းဆင့္ ကေျပာသည္။

၎ဝက္မွာအထီးျဖစ္ၿပီး ၁၀ေကာင္ေပါက္ဖြားခဲ့သည့္အနက္ အထီး ၅ေကာင္ အမ
၅ေကာင္ျဖစ္ကာ ထူးရွားစြာဝက္ငယ္တစ္ေကာင္ ပါရွိျခင္းျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက် နယ်မြေ ၁၁ ရှိ ကိုမောင်မြင့် မသန်သန်းဆင့် တို၏နေအိမ်၌မွေးမြူထားသောဝက်မကြီးမှ လူလက်နှင့် သဏ္ဍာန်တူသည့် လက်နှစ်ဖက်ထူးရှားစွာပါရှိသောဝက်ငယ် တစ်ကောင်ကို မတ်လ၂ရက်နေ့ မွန်းလွဲပိုင်းက ပေါက်ဖွားခဲ့၍ ဒေသခံ တစ်ချို့ စိတ်ဝင်တစ်စားလာရောက်ကြည့်ရှုလျက်ရှိသည်။

ဝက်ငယ်တွင် ဓမ္မတာအတိုင်းခြေလေးချောင်းပါရှိသော်လည်း အရှေ့ခြေနှစ်ချောင်းမှာ လူလက်နှင်သဏ္ဍာန်တူကာ လက်ချောင်း ငါးချောင်းပါရှိနေပြီး လက်ဖျံမှာလည်းလူလက်ဖျံနှင့် ဆင်တူနေခြင်းကြောင့် ထူးရှား၍ လူတော်တော်များများလာရောက် ကြည့်ရှုနေကြောင်း မသန်းသန်းဆင့် ကပြောသည်။

၎င်းဝက်မှာအထီးဖြစ်ပြီး ၁၀ကောင်ပေါက်ဖွားခဲ့သည့်အနက် အထီး ၅ကောင် အမ
၅ကောင်ဖြစ်ကာ ထူးရှားစွာဝက်ငယ်တစ်ကောင် ပါရှိခြင်းဖြစ်ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top